Main menu

Background

Monday, 19 Dec 2011

    ကမ္ဘာ့စီးပွားရေးက မှေးမှိန်တဲ့ အလားအလာတွေနဲ့ ရင်ဆိုင်နေရတဲ့ အတွက် နိုင်ငံအားလုံးက ကမ္ဘာ့စိန်ခေါ်မှုတွေကို အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ် အက်ဖ်)ရဲ့ အကြီးအကဲက ဒီဇင်ဘာ ၁၄ ရက်က ပြောပါတယ်။ ကမ္ဘာ့ စီးပွားရေးက ကျဆင်းမှုအန္တရာယ် မျှော်လင့်ထားတာထက် ပိုမိုနိမ့်ကျတဲ့ စီးပွားရေးကျဆင်းမှု၊ ဘတ်ဂျက်လိုငွေပြမှုနဲ့ အခြေအနေမကောင်းတဲ့ အစိုးရဘဏ္ဍာရေး အခြေအနေတို့ဖြင့် ကမ္ဘာ့စီးပွားရေးက အလားအလာ ကောင်းတွေ မှေးမှိန်နေတယ်လို့ အိုင်အမ်အက်ဖ် ဦးဆောင်ညွှန်ကြား ရေးမှူး ခရစ်စတင်လာဂတ်က ပြောပါတယ်။      Source.Xinhua

Tuesday, 13 Dec 2011

    ဥရောပကြွေးမြီအကျပ်အတည်းကိုဖြေရှင်းဖို့ရည်ရွယ်ချက်နဲ့ ဘဏ္ဍာ ရေးကဏ္ဍများကို စုစည်းထားဖို့ ရေးဆွဲထားတဲ့ သဘောတူစာချုပ်ကို ယူရိုငွေကြေးသုံးသော နိုင်ငံ၁၇နိုင်ငံနဲ့ အခြားဥရောပသမဂ္ဂမိတ်ဖက်နိုင်ငံ တို့က ဒီဇင်ဘာ ၉ ရက်က သဘောတူခဲ့ကြပါတယ်။ သဘောတူစာချုပ် မူကြမ်းအပြင် ကာလရှည်ကြာစွာ ကြွေးမြီ ပြဿနာနဲ့ လုံးထွေးနေရသော ဥရောပ နိုင်ငံများကို ကူညီဖို့ပါ သဘောတူပါတယ်။ ယခုသဘောတူ ညီမှုက ယူရို ဧရိယာအတွက် ကောင်းမွန်တဲ့ ရလဒ်ဖြစ်တယ်လို့ ECB ဥက္ကဋ္ဌ မာရီယိုဒရက်ဂီက ပြောပါတယ်။              Source: AP

Tuesday, 13 Dec 2011

    တရုတ်နိုင်ငံနဲ့ ကုန်သွယ်မှုမှာ လိုငွေပြတာ များလာတဲ့အတွက် အိန္ဒိယနိုင်ငံက စိုးရိမ်ပူပန်လျက်ရှိနေပြီး အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့ ကုန် သွယ်ရေးဝန်ကြီးဌာနက သွင်းကုန်များကို ကန့်သတ်ခဲ့ပြီး ကုန်သွယ်မှု အရင်းအမြစ်များမျိုးစုံ ရရှိနိုင်ဖို့အတွက် တခြားနိုင်ငံများနဲ့ လွတ်လပ်စွာ ကုန်သွယ်မှုသဘောတူစာချုပ်တွေကို ချုပ်ဆိုဖို့ စီစဉ်ခဲ့ပါတယ်။     အိန္ဒိယရဲ့ တရုတ်နဲ့ ကုန်သွယ်ရေး လိုငွေပြမှုက ၂၀၁၀-၁၁ ခုနှစ်က ထက် သုံးဆနီးပါးတက်ပြီး ၂၀၁၄-၁၅ ခုနှစ်မှာ ဒေါ်လာဘီလီယံ ၆၀ ထိ ရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။Source: economictimes.indiatimes.com

