Main menu

Background

Sunday, 18 Dec 2011

    ဒီဇင်ဘာလ ၇ ရက်မှ ၁၃ ရက် အထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကနေ ကန်ဒေါ်လာ သုည ဒသမ ၁၉၇ သန်းတန်ဖိုးရှိ ပဲလွန်းဖြူ ၂၄၃ တန် ကျော် အပို့ရှိခဲ့ပါတယ်။ နိုဝင်ဘာလ အတွင်းမှာ ပဲလွန်းဖြူ အပို့မရှိခဲ့သော် လည်း ဧပြီမှ နိုဝင်ဘာလထိ ပဲလွန်းဖြူ တန် ၁၁၇၀ ခန့် နယ်စပ်ကုန်သွယ်ရေး စခန်းမှ တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခု အပတ်မိမိဘက်ပဲလွန်းဖြူမြေပြင်ပေါက် ဈေးမှာ တစ်တန်လျှင် ၅၆၀၉၅၄ ကျပ် ဖြစ်ပြီး ယခင်အပတ်ကထက် ၃၇၃၆၇ ကျပ်ဈေးပိုရခဲ့ပါတယ်။ တစ်ဖက်နိုင်ငံ ဈေးမှာ ကန်ဒေါ်လာ ၈၀၅ တန် ဈေး ပေါက်ပြီး ယခင်အပတ်ကထက် ၁၁၁ ဒေါ်လာ လျော့နည်းခဲ့ပါတယ်။         MIRT(DOBT)

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှု ဆက်ရှိနေပေမဲ့ ယခုတစ်ပတ် တင်ပို့မှုလျော့ကျလာပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၅၀ ကျော်ထိ တိုးတက်ခဲ့ပေမဲ့ ယခုတစ်ပတ် (ဒီဇင် ဘာ ၅-၉ ရက်) အတွင်းမှာတော့ တန် ချိန် ၁၃၀ ကျော်သာ တင်ပို့ခဲ့တာတွေ့ ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ကိုရီးယား၊ မလေးရှားနဲ့ ထိုင်းကို ဖြစ်ပါတယ်။

Sunday, 18 Dec 2011

    ယခုဒီဇင်ဘာလ ဒုတိယပတ်မှာ ပဲစင်းငုံအရောင်းအဝယ်အေးနေဆဲ ဖြစ်ပါ တယ်။ ဈေးကွက်မှာ ဝယ်လက်များရှိပေမဲ့ ရောင်းမယ့်သူများက ဈေးစောင့်နေတာ ကြောင့် အရောင်းအဝယ်မဖြစ်ဘူးလို့သိရပါတယ်။ ပြည်ဈေးကွက်သို့ အခြားတိုင်းမှ နေ့စဉ်ပုံမှန်အဝင်ရှိနေသလို တိုင်းအတွင်းဒေသများမှလည်း အနည်းငယ်အဝင် ရှိလာပါတယ်။

Sunday, 18 Dec 2011

    ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်တဲ့ ပဲတွေအနက် ပဲစင်းငုံကတော့ လတ်တလောအရောင်းအဝယ် သွက် နေပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၉၂၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခုတစ်ပတ် (ဒီဇင်ဘာ ၉ - ၁၅) အတွင်းမှာလည်း တန်ချိန် ၁၁၀၀၀ ခန့်အထိ အရောင်း အဝယ်စာချုပ်နိုင်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယဈေးကွက်တွေမှာ လက် ကျန်နည်းလာပြီး ပဲအသစ်ဝင်ရောက်မှုလည်း နည်းနေသေးတဲ့အတွက်  ဝယ်လို အားကောင်းနေပါတယ်။

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုမှာ ယခင်တစ်ပတ်က တန်ချိန် ၆၃၀၀ ကျော်ကို လျှော့ကျတင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်လဘာလ ၅ ရက်မှ ၉ ရက်) အတွင်းမှာ တန်ချိန် ၇၂၀၀ ခန့် အထိပြန်တိုးလာပါတယ်။ အိန္ဒိယဝယ်လက်များ အဝယ်လိုက်လာတဲ့အတွက် တင်ပို့မှု ပိုလာတာဖြစ်ပါတယ်။

Sunday, 18 Dec 2011

    ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်းမှာ မတ်ပဲစိုက်ဧက ၅ ဒသမ ၃ သိန်း ကျော်ရှိခဲ့ရာ ယနေ့ထိ မတ်ပဲ ဧက ၃ ဒသမ ၁ သိန်းကျော်စိုက်ပျိုးပြီးပြီလို့ သိရပါ တယ်။မတ်ပဲဈေးမှာမျိုးပဲတစ်တင်းကို ၁၆၀၀၀ ကျပ်ဈေးရှိပြီး၊ ပြည်ပွဲရုံတွေက လက် ကျန် မတ်ပဲတွေကတော တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ထုတ်ရောင်းကြပြီး၊ တစ်နေ့ကို အိတ် ၃၀၀- ၄၀၀ ခန့် အဝယ်ရှိတယ်လို့ သိရပါတယ်။

Sunday, 18 Dec 2011

    အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲသိုလှောင်မှုပမာဏ လျော့နည်းလာ တဲ့အတွက် ယခုတစ်ပတ်အတွင်း  မတ်ပဲဈေးအတက်ဘက်ကို ရောက်ရှိလာ ခဲ့ပါတယ်။ ဒါ့အပြင် ရူပီးတန်ဖိုး ပိုမိုကျဆင်းလာပြီး  တင်သွင်းဈေးကြီးမြင့်လာတဲ့ အတွက်လည်း ပြည်တွင်းဈေးများပိုမိုလာတာ ဖြစ်ပါတယ်။

Sunday, 18 Dec 2011

    ပင်လယ်ရေကြောင်းက မတ်ပဲတင်ပို့မှု ယခုတစ်ပတ် (ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်) အတွင်း တန်ချိန် ၄၀၀၀ အောက်လျော့ကျခဲ့ပါတယ်။ ယခင်တစ်ပတ်က တန် ချိန် ၄၅၀၀ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ် ၂၀၁၁-၂၀၁၂ အတွင်း ဒီဇင်ဘာလ ၉ ရက်နေ့အထိ မတ်ပဲပြည်ပတင်ပို့ပြီးစီးမှု တန်ချိန် ၄၇၁၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၉၄ သန်းကျော်ရရှိထားကြောင်း သိရပါ တယ်။

Tuesday, 13 Dec 2011

     မန်းပြောင်းဈေးကွက်မှာ နိုဝင်ဘာတစ်လလုံး ပြောင်းရှမ်းတစ်ပိဿာ ၂၆၉ ကျပ်၊ ပြောင်းဗမာ ၂၅၉ ကျပ်၊ ပြောင်းစီပီ ၂၆၉ ကျပ်တို့ဖြင့် အမြင့်ဆုံး အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။

Tuesday, 13 Dec 2011

     ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှအပ ကျန်မြို့နယ်များမှာ ကြံစိုက်ပျိုးကြပါတယ်။ ၂၀၁၀-၂၀၁၁ ခုနှစ် ချက်ကြံရင့် စိုက်ဧက ၁၈၀၀၀ ခန့် စိုက်ပျိုးပြီး ၂၀၁၁-၂၀၁၂ ခုနှစ်တွင် ဧက ၁၈၀၀၀ ကျော်စိုက်ပျိုးခဲ့ရာ ဧက ၅၀၀ ကျော် ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ခဲ့ပါတယ်။

Pages