Main menu

Background

Monday, 24 Oct 2011

              ယခုတစ်ပတ် ပြည်ကြက်သွန်နီဈေးကွက်တွင် ကြက်သွန်နီဈေးများ ယခင် အပတ်ထက် ဈေးပိုလာသဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံခန့်သာ အရောင်းအဝယ် ဖြစ်ပြီး အရောင်းပါးလျက်ရှိနေပါတယ်။ အဝင်အားဖြင့်လည်း ၃၅ ပိဿာဝင် အိတ် ၇၀၀ ခန့်သာ အဝင်ရှိ၍ ယခင်အပတ်ကထက် အဝင်နည်းနေပါတယ်။ ကြက်သွန်နီစိုက်ပျိုး ထွက်ရှိရာ ရေနံချောင်း၊ ပခုက္ကူဘက်မှ တောင်သူတွေမှလည်း ရန်ကုန်ဝယ်လက်များမှ တိုက်ရိုက်ဆင်း၍ ဝယ်ယူမှုများရှိနေတဲ့အတွက် ဈေးတင် ရောင်းချမှုများရှိပြီး၊ နယ်ဝယ်လက်များမှပါ ဈေးကောင်းပေးမှာယူ ရောင်းချနေရ ကြောင်းသိရပါတယ်။ ယခုတစ်ပတ် ပွဲရုံများမှာ ကြက်သွန်နီတစ်ပိဿာကို (သေး) ယခင် ၆၀၀ ကျပ်မှ ယခု ၈၀၀ ကျပ်၊ (လတ်) ယခင် ၇၅၀ ကျပ်မှ ၉၀၀ ကျပ်၊ (ကြီး) ယခင် ၈၅၀ ကျပ်မှ ၁၀၀၀ ကျပ်၊ (ရှယ်) ယခင် ၁၀၀၀ ကျပ်မှ ၁၁၀၀- ၁၂၀၀ ကျပ်တို့ရှိပြီး၊ ဒေသတွင်းလက်လီလက်ကားရောင်းဝယ်သူများနဲ့ တောင်ကုတ်၊ သံတွဲ၊ ဟင်္သာတ၊ အင်ပင်စတဲ့ လက်ကားဝယ်လက်များအပါအဝင် အိတ် ၄၅၀ ခန့်သာ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။ ဝင်းလဲ့ဝါ

Monday, 24 Oct 2011

                လက်ကျန်နည်းလာပြီဖြစ်လို့ ကြက်သွန်ဖြူဈေးထပ်တက်လာပါတယ်။ စိုက်ချိန် ရောက်လာပြီဖြစ်တာကြောင့် တောင်သူတွေက ပြန်စိုက်နေပြီး၊ စိုက်လို့ပိုတော့မှသာ ရောင်းတော့မှာဖြစ်ပါတယ်။လောလောဆယ်မှာ အဝင်လည်း ရပ်နေပါပြီ။ ကြက်သွန် ဖြူဈေးက သီတင်းကျွတ်အပြီးဈေးမာလာပါတယ်။ အခုတစ်ပတ် မှလည်း တစ် ပိဿာ ၁၀၀ ကျပ်ဈေးတက်နေပါတယ်။ ဒီနှစ်က အခုအချိန်ထိ မိုးကောင်းနေတာ ကြောင့် သီတင်းကျွတ် မတိုင်မီ စိုက်တဲ့ပျိုးပင် တွေအတော်များများ ပျက်စီးကုန်ပါတယ်။ ပုံမှန်ဆိုရင် ကြက်သွန်ဖြူက စိုက်ပြီးလို့ ၃ ရက်အကြာမှာ အပင်ပေါက်လေ့ရှိပေမယ့် ဒီနှစ်က မိုးများတာကြောင့် မြေထဲမှာ ပုပ်သွားတယ်လို့ သိရပါတယ်။ နောက်ကျစိုက်မယ့်သူ တွေကလည်း မိုးကိုစောင့်ပြီးမှ စိုက်နိုင်မယ်ထင်တယ်လို့လည်း ပြောကြပါတယ်။ ကြက်သွန်ဖြူဈေးနှုန်းကတော့ တောင်ကြီးဈေးကွက်မှာ (လတ်ခြား) တစ်ပိဿာ ၉၀၀ ကျပ်၊ (ထူး-၁) ၁၀၀၀ကျပ်၊ (ထူး-၂)၁၂၀၀ကျပ်၊ (ထူး-၃) ၁၃၀၀ ကျပ်၊ (ထူး-၄) ၁၅၀၀ ကျပ်ဈေးရှိပါတယ်။ အောင်ပန်းမှာ တော့ (လတ်ခြား) ၈၅၀ ကျပ်၊ (ရှယ်) ၉၅၀ ကျပ်၊ (ထူး-၁) ၁၁၅၀ ကျပ်၊ (ထူး-၂) ၁၃၅၀ ကျပ်၊ (ထူး-၃) ၁၄၅၀ ကျပ်၊ (ထူး-၄) ၁၅၅၀ ကျပ်ဈေးရှိပါတယ်။ ဧဧခိုင်

