Main menu

Background

Sunday, 20 Nov 2011

                  ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုမှာ ယခုတစ်ပတ် တောင်ကိုရီး ယားကို တန် ၄၀ သာ တင်ပို့ခဲ့ပါတယ်။ ပိတ်ရက်များရှိခြင်းနဲ့ လက်ကျန်နည်း ခြင်းတို့ကြောင့် တင်ပို့မှု လျော့ကျခဲ့ပေမဲ့ ရန်ကုန် FOB ဈေးကွက်မှာ အရောင်း အဝယ်ဖြစ်မှုက ယခင်တစ်ပတ်ထက် ပိုလာ ပါတယ်။                    FOB  ဈေးကွက်မှာ နိုဝင်ဘာလ ၁၂ ရက်မှ ၁၈ ရက်အတွင်း ပဲလွန်းဖြူ တန်ချိန် ၂၃၀ ခန့် အရောင်းအဝယ် စာချုပ်နိုင်ခဲ့လို့ ယခင်တစ်ပတ် အရောင်းအဝယ်ဖြစ်တဲ့ တန် ၁၉၀ ထက်ပိုမိုလာခဲ့ပါတယ်။ဝယ်လိုအားရှိတဲ့ ပဲဖြစ်လို့ အခြားပဲဈေးတွေ လျော့ကျပေမဲ့ ပဲလွန်းဖြူ FOB ဈေးကတော့ နိုဝင်ဘာလ ၁၈ ရက် မှာလည်း FAQ တစ်တန် ကန်ဒေါ်လာ ၇၉၀-၈၁၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၀၀-၉၂၀ နဲ့ ငြိမ်နေပါတယ်။ MIRT(MAPT)

Sunday, 20 Nov 2011

               မုံရွာကုန်စည်ဒိုင်၊ နိုဝင်ဘာလဝက် ပဲစင်းငုံနီဈေးကွက်အနေနဲ့ မန္တလေး၊ရန်ကုန် အဆွဲနဲ့ ဒေသခံကုန်သည် အချင်းချင်း အဝယ်အရောင်းဖြစ်ခဲ့ပေမဲ့ ဈေးကတော့ ပြီးခဲ့တဲ့ရက်သတ္တပတ်ကထက် တစ်တင်း ၇၀၀ ကျပ်ခန့် ကျသွားခဲ့ပါတယ်။ မုံရွာကုန်သည်တချို့ အရင်ကလို ရန်ကုန်အဝယ်တော်အဖြစ် ဝယ်ယူမှုနည်းပါးခဲ့ပြီး၊ ရန်ကုန် ဈေးကွက်ကို တိုက်ရိုက်ပစ္စည်း တင်ရောင်းမှုရှိခဲ့တယ်လို့ကုန်သည်ရပ်ဝန်းက ကြားသိရပါတယ်။ လာမဲ့ ဒီဇင်ဘာလကုန်ပိုင်းခန့်မှာ ဒေသက ပဲစင်းငုံနီအသစ်တွေ ပေါ်တော့မှာမို့ ဖောက်သည်တောင်သူတွေကို မိတ်မပျက် စေဖို့ ပဲဟောင်းထုတ် ရောင်းခြင်းဖြစ်တယ်လို့ ပွဲရုံရပ်ကွက်ကဆိုပါတယ်။ ဒီတစ်ပတ် ပဲစင်းငုံနီပေါက်ဈေး အနေနဲ့ တစ်တင်းအနိမ့်ဆုံး ၁၂၈၀၀ ကျပ်မှ အမြင့်ဆုံး ၁၃၇၀၀ ကျပ်ဖြစ်ပေါ်ခဲ့ပြီး၊ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက် အိတ် ၁၀၀၀ မှ ၁၈၀၀ အတွင်း အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့သိရပါတယ်။ မန္တလေးကို တင်း ၂၀၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၄၀၀၀ ခန့် တင်ပု့ိခဲ့ကြောင်း ဈေးကွက်ကဆိုပါတယ်။ ထွန်းလှိုင်

