Main menu

Background

Tuesday, 6 May 2014

 

ဧပြီနောက်ဆုံးပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲသီးနှံသာ ဈေးဆက်မြင့်ခဲ့ပြီး အခြားပဲများ ဈေးလျော့ အရောင်း အဝယ်ဖြစ    ဧပြီလကုန်ပတ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ပဲမျိုးစုံဈေးနှုန်းများ အေးနေခဲ့ပြီး၊ မတ်ပဲ သီးနှံ တစ်မျိုး သာဈေးမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။ ပဲစင်းငုံသီးနှံမှာ ပဲအဝင်မရှိတော့ဘဲ

Tuesday, 6 May 2014

 

မုံရွာကုန်စည်ဒိုင် ဧပြီလကုန်ပတ် ပဲဈေးကွက်မှာပြည်တွင်းသုံးပဲတွေ ဈေးအး အရောင်းအဝယ်လေးနေခဲ့ပြီး၊ တရုတ် Export ဝယ်လက် ဝယ်လိုအား ကောင်းတဲ့ ပဲတီစိမ်းကြီးအသစ်တွေ ဈေးကွက်စတင်ဝင်ရောက်လာကာ ဝင်သလောက် အဝယ် သွက်ခဲ့တယ်လို့

Tuesday, 6 May 2014

 
ဖူလုံအေးဆေး အညာဆန်ဈေး    တစ်ရက်ကသောက်နေကျ လက်ဖက်ရည်ဆိုင်မှာ ဆန်သမားများနဲ့တွေ့ပါတယ်။ ဘယ်လိုလဲ .. အရောင်းအဝယ်အခြေအနေလေး ပြောပါဦးဆိုတော့ဆန်သမား တော်တော်များများ ငြီးကြပါတယ်။ မရောင်းရလို့လားဆိုတော့

Tuesday, 6 May 2014

 
ရန်ကုန်မြို့ ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)ရဲ့လက်ကားဆန်ဈေးမှာမေလ ၂ ရက်နေ့ ဈေးနှုန်းများအရ ပေါ်ဆန်း ဖျာပုံလတ်စတစ်အိတ်ကို ၂၆၅၀၀ ကျပ် ဖြစ်ခဲ့သဖြင့် သြင်္ကန်မတိုင်မီ ဧပြီလ ၁၁ ရက်နေ့ ဈေးနှုန်းများထက် တစ်အိတ် ကို၂၀၀၀ ကျပ်၊ထို့အတူ ပေါ်ဆန်းနယ်စုံထိပ်စတစ်အိတ်ကို ၂၇၅၀၀ ကျပ်ဖြစ်ခဲ့လို့

Tuesday, 6 May 2014

 
မူဆယ်ဆန်ဈေးကွက်မှာ ဧပြီလ ၂၉ ရက်က ဧည့်မထ ၂၅ ရာခိုင်နှုန်း ၅၀ ကီလိုတစ်အိတ်ကို ၁၃၀ ယွမ် - ၁၃၂ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ် အိတ်ကို ၁၂၅ ယွမ် - ၁၂၉ ယွမ်ဖြစ် ပြီး၊ ဧပြီ လဆန်းပတ်မှာ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၇ ယွမ် - ၁၂၉ ယွမ်၊ ငစိန် ၂၅ ရာခိုင်နှုန်း တစ်အိတ် ၁၂၄ ယွမ် -၁၂၇ ယွမ် ဖြစ်တာကြောင့်ဈေးကောင်းရနေပါတယ်။
 

Wednesday, 30 Apr 2014

သြင်္ကန်ပြီးကာလ ပဲခူးတိုင်းဒေသ ကြီး၊ ပြည်ပဲဈေးကွက်ကို မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးများ ပြန်လည် ဝင် ရောက်လာခဲ့ပြီး၊ ကုလားပဲသီးနှံနဲ့ ပဲကြီး များ အများဆုံး ဝင်ရောက်ခဲ့ပါ တယ်။ကုလားပဲမှာ တစ်ရက် အိတ် ၅၀၀ ကျော်ထိ ပန်းတောင်း၊ အောင်လံ နဲ့ ပြည်ကြားရှိ မြို့နယ်များမှ ဝင်ရောက် ခဲ့ခြင်းဖြစ်ပါတယ်။ လှောင် သမားများမှ ဝယ်ယူသိုလှောင်နေကြသလို ခွဲစက် သမား များလည်း အဝယ်လိုက်ခဲ့တာ ကြောင့် အိတ် ၄၀၀ -၅၀၀ ခန့် နေ့စဉ် အရောင်းအဝယ် ဖြစ်ခဲ့သော်လည်း ပဲ ဈေးကတော့ယခင်နှစ်က ဈေးကို မမီဘဲ တစ်တင်း ၁၅၄၀၀ ကျပ်နဲ့ သာ ဈေး အေး နေခဲ့တယ်လို့ သိရပါတယ်။
 