Tuesday, 13 Dec 2011

    အကယ်၍ ဥရောပခေါင်းဆောင်တို့က သူတို့ရဲ့ အများပြည်သူဆိုင် ရာ ဘဏ္ဍာရေးကို ပြင်ဆင်ဖို့နဲ့ ယခုနှစ်ဦးပိုင်းက သဘောတူထားတဲ့ အတိုင်းဘဏ်တွေကို မတည်ငွေဖြည့်ဆည်းဖို့ ရေးဆွဲထားတဲ့ အစီအမံတွေ ကို အမြန်  အကောင်အထည်ဖော်နိုင်ပါက ယူရိုဇုန်ကို ကယ်တင်နိုင်မည့် အခြေအနေရှိသေးကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ ဂျွန်လစ်စကီက ပြောပါတယ်။ ဥရောပ ခေါင်းဆောင်များက ယူရိုဇုန်ကယ်တင်ရေးအတွက်အစီအမံများကိုလည်း ကြေညာထားပြီဖြစ်ကြောင်း သူကပြောသည်။Source: The Business Times.

Tuesday, 13 Dec 2011

    နိုင်ငံခြားသားဝယ်လက်များအတွက် ဦးတည်ပြီး အစိုးရကချမှတ် ဆောင်ရွက်တဲ့ အစီအမံတွေကြောင့် စင်ကာပူပုဂ္ဂလိက အိမ်ဈေးနှုန်းတွေ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့တယ်လို့ လေ့လာဆန်းစစ်သူတွေက ဒီဇင်ဘာ ၉ ရက်က ပြောပါတယ်။ ဈေးနှုန်းတွေ ဒီလောက်ကျဆင်းတာ ဟာ ၂၀၀၈-၂၀၀၉ ခုနှစ် ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်းကာလက ကျဆင်းပုံနဲ့ တူညီနေတယ်လို့ Strait Times  နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။Source: xinhua

Monday, 21 Nov 2011

                         တခြားအသက်မွေးမှုလုပ်ငန်းတွေကအနားယူပြီးနောက် စစ်အတွင်း မွေးဖွားသူတို့က ကိုယ်ပိုင်ကုမ္ပဏီ များကို လုပ်ကိုင်ဆောင်ရွက်လာကြတဲ့ အတွက် တောင်ကိုရီးယားနိုင်ငံအတွင်း အသက် ၅၀ နှင့်အထက် ကိုယ်ပိုင်လုပ်ငန်း ဆောင်ရွက်သူဦးရေကအောက်တိုဘာမှာ တိုးတက်မြင့်မားလာ ကြောင်း ကိုရီးယားစာရင်းရုံးနဲ့ အလုပ်သမား ဝန်ကြီးဌာနစာရင်းအရ သိပါတယ်။ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်သူဦးရေသည် အောက်တိုဘာက ၃ ဒသမ ၁ သန်း ရှိခဲ့ရာ ယခင်နှစ်အလားတူကာလကထက် ၁၆၉၀၀၀ ပိုမိုတိုးတက်လာခဲ့ပါတယ်။ Souce.yonhap news.

Monday, 21 Nov 2011

                    ယူရိုငွေကြေးအနာဂတ်မှာ အီတလီနိုင်ငံအပေါ်တွင်တည်မှီနေကြောင်း ပါလီမန်မှာ ပထမဆုံးပြောကြားတဲ့ မိန့်ခွန်းပြောကြားရာမှာ အီတလီ ဝန်ကြီးချုပ်သစ် မာရီယိုမွန်တီက နိုဝင်ဘာ ၁၇ ရက်က ပြောကြားပါတယ်။ ဒီအစည်းအဝေးမှာ အကျပ်အတည်းဖြေရှင်းရေး အစီအစဉ်ကိုသူက ထုတ်ဖော်ကြေညာခဲ့ပါတယ်။ ဥရောပဒေသက ဒုတိယ ကမ္ဘာစစ်ပြီးနောက်ပိုင်း အဆိုးဆုံးနှစ်တွေမှာ အသက်ရှင်နေထိုင်ရပြီး ဥရောပ စီမံကိန်းက ငွေကြေးသမဂ္ဂပြိုကွဲမှာကို ကာကွယ်နိုင်မှာ မဟုတ် ကြောင်း သတိပေးစကားပြောကြားခဲ့ပါတယ်။ Source: AFP

