Main menu

Background

Monday, 12 Dec 2011

    ယခုတစ်ပတ် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ကာလအတွင်း မူဆယ်နဲ့ ချင်းရွှေဟော် စခန်းတွေကနေ ပြောင်းတန်ချိန် ၂၀၆၃၆ တန်၊ တန်ဖိုးကန် ဒေါ်လာ ၅ဒသမ၇၇၈ သန်းဖိုးကိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က တန် ၂၅၀၀၀ ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တန် ၅၀၀၀ ခန့်အပို့လျော့ခဲ့ပါတယ်။

Monday, 12 Dec 2011

    နိုဝင်ဘာ ၂၇ မှ ဒီဇင်ဘာ ၃ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း ၂၄၃၃ တန်၊ တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၆၉၆ သန်းဖိုးတင်ပို့ခဲ့ပါ တယ်။ အများဆုံးတင်ပို့တာကတော့ စင်ကာပူနိုင်ငံဖြစ်ပြီး ဗီယက်နမ်ကိုလည်း တင်ပို့ ခဲ့တယ်လို့ သိရပါတယ်။

Monday, 12 Dec 2011

    ရှမ်းပြည်နယ်တောင်ပိုင်မှာလည်း နနွင်းပေါ်တဲ့အချိန်ဖြစ်တာကြောင့် နနွင်းတွေလည်း စပြီးဖော်နေပါပြီ။စပြီးပေါ်တဲ့ နနွင်းကတော့ ပင်းတယနယ်တောင်ပို့လနဲ့ ဆင်တောင်နနွင်းတွေဖြစ်ပါတယ်။ အသစ်တွေဝင်လာပေမယ့် ဝယ်လက်က မရှိ သေးပါဘူး။ တောင်သူတွေကလည်း ရောင်းချင်တာကြောင့် ဈေးကွက်ကို ရှာနေပါတယ်။

Monday, 12 Dec 2011

     ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ  နိုဝင်ဘာ ၂၇ ၇က်မှ ဒီဇင်ဘာ ၃ ၇က်ကာလအတွင်း နနွင်း  ၂၉ဒသမ ၆၅ တန်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ယခင်သီတင်းပတ် ၁၉တန်ကျော် တင်ပို့ခဲ့ပေမဲ့ ဒီတစ်ပတ် မှာ ယခင်တစ်ပတ် တင်ပို့တန်ချိန် ထက် ၁၀ တန် ကျော်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အက်ဖ်အိုဘီဈေး တစ် တန်ကို ကန်ဒေါ်လာ ၁၅၀၀ နဲ့ တင်ပို့ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ လေးသောင်းကျော် ရရှိခဲ့ ပါတယ်။

Monday, 12 Dec 2011

    ယခုတစ်ပတ်မှာတော့အောင်ပန်းဘက်မှချင်းများ ပိဿာ ၃၀ ဝင် အိတ် ၃၀၀ ခန့်သာ အဝင်ရှိလို့ ယခင်အပတ်ထက် အဝင်နည်းနေပါတယ်။အောင်ပန်းဈေးကွက် တွင် ချင်းဈေးမှာ တစ်ပိဿာ ၄၅၀-၅၀၀ ကျပ်ရှိပြီး၊ ချင်းစိုက်တောင်သူများနဲ့ ရောင်းဝယ်သူများမှ အထွက်အားလုံးစုံပြီး၊ ယခုဈေးထက် နိမ့်မသွားခင် ဈေးကောင်း ရနေတုန်း ပိုမိုတင်သွင်းမှုများရှိရာ ပြည်ပွဲရုံများမှလည်း ချင်းလက်ကျန်များ ရှိနေ သေးတဲ့အတွက် မှာယူမှုနည်းသွားကြောင်းလည်း သိရပါတယ်။