Tuesday, 8 Apr 2014

ယခု မတ်လ နောက်ဆုံးပတ်မှာ ပဲကြီးသီးနှံများ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ရွှေတောင်၊ ကျီးသဲ၊ ပေါင်းတလည်မြို့နယ်များမှ ဝင်ရောက်ခဲ့သလို နတ်တလင်း၊ တာပွန်ဖက်မှလည်း ပြည်ဈေးကွက်ကို လာရောက် ရောင်းချတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ပဲကြီးဝင်ရောက်မှု အနေနဲ့ အိတ် ၇၀၀ ကျော် ၈၀၀ အထိ အဝင်များလာခဲ့ပါတယ်။ ဈေးနှုန်းမျာ (ရွှေကျွန်း) တစ်တင်း ၂၅၅၀၀ ကျပ်၊ (ကမ်းနား) တစ်တင်း ၂၄၅၀၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး၊ ပဲကြော်ဖိုသမားများနဲ့ လှောင်လက်သမားများ ဈေးကောင်းမျှော်လျက် ဝယ်ယူသိုလှောင်နေတယ်လို့ သိရပါတယ်။            ခင်ဆွေဝင်း-ပြည်

Tuesday, 8 Apr 2014

ယခုတစ်ပတ် ပြည်ပဲဈေးကွက်ကို မတ်ပဲသီးနှံမှာ တစ်ရက်အိတ် ၇၀၀ ကျော်- ၈၀၀ အထိ အဝင်များလာခဲ့ပြီး၊ ပေါင်းတလည်၊ ပေါက်ခေါင်း၊ရွှေတောင်၊ ကျီးသဲ၊ ပန်းတောင်း၊ ဥသျှစ်ပင် နဲ့ ဝက်ထီးကန်ဘက်မှ အများအပြား ဝင်ရောက်လာခဲ့ပါတယ်။ ပဲများဝင်ရောက်မှု များသလို ဝယ်လိုအားမှာလည်း လှောင်လက်ရော လိုင်းသမားများပါ အဝယ် လိုက်နေခဲ့တာကြောင့် ပဲဈေးမှာလည်း ယခင်တစ်ပတ် တစ်တင်း ၆၀၀ ကျပ်ခန့်ဈေးပိုရခဲ့ပြီး၊ တစ်တင်း ၁၉၁၀၀ ကျပ်နဲ့ ဈေးကောင်းရပြီး၊ တစ်ရက် အိတ် ၁၀၀၀ ကျော်ထိ အရောင်းအဝယ် သွက်နေခဲ့ပါတယ်။ ပဲစိုက် တောင်သူများအနေနဲပ ယခင်နှစ်ထက် ဈေးပိုရလာလို့ ထွက်ရှိသမျှ မျိူးပဲလောက်သာ ချန်ပြီး၊ ထုတ်ရောင်းချနေသလို အချို့တောင်သူများကလည်း ဈေးကောင်းမယ့် အလားအလာကို မျှော်လျက် လက်ဝယ်သိုလှောင်ထားရှိကြတယ်လို့လည်း သိရပါတယ်။        ခင်ဆွေဝင်း-ပြည်

