Main menu

Background

Sunday, 19 Feb 2012

အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းအရောင်းအဝယ်အေးပြီး ယခုတစ်ပတ်အတွင်း ဈေးငြိမ် နေပါတယ်။ ဈေး ကွက်တချို့မှာ ပဲလက်ကျန်သိုလှောင်မှုတွေများနေပြီး အရည်အသွေးနိမ့်ပဲတွေ များနေကြောင်း သိရပါတယ်။ ဝယ်လိုအား ဆက်ပြီးနည်းနေရင် လာမယ့်ရက်တွေမှာလည်း ဈေးပြောင်းလဲမှု မရှိနိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။

Sunday, 19 Feb 2012

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ လတ်တလော ကုန်သည်များ အဝယ်မရှိလို့ ဈေးကျဆင်းနေကြောင်း သိရပါတယ်။ ပဲထုတ်လုပ်ရာ ဒေသတွေက ပဲဝင်ရောက်မှု တိုးတက်ပေမဲ့ ဈေးအမြင့်မှာ ဝယ်ယူမှုနည်းတာကြောင့် ဈေးကျဆင်းကြောင်း သိရပါ တယ်။ ဒါပေမဲ့ ပဲစင်းငုံအထွက်လျော့ကျတာကြောင့် ရေရှည်မှာတော့ ဈေးပြန် တက်နိုင်ကြောင်း ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများနှိုင်း ယှဉ်ဖော်ပြလိုက်ပါတယ်-

Sunday, 19 Feb 2012

ယခုတစ်ပတ်အတွင်း အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားပါးတာ ကြောင့် မတ်ပဲဈေးအနည်းငယ်လျော့ကျခဲ့ပါတယ်။ ဈေးကွက်အသီးသီးမှာ ပဲအရည် အသွေးအလိုက် ဈေးနှုန်းအပြောင်းအလဲရှိပြီး အရည်အသွေးနိမ့်  ပဲလက်ကျန် များနေကြောင်း သိရပါတယ်။

Monday, 13 Feb 2012

    ကမ္ဘာလုံးဆိုင်ရာ သဘာဝရော်ဘာဈေးကွက်အခြေအနေက ဈေးနှုန်းကျဆင်းနေရာမှ တစ်ကျော့ပြန်ကာ ပြန်လည်မြင့် တက်လာရာ ရော်ဘာအဓိကတင်သွင်းသူဖြစ်နေသေးတဲ့ အိန္ဒိယကလည်း တင်ပို့မှုကို မြှင့်တင်ဖွယ် ရှိကြောင်းနဲ့ ရက်သတ္တပတ် အတော်ကြာကမ္ဘာ့လုံးဆိုင်ရာရော်ဘာဈေးနှုန်းကပြည်တွင်းဈေးနှုန်းထက်မြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိပါ တယ်။

Monday, 13 Feb 2012

    ဂျပန်ဆူမီတိုမိုဓာတုပစ္စည်းကုမ္ပဏီက ကမ္ဘာတစ်ဝန်းလုံးကို ဖြန့်ချိဖို့အတွက် ရော်ဘာတုစက်ရုံတစ်ခုကို စင်ကာပူနိုင်ငံမှာ တည်ဆောက်နေကြောင်းသိရပါတယ်။ ဒီစီမံကိန်းက မော်တော်ကားကဏ္ဍတွေကနေ ဝယ်လိုအားတက်လာတာကြောင့် ပတ်ဝန်း ကျင် ညစ်ညမ်းမှု လျော့နည်းစေမယ့် ကနဦးလှုပ်ရှားမှုပဲ ဖြစ်ပါတယ်။ ဒီစက်ရုံက ဂျပန်နိုင်ငံရဲ့ပြည်ပမှာ ပထမဆုံးတည်ဆောက်တဲ့ ဒေါ်လာသန်း ၁၄၀ တန် ဆူမီတိုမိုရဲ့ စက်ရုံဖြစ်ပါတယ်။

Monday, 13 Feb 2012

           ကမ္ဘာ့ပြောင်း တတိယအများဆုံးဝယ်ယူတဲ့ တောင်ကိုရီးယား မွေးမြူရေး ကဏ္ဍမှာ အဆိုးဝါးဆုံး ဖြစ်ပွားခဲ့တဲ့ ခွာနာလျှာနာရောဂါဖြစ်ခြင်းမှ ပြန်လည်ကောင်း မွန်လာပြီဖြစ်လို့ ယခုနှစ် ပြောင်းတင်သွင်းမှု ပြန်တက်လာနိုင်တယ်လို့ တိရစ္ဆာန် အစာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုမှ ပြောကြားပါတယ်။

