Background
ပြည်ပွဲရုံများသို့ မကွေးတိုင်းဒေသကြီး အောင်လံ၊ ကံမဘက်မှ မတ်ပဲသစ်များ ရေလမ်း၊ ကုန်းလမ်းများဖြင့် တစ်နေ့ အိတ် ၁၀၀၀ ခန့် ဝင်နေပါတယ်။ ယခုတစ်ပတ် ပဲအဝင်များလာပြီး ပဲသစ်တစ်တင်း ၁၂၆၀၀ ကျပ်ရှိကာ ပဲဟောင်းတစ်တင်းမှာ ၁၂၀၀၀ ကျပ်ဈေးရှိတယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်များပြီး ပဲသစ် ပဲဟောင်း တစ်နေ့ကို အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ပါတယ်။ ပဲခူးတိုင်း ဒေသကြီး ပြည်မှရန်ကုန်ဘုရင့်နောင်သို့ မတ်ပဲစီးဆင်းမှုမှာ အိတ် ၅၀၀၀ ခန့်ရှိ တယ်လို့ သိရပါတယ်။ မိမိအေး
ဟင်္သာတမတ်ပဲဈေးကွက်ကို မတ်ပဲအသစ် ဝင်ရောက်မှုမှာ ပိုများလာပြီး တစ်နေ့ကိုအိတ် ၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါတယ်။ မတ်ပဲ ဈေးနှုန်းမှာ ယခင်တစ်ပတ်က တစ်တင်းကို ၁၂၈၀၀ ကျပ်ဈေးနဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း ၁၂၄၀၀ ကျပ်ဈေးဖြစ်သွားသော်လည်း အရောင်းအဝယ်ဖြစ်မှုကတော့ ယခင်အပတ်ထက် ပိုများလာပါတယ်။ ဟင်္သာတမှ ရန်ကုန်ဘုရင့်နောင်ဈေးကို နေ့စဉ် ပျမ်းမျှအိတ် ၂၃၀၀၀ ခန့် တင်ပို့ကြောင်း သိရပါ တယ်။ အေးအေးခိုင်
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ မတ်ပဲ FAQ များ အရောင်းအဝယ် ပိုဖြစ်ကြောင်း သိရပါတယ်။ SQ အဟောင်းမှာ ယခင်နှစ် ရေနာပဲများပါဝင်ပြီး ယခင်နှစ် မတ်ပဲဟောင်း FAQ များသာ ဝယ်လက် ကြိုက်ဈေးတွေ့လို့ အောက်ဈေးနဲ့
ယခုတစ်ပတ်အတွင်း ပြည်ပကို မတ်ပဲတင်ပို့မှုက တန် တစ်သောင်းအထက် ပိုမိုတင်ပို့လာနိုင်ပါတယ်။ ယခင်တစ်ပတ်က မတ်ပဲတန်ချိန် တစ်သောင်း နီးပါး တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (မတ်လ ၁၂-၁၆ ရက်) အတွင်းမှာတော့ မတ်ပဲ FAQ၊ SQ စုစုပေါင်း တန်ချိန် ၁၁၀၀၀ ကျော်ထိ တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂၀၁၁-၁၂မတ်လ၁၆ ရက်အထိ မတ်ပဲစုစုပေါင်း ပြည်ပတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၅၇၀၀၀၀ ကျော်ရှိပြီဖြစ်ပြီး ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ တန်ချိန် ၄၅၀၀၀၀ ကျော် တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ တန်ချိန် ၁၂၀၀၀၀ ကျော် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ အပတ်စဉ်တင်ပို့မှုမှာ လက်ရှိတင်ပို့မှုနှုန်းထက် အနည်းငယ်ပိုမို တင်ပို့နိုင်မယ်ဆိုရင် ယခုဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ မတ်ပဲတန် ၆ သိန်းခန့် တင်ပို့ နိုင်မယ်လို့ ခန့်မှန်းရပါတယ်။MIRT - MAPT
အိန္ဒိယရော်ဘာစက်မှုလုပ်ငန်းများအသင်း (AIRIA) က စက်မှုလုပ်ငန်းတွေအတွက် ယှဉ်ပြိုင်မှုမရှိအောင်ပြုလုပ်ထားတဲ့ ရော်ဘာကုန်ကြမ်းတင်သွင်းမှုအပေါ်ကောက်ခံတဲ့ တန်ပြန်စုပုံခွန်ကို ဖယ်ရှားနိုင် ရေး ကြိုးစားနေတယ်လို့ သိရပါတယ်။ ရောင်းလိုအားနဲ့ ဝယ်လိုအား ကွာဟချက်ကို ထိန်းညှိပေးမယ့် ရော်ဘာတန် ၁သိန်းအဆောတလျင်တင်သွင်းဖို့အတွက် ရှိနေ တယ်လို့လည်းသိရပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျတ်အကြိုအဆိုတင်သွင်းမှုမှာ ကာဗွန်နဲ့ ရော်ဘာဓာတုပစ္စည်းတွေရဲ့ အခွန်ကောက်ခံမှုကအသင့်သုံးပစ္စည်းတွေအပေါ်မှာအခွန်ကောက်ခံမှုထက် ဈေးပိုကြီးကြောင်း စက်မှုလုပ်ငန်းရှင်များက ပြော ကြားပါတယ်။ အတိုးနှုန်းနဲ့