Monday, 12 Dec 2011

    အောင်ပန်းဈေးကွက်မှာ ချင်းသစ်ကတော့ အဝင်များနေပါတယ်။ မန္တလေး၊ တောင်ငူ၊ မကွေးစတဲ့ မြို့ကြီးတွေက ချင်းထိုးသမားတွေက ဝယ်ယူနေတာကြောင့် တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခန့် အရောင်းအဝယ် ဖြစ်နေတယ်လို့လည်း သိရပါတယ်။ အဝင်ကတော့ ၅ ရက်တစ်ဈေးကို တစ်သောင်း၊ နှစ်သောင်းခန့် ဝင်နေပါတယ်။

Monday, 12 Dec 2011

    နိုဝင်ဘာ ၂၇ ရက်မှ ဒီဇင်ဘာ ၃ ရက်နေ့တာကာလအတွင်း ချင်း ၅၁ တန် ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ်တင်ပို့မှုပျောက်ခဲ့တဲ့ ချင်းက ဒီတစ်ပတ်မှသာ ပြန်လည်တင်ပို့ခဲ့ခြင်းဖြစ်ပါတယ်။ အက်ဖ်အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၁၄၅၀-၁၄၇၀ ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ခုနှစ်သောင်းကျော်ရရှိခဲ့ပါတယ်။    နိုဝင်ဘာလရဲ့ ချင်းတင်ပို့တဲ့တန်ချိန်က ၇၄ တန်ကျော်ရှိခဲ့ပြီး အောက်တိုဘာ လရဲ့ တင်ပို့တန်ချိန်က ၃၄ တန်သာရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူဖြစ်တဲ့ ၂၀၁၀ နိုဝင်ဘာလမှာတော့ ၁၂၃ တန်ကျော်တင်ပို့နိုင်ခဲ့တာကြောင့် ယခင်နှစ်ရဲ့ ပို့အား တန်ချိန်ကိုတော့ မမီခဲ့ပါဘူး။                                                        MIRT(DOT)

Monday, 12 Dec 2011

    ယခုတစ်ပတ်အတွင်း ပင်လယ်ရေကြောင်းက မြေထောက်ပဲ တင်ပို့မှုလျော့ပေ မယ့် FOB ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်တဲ့ ပမာဏတော့ ပိုလာတာတွေ့ရ ပါတယ်။ ယခင်သီတင်းပတ်က မြေထောက်ပဲ ၈၄ တန် တင်ပို့မှုရှိခဲ့ပြီး ယခုသီတင်း ပတ်မှာ စင်ကာပူကို တန်ချိန် ၄၇ သာလျော့ကျတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ယခုသီတင်းပတ် ထောပတ်ပဲတင်ပို့မှု မရှိကြောင်း သိရပါတယ်။

Monday, 12 Dec 2011

    တရုတ်နိုင်ငံရဲ့ စားနပ်ရိက္ခာ ထုတ် လုပ်မှုဟာ ယခုနှစ်မှာလည်း အမြောက် အမြား စံချိန်တင်ထွက်ရှိမှာ ဖြစ်တဲ့ အတွက် ရှစ်နှစ်ဆက်တိုက် မြင့်တက် ခဲ့ခြင်းဖြစ်တယ်လို့ နိုင်ငံတော် စာရင်း အင်းဗျူရိုမှ ဒီဇင်ဘာ ၂ ရက်မှာ ပြော ကြားခဲ့ပါတယ်။

Monday, 12 Dec 2011

    ပဲခူးတိုင်းဒေသကြီး(အနောက်)အတွင်း ထောပတ်ပဲ သီးနှံကို လက်ပံတန်း၊ မိုးညို၊ ပန်းတောင်း၊ ရွှေတောင် မြို့နယ် များတွင်သာ စိုက်ပျိုးမှုရှိခဲ့ကြပါတယ်။ ထောပတ်ပဲသီးနှံကို ပဲမျိုးစုံစိုက်ဧကရဲ့ ၂ ရာခိုင်နှုန်းခန့်သာ စိုက်ပျိုး ပြီး ယခုဆိုရင် စိုက်ဧကအားလုံးနီးပါး စိုက်ပျိုးခဲ့ပြီးဖြစ်ပါတယ်။

Pages