Main menu

Background

Sunday, 15 Jan 2012

    ယခုတစ်ပတ်မှာ ပြည်ပကို ကုလားပဲတင်ပို့မှုမရှိပေမဲ့ FOB ဈေးကွက်မှာတော့ တန်ချိန် ၂၄၀ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအသစ် ဈေးကွက်ထဲမဝင်လာမီ လက်ကျန်များလည်း နည်းလာပြီဖြစ်လို့ အရောင်းအဝယ် နည်းသလို တင်ပို့မှုလည်းပါးလာတာဖြစ်ပါတယ်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် ဇန်နဝါရီလ ၇ ရက်နေ့အထိ ကုလားပဲဖြူလုံးကြီး စုစုပေါင်း တင်ပို့မှု တန်ချိန် ၆၅၂၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၅၅ သန်းကျော်ရရှိကြောင်း သိရပါ တယ်။ ဇန်နဝါရီလ ၁၃ ရက် ရန်ကုန် FOB ဈေးမှာ ကုလားပဲဖြူလုံးကြီး FAQ တစ်တန် ကန်ဒေါ်လာ ၇၆၀-၇၈၀ ရှိကြောင်း သိရပါတယ်။MIRT - MAPT

Sunday, 15 Jan 2012

            ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)အတွင်း ပဲတီစိမ်းစိုက်ဧက ၂၂၀၀၀ ခန့် လျာထားပေမယ့် ယခုအချိန်ထိ  ဧက ၂၄၀၀၀ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်သလို ဈေးကွက်အတွင်းသို့လည်း ပဲတီစိမ်းသီးနှံ  နေ့စဉ်ဝင်ရောက်လျက်ရှိနေတာ ကိုတွေ့ရပါတယ်။ ပန်းတောင်း၊ ဥသျှစ်ပင်နဲ့ ပေါင်းတလည်၊ ပေါက်ခေါင်းမြို့နယ်တို့မှ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင် ရှိခဲ့ပါတယ်။

Sunday, 15 Jan 2012

    မုံရွာကုန်စည်ဒိုင်ကို ဇန်နဝါရီလ ဒုတိယပတ် ပဲတီစိမ်းဈေးကွက်အနေနဲ့ နယ်စုံကပစ္စည်းအဝင် ပုံမှန်ရှိခဲ့ပြီး၊ စိမ်းကြီးထက် စိမ်းသေးက ပိုမိုဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။ ဝယ်လက်အားဖြင့် စိမ်းကြီးကို မန္တလေးနဲ့ ရန်ကုန် အဆွဲရှိပြီး၊ စိမ်းသေးကိုတော့ ရန်ကုန်ဘက်က ပိုဆွဲတယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဈေးကွက်မှာတော့ပစ္စည်းအရည်အသွေးပေါ်မူတည်ပြီး၊ ဈေး အလျှော့အတင်းရှိခဲ့ကာ မုံရွာကုန်စည်ဒိုင်ရဲ့ ဒီတစ်ပတ်အတွင်း တစ်တင်း အမြင့်ဆုံးပေါက်ဈေးတွေကတော့ စိမ်းကြီး ၁၇၀၀၀ ကျပ်နဲ့ စိမ်းသေး ၁၅၂၀၀ ကျပ်ဖြစ်ပေါ်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အားဖြင့် ယခုတစ်ပတ်အတွင်း တစ်ရက် အိတ် ၂၀၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ကုန်သည်တွေက ဆိုပါတယ်။                        ထွန်းလှိုင်

Sunday, 15 Jan 2012

    အိန္ဒိယပြည်တွင်းဈေးကွက်အသီးသီးမှာ ပဲတီစိမ်းဈေး တည်ငြိမ်သလောက်ရှိနေပါတယ်။ ပြည်တွင်း ပဲတီစိမ်းများမှာ အရည်အသွေးကွာခြားမှုကြီးမားလို့ ဈေးနှုန်းလည်း ကွာခြားရောင်းဝယ်ကြပါတယ်။ ဇန်နဝါရီလ တစ်လလုံးအတွင်း ပဲတီစိမ်း ခွဲခြမ်းကို ဝယ်လိုအားနည်းနိုင်ဖွယ်ရှိလို့ လာမယ့်ရက်တွေမှာလည်း ဈေးငြိမ်ဖွယ်ရှိပါတယ်။

Sunday, 15 Jan 2012

    ဇန်နဝါရီလ ၄ ရက်မှ ၁၀ ရက်ထိကာလအတွင်း စစ်တွေနယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၀၇ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၀ တန် တင်ပို့မှုရှိခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၈၃၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၁၅၈ တန်ခန့်လည်း အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်ပေါက်တစ်ခုတည်းမှ ၁၁၇၆ တန် အပို့ရှိခဲ့ပြီး ယခုအပတ်နယ်စပ်မှ ပဲတီစိမ်းလုံးပြည့်တင်ပို့မှုမှာ ယခင်အပတ်ကထက် ၈ တန် လျော့နည်းတင်ပို့ ခဲ့ပါတယ်။