Monday, 24 Oct 2011

             ကျောက်ပန်းတောင်းမန်ကျည်းလှောင်လက်များတွင် လက်ကျန်နည်းပါးသွား ပြီး အရောင်းအဝယ် ပုံမှန်သာရှိကြောင်းသိရပါတယ်။ တစ်ပတ်ကို ပိဿာ ၂၀၀၀ ခန့်အထွက်ရှိပြီး၊ ရန်ကုန်ဘုရင့်နောင်ပွဲရုံများသို့ အဓိက ထားတင်ပို့နေပါတယ်။ ပခုက္ကူ မန်ကျည်းအလုံး အဝင်ရှိနေသော်လည်း အသားဖတ်လုပ်လို့မရဘဲ ဒါးစင်း သာ ပြုလုပ် ရောင်းချနေရတဲ့အတွက် အမှာရှိမှသာ တင်ပို့မှုရှိကြောင်းသိရပါတယ်။ ဒါးစင်းမန်ကျည်းကို ငါးဖမ်းပိုက်များဆေးရာမှာ အသုံးပြုကြောင်းလည်းသိရပါတယ်။ မန်ကျည်းဈေးနှုန်းထိပ်စတစ်ပိဿာ ၃၅၀၀ ကျပ်၊ အလတ်စ ၃၁၀၀-၃၂၀၀ ကျပ်၊ အောက်စ ၂၈၀၀ ကျပ်နဲ့ ဒါးစင်း ၂၆၀၀-၂၇၀၀ ကျပ်အသီးသီး ရောင်းဝယ်လျက် ရှိကြောင်းသိရပါတယ်။ ထားအိဝင်း

Monday, 24 Oct 2011

                 အောက်တိုဘာ တတိယပတ်အတွင်း ပြည်ဈေးကွက်သို့ ပဲတီစိမ်းအသစ်များ အောင်လံနဲ့ဒေသတွင်း မြို့နယ်များက ဝင်ရောက်လာပြီဖြစ်တယ်လို့သိရပါတယ်။ တစ်ရက် အိတ် ၄၀၊ ၅၀ ခန့်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ တစ်တင်း ၂၀၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပါတယ်။ လက်ကျန်ပဲအဟောင်းများမှာ ယခင် အပတ်ကအထိ တစ်တင်း ၁၈၀၀၀ ကျပ်ဖြင့် ရောင်း ဝယ်ခဲ့ကြပြီး၊ ယခုတစ်ပတ်မှာတော့ ပဲသစ်များဝင်ရောက်လာတဲ့အတွက် ပဲဟောင်းများ အရောင်းအဝယ်အေးသွားခဲ့တယ် လို့သိရပါတယ်။ ယခင်နှစ်က ပဲတီစိမ်းဈေးမှာ အဖွင့်ဈေး အနေဖြင့် တစ်တင်း ၂၅၀၀၀ ကျပ်ရှိခဲ့တယ်လို့သိရပါတယ်။ ခင်ဆွေဝင်း