မြန်မာ - ထိုင်းနယ်စပ်ရှိ မြိတ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မတ်လ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၃၉၉ သန်း တန်ဖိုးရှိRSS - 3 ၁၁၁ တန်ကျော် တင်ပို့နိုင်ခဲ့ရာ ယခင်အပတ်ကထက် ၂၈ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ မြိတ်နယ်စပ်ကအပို့ပိုခဲ့ပေမယ့်မူဆယ်နဲ့ချင်းရွှေဟော်နယ်စပ်များမှ တရုတ်ဖက်သို့ ရော်ဘာအပို့ကတော့ ယခု အပတ် လျော့နည်းလျက်ရှိပါတယ်။ မူဆယ်မှMSR - 20 တန် ၁၆၀ ခန့်၊ MSR - 50 ၁၃၈ တန်ကျော်နဲ့ RSS - 5 ၅ တန်၊RSS - 3
မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာ တန် ၁၁၀၃၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၉၇၂ သန်းဖိုးကို ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့မှုတွေကတော့ တရုတ်ကို တန် ၄၀၀၊ စင်ကာပူကို ၂၂၂ တန်နဲ့ မလေးရှားကို ၄၈၁ တန် အသီးသီးတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခင်ရက်သတ္တပတ်ထက် နှစ်ဆပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှလည်း တရုတ်နဲ့ ထိုင်းနယ်စပ်တွေကနေ တန် ၁၀၀၀ ကျော် တင်ပို့နိုင်ခဲ့တာ တွေ့ရပါ တယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ RSS03 တစ်တန်ကို ဒေါ်လာ (၃၇၀၀-၃၈၀၀) နဲ့ RSS-5 တစ်တန်ကို ဒေါ်လာ (၃၆၀၀-၃၇၀၀) ကြား ဈေးပေါက်တယ်လို့ သိရပါတယ်။ K.Z.W
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ်နှင့် ကန်ပိုက်တီးနယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၁၄၉ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ ၇၆၇၈ တန်ခန့်ကို မတ်လ ၇ ရက်မှ ၁၃ ရက်ထိ ကာလအတွင်းမှ တင်ပို့မှုရှိခဲ့ရာ ယခင်အပတ်ကထက် မူဆယ်မှ ၁၆၈ တန် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ် နယ်စပ်အလိုက် တင်ပို့မှုတွေကတော့ မူဆယ်မှ ၇၃၀၁ တန်နဲ့ ကန်ပိုက်တီးမှ ၃၇၆ တန် အသီးသီးတင်ပို့ခဲ့တာ ဖြစ်ပါ တယ်။ ယခုအပတ် မိမိဘက် မြေပြင်ပေါက်ဈေးက ၂၇၃၁၂၀ ကျပ်ဖြစ်ပြီး ယခင် အပတ်ကထက် ၆၃၂၉ ကျပ် ဈေးပိုခဲ့ပါတယ်။ တစ်ဖက်နိုင်ငံဈေးမှာတော့ ၃၁၇ ဒေါ်လာဖြစ်ပြီး ယခင်အပတ်ကထက် ၂ ဒေါ်လာ လျော့နည်းခဲ့တယ်လို့ သိရပါ တယ်။ MIRT (DOBT)
မတ်လ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တင်ပို့မှုမရှိကြောင်း သိရပါတယ်။ ယခင်ရက်သတ္တပတ်များက တင်ပို့မှုတွေက လိုင် စင်လက်ကျန် တင်ပို့မှုတွေဖြစ်ကြောင်းလည်း သိရပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တရုတ်နယ်စပ်ကနေ ၇၆၇၈ တန် တင်ပို့ခဲ့ရတယ်လို့လည်း သိရပါတယ်။ တရုတ်နယ်စပ်မှာတော့ ပြောင်းကားတွေ အတက်များပြီး စဉ်ဆက်မပြတ်တင်ပို့နိုင် ဖွယ် ရှိတယ်လို့ သိရပါတယ်။ FOB (ရန်ကုန်) ဈေးနှုန်းကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ (၂၇၅-၂၉၅) ကြား ဈေးရှိတယ်လို့ သိရပါတယ်။K.Z.W
ပြည်ငရုတ်ခြောက်ဈေးကွက်မှာ အောင်လံဘက်မှ ငရုတ်ခြောက်များ ယခုတစ်ပတ် ပိဿာ ၂၀ ဝင်အိတ် ၃၀၀ ခန့်သာ ဝင်ရောက်ပြီး၊ အဝင်ဆက်လက်နည်းနေပါတယ်။ အဝင်နည်းပေမယ့် အရောင်းအဝယ်မှာ ပုံမှန်ရှိနေပြီး၊ တစ်နေ့ကို ပိဿာချိန် ၃၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ ဈေးနှုန်းမှာ ယခင်တစ်ပတ်ဈေးအတိုင်း တစ်ပိဿာကို(ရှည်) ၂၆၀၀ ကျပ်၊ (မိုးထောင်) ၂၉၀၀-၃၀၀၀ ကျပ်၊ (အပွ) ၃၇၀၀ ကျပ်တို့ရှိပြီး ပုံမှန်ဈေးနဲ့ ရောင်းဝယ်နေတယ်လို့ သိရပါတယ်။ဝင်းဝင်းခိုင်