Main menu

Background

Sunday, 8 Apr 2012

    ဟင်္သာတ ဈေးကွက် အတွင်း ပဲလွန်းဖြူဈေးဟာ စပေါ်ခါစ ဒီဇင်ဘာ လဆန်းမှာပဲလွန်းဖြူ တစ်တင်း ၁၈၀၀၀ ကျပ်ဈေးရှိခဲ့ပါတယ်။ ဇန်နဝါရီလရဲ့ ဒုတိယပတ်မှာ ဈေးအနည်းငယ် တက် လာပြီး ဇန်နဝါရီလ စတုတ္ထပတ်မှာ တစ် တင်းကို ၁၆၅၀၀ကျပ်နဲ့ ဈေးပြန်ကျသွား ပါတယ်။

Sunday, 8 Apr 2012

    ၂၀၁၂ ခုနှစ် မတ်လအတွင်း ပဲလွန်းဖြူ တင်ပို့မှုမှာတန်ချိန် ၈၀၀၀ ရှိ ပြီးဖေဖော်ဝါရီလမှာတန်ချိန် ၄၈၀၀ ခန့် တင်ပို့ခဲ့လို့ မတ်လမှာ ၁ ဆနီးပါးပိုမို တင် ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၁၁ မတ်လအတွင်းမှာ ပဲလွန်းဖြူ စုစု ပေါင်း တန်ချိန် ၆၅၀၀ ကျော်တင်ပို့မှု ရှိခဲ့လို့ ယခုနှစ် ကာလတူတင်ပို့မှု ပိုများ လာခဲ့ပါတယ်။

Sunday, 8 Apr 2012

    ကယားပြည်နယ်၊ လွိုင်ကော်ပဲစင်းငုံဈေးကွက်မှာ ဧပြီပထမပတ်အတွင်း အနီ တစ်ပိဿာ ၆၈၀ ကျပ်၊ အဖြူလုံးကြီးတစ်ပိဿာ ၅၄၀ ကျပ်နဲ့ ဈေးငြိမ်နေတာ တွေ့ရပါတယ်။ပတ်ဝန်းကျင်မြို့ရွာများမှ လွိုင်ကော်ဈေးကွက် ကို ပဲစင်းငုံဝင် ရောက် မှုအနေနဲ့ တစ်ရက်ပိဿာ ၃၀ ဝင် ၂၀၀ အိတ် ဝန်းကျင်သာ ဝင်ရောက်မှု ရှိနေ တာကြောင့် အခုလို အဝင်နည်းလာခြင်းမှာ

Sunday, 8 Apr 2012

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ ပမာဏလိုပဲ ယခုတစ်ပတ် မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၈၀၀ ကျော် အရောင်းအဝယ် စာချုပ် နိုင်ခဲ့ကြောင်း သိရပါတယ်။ ပဲစင်းငုံနီအရောင်းအဝယ်ဖြစ်မှု ပိုများပြီး ဖြူနီစများ လည်း ပုံမှန်အဝယ်ရှိနေကြောင်း သိရပါတယ်။

Sunday, 8 Apr 2012

    ပဲစင်းငုံပြည်ပတင်ပို့မှုကို လေ့လာကြည့်ရင် ၂၀၁၂ မတ်လမှာ တန်ချိန် သုံး သောင်းကျော်ရှိပြီး ဖေဖော်ဝါရီလမှာတန်ချိန် ၄၇၀၀၀ ကျော်ထိတင်ပို့ခဲ့လို့ မတ်လ မှာ တန်တစ်သောင်းကျော်လျော့ကျတင်ပို့ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၁၁ မတ်လ တင်ပို့မှု တန်ချိန် ၁၉၀၀၀ ခန့်နဲ့ ယှဉ်ရင်တော့ ၂၀၁၂ မတ်လမှာ တန်တစ်သောင်းကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။

Sunday, 8 Apr 2012

    ဟင်္သာတဈေးကွက်ရှိ မတ်ပဲဈေးမှာ ယခင်တစ်ပတ်က ပိဿာ ၂၀ ဝင် တစ်တင်းကို ၁၂၄၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်းကို ၁၂၁၀၀ ကျပ်ကိုဈေးအေးသွားသော်လည်း အရောင်းအဝယ် ကတော့ ပုံမှန်ဖြစ်နေပါတယ်။ အချို့တောင်သူကြီးများက ပဲဈေးအတက်ကို မျှော်မှန်းပြီး၊ ယခုပေါက်ဈေးများနဲ့ ရောင်းဝယ်ခြင်းမပြုကြဘဲ သိုလှောင်ထားခြင်း များ ပြုလုပ်ကြပါ တယ်။ ရန်ကုန်ဝယ်လက်များမှလည်း ဈေးချဝယ်ယူနေတာကြောင့် နေ့စဉ်ပျမ်းမျှ အိတ် ၃၀၀၀ ခန့် တင်ပို့နိုင်တယ်လို့ သိရပါတယ်။               အေးအေးခိုင်

Sunday, 8 Apr 2012

    ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ ရောင်းဝယ်မှုကတော့ ယခင်တစ်ပတ်လိုပဲ အားကောင်းနေပါတယ်။ အများဆုံး အရောင်းအဝယ်ဖြစ်တာ FAQ များပြီး မတ်လ ၃၁ ရက်မှ ဧပြီလ ၅ ရက် အထိ စုစုပေါင်းတန်ချိန် ၂၁၀၀၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။

Sunday, 8 Apr 2012

    ၂၀၁၂ မတ်လအတွင်း မတ်ပဲတင်ပို့မှုမှာ ယခင်လထက်ပိုမိုသလို ၂၀၁၁ မတ်လ တင်ပို့မှုထက်လည်း ပိုမိုတင်ပို့နိုင် တာတွေ့ရပါတယ်။ ၂၀၁၂ မတ်လ တစ်လ လုံးမှာတန်ချိန် ၄၈၀၀၀ကျော်ရှိပြီး ဖေဖော်ဝါရီလမှာ တန်ချိန် ၃၅၀၀၀ ခန့် တင်ပို့ ခဲ့ပါတယ်။

Monday, 2 Apr 2012

    မတ်လ ၂၁ ရက်မှ ၂၇ ရက်ထိကာလအတွင်းမှာ တရုတ်နယ်စပ်ရှိ မူဆယ်၊ ချင်းရွှေဟော်နဲ့ ထိုင်းနယ်စပ်ရှိ မြိတ် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကန်ဒေါ်လာ ၅ ဒသမ ၆၈၁ သန်းတန်ဖိုးရှိ ရော်ဘာအဆင့်စုံ ၁၅၃၆ တန်ကျော် အပို့ ရှိခဲ့ ပါတယ်။ နယ်စပ်အလိုက်တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှ ၅၅၃ တန်ကျော်၊ ချင်းရွှေဟော်မှ ၉၃၃ တန်ခန့်နဲ့ မြိတ်နယ်စပ်မှ တန် ၅၀ အသီးသီးဖြစ်ပါတယ်။

Monday, 2 Apr 2012

            ခြောက်လတာမျှ ပဲပုပ်ဈေးကောင်းနေပြီးနောက် အမေရိကန်ရဲ့ ထုတ်လုပ်မှု တိုးလာပြီး တောင်သူတွေလည်း ပိုမိုစိုက်ပျိုး တာကြောင့် ဈေးနှုန်းများ ကျဆင်းသွား ကြောင်းနဲ့ ပြောင်းသီးနှံလည်း အလားတူဖြစ်ကြောင်း အစိုးရရဲ့ အစီရင်ခံစာများ မှာ ဖော်ပြထားပါတယ်။

Pages