Tuesday, 8 Apr 2014

မုံရွာကုန်စည်ဒိုင် မတ်လ လကုန်ပတ် ပဲဈေးကွက်မှာ နယ်က အဝင်နည်းတဲ့ ပဲတွေ ဝယ်လက်ဆွဲကာ ကြိုက်ဈေးသင့်လို့ အရောင်းသွက်ခဲ့တာ တွေ့ရပါတယ်။ အထူးအားဖြင့် ဒီနှစ် ကုလားပဲမျိူးစုံ ဈေးကွက်မှာ ပဲပေါ်ချိန် တစ်တင်း ၁၄၀၀ ကျပ် ဝန်းကျင် ဈေးရခဲ့ပြီး၊ အထွက်နှုန်းလည်း လျော့တဲ့အတွက် ပဲစိုက် တောင်သူတွေ အထိနာခဲ့တယ် လို့ ဆိုပါတယ်။ ပေါက်ဈေးအများစုဟာ လုပ်ငန်းသုံးသမားတွေဖြစ်ကြတဲ့ ပဲခွဲစက်၊ ကြာဇံစက်သများတွေကို ကုန်ကြမ်းဈေးလျော့စေလို့ အကြိုက်တွေ့အကျိူးရှိစေပြီး၊ လှောင်လက်သမားတွေရဲ့ ဝယ်ကုန်တစ်ရပ်ဖြစ်တဲ့ တာတွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ကုလားပဲမျိူးစုံ ဈေးကွက်မှာတော့ ထိုင်ဝမ် တစ်တင်း ၁၄၈၀၀ ကျပ်၊ ကုလားပဲ ဖြူလုံးကြီးတစ်တင်း ၁၅၈၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၄၇၀၀ ကျပ် အသီးသီး ပေါက်ခဲ့ပြီး၊

Monday, 7 Apr 2014

မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော် အသင်း)မှာ ယခုမတ်လ တတိယ တစ် ပတ်လုံး ဈေးငြိမ်၊ ဈေးတူနဲ့ အရောင်း အဝယ်ဖြစ်တာက ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ)တို့ဖြစ်ပါတယ်။ ပဲစင်းငုံနီ တစ်ပိဿာ ၉၃၇ ကျပ် (တစ်တန် ၅၇၃၈၀၉ ကျပ်)နဲ့ နေ့စဉ် သုံးတင်းအိတ် ၁၅၀၀ မှ ၂၀၀၀ ခန့် အထိလည်းကောင်း၊ ပဲစင်းငုံ(ရွှေ) ၉၃၇ ကျပ်ဈေးနဲ့ နေ့စဉ် အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ပဲစင်းငုံနီနဲ့ ပဲစင်းငုံ (ရွှေ) နှစ်မျိုးပေါင်းအိတ်၄၀၀၀ ခန့် အရောင်း အဝယ်ဖြစ်ကြောင်း သိရပါတယ်။ မနှစ်က ပဲစင်းငုံလှောင်လက်တွေ အထိနာတာကြောင့် ယခုအချိန်အထိ လှောင်လက်များက လှောင်ဖို့ အတွက် လက် မရဲကြသေးဘူး။ ဒါကြောင့် အရောင်းအဝယ်ကို သွက်သွက်လက် လက်နဲ့ ခပ်ပါးပါးလေးသာ အမြတ် ယူ ပြီး၊ အလုပ်ဖြစ်တယ် ဆိုရုံသာသာနဲ့ အလုပ်လုပ်နေရကြောင်း၊ တစ်နှစ်တည်း အထိနာတာက ပြန်ပြီးနာလထူနိုင်ပေမဲ့ နှစ်နှစ်ဆက်တိုက်အထိနာရင်တော့ နာလထူဖို့သိပ်မလွယ်တာကြောင့်လှောင် ဖို့ လက်တွန့်နေကြောင်း၊ ပြည်ပဝယ် လက် (အိန္ဒိယ)မှလည်း အင်တိုက်အား တိုက် ဝယ်ယူမှု မရှိတာကြောင့် စဉ်းစား နေရကြောင်း၊ လက်ရှိမှာတော့ ရောက် လာသမျှ ပဲစင်းငုံတွေကို လက်ထဲကြာ ကြာ မထားဘဲ သင့်တင့်တဲ့ ဈေးနှုန်းရပါ က ပြန်လည် ရောင်းချကြောင်း၊ မျှော် လင့်တဲ့ဈေးနှုန်းနဲ့ ဝယ်လိုအားမရှိ တာ ကြောင့် လှောင်လက်သမားများအနေ နဲ့ စောင့်ကြည့်လျက်ရှိကြောင်း ကုန် သည်ကြီးတစ်ဦးမှ ပြောကြားပါတယ်။ စိုးအောင် - မန္တလေး

Pages