Main menu

Background

Thursday, 13 Feb 2014

ပြည်ပကို ဇန်နဝါရီနောက်ဆုံးသီတင်းပတ်အတွင်း မန်ကျည်းတင်ပို့မှုပျောက်ခဲ့ ပါတယ်။ ဇန်နဝါရီလအတွင်း သီတင်းနှစ်ပတ်သာမန်ကျည်းတင်ပို့မှုရှိခဲ့တယ်လို့ သိရ ပါတယ်။ ဇန်နဝါရီလအတွင်း မန်ကျည်းတင်ပို့ခဲ့တဲ့ နိုင်ငံများမှာ စင်ကာပူနဲ့ အိန္ဒိယ နိုင်ငံတို့ဖြစ်ပါတယ်။

Thursday, 13 Feb 2014

မနှစ်ကလိုပဲ နနွင်းက ဝယ်လက်ရှိလိုက်၊ ပျောက်သွား လိုက်နဲ့ ဖြစ်နေပါတယ်။ နှစ်စမှာတော့ မူဆယ် ဝယ်လက်တွေ ဟိုပုံးနနွင်းကို ဝယ်ယူခဲ့ပေမဲ့ အခုတော့ ပြန်ငြိမ်နေပါတယ်။ ဟိုပုံး၊ နနွင်းခြောက်ကလည်း လက်လီ ခန့်သာအရောင်း အဝယ် ဖြစ်ပါတော့တယ်။ ဒေသတွင်း ဈေးပတ်သမားတွေက လည်း သိပ်များများစားစားဝယ်လေ့ မရှိပါဘူး။ ဈေးနေ့တွေမှ သာ ပိဿာ တစ်ရာ၊ နှစ်ရာခန့်အဝယ်ရှိပြီး၊ နနွင်းမှုန့်ကြိတ်ဖို့ အတွက် ဝယ်ယူတယ်လို့ သိရပါတယ်။

Thursday, 13 Feb 2014

ပခုက္ကူကုန်စည်ဒိုင်ရဲ့ စားဖိုဆောင်သုံး သီးနှံလိုင်းဖြစ်တဲ့ ကြက်သွန်နီဈေးကွက်မှာ မိုးစိုက်ကြက်သွန်နီများ နေ့စဉ် ဝင်ရောက်ရောင်းချနေတာကို တွေ့ရပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ထိပ်စတစ်ပိဿာ ၇၅၀ ကျပ်၊ ၇၀၀ ကျပ်၊ ၆၅၀ ကျပ်၊ ၆၂၅ ကျပ်၊ ၅၇၅ ကျပ်၊ ၅၅၀ ကျပ်ဈေးနှုန်း၊ အလတ်စတစ် ပိဿာ ၆၅၀ ကျပ်၊ ၅၀၀ ကျပ်ဈေးနှုန်း၊ အောက်စတစ်ပိဿာ ၁၅၀ ကျပ်၊ ၁၀၀ ကျပ်ဈေးတွေနဲ့ ကုန်စည်ဒိုင်ပြတ်ဈေး ရောင်းချနေကြတာတွေ့ရပါတယ်။

Thursday, 13 Feb 2014

ယခုတစ်ပတ်အတွင်း အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းများပြည်ဈေးကွက် ကိုပိဿာ ၃၀ ဝင်အိတ်၁၅၀ ခန့်ရှိပြီး၊ ယခင်တစ်ပတ်ကထက် အိတ် ၅၀ ခန့် ပိုမို ဝင်ရောက်လာပါတယ်။ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ ချင်းတစ်ပိဿာကို (ရှယ်) ၆၀၀ ကျပ်၊ (ဂျွန်) ၅၀၀ ကျပ်အထိ ဈေးကျခဲ့ပြီး၊ ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလမှ ချင်းတစ်ပိသာ ကို (ရှယ်) ၁၅၀၀ ကျပ်၊ (ဂျွန်) ၁၂၀၀ ကျပ်အထိ ဈေးမြင့်ခဲ့တာ ကြောင့် ယခုနှစ်ဟာ ချင်းဈေးကောင်းတဲ့ နှစ်ဖြစ်ပါတယ်။ ယခုလဟာ တပို့တွဲလ ထမင်းနဲပွဲတော်အချိန်ဖြစ်တဲ့အတွက် ချင်းအရောင်းအဝယ်သွက်လာတယ်လို့ ချင်း ပွဲရုံများမှ သိရပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင် ပြည်နယ်ဘက်ကို စားသုံးမှုအဖြစ်တစ်နေ့ကို ပိဿာချိန် ၇၀၀ ခန့် တင်ပို့မှုရှိတယ်လို့ သိရပါတယ်။                                        ဝင်းဝင်းခိုင် - ပြည်