Sunday, 12 Feb 2012

    အိန္ဒိယအစိုးရရဲ့မကြာသေးခင်က ကြက်သွန်နီ အနိမ့်ဆုံး ပြည်ပ တင်ပို့ဈေးနှုန်း (MEP)ကို တစ်တန် ကန်ဒေါ်လာ ၁၅၀ ထိလျှော့ချလိုက်ပြီးနောက် အကျိုးအမြတ်အနည်းငယ် တိုးလာတဲ့အတွက် ပြည်ပတင်ပို့မှု မြင့်တက်ခဲ့တယ်လို့ သိရ ပါတယ်။ ဒါပေမယ့် ကုန်သည်များကတော့ ကမ္ဘာ့ဈေးကွက်ကို ဆုတ်ကိုင်ထားနိုင်ဖို့ အစိုးရ အနေနဲ့ အနိမ့်ဆုံးတင်ပို့ ဈေးနှုန်း (MEP)လုံး၀ မထားသင့်ဘူးလို့ ဆိုပါတယ်။

Sunday, 12 Feb 2012

    အိန္ဒိယမှာ နနွင်းဈေးက ထုတ်လုပ်မှုစရိတ်နားကပ်အောင် ကျဆင်းနေတဲ့အတွက် တောင်သူများက အစိုးရဝယ် ယူခြင်းမှ အထောက်အပံ့ရဖို့ကြိုးစားနေပါတယ်။ နနွင်းက အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း နည်းစနစ်အရ ဈေးမရရှိ တဲ့အတွက် ပြည်နယ်အေဂျင်စီများက စီးပွားဖြစ်အခြေခံပြီး တောင်ပိုင်းမှ အဝါရောင် နနွင်းကိုသာ ဝယ်ယူကြတယ်လို့ သိရပါတယ်။    ယခင်နှစ်က နီဇမ်မာဘတ်မှာ နနွင်းတစ်ကီလို ရူပီး ၁၂၀ (ကန်ဒေါ်လာ ၂ ဒသမ ၄၂)ဈေးနဲ့ တောင်သူတွေ ရောင်းချခဲ့ရပြီး လက်ရှိမှာတော့ တစ်ကီလို ရူပီး ၄၇ (ကန်ဒေါ်လာသုည ဒသမ ၉၅)သာရှိပါတယ်။

Sunday, 12 Feb 2012

    နိုင်ငံတကာ ကြက်သွန်ဖြူဈေးနှုန်းတွေ မြင့်မားနိုင်ဖွယ်မရှိရာ အိန္ဒိယပြည်တွင်း ကြက်သွန်ဖြူ စိုက်ပျိုးသူတွေ ကို ကြက်သွန်ဖြူတွေကို ရိတ်သိမ်းပြီးပြီးချင်း ရောင်းချဖို့ အကြံပေးထားတယ်လို့ သိရတယ်။ လက်ရှိအိန္ဒိယပြည်တွင်း ကြက်သွန်ဖြူဈေးနှုန်း တွေမှာ တစ်ကွမ်တယ်ကို ၇၅-၈၀ ရူပီး (တစ်တန်ကို ကန်ဒေါ်လာ ၁၅၂၃-၁၆၂၅) ဖြစ်တယ်။

Sunday, 12 Feb 2012

    ရာသီဥတု ဆိုးဝါးသဖြင့်  ကုလားပဲအထွက်လျော့ကျမှုကြောင့် ဧပြီလမှစပြီး၊ ကုလားပဲဈေးနှုန်း ၇ ရာခိုင်နှုန်း ခန့် မြင့်တက်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ကုလားပဲ အဓိကစိုက်ပျိုးတဲ့အင်ဒရာပရာဒေ့ရ်ှ၊ကာနာတာကာ၊မဟာရပ်ရှတရာနဲ့ရာဂျက်စသန် တို့မှာ ရာသီဥတုအခြေအနေ ဆိုးဝါးတာကြောင့် သီးနှံများ ထိခိုက်ခဲ့ပြီး၊ ကုလားပဲ ထွက်ရှိမှုဟာ ၁၀ ရာခိုင်နှုန်းခန့် လျော့ကျနိုင်တယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်း ဥက္ကဌ  Mr  Pravin  Dangre မှ ပြောကြားပါတယ်။

Pages