Sunday, 20 Nov 2011

                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ အရောင်း အဝယ်သွက်နေတဲ့ ပဲစင်းငုံဟာ ယခုတစ်ပတ် (နိုဝင်ဘာလ ၁၂-၁၈ရက်) အတွင်းမှာ တန်ချိန် ၁၂၀၀၀ ကျော် အရောင်းအဝယ် စာချုပ်နိုင်တယ်လို့ သိရပါတယ်။ အရောင်းအဝယ်ပိုဖြစ်တာကတော့ ပဲစင်းငုံနီ ဖြစ်ပါတယ်။ အိန္ဒိယက ဝယ်ယူနေတဲ့ အာဖရိက ပဲစင်းငုံများဟာ ယခုနှစ်မှာ အရည်အသွေးနိမ့်ကျမှု ရှိတဲ့အတွက် အရည်အသွေးကောင်းတဲ့ မြန်မာပဲစင်းငုံကို အဝယ်လိုက်လာနိုင်တယ်လို့ ကုန်သည် တချို့က ခန့်မှန်းကြပါတယ်။                   ပြည်တွင်းပဲစင်းငုံများလည်း ဒီဇင်ဘာလ၁၅ ရက်ခန့်မှာ ဈေးကွက်အတွင်း ဝင်လာနိုင်တယ်လို့ သိရပါတယ်။ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်ပေမဲ့ အခြားပဲဈေးကျဆင်းခြင်းနဲ့အတူ ပဲစင်းငုံ FOB ဈေးလည်းအနည်းငယ်လျော့ကျခဲ့ပါ တယ်။                  ဒေါ်လာ/တန်                         ပဲစင်းငုံနီ        ဖြူနီ            ငုံနီ(အဟောင်း)၁၈-၁၁-၁၁       ၅၆၀-၅၈၀    ၄၆၀-၄၈၀         ၅၅၀-၅၇၀၁၁-၁၁-၁၁       ၅၈၀-၆၀၀     ၄၈၀-၅၀၀        ၅၇၀-၅၉၀MIRT(MAPT)

Sunday, 20 Nov 2011

                 ယခင်သီတင်းပတ်က ပဲစင်းငုံတင်ပို့မှု တန်ချိန် တစ်သောင်းခန့်ရှိခဲ့ရာမှ ယခုသီတင်းပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၇၀၀ ခန့်ကို ပြန်လည်ကျဆင်းလာခဲ့ပါတယ်။ တစ်ပတ်အတွင်း ပိတ်ရက်များရှိနေ ခြင်းကြောင့်လည်း တင်ပို့မှု ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ ဘဏ္ဍာ နှစ် ၂၀၁၁-၂၀၁၂ ရဲ့ နိုဝင်ဘာ ၁၁ ရက်အထိ ပဲစင်းငုံစုစုပေါင်း တင်ပို့မှုတန် ချိန် ၁၄၅၀၀၀ ကျော်နဲ့ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၁ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူမှာတန်ချိန် ၆၆၀၀၀ ခန့်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၆၃ သန်းကျော်ရှိလို့ ယခုနှစ်မှာ ပမာဏအားဖြင့် တစ်ဆကျော်ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လက်ရှိအရောင်းအဝယ်ဖြစ်မှုအရ လာမယ့်သီတင်းပတ်မှာ တင်ပို့မှု ပိုမိုဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT(MAPT)

