Main menu

Background

Friday, 5 May 2017

       ပဲပုပ်ဆီ ဈေးနှုန်းများ မြင့်တက်မှုနှင့်  စားအုန်းဆီဈေး မှာလည်း ကျဆင်းနေရာမှ ပြန်လည်မြင့်တက်ရန် အားယူနေ ပြီဟု ရင်းနှီးမြှုပ်နှံသူတို့က   ခန့်မှန်းချက်ကြောင့်  မလေးရှား   စားအုန်းဆီ ကြိုရောင်းဈေး သည်  စောစော ပိုင်းက ကျဆင်း နေရာမှ ဧပြီ ၂၆ ရက်တွင်   ပြန်လည်ဦးမော့လာကြောင်း  စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။စားအုန်းဆီထုတ်လုပ်မှု အခြေအနေက   မူလခန့်မှန်း ချက်အောက်   ကျဆင်းခဲ့ခြင်းကလည်း ဈေး ကွက်ပြန်လည် နာလန်ထူစေရန်အတွက် အထောက်အကူ ဖြစ်စေခဲ့ကြောင်း  ကုန်သည်များက ပြောသည်။

Friday, 7 Apr 2017

          အမေရိကန်ပြည်ထောင်စု  ချီကာဂိုကုန်သွယ်ရေးအဖွဲ့ (Chicago Board of Trade-CBOT) နှင့် တရုတ်နိုင်ငံ ဒါလီယံ ကုန်စည်ဒိုင် (Dalian Commodity Exchange) တို့တွင် ပဲပုပ် ဆီဈေးနှုန်းများ ကျဆင်းမှုကြော င့် နှစ်ရက်ကြာ မြင့်တက်နေခဲ့သော မလေးရှား စားအုန်းဆီကြိုရောင်းဈေးသည် မတ်လ ၃၀ရက် က ငါးလအတွင်း အနိမ့်ဆုံးဈေးသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း မလေးရှားစတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာ မေ လးရှားကုန်စည်ဒိုင် (Bursa Malaysia Derivative Exchange) တွင် ဇွန်လအတွက် စာချုပ်ချုပ်ဆို သော စားအုန်းဆီ ကြိုရောင်းဈေး၏ အခြေခံစံထားဈေးမှာမတ် ၃၀ရက် ဈေးပိတ်ချိန်က ၂ ဒသမ ၃ ရာခိုင် နှုန်း ကျဆင်းပြီး တစ်တန်ကို ၂၆၅၉ ရင်းဂ

Thursday, 30 Mar 2017

    မတ် ၂၂ ရက်တွင် မလေးရှားစားအုန်းဆီ  ကြိုရောင်း ဈေးမှာ ရက်သတ္တနှစ်ပတ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။စားအုန်းဆီထုတ်လုပ်မှု   ရှေ့ အလားအလာများ မရေ မရာဖြစ်နေခြင်းနှင့်  ပဲပုပ်ဆီဈေးများ မြင့်တက်လာခြင်းတို့ကြောင့် မလေးရှားစားအုန်းဆီဈေးများသည် ဒုတိယမြောက်နေ့အဖြစ် ဆက်တက် မြင့်တက်လာခြင်းဖြစ်သည်။ထုံးစံအားဖြင့်စားအုန်းဆီထုတ်လုပ်မှုသည် ဖေဖော်ဝါရီ နှင့်နှိုင်းယှဉ်ပါက  မတ်တွင် မြင့်တက်လေ့ရှိသည်။ သို့သော် လည်း ဆီအုန်းပင်များမှာ သီးနှံထုတ်လုပ်မှုကို  အဟန့်အတား ဖြစ်စေသည့် အယ်လ်နီညိုရာသီဥတု၏ဖိစီးမှုဒဏ်ကို ခံနေရ ဆဲဖြစ်ပြီး  အသီးထွက်နှုန်းကို ကျ ဆင်းစေ သည့်အတွက်