Thursday, 13 Feb 2014

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီလ ပထမပတ် အတွင်းမှာ ကနီ၊ မင်းကင်း၊ ဟုမ္မလင်း၊ မော်လိုက်စတဲ့ အထက်ချင်း တွင်းလိုင်းက ဆောင်းပဲသစ်တွေ အဝင် အနည်းငယ်သွက်လာတယ်လို့ သိရပါ တယ်။ မနှစ်က နထစသမအ ဝယ်လိုအား ကောင်းခဲ့တဲ့ ဟုမ္မလင်းဘက်က မြေ ထောက်ပဲတွေဒိုင်မှာ ဝင်ရောက်စပြုရာ ယခုတစ်ပတ်မှာတစ်တင်း၂၉၀၀၀ ကျပ် ထိ ဈေးကောင်းရခဲ့ပြီး၊ တစ်ရက်အိတ် ၂၀၀ ခန့်ထိ အရောင်းအဝယ် အား ကောင်းလာခဲ့တယ်လို့ သိရပါတယ်။

Thursday, 13 Feb 2014

ရန်ကုန်တိုင်း ဒေသကြီးရဲ့ အဓိက နိုင်ငံခြားပို့ကုန်တစ်ခုဖြစ်တဲ့ ပဲတီစိမ်း သီးနှံများ မကြာမီထွက်ရှိတော့မှာ ဖြစ်ပါ တယ်။ တိုင်းဒေသကြီးရဲ့ တောင်ပိုင်း ခရိုင် ဖြစ်တဲ့ သန်လျင်၊ သုံးခွ၊ ခရမ်းမြို့ နယ်များမှာ မိုးစပါးစိုက်ပျိုးပြီး၊ သီး ထပ်သီးနှံတစ်ခုအဖြစ် ပဲတီစိမ်းကို အဓိက စိုက်ပျိုးတဲ့ ဆောင်းသီးနှံဖြစ် ပါတယ်။ စိုက်ပျိုးဧကအနေနဲ့ ၂၀၁၂-၂၀၁၃ စိုက်ပျိုးရာသီမှာ သန်လျင်မြို့ နယ်မှာ လေးသောင်းနှစ်ထောင်ကျော်၊ သုံးခွမြို့မှာ တစ်သိန်းနှစ်သောင်းကျော်ရှိ ပြီး၊ ခရမ်းမြို့နယ်မှာ ကိုးသောင်းခြောက် ထောင်ကျော် စိုက်ပျိုးခဲ့တဲ့အတွက် သုံး မြို့နယ်အားဖြင့်နှစ်သိန်းခြောက်သောင်း ကျော် စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

Thursday, 13 Feb 2014

မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ပထမပတ် ပဲဈေးကွက်မှာ ပဲသစ်မျိုးစုံ အဝင် လှိုင်စပြုနေသလို အရောင်း အဝယ် သွက်နေတာ တွေ့ရပါတယ်။ အထူး သဖြင့် ယခုအပတ်မှာ နယ်စုံက ငုံနီ အဝင်လှိုင်လာကာ တစ်နေ့အိတ် ၁၀၀၀၀ ခန့်ရှိခဲ့ပြီး၊ပခုက္ကူနဲ့ရန်ကုန်ဝယ် လက်စုံခဲ့ကာတစ်ရက်အနည်းဆုံး အိတ် ၅၀၀၀ ကနေ အများဆုံး အိတ် ၈၀၀၀ ခန့်ထိ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုတစ် ပတ်အတွင်းမှာတော့ ငုံနီဈေးဟာ တစ် တင်း ၁၈၁၀၀ ကျပ်နဲ့ ၁၈၃၀၀ ကျပ် ကြားဈေးငြိမ်နေပြီးလှောင်လက်အဝယ် တော့ မရှိသေးဘူးလို့ သိရပါတယ်။