Sunday, 20 Nov 2011

              ပြည်ပဈေးကွက်ဝင်ဖြစ်တဲ့ ဆောင်းသီးနှံမတ်ပဲကို ဟင်္သာတခရိုင်အတွင်း၊ မြို့နယ်အားလုံးမှာ စိုက်ပျိုးကြ ပါတယ်။ နိုဝင်ဘာလ ဒုတိယပတ်အထိ လျာထား ဧက ၄ ဒသမ ၀၇ သိန်းတွင် ဧက သုည ဒသမ ၃ သိန်းကျော်ခန့် စိုက်ပျိုးပြီးကြောင်း သိရပါတယ်။ ယခင်အပတ်က မတ်ပဲဈေးတစ်တင်း ၁၆၃၀၀ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာ မတ်ပဲဈေးတစ်တင်း ၁၅၆၀၀ ကျပ်နဲ့ ဈေးဆက်အေးနေကြောင်း သိရပါတယ်။ မတ်ပဲလက်ကျန်လည်းနည်း၊ ရန်ကုန်ဝယ်လက်အဝယ်နည်းနေပြီး၊ တင်ပို့မှုလည်းနည်းပါးလာပါတယ်။ ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ကို ယခု တစ်ပတ် အတွင်း တစ်တင်းခွဲဝင်အိတ် ၄၀၀၀ ခန့်တင်ပို့တယ်လု့ိ သိရပါတယ်။ အေးအေးခိုင်

Sunday, 20 Nov 2011

                  ယခုတစ်ပတ် မတ်ပဲတင်ပို့မှုကတော့ အနိမ့်ဆုံးကို ကျဆင်းနေပါတယ်။ ယခင် သီတင်းပတ်က တန်ချိန် ၃၈၀၀ တင်ပို့မှုရှိခဲ့ပြီး ယခုတစ်ပတ် (နိုဝင်ဘာလ ၇ ရက်မှ ၁၁ ရက်) အတွင်းမှာတော့ တန်ချိန် ၂၅၀၀ သာ တင်ပို့မှုနိုင်တဲ့အတွက် တင်ပို့မှု ကျဆင်းနေပါတယ်။                    လက်ရှိဘဏ္ဍာနှစ် နိုဝင်ဘာ ၁၁ ရက်အထိ မတ်ပဲစုစုပေါင်းတင်ပို့ပြီးစီးမှု အနေနဲ့ တန်ချိန် ၄၅၂၀၀၀ ကျော်ရှိပြီး ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၇၉ သန်း ကျော်ရရှိပြီလို့ သိရပါတယ်။ ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့မှုအနေနဲ့ တန်ချိန် ၃၁၂၀၀၀ ကျော်နဲ့ ဝင်ငွေအားဖြင့် ကန်ဒေါ်လာ ၃၂၁ သန်းကျော်ရှိလို့ ယခုနှစ်မှာ မတ်ပဲတင်ပို့မှု ပမာဏတန်ချိန် တစ်သိန်းခွဲခန့် ပိုမိုတင်ပို့ပြီဖြစ်တာ တွေ့ရပါတယ်။ လက်ရှိအခြေအနေအရ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပမာဏ လျော့ကျဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT

Monday, 14 Nov 2011

                   အောက်တိုဘာလမှာ ကန်ဒေါ်လာ ၁၆ သန်းကျော်တန်ဖိုးရှိ ပြောင်းဖူးစေ့ ၅၉၃၉၈ တန်ခန့် မူဆယ်နယ်စပ်မှ အပို့ရှိခဲ့ပါတယ်။ ယခင်နှစ်ကာလတူထက် ၁၅၂၇၉ တန်ခန့်နဲ့ အနီးစပ်ဆုံးကာလထက် ၂၀၇၀၉ တန်ခန့် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဧပြီလမှ အောက်တိုဘာလအထိ တန်ချိန် ၂၉၉၅၀၀ တင်ပို့ထားပြီး ယမန်နှစ် ကာလတူထက် တန် ၁၅၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကာလတူထက် တင်ပို့မှုပိုမိုရခြင်းမှာ တစ်ဘက်နိုင်ငံမှ ပြောင်းဝယ် လိုအားရှိသလို မိမိဘက်မှာလည်း ဘဏ္ဍာနှစ်ပြောင်းထွက်ရှိမှုများပြားခြင်း၊ အခွန်သက်သာခွင့်ရရှိ သဖြင့် တင်ပို့မှု များလာခြင်းတို့ကြောင့် ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ ပြောင်းထွက်ရှိမှုများ ပြားသော်လည်း ပြောင်းကို တရုတ်ပြည်မမှ သယ်ယူခြင်းထက် မိမိနယ်စပ်ဖက်မှ ဝယ်ယူ ခြင်းက သယ်ယူစရိတ်ပိုမိုသက်သာတာကြောင့် ဝယ်လိုအားရှိတဲ့ပို့ကုန်ဖြစ်ပြီး တရုတ်နိုင်ငံမှာလည်း မကြာခဏရာသီဥတု ဖောက်ပြန်မှု၊ မိုးခေါင်မှုတို့ကြောင့် ဒေသ ပြောင်းထွက်ရှိမှု နည်းပါးတဲ့အတွက် တရုတ်ဘက်မှ ဝယ်လိုအားရှိခြင်း၊ မိမိဖက်မှ တင်ပို့လျက်ရှိတဲ့ ပြောင်းဖူးစေ့ကို ယူနန်ပြည်နယ်ကတစ်ဆင့် တရုတ်ပြည်တွင်းပိုင်း စီချွမ်ပြည်နယ်အထိ တင်ပို့လျက်ရှိတာဖြစ်ပါတယ်။ မိမိပြောင်းကို တစ်ဖက်နိုင်ငံမှ ပိုမိုဝယ်ယူတဲ့အနေအထားရှိပြီး ၁၀၅ မိုင်ကုန်စည်ဒိုင်မှာ တစ်ဖက်ဝယ်လက်အား တိုက်ရိုက် ခေါ်ယူရောင်းချတဲ့အတွက် မိမိကုန်သည်များ စိတ်ကြိုက်ဈေးနှုန်းနဲ့ ဈေးကွက်ထိန်းကာ ရောင်းချနိုင်လျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်က အများ ဆုံး တင်ပို့နေတဲ့ ပြောင်းဖူးအမျိုးအစားမှာ ရှမ်းပြောင်းဖြစ်ပြီး ပြည်တွင်း ဈေး၊ သယ်ယူပို့ဆောင်စရိတ်နဲ့ အခွန်အခများအရ အရင်းသင့်ငွေများပြီး အမြတ်နည်း နည်းဖြင့် အရေအတွက် များများ တင်ပို့နေတာဖြစ်ပါတယ်။ အာဆီယံ စံသတ်မှတ် ချက်အရ ကုန်ပစ္စည်းတန်ချိန် ကန့်သတ်မှု ကြောင့် သယ်ယူပို့ဆောင်မှုစရိတ်များမှာ ယခင်ကပြောင်းတစ်ပိဿာ ၄၅ ကျပ်မှ ယခု လကုန်မှာ တစ်ပိဿာ ၈၀ ကျပ်အထိ မြင့်တက်လာခြင်းဟာ အရင်းသင့်ငွေများ စေတဲ့ အကြောင်းချက်တစ်ခု ဖြစ်ပါတယ်။ Source: နကသ၊ ချမ်းးမြေ့ေ့မောင်

Monday, 14 Nov 2011

             အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၅ ရက်အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ သုည ဒသမ ၅၆၁ သန်းတန်ဖိုးရှိ ပြောင်းဖူးစေ့ ၁၉၇၃ တန်ကို စင်ကာပူနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကို တင်ပို့ခဲ့ပါတယ်။ နယ်စပ်ကုန်သွယ်ရေး ကတော့ တန် ၂၀၀၀၀ ကျော် တင်ပို့ပြီး စံချိန်တင်ခဲ့တာတွေ့ရ ပါတယ်။ FOB  ရန်ကုန်ဈေးတွေကတော့ ပြောင်းလဲမှုမရှိဘဲ တစ်တန်ကို ဒေါ်လာ ၂၈၅နဲ့ ၃၀၅ ကြား ဈေးပေါက်လျက် ရှိပါတယ်။ KSW