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ် ယခင်တစ်ပတ်ထက် လျော့ကျလာပါတယ်။ ယခင်တစ်ပတ်က တန် ၄၄၀၀ ခန့်အထိ ရှိခဲ့ပေမဲ့ ဇန်နဝါရီလ ၂ ရက်မှ ၇ ရက် အတွင်းမှာတော့ တန် ၂၃၀၀ ခန့်သာ အရောင်းအဝယ်စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ဖြစ်တဲ့ ပဲတီစိမ်း တွေကတော့ အရည်အသွေးကောင်းတဲ့ ပြည်၊ အောင်လံ၊ ချောက်၊ မကွေးနဲ့ တောင်ငူ စတာတွေပဲဖြစ်တယ်လို့ သိရပါတယ်။    ရန်ကုန် FOB ဈေးကတော့ ပြောင်းလဲမှုမရှိဘဲ ဇန်နဝါရီလ ၁၃ ရက်မှာလည်း ပဲတီစိမ်း (အညာ) တစ်တန် ကန်ဒေါ်လာ  ၆၇၀-၆၉၀၊ ပခုက္ကူစ တစ်တန် ကန်ဒေါ်လာ ၆၉၀-၇၁၀ နဲ့ ရွှေဝါအကြီး တစ်တန် ကန်ဒေါ်လာ ၇၇၀-၇၉၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT - MAPT

Sunday, 15 Jan 2012

    ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုကတော့ ပမာဏနည်းနည်းနဲ့ မှန်မှန်သာ တင်ပို့နေတာ တွေ့ရပါတယ်။ ယခင်သီတင်းပတ်က တန် ၂၆၀၀ ခန့် တင်ပို့မှုရှိခဲ့ပြီး ယခုဇန်နဝါရီ ၂ ရက်မှ ၆ ရက်အတွင်းမှာ တန် ၂၁၀၀ ကျော်တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်ရဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့အထိ ပဲတီစိမ်းစုစုပေါင်း တင်ပို့ပြီးစီးမှု တန်ချိန် ၂၃၄၀၀၀ ကျော်ရှိပြီး ဝင်ငွေမှာ ကန်ဒေါ်လာ ၂၂၂ သန်းနီးပါးရှိကြောင်း သိရပါတယ်။ ယခင်ဘဏ္ဍာနှစ် ကာလတူအတွင်းမှာ ပဲတီစိမ်းတန်ချိန် ၁၈၁၀၀၀ ကျော်တင်ပို့ပြီး ကန်ဒေါ်လာ ၂၁၀ သန်းခန့် ရရှိခဲ့ကြောင်း သိရပါတယ်။ လာမယ့်သီတင်းပတ် တွေမှာလည်း ပုံမှန်ပမာဏနဲ့သာ တင်ပို့နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။MIRT - MAPT 

Sunday, 15 Jan 2012

    ပြည်ပွဲရုံတွေမှာ ပဲလွန်းဖြူ တစ် တင်း ၁၈၅၀၀ ကျပ်နဲ့ အရောင်း အဝယ် ဖြစ်နေပါတယ်။ အခြားတိုင်း ဒေသကြီး ဘက်မှ ပဲလွန်းဖြူအဝင် မရှိဘဲ နတ် တလင်း၊တာပွန်၊ မိုးညိုဘက်မှ ပဲအနည်း အကျဉ်းသာ ဝင်ရောက်မှုရှိပြီး၊ ရန်ကုန် ဝယ်လက်တွေကိုသာ ရောင်းဝယ်မှုများ တဲ့ အတွက် ပဲလွန်းဖြူဈေး ယခင်တစ် ပတ်ထက် မြင့်ခဲ့တယ်လို့သိရပါတယ်။မိမိအေး

Sunday, 15 Jan 2012

    ဟင်္သာတကုန်စည်ဒိုင် ပဲလွန်းဖြူ ဈေးကွက်မှာ ယခင်အပတ်ကထက် ပိုမို အရောင်းသွက်လာကြောင်း တွေ့ရပါ တယ်။ ပဲလွန်းဖြူဈေးနှုန်းမှာ ပိဿာ ၂၀ ဝင် တစ်တင်းကို ယခင်အပတ်ထက် ၃၀၀ကျပ်ဈေးမြင့်လာပြီး၊ ၁၈၅၀၀ ကျပ် နဲ့ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး၊ ဟင်္သာတမြို့နယ်အနီးအနားရှိ ကျေးရွာ များမှလည်း ကုန်စည်ဒိုင် ဈေးကွက်ကို နေ့စဉ် အိတ် ၄၀၀ ခန့်ဝင်ရောက်နေ ကြကြောင်း သိရှိရပါတယ်။ ကုန်စည်စီး ထွက်မှုအနေနဲ့ ရန်ကုန်ဈေးကွက်ကို နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့်တင်ပို့ နိုင်တယ်လို့ သိရပါတယ်။    အေးအေးခိုင်

Sunday, 15 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့် နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲလွန်းဖြူအသစ်များလည်း ဝင်ရောက် လာလို့ FOB အရောင်းအဝယ်ပိုဖြစ် လာခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၂၂၇ ရောင်းဝယ်ခဲ့ပြီး ယခုတစ်ပတ် ဇန်နဝါရီလ ၇ ရက်မှ ၁၂ ရက်အတွင်း မှာတော့ ၄၀၈ တန်ထိ ပိုမိုတင်ပို့လာ ခဲ့ပါတယ်။

Pages