Monday, 24 Oct 2011

               အိန္ဒိယနိုင်ငံ PEC  အေဂျင်စီမှ ပဲမျိုးစုံတန်ချိန် ၁၈၀၀၀ တင်သွင်းဖို့ တင်ဒါခေါ်ထားပါတယ်။ တင်သွင်း မယ့် ပဲများကတော့ မြန်မာ့မတ်ပဲ SQ တန် ၂၀၀၀၊ မတ်ပဲ FAQ တန် ၄၀၀၀၊ ကနေဒါ ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ အမေရိကန် ပဲနီလေးဟောင်း တန် ၂၀၀၀၊ ပဲနီလေးသစ် တန် ၂၀၀၀၊ သြစတြေးလျ ဒေစီကုလားပဲ တန် ၂၀၀၀ နဲ့၊ တန်ဇန်းနီးယား ဒေစီကုလားပဲ တန် ၂၀၀၀ တို့ဖြစ်ပါတယ်။               တင်သွင်းမယ့် ပဲများကို မွန် ဘိုင်းနဲ့ ချန်နိုင်းဆိပ်ကမ်းများသို့ နိုဝင် ဘာလအရောက် ပေးပို့ရမယ်လို့ သိရပါတယ်။ ဝယ်ယူရေး တင်ဒါကို အောက်တိုဘာလ ၂၁ ရက်မှာ ပိတ်သိမ်းမှာဖြစ်ကြောင်း သိရပါတယ်။ ယမင်းခင် Source: nnscommodityonline

Monday, 24 Oct 2011

            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်က ပဲစင်းငုံနီအရောင်းအဝယ်မရှိသလောက်ပါးခဲ့ရာမှ ယခုတစ်ပတ် အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်အတွင်းမှာ ပဲစင်းငုံ ဖြူနီနဲ့ အဖြူ တန်ချိန် ၃၀၀၀ ကျော်ထိ အရောင်းအဝယ်စာချုပ်နိုင်ခဲ့ပါတယ်။ အိန္ဒိယပဲအသစ်မထွက်မီ စပ်ကူးမတ်ကူးကာလ လိုအပ်တဲ့ ပဲအချို့အတွက် ကြိုက်ဈေးရတဲ့ ပဲစင်းငုံကို အရောင်း အဝယ်ပိုဖြစ်တာ တွေ့ရပါတယ်။              အရောင်းအဝယ်ဖြစ်မှုနည်းပြီး ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး ကျဆင်းလာတာ ကြောင့် FOB ဈေးလည်း လျော့ကျခဲ့ပါတယ်။                                           ဒေါ်လာ/တန်                          ပဲစင်းငုံနီ              ဖြူနီ                        ငုံနီ(အဟောင်း)၂၁-၁၀-၁၁         ၅၆၀-၅၈၀         ၄၆၀-၄၈၀                      ၅၅၀-၅၇၀၁၄-၁၀-၁၁          ၅၈၀-၆၀၀        ၄၈၀-၅၀၀                       ၅၇၀-၅၉၀MIRT(DOBT)

Monday, 24 Oct 2011

            ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးအနေဖြင့် ယခင်တစ်ပတ်ထက် ဈေးလျော့နေပြီး၊ ပဲတစ်တင်းကို ၁၇၇၀၀ ကျပ် ဈေးရှိတယ်လို့ သိရပါတယ်။ ပြည်မြို့အနီး ဝက်ထီးကန်ဘက်မှ တောင်သူများလက်ဝယ်ရှိပဲများကို လာရောက်ရောင်းချ ကြ တယ်လို့သိရပါတယ်။ ရန်ကုန်ဝယ်လက်လည်း အဝယ်ရှိနေပြီး တစ်နေ့ကို အိတ် ၁၀၀၀ ခန့် အရောင်းအဝယ်ဖြစ်ကာ ပြည်မှ ရန်ကုန်-ဘုရင့်နောင်သို့ ပဲစီးဆင်းမှု ကတော့တစ်နေ့ကိုအိတ် ၆၀၀ ခန့်တင်ပို့မှုရှိတယ်လို့သိရပါတယ်။ မိမိအေး