Thursday, 13 Feb 2014

မိုးစိုက်ပျိုးတဲ့ ပဲစင်းငုံများအားလုံး ရိတ်သိမ်းချွေလှေ့ပြီးလို့ မုံရွာကုန်စည်ဒိုင် ကို ပဲစင်းငုံအသစ်များ နေ့စဉ် အိတ်ရေ ၆၀၀၀ မှ ၈၀၀၀ ကြားဝင်ရောက်နေပြီး အဝင်လှိုင်နေပြီဖြစ်ပါတယ်။

Thursday, 6 Feb 2014

မန္တလေးတိုင်းဒေသကြီး၊ ပျဉ်းမနားခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ မိတ္တီလာခရိုင်၊ မြင်းခြံ ခရိုင်တို့မှာ ပြောင်းဖူးစေ့ကို အဓိကထား စိုက်ပျိုးပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ရေဦး၊ ဒီပဲယင်းဒေသများ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်း၊ နောင်ချို၊ ကျောက်မဲ၊ သီပေါမြို့နယ်များတွင်လည်း စိုက်ပျိုးမှုရှိပါတယ်။ မန္တလေးတိုင်း ဒေသကြီးအတွင်း မိတ္တီလာခရိုင်မှာ ဧက ၁၀၀၀၀ ကျော်၊ ပြင်ဦးလွင်မှာ ဧက ၆၀၀၀ ကျော်၊ ပျဉ်းမနားခရိုင်မှာ ဧက ၄၀၀၀ ကျော်၊ မြင်းခြံခရိုင်မှာ ဧက ၈၀၀၀ ကျော် စိုက်ပျိုးမှုရှိခဲ့ပါတယ်။

Thursday, 6 Feb 2014

တရုတ်ပြည်မှာ နှစ်သစ်ကူးပွဲတော်ချိန် ရောက်ပြီဖြစ်လို့ ၂၀၁၄ ခုနှစ် ဇန်နဝါရီ လနောက်ဆုံးပတ်မှာတော့ ကန်ဒေါ်လာ ၆ ဒသမ ၉၂၂ သန်းတန်ဖိုးရှိတဲ့ ပြောင်း တန်ချိန် ၂၄၁၂၄ တန်သာတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ် ၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးစခန်းစုံကပြောင်းဖူးစေ့ ၂၆၀၈၇ တန်ခွဲတင်ပို့ခဲ့လို့ ယခု အပတ်ပြောင်းတင်ပို့မှု ၁၉၆၃ တန်ခွဲလျော့နည်းသွားခဲ့တာတွေ့ရပါတယ်။ ယခု အပတ် စခန်းအလိုက်တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၁၆၇၆၆ တန်နဲ့ချင်းရွှေဟော်မှ ၇၃၅၈ တန်ဖြစ်ပါတယ်။၂၀၁၄ခုနှစ် ဇန်နဝါရီလမှာ စခန်းစုံမှပြောင်းတန်ချိန် ၁ သိန်း ၂ သောင်းနီးပါးတင်ပို့နိုင်ခဲ့တယ်လို့သိရပါတယ်။ မူဆယ် ကုန်စည်ဒိုင်မှာလည်း ယခင်အပတ်က ပြောင်းတစ်တန် ၂၈၉၈၈၇ ကျပ်ရှိရာ မှ ယခုအပတ်မှတော့ ၂၈၈၄၈၆  ကျပ်သို့ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ နှစ်ကူးကာလဖြစ်တာမို့ ဝယ်လိုအားသိသိသာသာ အေးသွားတာကြောင့် အထွက် နှုန်းများစွာရရှိထားပေမဲ့ တောင်သူတွေ အဝယ်မလိုက်ဖြစ်နေကာ ပြောင်းများကို မိမိတို့ လယ်ယာမြေ၊ အိမ်များတွင် (စပါးကျီများကဲ့သို့) ပြောင်းဖူးကျီများ ပြုလုပ် သိုလှောင်ထားနေရကြောင်း လင်းခေးမှ အစေ့ထုတ်ပြောင်းတောင်သူအများစုက ပြောပါတယ်။မော်မော်အောင်၊MIRT (DCCA)

Pages