Monday, 21 Nov 2011

                    လူနေမှုစရိတ်မြင့်မားလာတဲ့အတွက် ယခုနှစ် ဒုတိယ နှစ်ဝက်မှာ တောင်ကိုရီးယားရှိအိမ်ထောင်စုသုံးခု အနက် တစ်ခုမှာ ကြွေးထူနေကြောင်းနိုဝင်ဘာ ၁၅ ရက်ကထုတ်ပြန်တဲ့ လေ့လာချက်စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါ တယ်။ ယခုနှစ်ပထမနှစ်ဝက်နဲ့ နှိုင်းယှဉ်ပါကသူတို့ ကြွေး တွေက ဇူလိုင်လကစပြီးမြင့်တက်လာပါတယ်လို့ မြို့ထဲပိုင်း မှာနေထိုင်ကြတဲ့ အိမ်ထောင်စုတွေရဲ့ ၃၃ ရာခိုင်နှုန်းက ပြန်လည်ဖြေကြားပါတယ်။ တောင်ကိုရီးယားကုန်သည် ကြီးများနဲ့ စက်မှုလုပ်ငန်းရှင်များအသင်း KCCI လေ့လာ ချက် စစ်တမ်းမှာ အိမ်ထောင်စု ၃၀၀ ပါဝင်ပါတယ်။ ကြွေးမြီမြင့်တက်လာပါတယ်လို့ ဖြေတဲ့သူတွေထဲက နေထိုင်စရိတ်အတွက် သုံးရလို့ငွေပိုမိုကုန်ကျတယ်လို့ ၁၀ ဦးမှာလေးဦးကဖြေကြားပြီး အိမ်ဝယ်ဖို့ငွေချေးသူက ၂၂ ရာခိုင်နှုန်းနဲ့ အိမ်ငှားခအတွက်ငွေချေးရသူက ၁၉ ဒသမ ၂ ရာခိုင်နှုန်းရှိတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။ မော်တော်ကား၊ အိမ်အသုံးအဆောင်နဲ့ ပရိဘောဂ ဝယ်ဖို့ အတွက်ငွေပိုသုံးရတဲ့သူက ၉ ဒသမ ၁ရာခိုင်နှုန်းရှိပါတယ်။ နံပါတ် ၁ အကြောင်းရင်းကငွေကြေးဖောင်းပွမှု မြင့်မား တဲ့အတွက် မကြာသေးမီကအသုံးစရိတ်လျှော့ချ ခဲ့ရတယ် လို့ ၆၈ ရာခိုင်နှုန်းကျော်က ပြောပါတယ်။ စားသောက် နေထိုင်ရေးအတွက် ပိုသုံးရတယ်လို့ဖြေကြားသူက ၂၈ ဒသမ ၅ ရာခိုင်နှုန်း၊ ဖက်ရှင်နဲ့အလှအပနဲ့ ယဉ်ကျေးမှု အခမ်းအနားတွေအတွက် အသုံးစရိတ်ကိုလျှော့ချရသူက ၁၈ ဒသမ ၃ ရာခိုင်နှုန်းနဲ့ ၁၇ ဒသမ ၁ ရာခိုင်နှုန်း ရှိပါတယ်။ Souce.koreaherald.com

