Main menu

Background

Sunday, 18 Dec 2011

    ဗီယက်နမ်သကြားနဲ့ကြံအသင်း (VSSA) မှ ပိုလျှံသကြားများတင်ပို့ဖို့ ပြည် တွင်းထုတ်လုပ်သူများကိုခွင့်ပြုရေးအစိုးရ ကိုတင်ပြထားကြောင်းသိရပါတယ်။ ပြည် တွင်းထုတ်သကြားများ ပြည်တွင်းလိုအပ်ချက်ပြည့်မီတဲ့ ၁၀ နှစ် နောက်ပိုင်း ပိုလျှံ သကြားတင်ပို့ဖို့ ယခုအကြိမ်ဟာ ပထမဆုံးအနေနဲ့ တင်ပြခြင်းဖြစ်ပါတယ်။

Sunday, 18 Dec 2011

    ကြက်သွန်နီတင်သွင်းပါက ဒီဇင်ဘာလမှာ ဖိလစ်ပိုင်တောင်သူများရိတ်သိမ်းနေပြီး၊ လက်ရှိဈေးကွက်များကို အိတ် ၁၀၀၀၀ ဝန်းကျင် ဝင်ရောက်နေတဲ့အတွက် ပြည်တွင်းဈေးကွက်ကို ထိခိုက်စေနိုင်တာကြောင့် တင်သွင်းမှု ခွင့်မပြုရေး၊ စိုက်ပျိုးရေးဌာန DA ကို ကြက်သွန်နီတောင်သူများမှ တောင်းဆိုထားတယ်လို့ သိရပါတယ်။ DA ရဲ့ စာရင်းအရ ကြက်သွန်နီ သိုလှောင်မှု ၂၅ ကီလိုပါအိတ် ၅ သိန်းခန့်ရှိနေတဲ့အတွက် နိုင်ငံရဲ့ တစ်လစားသုံးမှု အိတ် ၃၅၀၀၀၀ အတွက် ရောင်းချဖို့ လုံလောက်တယ်လို့ တင်ပြထားတယ်လို့ သိရပါတယ်။

Sunday, 18 Dec 2011

    အိန္ဒိယနနွင်းလက်ငင်းဈေးကွက်ရော ကြိုပွိုင့်ဈေးကွက်တွေမှာပါ နနွင်းလက်ကျန်များခြင်း၊ ပြည်ပဝယ်လိုအားနည်းခြင်းနဲ့ နောက်နှစ်နနွင်းထုတ်လုပ်မှု မြင့်တက်မယ့်အလားအလာရှိခြင်းတို့ကြောင့် နနွင်းဈေးအကျဘက်ဆက်ဆင်းနေပါတယ်။NCDEX မှာ ဒီဇင်ဘာစာချုပ်ဈေးဟာ ၃ ဒသမ ၀၂ ရာခိုင်နှုန်းလျော့ကျပြီး၊ တစ်တန် ရူပီး ၄၆၁၄၀ (ကန်ဒေါ်လာ ၈၉၂) ဈေးဖြစ်ခဲ့ပါ တယ်။    ကုန်သည်များရဲ့ ပြောကြားချက်အရ အဓိက ဈေးကွက်တွေမှာ နနွင်းလက်ကျန်အိတ် ၂၀-၂၂ သိန်းဝန်းကျင် ရှိနေပြီး၊ နနွင်းတောင်သူများမှာလည်း နနွင်းအသစ်မထွက်မီ လက်ကျန်ရှင်းထုတ်နေတဲ့အတွက် ဈေးကွက်တွေကို နနွင်းဝင်ရောက်မှု ပုံမှန်ထက်ပိုများနေတယ်လို့ သိရပါတယ်။ ကုန်သည်များရဲ့ ခန့်မှန်းချက်အရ နောက်နှစ်မှာ နနွင်းအိတ် ၈၂ သိန်းဝန်းကျင် ထွက်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။    အီရော့ဈေးကွက်ကို နနွင်းပိုမိုဝင်ရောက်လာပေမယ့် ပြည်ပအဝယ်မရှိတာကြောင့် ဈေးဆက်လက် ကျဆင်း နေပါတယ်။ ယခင်ရက်ပိုင်းက အီရော့ဈေးကွက်ကို နနွင်းအိတ် ၃၀၀၀ ဝင်ရောက်ရာမှ အိတ် ၆၀၀၀ ကို တိုးတက်လာ တယ်လို့ သိရပါတယ်။ နနွင်းစိုက်ပျိုးတဲ့ ဒေသတွေမှာရာသီဥတုကောင်းနေခြင်းကစိုက်ပျိုးမှုတိုးတက်စေပြီး အထွက်ပိုမိုမယ့် မျှော်လင့်ချက်ကို တိုးတက် စေပါတယ်။ ဒီဇင်ဘာလ ၁၀ ရက် အီရော့ဈေးကွက်မှာ နနွင်းလက်ချောင်း ဈေးတစ်တန် ရူပီး ၄၂၀၀၀(ကန်ဒေါ်လာ ၈၁၂) ရှိတယ်လို့ သိရပါတယ်။ယမင်းခင် Source: commodityonlline