Wednesday, 22 Mar 2017

ယခုရက်သတ္တပတ် စောစောပိုင်းက  ကျင်းပခဲ့သော စက်မှုလုပ်ငန်းကွန်ဖရင့်တစ်ခုတွင်  လေ့လာဆန်းစစ်သူတို့က မလေးရှားနိုင်ငံ၏ စီးပွားရေးအခြေအနေကို အမျိုးမျိုးခန့်မှန်း ခဲ့ကြသကဲ့သို့ ပဲပုပ်ဆီဈေးနှုန်းကလည်း ကျဆင်းခဲ့သည့်အတွက် မလေးရှား စားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးက မတ် ၈ ရက်မှာ ကျဆင်းခဲ့သည်ကိုတွေ့ရကြောင်း ဘီရီကော်ဒါသတင်း တွင် ဖော်ပြသည်။

Wednesday, 8 Mar 2017

မလေးရှားစားအုန်းဆီ ကြိုရောင်းကြိုဝယ်ဈေးသည် လေးလအတွင်း အနိမ့်ဆုံးဈေးသို့ ရောက်ရှိခဲ့ပြီးနောက် ပဲပုပ် ဆီဈေးများ မြင့်တက်လာခြင်းနှင့်အတူ ဖေဖော်ဝါရီ ၂၈ ရက် က ပြန်လည်မြင့်တက်လာခဲ့သည်။ဘာဆာမလေး ရှားကုန်စည်ဒိုင် Bursa Malaysia Deri-vatives  Exchange)  တွင် မေအတွက် စားအုန်းဆီကြိုရောင်း ဈေးမှာ တစ်တန်ကို သုည ဒသမ ၆  ရာခိုင်နှုန်းမြင့်တက်ပြီး ရင်းဂစ် ၂၇၇၀ (အမေရိကန်ဒေါ်လာ ၆၂၄ ) ရှိခဲ့သည်။

Thursday, 16 Feb 2017

     စားအုန်းဆီ သိုလှောင်လက်ကျန် ကျဆင်းလာသည့်အတွက် စားအုန်းဆီကြမ်းဈေးနှုန်းများမှာ ရေတိုတွင် အထိုက်အလျောက် မာနေဦးမည်ဖြစ်ကြောင်း Hallinicshipping news သတင်းတွင် ဖော်ပြသည်။ သို့သော်လ ည်း စားအုန်းဆီကြမ်း (Crude Palm Oil) ရောင်းလိုအား အခြေအနေပေါ်တွင် မူတည်၍ ယခုနှစ်ဒုတိယ သုံးလပတ်ဈေးနှုန်းမှာ မက်ထရစ်တစ်တန်ကို ရင်းဂစ် ၂၆၀၀ ထိ ကျဆင်းလာနိုင်ကြောင်း CIMB Bank Malaysia ၏ ခြံစိုက်ပျိုးရေးဆိုင်ရာ လုပ်ငန်းခေါင်းဆောင် အိုင်ဗီအင်းက ပြော သည်။

Wednesday, 8 Feb 2017

     ထွက်ရှိလာသော ကိန်းဂဏန်းအချက်အလက်များအရ ထုတ်လုပ်မှုကျဆင်းနေသည်ကို တွေ့ရှိရပြီး ပြည်ပတင်ပို့မှုမှာ လည်း မြင့်တက်လျက်ရှိသဖြင့် မလေးရှား စားအုန်းဆီဈေးနှုန်း မှာ ဖေဖော်ဝါရီ ၂ ရက်က ၁ ဒသမ ၄  ရာ ခိုင်နှုန်း မြင့်တက်ခဲ့ ကြောင်း စတားအွန်လိုင်းသတင်းတွင် ဖော်ပြသည်။ ဘာဆာမလေးရှားကုန်စည်ဒိုင်   (Bursa Malaysia Derivative Exchange) တွင်မတ်လအတွက်   ချုပ်ဆိုသော စားအုန်းဆီ အခြေခံစံထားဈေးနှုန်း မှာ တစ်တန်ကို ၃၀၇၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၉၂ ဒသမ ၂၉ ဒေါ်လာ) နှုန်း အထိ မြင့်တက်ခဲ့သည်။ ဖေဖော်ဝါရီ ၂ ရက်က ရောင်းချရသည့် ပမာဏမှာ ၂၅ တန်ရှိ အတွဲ ၂၇၀၀၂ တွဲ ရှိခဲ့သည်။ ထုတ်လုပ်မှုကျဆင်းခြင်း၊ ပို့ကုန်ကိန်းဂဏန်းများ မြ

