Main menu

Background

Wednesday, 13 Nov 2013

ပြီးခဲ့တဲ့ အပတ်က မုံရွာနှမ်းဈေး ကွက်ဟာ မုံရွာကုန်စည်ဒိုင်ရဲ့ စံချိန် တင်ပေါက်ဈေးတွေနဲ့ အတက်ကြမ်းခဲ့ ပေမယ့်ယခုတစ်ပတ်မှာတော့ မန်းလက် က အဝယ်လျော့ကျလို့ နှမ်းအားလုံး ကျဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် နှမ်းရောင်စုံပေါက်ဈေးအားဖြင့် နှမ်းညို တစ်တင်း ၃၆၇၀၀ ကျပ်၊ နှမ်းဝါ တစ် တင်း၄၃၅၀၀ ကျပ်၊ နှမ်းနီတစ်တင်း ၃၉၀၀၀ ကျပ်နဲ့ နှမ်းဖြူတစ်တင်း ၄၇၀၀၀ ကျပ်အသီးသီးတစ်တင်း ၃၀၀၀ ကျပ် ဝန်းကျင် ကျဈေးဖြစ်ပေါ် ခဲ့တာ တွေ့ရပါတယ်။

Wednesday, 13 Nov 2013

အောက်တိုဘာလ နောက်ဆုံး ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲတီစိမ်း သီးနှံများ ဝင်ရောက်လာသလို မတ်ပဲ ဈေးနှုန်းကလည်း ဈေးမြင့်လာခဲ့ပြီး၊ အခြားပဲများကတော့ အရောင်းအဝယ် အေးနေခဲ့ကာ ဈေးလည်းအတက်အကျ သိပ်မဖြစ်ဘဲရှိခဲ့ပါတယ်။ မတ်ပဲသီးနှံမှာ အောက်တိုဘာ လဆန်းပိုင်းမှစပြီး၊ ဈေးပြန်လှုပ်လာခဲ့ပြီး၊ ယခုတစ်ပတ်မှာ တစ်တင်း၁၉၀၀၀ ကျပ်ထိ ဈေးကောင်း လာခဲ့ပါတယ်။ ရန်ကုန်ဝယ်လက် အဝယ်သွက်ခဲ့တာကြောင့် ဈေးနှုန်းများ မြင့်တက်လာကာ၊ တစ်ရက်အိတ် ၄၀၀ ကျော်- ၅၀၀ အထိ လှောင်လက်သမား များကလည်း ထုတ်ရောင်းချလာခဲ့ ကြ ပါတယ်။ တိုင်းအတွင်း အခြားမြို့နယ် များမှာ မတ်ပဲ၊ မျိုးပဲများ ဝယ်ယူလာ ကြပါတယ်။

Wednesday, 13 Nov 2013

ပဲခူးတိုင်းဒေသကြီး၊ ပြည်ရဲ့ မတ်ပဲ သီးနှံဈေးကွက်မှာ နှစ်ဆန်းပိုင်းကစပြီး၊ ပဲဈေးနှုန်းမှာ ဈေးကောင်း မရခဲ့တဲ့ အတွက် ပဲလက်ကျန်များရှိသော်လည်း အရောင်းအဝယ်မှာ မသွက်ခဲ့ပါဘူး။ ဇူလိုင်လမှာတော့ ပဲဈေးနှုန်းများ ဈေး မြင့်လာခဲ့ပြီး၊ သြဂုတ်၊ စက်တင်ဘာလ အတွင်း ဈေးနှုန်းအတက်အကျ သိပ် မဖြစ်ဘဲ ယခုအောက်တိုဘာလဆန်းမှ စပြီး၊ ပဲဈေးပြန်လှုပ်လာကာ လကုန် ပတ်မှာတော့ တစ်တင်း ၁၉၀၀၀ ကျပ် ထိ ဈေးပိုရပြီး ရန်ကုန်ဝယ်လက်အဝယ် လိုက်လာတဲ့အတွက် လှောင်လက် သမားများလည်း ထုတ်ရောင်းချလာပြီ ဖြစ်တာကြောင့် ဈေးမြင့်အရောင်း အဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။ခင်ဆွေဝင်း - ပြည်