Sunday, 18 Dec 2011

    ကနေဒါနိုင်ငံမှာ ၂၀၁၁-၂၀၁၂ ပဲထုတ်လုပ်မှုက တန်ချိန် ၂ ဒသမ ၁ သန်း အထိရောက်ရှိမယ်လို့ ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖော်ပြ ထားတယ်။ ၎င်းခန့်မှန်းချက်က အောက်တိုဘာလအတွင်းက ထုတ်ပြန်ထားတဲ့ ပမာဏထက် အနည်းငယ်ပိုမိုသော်လည်း ယခင်နှစ်ထွက်နှုန်းတန်ချိန် ၃ သန်းနဲ့ ယှဉ်ရင် လျော့နည်းသွားခဲ့တယ်။ ပဲရာဇာအဓိကစိုက်ပျိုးတဲ့ ပြည်နယ်ဖြစ်တဲ့ Saskatchewan    မှာ ပဲရာဇာတန်ချိန် ၁ ဒသမ ၄ သန်းခန့်သာ ထုတ်လုပ်နိုင်ခဲ့ရာ ယခင်နှစ်ထုတ်လုပ်မှုတန်ချိန် ၁ ဒသမ ၈ သန်းထက်လျော့နည်းနေတယ်လို့ ကနေဒါ စာရင်းအင်းဌာနက ပြောကြားတယ်။    ကနေဒါပဲထုတ်လုပ်မှုကျဆင်းရခြင်းမှာ ပြည်ပဝယ်လိုအားလျော့နည်းသွားလို့ ဖြစ်တယ်လို့သိရတယ်။ ကမ္ဘာ့ ငွေကြေးအကျပ်အတည်းပြဿနာများအပါအဝင် ကနေ ဒါပဲ ဝယ်ယူတင်သွင်းမှု အများဆုံးအိန္ဒိယရဲ့ ရူပီးငွေတန်ဖိုး ကျဆင်းသွားခြင်း၊ တူရကီ၊ အိန္ဒိယနဲ့ သြစတြေးလျမှာ ပဲအထွက်နှုန်းကောင်းမွန်နေခြင်းတို့ကြောင့် ကနေဒါပဲကို ဝယ်လိုအားနည်းသွားတယ်လိ့ု သိရတယ်။ ဒါကြောင့် ကနေဒါနိုင်ငံ လက်ရှိပဲဈေးကွက်အခြေအနေက ၁၀ နှစ်အတွင်း အထိုင်းမှိုင်းဆုံး အခြေအနေ ဖြစ်နေရာ လာမယ့်နွေဦးကာလ ကနေဒါရဲ့ ပဲစိုက်ပျိုးဧကကို လျော့ကျစေလိမ့် မယ်လို့ ခန့်မှန်းကြတယ်။                           ပပ၊  Source:menafn.com

Sunday, 18 Dec 2011

    ပြည်တွင်းဈေးကွက်များမှာ သိုလှောင်မှု အကန့်အသတ်ရှိပြီး ဝယ်လိုအား ခိုင်မာနေတဲ့ အတွက် ကုန်သည်များက ဈေးအနိမ့်မှာ ဝယ်ယူလျက်ရှိတာကြောင့် အိန္ဒိယ ကုလားပဲကြိုပွိုင့်ဈေး အမြင့်ဘက်ဆက်လက်မြင့် တက်ဖွယ်ရှိတယ်လို့ သိရပါ တယ်။ ဒါပေမယ့်လည်း ပဲစိုက်ပျိုးတဲ့ ဒေသတွေမှာ စိုက်ပျိုးမှုအားကောင်းနေခြင်းက ထွက်ရှိမှု အလားအလာကို ကောင်းမွန်စေတာကြောင့် ဈေးကွက်အပေါ် ဖိအား ဖြစ်စေနိုင်တယ်လို့လည်း ဆိုကြပါတယ်။