Monday, 14 Nov 2011

                   ဝယ်လိုအားနည်းပြီး ကမ္ဘာ့စီးပွားရေးမတည်ငြိမ်မှုများကြောင့် မလေးရှားရော်ဘာဈေးကွက်မှာ ဆက်လက်ပြီး ကျဆင်း မယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှ စက်ရုံတွေရပ်ဆိုင်းထားပြီး အစိတ်အပိုင်းထုတ်လုပ်မှုတွေ ပြတ်လပ်မှုတွေကြောင့် ဂျပန်ကား ထုတ်လုပ်ရေးတွေ နှောင့်နှေးဖွယ်ရှိတာကြောင့် ရော်ဘာဝယ်လိုအား နှေးကွေးသွား တာဖြစ်ကြောင်း အရောင်းအဝယ်သမား များက ပြောကြားပါတယ်။ထိုင်းနိုင်ငံစီရင်စု ၇၇ ခု ရေလွှမ်းမိုးခံနေရပြီး ဟွန်ဒါကုမ္ပဏီနဲ့ ကားအစိတ်အပိုင်းထုတ်လုပ်တဲ့ စက်ရုံတွေရှိတဲ့ စက်မှုလုပ်ငန်းနယ်မြေ ၇ ခုမှာလည်း ရေလွှမ်းခံရ တဲ့အထဲမှာ ပါဝင်ကြောင်းသိရပါတယ်။ မိုးရာသီအတွင်း ရော်ဘာအများဆုံး ထုတ်လုပ်တဲ့နိုင်ငံတွေမှာ ရောင်းလို အားထိခိုက်ခြင်းမရှိဘဲ တရုတ်နိုင်ငံ Dingadao  ဆိပ်ကမ်းမှာတင် ရော်ဘာ မက်ထရစ်တန် ၁၈၀၀၀၀ ခန့် သိုလှောင်မှုရှိနေကြောင်း အရောင်းအဝယ်သမားများက ပြောကြားပါတယ်။ ဝယ်သူ တွေကတော့ ဈေးအကျကိုပဲ စောင့်နေကြကြောင်း ကုန်သည်များက ပြောကြားပါတယ်။ Source:Bernama ,KZW

Monday, 14 Nov 2011

               မြန်မာတရုတ်နယ်စပ်ရှိမူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နိုဝင်ဘာလ ၂ ရက်မှ ၈ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၅ သန်းကျော်တန်ဖိုးရှိ ရော်ဘာအဆင့်စုံ တန် ၁၂၂၀ ခန့် အပို့ရှိခဲ့ပါတယ်။ နယ်စပ်အလိုက် တင်ပို့နိုင်မှုတွေကတော့ မူဆယ်မှRSS-3  ၄၂၄ တန်၊ RSS-5 တန် ၆၀၊ MSR -20 ၄၁၀ တန်ကျော်နဲ့ MSR -50 ၇၅ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၂၅၀ အသီးသီးဖြစ်ပါတယ်။ ယခင်အပတ်ကထက်RSS-3၊RSS-5၊ MSR -20 တို့ အပို့ပိုခဲ့ပြီးMSR -50 တော့ အပို့လျော့ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဧပြီလမှ အောက်တိုဘာလအထိ နယ်စပ်မှာ ရော်ဘာ ၂၀၅၅၄ တန် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ ရော်ဘာမြေပြင်ပေါက်ဈေး အနည်းငယ်စီ မြင့်တက်လျက်ရှိပါတယ်-                                   မိမိဘက်(ကျပ်/တန်)                           တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု                ယခင်     ပြောင်းလဲမှု      %        ယခု      ယခင်   ပြောင်းလဲမှု    %RSS - 3        ၃၁၈၈၆၁၂      ၃၁၈၈၄၈၈     ၁၂၄       ၀ .၀၀၃   ၃၉၅၂     ၃၉၄၉         ၃          ၀ .၁RSS - 5        ၂၉၁၉၈၁၂      ၂၉၁၉၆၈၈     ၁၂၄       ၀ .၀၀၄   ၃၇၉၄     ၃၇၉၁         ၃         ၀ .၁MIRT(DOBT)

Pages