Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နှင့် ထိုင်းနယ်စပ်ရှိ မြဝတီနယ်စပ်ကုန်သွယ်ရေးဇုန်တို့မှ ကန်ဒေါ်လာ သုည ဒသမ ၇၇၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၁၄ တန်ကျော်ကို ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလ အတွင်း တစ်ဘက်အိမ်နီးချင်းနိုင်ငံများသို့ တင်ပို့မှုရှိခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းကို ယခုတစ်ပတ်လည်း အရောင်းအဝယ် ကောင်းနေတာ တွေ့ရပါတယ်။ ဖေဖော်ဝါရီလ ၃ ရက်မှ ၉ ရက်အတွင်း ပဲတီရွှေဝါ၊ ပဲတီစိမ်း စုစုပေါင်း တန်ချိန် ၁၃၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်သီတင်းပတ်ထက် ပိုလာခဲ့ပါတယ်။ ယခင်သီတင်းပတ်က တန်ချိန် ၃၀၀၀ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဇန်နဝါရီ ၃၀-ဖေဖော်ဝါရီ ၃)အတွင်းမှာ တန်ချိန် ၄၃၀၀ ကျော်ထိတင်ပို့နိုင်ခဲ့ကြောင်းသိရ ပါတယ်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ တစ်လလုံးတင်ပို့မှုအနေနဲ့ တန်ချိန် ၁၄၀၀၀ ကျော်ရှိပြီး ယခင်နှစ် ကာလတူအတွင်းမှာ တန်ချိန် ၁၂၅၀၀ ခန့်တင်ပို့ခဲ့လို့ ယခုနှစ် ကာလတူမှာ အနည်းငယ် ပိုတင်ပို့ပြီးကြောင်း သိရပါတယ်။
မြန်မာ - တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ် လာ သုည ဒသမ ၁၈၄ သန်း တန်ဖိုးရှိ ပဲလွန်းဖြူ ၂၅၄ တန်ခန့် ဖေဖေါ်ဝါရီ လဆန်း ၇ ရက်တာကာလမှာ တရုတ် ဖက်သို့ အပို့ရှိခဲ့ပါတယ်။ ယခင်အပတ် ကထက် တန် ၁၀၀ အပို့ပိုခဲ့ပါတယ်။ ဧပြီလမှ ဇန်နဝါရီလကုန်ထိကာလမှာ နယ်စပ်မှ ပဲလွန်းဖြူ တန် ၃၀၀၀ နီးပါး တင်ပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။MIRT(DOBT)
ပြည်ပကို ပဲလွန်းဖြူ တင်ပို့မှုမှာ ယခင်တစ်ပတ်ထက် ပိုလာပါတယ်။ ယခင် တစ်ပတ်က တန်ချိန် ၂၇၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီ ၃၀ - ဖေဖော်ဝါရီ ၃) အတွင်းမှာတော့ တန်ချိန် ၃၇၀ ကျော်ထိ ပိုမိုတင်ပို့လာ တာ တွေ့ရပါတယ်။ ယခုတစ်ပတ်တင်ပို့ တဲ့ နိုင်ငံများကတော့ အင်ဒိုနီးရှား၊ ကိုရီး ယား၊ မလေးရှား၊ ပါကစ္စတန်၊ စင်ကာပူ နဲ့ ထိုင်းတို့ကိုဖြစ်ပါတယ်။ ၂၀၁၂ ဇန်န ဝါရီလ တစ်လလုံးမှာ ပဲလွန်းဖြူ တန် ၁၂၀၀ခန့် တင်ပို့ခဲ့ပြီး ၂၀၁၁ ဇန်နဝါရီ လအတွင်းမှာ တန်ချိန် ၅၇၀ ကျော် တင်ပို့ခဲ့လို့ ယခုနှစ်ကာလတူမှာ ပမာဏ ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ ဆယ်ရက်ပတ် မုံရွာပဲစင်းငုံနီဈေးကွက်မှာ နယ်စုံကပဲ အဝင် သွက်လာပြီး၊ ရန်ကုန်ဝယ်လက် အနုတ်သွက်ခဲ့လို့ အရောင်းအဝယ် မြိုင်ဆိုင်ခဲ့တယ် လို့ သိရပါတယ်။ ဒီရက်ပတ်မှာ ပဲစင်းငုံသစ် တစ်တင်း ၁၄၇၀၀ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ပြီး၊ အဟောင်းကတော့ ၁၃၅၀၀ ကျပ်ထိသာ ဈေးမာခဲ့ပါတယ်။ ရန်ကုန် ဝယ်လက် အဝယ်သွက်လို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်အိတ် ၁၀၀၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ် ပတ် (ဖေဖော်ဝါရီလ ၃-၉ ရက်)အတွင်း ပဲစင်းငုံတန် ၂၂၀၀၀ ကျော်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ ယခင်တစ်ပတ်ထက် ပဲစင်းငုံ စုစုပေါင်း အရောင်းအဝယ်ဖြစ်မှု တန်တစ်သောင်းခန့် ပိုမိုခဲ့ပါတယ်။
၂၀၁၁ ခုနှစ် နှောင်းပိုင်းမှာ ပဲစင်းငုံတင်ပို့မှု ကျဆင်းခဲ့ရာမှ နှစ်ကုန်ပိုင်းမှစပြီး တင်ပို့မှုပြန်တက်လာခဲ့တာတွေ့ရပါတယ်။ ၂၀၁၂ ဇန်နဝါရီလ တစ်လလုံးမှာ ပဲစင်း ငုံတန်ချိန် ၄၄၀၀၀ ကျော်ထိ တင်ပို့နိုင်ခဲ့ပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၄ သန်းကျော် ရရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ဇန်နဝါရီလအတွင်းမှာ ပဲစင်းငုံတင်ပို့မှုဟာ တန်ချိန် ၂၃၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၁၅ သန်းကျော်ရှိလို့ ယခုနှစ်မှာ တစ်ဆခန့် ပိုမိုတင်ပို့နိုင်ကြောင်း သိရပါတယ်။
ဟင်္သာတမတ်ပဲဈေးဟာ ယခင်အပတ်က တစ်တင်း ၁၃၂၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ်မှာ တစ်တင်း ၁၃၄၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ တာကြောင့် ယခင်အပတ်ထက် တစ်တင်း ၂၀၀ ကျပ်ဈေးမြင့် လာပါတယ်။ မတ်ပဲ သစ်များလည်း အဝင်များလာပြီး၊ ရန်ကုန်ဝယ်လက်သမားများရဲ့ ဈေးပေးဝယ်မှု ကြောင့် ရန်ကုန် ဘုရင့်နောင်ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့် တင်ပို့ နိုင်တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ပြည်ပဲဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ မကွေးတိုင်းဒေသကြီး၊ ကံမ၊ ပြည်မြို့ နဲ့ အောင်လံကြားရွာများမှ ပဲသစ်များအဝင်ရှိပြီး၊ တစ်နေ့အိတ် ၁၀၀-၂၀၀ ခန့် အဝင်ရှိပါတယ်။ ပဲသစ်ပဲဟောင်းနှစ်မျိုးစလုံး ရန်ကုန်ဝယ်လက် အဝယ်ရှိသော်လည်း ယခုတစ်ပတ်မှာ ယခင်တစ်ပတ်ကလောက် အရောင်းအဝယ်မဖြစ်ခဲ့ပေမဲ့ ပုံမှန် အရောင်းအဝယ်ရှိတာကို တွေ့ရပါတယ်။