Background
ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုမှာ ယခင်တစ်ပတ်က တန် ၂၀၀၀ ကျော်သာ တင်ပို့မှုရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ - ၂၃ ) အတွင်းမှာတော့ တန်ချိန် ၃၁၀၀ ခန့်ထိ အနည်းငယ်ပိုတင်လာခဲ့ပါတယ်။ ပခုက္ကူ ပဲတီစိမ်းအသစ် အနည်းငယ်တင်ပို့မှုရှိနေပြီလို့ သိရပါတယ်။
ပဲလွန်းဖြူသစ်များ ထွက်ပေါ်စ ပြုလာနေပြီဖြစ်ပေမဲ့ ဈေးကွက်ဝင် ရောက်မှုနည်းသေးလို့ ပြည်ပတင်ပို့မှုနဲ့ အရောင်းအဝယ်ဖြစ်မှု ပမာဏကတော့ လျော့နေပါတယ်။ ပင်လယ်ရေကြောင်း က ယခုတစ်ပတ် (ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်) အတွင်းမှာ ပဲလွန်းဖြူ ၁၂၂ တန် တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်မှာ တော့ တန်ချိန် ၁၇၀ တင်ပို့ခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာလ ၂၁ ရက်မှ ၂၇ ရက် အထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ ပဲလွန်းဖြူ ၂၁၈ တန်၊ တန်ဖိုးကန်ဒေါ်လာသုည ဒသမ ၁၇၇ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် အပတ်ကလည်း တန် ၂၀၀ ကျော် တင်ပို့ခဲ့တာကြောင့် ပုံမှန်တင်ပို့မှုလို့ ဆိုရပါမယ်။
မြင်းခြံခရိုင်အတွင်း ပဲစင်းငုံစိုက်ဧက ၂ သိန်း ၇ သောင်းစိုက်ပျိုးမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်မှာ မိုးကောင်းပြီး ပွင့်အားကောင်းတာကြောင့်ယခင်နှစ်ကထက်အထွက်နှုန်း ၂ ဆပိုလာနိုင်ကြောင်း စိုက်ပျိုးသူ တောင်သူများထံမှသိရပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်း မိုးပဲစင်းငုံအားစိုက်ဧက ၁၄၀၀၀ ကျော် စိုက်ပျိုးထားခဲ့ရာ ယခုအခါ ရာသီဥတုအခြေအနေကြောင့်အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း၊ စဉ့်ကူးမြို့နယ်မှ ပဲစင်းငုံစိုက်တောင်သူတစ်ဦးရဲ့ ပြောပြချက် အရသိရှိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ယခု တစ်ပတ်လည်း ပဲစင်းငုံကို တောက်လျှောက်အဝယ်ရှိနေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၄၃၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာလ ၂၃ မှ ၂၉ ရက်) အတွင်းမှာ တန်ချိန် ၆၅၀၀ ကျော် အရောင်းအဝယ်စာချုပ်နိုင် ခဲ့တယ်လို့ သိရပါတယ်။
ပြည်ပဲဈေးကွက်မှာ မတ်ပဲအရောင်းအဝယ်အေးလျက်ရှိပြီး၊ တစ်တင်းကို ၁၃၂၀၀ ကျပ်သာရှိတယ်လို့သိရပါတယ်။အချို့ပွဲရုံတွေကတော့ ပဲဈေးက မကောင်း လို့ ပဲထုတ်ရောင်းချမှုမရှိတဲ့အတွက် ပွဲရုံတိုင်းမှာ အရောင်းအဝယ် မဖြစ်ဘူးလို့ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခု တစ်ပတ် မတ်ပဲအရောင်းအဝယ် တက်လာကြောင်းသိရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၅ ရက်အတွင်း မတ်ပဲ SQ ၊ FAQ စုစုပေါင်း တန်ချိန် ၆၀၀၀ ခန့် အရောင်းအဝယ်စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ်အရောင်းအဝယ်ဖြစ်တဲ့ တန်ချိန် ၃၈၀၀ ထက် ပိုမိုရောင်းဝယ်နိုင်ကြောင်း သိရပါတယ်။
ပြည်ပကို မတ်ပဲတင်ပို့မှုက ယခုတစ်ပတ်မှာလည်း ပုံမှန်ပမာဏနဲ့ ဆက်လက် တင်ပို့ နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၈၂၀၀ ကျော်ထိ တင်ပို့မှု ရှိခဲ့ပြီး ယခု တစ်ပတ် ဒီဇင်ဘာလ ၁၉ ရက်မှ ၂၃ ရက်အတွင်းမှာ တန်ချိန် ၆၂၀၀ ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
၂၀၁၂ ဒုတိယ ၃ လအတွင်း ကမ္ဘာ့သကြားဈေး အနိမ့်ဆုံးကို ကျဆင်းပြီး နောက် တတိယ ၃ လပတ်မှစပြီး၊ သကြားတစ်ပေါင်ကို ကန်ဒေါ်လာ ၂၅ ဆင့် (တစ်တန်ကန်ဒေါ်လာ ၅၅၁)အထက်ကို မြင့်တက်နိုင်တယ်လို့ Mocquarie Group မှ ပြောကြားပါတယ်။ ၂၀၁၂ ပထမ နှစ်ဝက်အတွင်းမှာတော့ ဥရောပသမဂ္ဂ၊ အမေရိကား အလယ်ပိုင်း၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံမှ သကြားရောင်းချမှုတိုးတာကြောင့် သကြားဈေး ဆက်လက်နိမ့်မယ်လို့ ဆိုပါတယ်။