Wednesday, 13 Nov 2013

မုံရွာကုန်စည်ဒိုင် အောက်တိုဘာ လကုန်ပတ် ပဲမျိုးစုံဈေးကွက်အနေနဲ့ ပဲ အမျိုးအစားအလိုက် ဝယ်လက်သာရှိခဲ့ ပြီး၊ ကုန်သည်တွေထံမှာ ပဲအများစု လက်ကျန် လျော့လာတဲ့အတွက် ဈေး အငြိမ်နဲ့သာ အရောင်းအဝယ်ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကုလားပဲမျိုးစုံ ဈေး ကွက်မှာ ဒေသတွင်းခွဲခြမ်းသမားများနဲ့ မန္တလေးစက်သမားဝယ်လက်တို့သာ ရှိခဲ့ပြီး၊ အဝေးလိုင်းဝယ်လက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲ မျိုးစုံ ဈေးအေးသွားခဲ့ကာ ကုလားပဲ ရိုးရိုးတစ်တင်း ၁၆၂၀၀ ကျပ်၊ ကုလားပဲ ထိုင်ဝမ်တစ်တင်း ၁၆၅၀၀ ကျပ်၊ ကုလားပဲ V2 တစ်တင်း ၁၆၉၀၀ နဲ့ 929 တစ်တင်း ၁၆၂၀၀ ကျပ် အသီးသီး ပေါက်ဈေး ဖြစ်ခဲ့တာ တွေ့ရပါတယ်။

Tuesday, 29 Oct 2013

ပြည်တွင်းမှာ သကြားလက်ကျန် ကုန်ကြမ်းနည်းခြင်းကြောင့် သကြားဈေး မြင့်တက်လာပါတယ်။ သကြားဈေး  ယခုတစ်ပတ်မှာ ကုန်ကြမ်းလက်ကျန်နည်းလာ ပြီ ဖြစ်ပြီး၊ ကုန်ကြမ်းပေါ်မှာ တစ်ပိဿာကျပ် ၄၀ နဲ့ သကြားတစ်ပိဿာကို ကျပ် ၃၀ ဈေးတက်လာပါတယ်။
 

Tuesday, 29 Oct 2013

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ကန်ပိုက်တီး စခန်း များမှ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၆ရက်မှ ၂၂ ရက် အတွင်းမှာ ကန်ဒေါ်လာ ၈ ဒသမ ၄၄၄ သန်းတန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ တန်ချိန်ပေါင်း ၂၇၀၅၁ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းအလိုက်တင်ပို့တဲ့ ပြောင်းတန်ချိန်တွေကတော့ မူဆယ်မှ ၂၄၃၀၅ တန်ကျော်၊ ချင်းရွှေဟော်မှတန် ၁၇၀၀ နီးပါး၊ လွယ်ဂျယ်မှ၈၃၅ တန်ခွဲနဲ့ ကန်ပိုက်တီးမှ ၂၁၁ တန်ဖြစ်ပါတယ်။
 

Tuesday, 29 Oct 2013

သီတင်းမကျွတ်ခင်က အဝင်နည်းနည်းရှိခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာတော့ အဝင်ပြန်နည်းသွားပါတယ်။ ရောင်းအား က သိပ်မရှိတော့ အဝင်ကလည်းသိပ်မရှိပါဘူး။ ချင်းကိုသာ ပိဿာချိန် အလုံးအရင်းနဲ့ ဝယ်နေပေမဲ့ နနွင်းကတော့ပေါ် ကာစကနေ အခုအချိန်အထိ မူဆယ်ဝယ်လက်နဲ့ တမူး ဝယ်လက်တွေက ပိဿာချိန် သောင်းချီပြီး ဝယ်တာကလွဲရင် ပြည်တွင်းသုံးလက်လီဈေးကွက်အနေနဲ့သာ အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။