Tuesday, 15 Nov 2011

                       ပုံနှိပ်သတင်းစာဖြန့်ချိမှုက ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပေမဲ့ စင်ကာပူရှိ အရွယ်ရောက်သူအများစု အတွက် ပုံနှိပ်သတင်းစာက အဓိကအားထားစရာဖြစ်နေပါသေးတယ်။ အသက် ၁၅ နှစ်နဲ့ အထက်ရှိ စင်ကာပူ မှာနေထိုင်သူတွေကို စစ်တမ်းကောက်ယူရာမှာ ယခုလို တွေ့ရှိရတာဖြစ်ပါတယ်။စစ်တမ်းကို၂၀၁၀ ပြည့်နှစ် ဇူ လိုင်မှ၂၀၁၁ခုနှစ်ဇွန်လ အတွင်းပြုလုပ ်ခဲ့တာဖြစ်ပါတယ်။ စင်ကာပူနေ့စဉ်သတင်းစာကို ဖတ်ရှုသူက ၇၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ အင်္ဂလိပ်နေ့စဉ်သတင်းစာ ကိုဖတ်ရှု သူက ၄၄ ဒသမ ၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။ The Straits Times သတင်းစာက အင်္ဂလိပ်လိုထုတ်တဲ့ သတင်းစာတွေမှာ အများဆုံးဖြစ်ပြီး စာဖတ်သူ ၃၄ ဒသမ ၂ ရာခိုင်နှုန်းရှိပါတယ်။ သူပြီးရင် Today က ၁၅ ဒသမ ၂ ရခိုင်နှုန်းနဲ့ The New Paper  က ၁၁ ဒသမ ၄ ရာခိုင်နှုန်းရှိပါတယ်။ The Business Times က စာဖတ်သူပုံမှန်အတိုင်းဆက်လက်ရှိနေပြီး အရွယ်ရောက်သူစုစုပေါင်းရဲ့ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိပါတယ်။ စာဖတ်သူ ငါးယောက်မှာ လေးယောက်က လုပ်ငန်းရှင်တွေ၊ မန်နေဂျာ တွေ၊ အမှုဆောင်တွေနဲ့ စီးပွားရေးသမားတွေဖြစ်ပါတယ်။                          ဒါပေမဲ့ ဒစ်ဂျစ်တယ်မီဒီယာသုံးစွဲမှုကလည်း စင်ကာပူမှာ မြင့်တက်နေပါတယ်။ ဒီလိုမြင့်တက်နေတဲ့ အတွက် ပြည်တွင်းပုံနှိပ်မီဒီယာတွေအနည်းငယ်ကျဆင်းနေပေမဲ့ ပြည်တွင်းထုတ်သတင်းစာတွေရဲ့ အွန်လိုင်းဗားရှင်းသတင်းစာတွေ တိုးတက်လာနေပါတယ်။ စစ်တမ်းမကောက်ယူမီကအထိ ပြည်တွင်း နေ့စဉ် ဒစ်ဂျစ်တယ် သတင်းစာကို ဖတ်သူက အရွယ်ရောက်သူရှစ်ဦးမှာ တစ်ဦးရှိတဲ့အတွက် ယခင်နှစ်က ထက် ၂ ဒသမ ၂ ရာခိုင်နှုန်း ပိုမိုမြင့်တက်လာပါတယ်။ Source:The Business Times

Tuesday, 15 Nov 2011

                            အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဖိုရမ်သို့ တက်ရောက် ရန် ဟာဝိုင်ယီသို့မသွားမီ သူမ၏ ရုရှားနဲ့ တရုတ်ခရီးစဉ်အတွင်း အပြည် ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) အကြီးအကဲ ခရစ်စတင်းလာဂတ်က နိုဝင်ဘာ ၁၂ ရက်မှာ ဂျပန်နိုင်ငံကိုသွားပြီး ဂျပန် ဘဏ္ဍာရေးဝန်ကြီး ဂျန်အဇုမီနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ နက်ရှိုင်းစွာ ကျဆင်းနေတဲ့ ဥရောပနိုင်ငံတော်ကြွေးမြီကို ထိန်းချုပ်ဖို့ ရန်ပုံငွေအဖွဲ့က စီစဉ်ဆောင်ရွက် ထားတာတွေကို ရှင်းပြလိမ့်မယ်လို့ မစ္စတာအဇုမီက နိုဝင်ဘာ ၁၁ ရက်က ပြောပါတယ်။ Source: AFP

Pages