Sunday, 18 Dec 2011

    ရန်ကုန်မှ တင်သွင်းတဲ့ ကာဘူလီကုလားပဲများမှာ ပြည်တွင်းရူပီး တန်ဖိုး လျော့ပြီး ဒေါ်လာတန်ဖိုး ခိုင်မာနေတဲ့အတွက် ဈေးအနည်းငယ်ပိုလာပါတယ်။ ဒါပေမဲ့လည်း လွန်ခဲ့တဲ့ ၂ လအတွက် ရန်ကုန်ကာဘူလီ ကုလားပဲများဝယ်ယူထားပြီး လက်ရှိအရှုံးပေါ်နေတဲ့အတွက် လှောင်လက်များမှ ဝယ်ယူနိုင်မှု လျော့ကျတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာဘက်မှ ပဲအသစ်တွေဝင်လာနေပြီဖြစ်လို့ နောက် ၂-၃ ရက်အတွင်း ကာဘူလီ ကုလားပဲဈေးမြင့်တက်နိုင်ဖွယ်မရှိဘူးလို့ ခန့်မှန်းကြ ပါတယ်။                                            ဒေါ်လာ/ တန်                ၁၅-၁၂-၁၁      ၁၄-၁၂-၁၁       ၁၃-၁၂-၁၁           ၁၂-၁၂-၁၁မွန်ဘိုင်း     ၅၉၆-၆၀၅           ၆၁၁               ၆၁၅                   ၆၂၃-၆၂၈ဒေလီ          ၆၁၄-၆၁၉      ၆၁၅-၆၂၀       ၆၀၆-၆၁၁              ၆၁၄-၆၁၈ကန်ပါ           ၆၇၂                ၆၇၃               ၆၇၂                      ၆၈၆MIRT(MAPT)

Sunday, 18 Dec 2011

    အိန္ဒိယဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဒီဇင်ဘာလ ၉ ရက်နေ့အထိ ဂျုံ၊ ဆီထွက်သီးနှံနှင့် အခြားနှံစားသီးနှံ စိုက်ဧရိယာသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက လျှော့ကျမှုရှိသော်လည်း ပဲစိုက်ပျိုးမှုမှာ ပိုမိုကြောင်း သိရပါသည်။ကုလားပဲစိုက်ဧရိယာ ပိုမိုခြင်း ကြောင့် စုစုပေါင်း ပဲမျိုးစုံ စိုက်ပျိုးမှုသည် ဟက်တာ ၁၂၀ ဒသမ ၆ သိန်းရှိပြီးဖြစ်ကြောင်း၊ ယခင်နှစ်စိုက်ဟက်တာ ၁၁၉ ဒသမ ၂၀  သိန်းနှင့် နှိုင်းယှဉ်ပါက ဟက်တာ ၁ ဒသမ ၃၉ သိန်း ပိုမိုစိုက်ပျိုးနိုင်ကြောင်းသိရပါသည်။

Sunday, 18 Dec 2011

    အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ အရည်အသွေးကောင်း ပဲတီစိမ်းဈေးပိုပြီး အခြားအရည်အသွေး ပဲတီစိမ်းကတော့ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ပဲထုတ်လုပ်တဲ့ ကစ်ရှန်ကပ်နဲ့ ရှီခါဝတီစတဲ့ ဒေသတွေမှာ ဆောင်းအအေးလှိုင်းပြင်းထန်တဲ့ အတွက် ပဲဝင်ရောက်မှု ပါးတယ်လို့ သိရပါတယ်။

Sunday, 18 Dec 2011

    မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ဒီဇင်ဘာလ ၇ ရက်မှ၁၃ ရက်ထိ ကာလအတွင်း တစ်ဖက် နိုင်ငံသို့ ကန်ဒေါ်လာ ၁ ဒသမ ၈၅၃ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၂၂ တန်ခန့်နဲ့ ကန်ဒေါ်လာ သုည ဒသမ ၀၉၇ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်းတန် ၁၀၀ ဝန်းကျင်အပို့ရှိခဲ့ပါတယ်။

Sunday, 18 Dec 2011

    အိန္ဒိယပဲစင်းငုံအဓိကစိုက်ပျိုးတဲ့ ဒေသများမှ ပဲအထွက်လျော့ပြီး အဝင်ပါးတဲ့ အတွက် ပဲစင်းငုံဈေး ခိုင်မာနေပါတယ်။ လက်ကျန်အကန့်အသတ်သာရှိတဲ့ ကာနာတာကာမှလည်း ပဲစင်းငုံပျက်တယ်လို့ သိရပါတယ်။ အိန္ဒိယရူပီး တန်ဖိုး ကျဆင်းနေတဲ့အတွက် ဖေဖော်ဝါရီ- မတ်လ သင်္ဘောတင်မယ့် တင်သွင်း ပဲစင်းငုံ များလည်း ဈေးနှုန်းပိုမိုခိုင်မာနေတယ်လို့ ဆိုပါတယ်။

Pages