Tuesday, 29 Oct 2013

ပခုက္ကူရဲ့ စားဖိုချောင်သုံးသီးနှံကြက်သွန်နီ ကုန်စည် ဒိုင်မှာ ကြက်သွန်နီထိပ်စ တစ်ပိဿာ ၉၇၅ ကျပ်၊ အလတ်စ တစ်ပိဿာ ၇၆၀ ကျပ်၊ အောက်စတစ်ပိဿာ ၇၀၀ ကျပ်လို့ ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့မှာ အရောင်း အဝယ် ဖြစ်နေတာကို တွေ့ရပါတယ်။ ယခင်အပတ်က ထိပ်စ တစ်ပိဿာ ၈၈၀ ကျပ်၊ လတ်စ တစ်ပိဿာ ၈၅၀ ကျပ်၊ အောက်စ တစ်ပိဿာ ၇၅၀ ကျပ်ဆိုတော့ အတန်းအစားကို လိုက်လို့ ထိပ်စ တစ်ပိဿာ ဆိုရင် တစ်ပိဿာအပေါ် ၇၅ ကျပ် ကွာ၊ အလတ်စ တစ်ပိဿာ ၅၀ ကျပ်ကွာ၊ အောက်စ တစ်ပိဿာ ၁၅၀ ကျပ် ကွာ ဖြစ်နေတာကို တွေ့ရပါတယ်။
 

Tuesday, 29 Oct 2013

ပြည်ချင်းဈေးကွက်အတွင်း ယခုတစ်ပတ်မှာတော့ ချင်းအဟောင်းပစ္စည်း လက်ကျန်ပြတ်သွားပြီး၊ ချင်းအတက်အသစ်များသာ ပိဿာ ၂၀ ဝင်တောင်း ၅၀၀ ခန့် အဝင်ရှိလာပါတယ်။ ချင်းတက်အသစ်မှာ ပစ္စည်းသိပ် မကောင်းသေးဘဲ၊ အရင် လိုသေးသဖြင့် အကျိုးအကြေများတဲ့အတွက် တောင်းများနဲ့ သယ်ယူနေရခြင်း ဖြစ်ပြီး၊ ပြည်ပွဲရုံများ၌ ချင်းတက်တစ်ပိဿာကို (ဂျွန်) ၁၃၀၀ ကျပ်၊ (ရှယ်)  ၁၅၀၀ ကျပ်တို့နှင့်အရောင်းအဝယ်အေးနေပါတယ်။ ချင်းတက်အသစ်ကို လှောင်လက် သမားများမှ ဝယ်ယူခြင်းမရှိသေးဘဲ လက်လီလက်ကား ရောင်းဝယ်သူများမှလည်း ပစ္စည်းသစ်ကို ထိန်းဝယ်နေတဲ့အတွက် တစ်ပတ်အတွင်း တောင်း ၁၈၀ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီးနဲ့ ရခိုင်ပြည်နယ်တို့သို့ စားသုံးမှု အဖြစ် ယခုတစ်ပတ် ပိဿာချိန် ၁၂၀၀ ခန့် တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ဝင်းဝင်းခိုင်-ပြည်

Tuesday, 29 Oct 2013

အောက်တိုဘာ စတုတ္ထအပတ် အတွင်း ပြည်ဈေးကွက်မှာ နှမ်းဈေးနဲ့ အတူ မြေပဲဆန်ဈေးပါ တက်နေ ပါ တယ်။ နှမ်းကို မန္တလေးဝယ်လက်များ က အဝယ်လိုက်သလို မြေပဲဆန်ကို ရန်ကုန် ဆီစက်သမားများက အဝယ် လိုက်နေပါတယ်။ ပေါက်ခေါင်း၊ မြန် အောင်နဲ့ ကံမဘက်မှ တစ်နေ့ကို နှမ်း အိတ် ၅၀၀ ခန့်သာ ဝင်ရောက်လာပြီး၊ အဝင် နည်းသွားတာကြောင့် နှမ်းဈေး ထောင်တက်နေသလို မြေပဲဆန်ကို အောင်လံ၊ ကြံခင်းနဲ့ ပေါက်ခေါင်းဘက် မှ တစ်နေ့ကို ပဲဆန်အိတ် ၁၅၀၀ ခန့် ဝင်ရောက်သော်လည်း မြေပဲဆန် ဈေး မြင့်နေတာ တွေ့ရပါတယ်။
 

Pages