Main menu

Background

Sunday, 8 Jan 2012

    ပြည်ကုလားပဲဈေးမှာ ယခင်တစ်ပတ်က တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ရှိပြီး၊ ယခုတစ်ပတ်မှာလည်း တစ်တင်း ၁၇၀၀၀ ကျပ်နဲ့ ဈေးငြိမ်နေပါတယ်။ ယခင်နှစ်စမှာ ကုလားပဲတစ်တင်း ၂၃၀၀၀ ကျပ်နဲ့ ဈေးဖွင့်ခဲ့ပြီး၊ ယခုနှစ် နှစ်စမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာ ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းကို အဝင်မရှိပဲ လက် ကျန်များနဲ့သာ ရောင်းဝယ်လျက်ရှိပါတယ်။

Sunday, 8 Jan 2012

    မုံရွာကုန်စည်ဒိုင် ၂၀၁၂ ခုနှစ် ပဲဈေးကွက်မှာ ကုလားပဲမျိုးစုံ အဝယ်အရောင်း ပုံမှန်ဆက်လက်ဖြစ်နေပြီး၊ နှစ်ကုန်ပေါက်ဈေးမှာပဲ ဆက်လက်တန့်နေတာတွေ့ရပါ တယ်။ ဈေးကွက်ထဲမှာတော့ Export တန်းဝင် V2,  929 နဲ့ တိုင်ပေကုလားပဲတွေကို ဝယ်လိုအားများပေမယ့်ပစ္စည်းရှားလို့ ရောင်းလက်ပါးခဲ့တယ်လို့ ဆိုပါတယ်။

Sunday, 8 Jan 2012

    ပြည်တွင်းဈေးကွက်အတွင်း ကုလားပဲလက်ကျန် ပြတ်လုနီးပြီဖြစ်လို့ ပြည်ပ တင်ပို့ဖို့အရောင်းအဝယ် မရှိသလောက် ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒီတစ်ပတ် ပင်လယ် ရေကြောင်းက ၉၆ တန်တင်ပို့မှုရှိနေသေးတာ တွေ့ရပါတယ်။ ပဲအသစ်မဝင်မီ ပဲလက်ကျန်နည်းနေပြီဖြစ်လို့ လာမယ့်သီတင်းပတ်များမှာလည်း အရောင်းအဝယ် ဖြစ်မှု နည်းနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Sunday, 8 Jan 2012

    ဒီဇင်ဘာလ ၂၈ ရက်မှ ဇန်နဝါရီလ ၃ ရက်ထိကာလအတွင်း မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ပဲလွန်းဖြူ၊ ပဲယင်း၊ ပဲပုပ်စေ့၊ ပဲကြီးနဲ့ မြဝတီနယ်စပ်မှ မတ်ပဲများ တင်ပို့နိုင်တာ တွေ့ရပါတယ်။

Sunday, 8 Jan 2012

    ယခုတစ်ပတ် ပြည်ဈေးကွက်ကို ပဲတီစိမ်းအဝင်မှာ ဒေသတွင်းမြို့နယ်များအပြင် ကံမ၊ အောင်လံ၊ ဥသျှစ်ပင်၊ မြို့နယ်များမှ တစ်ရက်အိတ် ၇၀၀ ကျော်၈၀၀ အထိအဝင်များလာခဲ့တာကိုတွေ့ရပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ၁၅၀၀၀ ကျပ်နဲ့ ယခင် တစ်ပတ်ကထက် ဈေးအနည်းငယ်ပြန်မြင့်ခဲ့ပါတယ်။

Sunday, 8 Jan 2012

    ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၃ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၀ ဒသမ ၉၃၈ သန်း တန်ဖိုးရှိ ပဲတီစိမ်းလုံးပြည့် ၁၁၇၆ တန်ကျော်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၁၅၁ သန်းတန်ဖိုးရှိ ပဲတီစိမ်းလုံးခြမ်း ၁၅၄ ဒသမ ၂ တန် တင်ပို့မှုရှိခဲ့ပါတယ်။

Sunday, 8 Jan 2012

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အသစ်ဝင်လာတဲ့ ပခုက္ကူ၊ မုံရွာ ပဲတီစိမ်းစတွေ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က တန် ၂၈၀၀ ကျော် အရောင်းအဝယ်ဖြစ်ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၃၀ မှ ဇန်နဝါရီလ ၆ ရက်)အတွင်းမှာ တန်ချိန် ၄၄၀၀ ခန့်ထိ တိုးတက်ရောင်းဝယ်ခဲ့ကြောင်း သိရပါတယ်။

Sunday, 8 Jan 2012

    ပဲတီစိမ်း ပင်လယ်ရေကြောင်းက တင်ပို့မှုကတော့ ယခုတစ်ပတ်မှာလည်း ပုံမှန်သာတင်ပို့နေတာ တွေ့ရပါတယ်။ ဒီဇင်ဘာ လ ၂၆ ရက်မှ ၃၀ ရက်အတွင်းမှာ ပဲတီစိမ်းတန်ချိန် ၂၆၀၀ ခန့် တင်ပို့ခဲ့ပါတယ်။ ဒီဇင်ဘာလ တစ်လလုံးမှာ ပဲတီစိမ်းတင်ပို့မှုာ တန်ချိန် တစ်သောင်းကျော်သာရှိပြီး နိုဝင်ဘာလမှာ တန်ချိန် ၁၈၅၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့ပါတယ်။

Sunday, 8 Jan 2012

    ဟင်္သာတဈေးကွက်ရဲ့ ပဲလွန်းဖြူ ဈေးမှာ ယခင်အပတ်က ပိဿာ ၂၀ ဝင်တစ်တင်းကို ၁၇၃၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ယခုတစ် ပတ်မှာ ၁၈၂၀၀ ကျပ်ဈေးသို့မြင့်တက် လာပြီး၊ အရောင်းအဝယ်လည်း ဖြစ် လျက် ရှိပါတယ်။

Sunday, 8 Jan 2012

    ပြည်ပဲလွန်းဖြူဈေးကွက်ကို ပန်း တောင်းဘက်မှ ပဲလွန်းဖြူအသစ်များ တစ်နေ့ ၂၅ အိတ်ခန့် အဝင်ရှိခဲ့ပါတယ်။ ပဲဈေးတစ်တင်း ၁၇၅၀၀ ကျပ်ဈေးရှိ တယ်လို့သိရပါတယ်။ နယ်စုံမှ ပဲအသစ် များဝင်ရောက်မှု နည်းသေးတာကြောင့် ပဲရောင်းဝယ်မှုကတော့ မြို့တွင်း လက် လီသမားများ ရောင်းဝယ်မှုသာ ရှိတယ် လို့ သိရပါတယ်။           မိမိအေး

Pages