Monday, 24 Oct 2011

                  အောက်တိုဘာ ၁၀ မှ ၁၈ ရက်ထိကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ သုည ဒသမ ၀၁၀ သန်းတန်ဖိုးရှိ မတ်ပဲ ၁၂ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုမရှိခဲ့ဘဲ ယခုအပတ်မှာ အပို့ရှိတာ ဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနေနဲ့ တစ်တန် ကျပ် ၇၆၀၀၀ ကျော် လျော့ကျလျက်ရှိပြီး တစ်ဘက်နိုင်ငံဈေး သိသိသာသာပြောင်းလဲမှုမရှိဘူးလို့ သိရပါတယ်။ ယခင်နှစ် အောက်တိုဘာမှာ နယ်စပ်မှမတ်ပဲတင်ပို့နိုင်မှုမှာ ၃၁၅ တန်ရှိပြီး၊ယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာ ၁၈ ရက်ထိ နယ်စပ်မှ မတ်ပဲတင်ပို့မှုမှာ ၅၁၁ တန်ရှိပြီ ဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြ ပေးလိုက်ရပါတယ်-                                မိမိဘက်(ကျပ်/တန်)                  တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)               ယခု          ယခင်        ပြောင်းလဲမှု    %    ယခု    ယခင်     ပြောင်းလဲမှု    %မတ်ပဲ  ၅၁၇၃၃၈    ၅၉၃၅၂၃         ၇၆၁၈၅     ၁၅    ၉၄၁     ၉၄၂            ၁          ၀ .၁MIRT(DOT)

Monday, 24 Oct 2011

              အိန္ဒိယပြည်တွင်းဈေးကွက်များကို မတ်ပဲအသစ်များ ဝင်ရောက်လာခြင်းနဲ့ ဝယ်လိုအားနည်းလာတဲ့ အတွက် ဈေးကျဆင်းလာပါတယ်။ ရှိဗာဗူရီနဲ့ ကာတ်နီတို့မှ ဒေစီ မတ်ပဲများ ဝင်ရောက်မှု မြင့်တက်လျက်ရှိပြီး ဒေလီမှာ မတ်ပဲအိတ် ၂ သိန်းဝန်း ကျင်ရှိတယ်လို့ သိရပါတယ်။ ပဲထွက်ရှိရာဒေသများက ပုံမှန်ဝင်ရောက်မှုရှိဦး မှာဖြစ်လို့ နောက် ၄ ရက်အတွင်းမှာ မတ်ပဲဈေးငြိမ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဈေးကွက်အတွင်းဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                                      ဒေါ် လာ/တန်              ၂၁-၁၀-၁၁      ၁၉-၁၀-၁၁       ၁၈-၁၀-၁၁           ၁၇-၁၀-၁၁မွန်ဘိုင်း         ၇၄၂            ၇၅၃               ၇၅၃                 ၇၆၃ဒေလီ        ၅၂၅-၆၄၆       ၅၂၉-၆၅၁         ၅၅၀-၆၅၂          ၅၅၃-၆၅၆ချန်နိုင်း          ၇၉၈            ၈၁၄               ၈၁၄                  ၈၃၀MIRT(DOBT)

Monday, 24 Oct 2011

                 ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ယခင် သီတင်းပတ်လိုပဲ ယခုတစ်ပတ် မှာလည်း အရောင်းအဝယ်ဖြစ်မှု နည်းနေဆဲ ဖြစ်တာတွေ့ရပါတယ်။ အောက်တိုဘာလ ၁၄ ရက်မှ ၂၀ ရက်နေ့အထိ မတ်ပဲ SQ၊ FAQ နဲ့အခွံချွတ်စုစုပေါင်းအရောင်းအဝယ်ဖြစ်မှု တန်ချိန် ၅၄၀၀ ခန့်သာရှိခဲ့ပါတယ်။                      အိန္ဒိယဝယ်လက်အနည်းငယ်သာ အဝယ်ရှိနေခြင်းနဲ့ ယခုသီတင်းပတ်အတွင်း ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် အရောင်းအဝယ်နည်းပြီး ဈေးလည်းအေးနေပါတယ်။ ကုန်သည်ကြီးတွေရဲ့ ခန့်မှန်း ချက်အရ အိန္ဒိယမတ်ပဲ အသစ် ဈေးကွက်ထဲ ဝင်ရောက်မှုနည်းမယ့် နိုဝင်ဘာလကုန် ဒီဇင်ဘာလမှာတော့ အဝယ်ပြန်လိုက်လာနိုင်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကွက်မှာ ဖြစ်ပေါ် တဲ့ ဈေးနှုန်းအပြောင်းအလဲများ ဖော်ပြလိုက်ပါတယ်-                           ဒေါ်လာ/တန်                       မတ်ပဲ(FAQ)            မတ်ပဲ(SQ)၂၁-၁၀-၁၁         ၇၅၀-၇၇၀             ၈၁၀-၈၃၀၁၄-၁၀-၁၁          ၇၄၀-၇၆၀            ၈၁၅-၈၃၅MIRT(MAPT)

Pages