Thursday, 2 Feb 2017

       မလေးရှားစားအုန်းဆီ  ကြိုရောင်းကြိုဝယ်ဈေးမှာ ဇန်နဝါရီ ၂၅ ရက်က ကျဆင်းလာသည်ကို တွေ့ရကြောင်း တရုတ်နှစ်သစ်ကူးပွဲတော်မတိုင်မီ ပဲပုပ်ဆီဈေးနှုန်းကျဆင်း ခြင်းနှင့် ကုန်သည်များက လက်ကျန်လျှော့ချရန် ေ ဆာ င် ရွက်လာခြင်းတို့ကြောင့် ယခုကဲ့သို့ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ဘီရီကော်ဒါသတင်းတွင် ဖော်ပြသည်။ စားအုန်းဆီဈေးမှာ လေးရက်ဆက်တိုက် ကျဆင်းနေရာမှ ဇန်နဝါရီ ၂၄ ရက်နေ့တွင် မြင့်တက်ရာမှတစ်ဆင့် ယခုကဲ့သို့ တစ် ဖန်ပြန်လည်ကျဆင်း ခဲ့ခြင်းဖြစ်သည်။

Thursday, 26 Jan 2017

မလေးရှားရင်းဂစ် ငွေကြေးတန်ဖိုးမြင့်တက်မှုနှင့် စားအုန်းဆီထုတ်လုပ်မှုမြင့်တက်မည့်အလားအလာများကြောင့် မလေးရှားစားအုန်းဆီ ကြိုရောင်းဈေးက ဇန်နဝါရီ ၁၈ ရက်တွင် ကျဆင်းခဲ့ကြောင်း ဘီရီကော်ဒါသတင်း တွင် ဖော်ပြ ထားသည်။စားအုန်းဆီဈေးနှုန်းကို သတ်မှတ်ပေးသော ငွေကြေး ဖြစ်သည့် ရင်းဂစ်ငွေကြေးတန်ဖိုးသည် ဒေါ်လာနှင့် ဖလှယ်ရာ တွင် သုညဒသမ ၄ ရာခိုင်နှုန်း မြင့်တက်ပြီး အမေရိကန်တစ် ဒေါ်လာကို၄ ဒသမ ၄၄၃၀ ရင်းဂစ်နှုန်းရှိခဲ့ရာ တစ်လကျော် အတွင်း တန်ဖိုးအမြင့်ဆုံးဖြစ်ခဲ့သည်။ရင်းဂစ်တန်ဖိုးမြင့်တက် ပါက   အခြားငွေကြေးဖြင့်  ဖလှယ်၍ ဝယ်ယူရမည့်သူများ အတွက် စားအုန်းဆီဈေးနှုန်းကြီး မြင့်လေ့ရှိသည်။

Sunday, 15 Jan 2017

ရောင်းလိုအားကျဆင်းမှုက စားအုန်းဆီဈေးကို ထပ်မံ မကျဆင်းအောင်  ထိန်းချုပ်ထားသော်လည်း  မလေးရှား စားအုန်း ဆီဈေးသည် ဇန်နဝါရီ ၄ ရက်က ပြန်လည်ကျဆင်းခဲ့ ကြောင်း ဘီရီကော်ဒါသတင်းတွင်ဖော်ပြသည်။   စားအုန်းဆီ ဈေးသည် ထိုရက်မတိုင်မီ နှစ်ရက်ကမြင့်တက်လျက်ရှိနေခဲ့ရာ မှ ဈေးကွက်အတွင်း၌ ပြိုင်ဖက်သဖွယ်ဖြစ်နေသော  ပဲပုပ်ဆီ ဈေးနှုန်းကျဆင်းပြီးနောက်ပိုင်း ယခုကဲ့သို့ ကျဆင်းခဲ့ခြင်းဖြစ် သည်။ဘာဆာ မလေးရှား ကုန်စည်ဒိုင် (Bursa Malaysia Der-viatives Exchange) တွင် စားအုန်းဆီအခြေခံစံထား ဈေးနှုန်း မှာ ဇန်နဝါရီ ၄ရက်  ညနေက သုညဒသမ ၇ ရာခိုင်နှုန်း ကျ ဆင်းပြီး တစ်တန်ကို ၃၁၄၁ ရင်းဂစ် (အမေရိကန်ဒေါ်လာ ၆၉၉) နှုန်းရှိခဲ့ရာ ဒီဇင်ဘာ ၂၉ ရ

Pages