Main menu

Background

Monday, 10 Oct 2011

                ပြည်ချင်းဈေးကွက်သို့ ယခုတစ်ပတ်မှာတော့ အောင်ပန်း၊ တောင်ကြီးဘက်မှ ချင်းတက်(အသစ်)များ အနည်းငယ်စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။ အဝင်ရှိပေမဲ့ ချင်းသစ်မှာ အစိုဓာတ်များပြီး အရင့်လိုသေးလို့ အပုပ်မြန်တဲ့အတွက် လက်ကား လှောင်လက်သမားများမှ ဝယ်အားနည်းနေပြီး၊ ပွဲရုံများမှာ ဝင်ရောက်မှုနှုန်း ထက်ဝက်ခန့်သာ အရောင်းအဝယ်ရှိကြောင်းသိရပါတယ်။ ချင်း (ဥမ) အဟောင်း များအနေနဲ့ ချင်းတက် (အသစ်) နဲ့ယှဉ်လျှင် ရောင်းအားကောင်းနေပြီး ပစ္စည်းပြတ် ခါနီးလို့ ဈေးလည်းကောင်းလာပါတယ်။ ယခင်အပတ်ထက် တစ်ပိဿာကို ပျမ်းမျှ ၁၀၀ ကျပ်ခန့် ဈေးမြင့်သွားပြီး၊ ယခုချင်း (ဥမ) ရှယ်တစ်ပိဿာ ၉၀၀ ကျပ်၊ ဂျွန် ၆၅၀-၇၀၀ ကျပ်၊ ချင်းတက် (အသစ်) ၆၀၀ ကျပ်ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိပါတယ်။ ချင်း (ဥမ) အဝင်မှာလည်း ယခုတစ်ပတ်အတွင်း ပိဿာ ၃၀ ဝင်အိတ် ၂၅၀ ခန့်နဲ့ ပုံမှန်အဝင်ရှိလျက်၊ ပွဲရုံများတွင် လက်လီလက်ကားရောင်းဝယ်သူများ၊ ချင်းဓားလှီးသမားများနှင့် ပိဿာချိန် ၄၂၀၀ ခန့် အရောင်းအဝယ်ဖြစ်ပြီး၊ ဧရာဝတီ တိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ပိဿာချိန်ပျမ်းမျှ ၁၈၀၀ ခန့်ကို ယခု တစ်ပတ်အတွင်း ဈေးကွက်မှတစ်ဆင့် စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ

Monday, 10 Oct 2011

                   ပြည်ဈေးကွက်မှာ ထောပတ်ပဲလက်ကျန်များ နည်းလာခဲ့ပေမဲ့ လက်လီသမားနဲ့ လက်ကားသမားများပါ အရောင်းအဝယ်ဖြစ်လာခဲ့ပါတယ်။ ပဲဈေးနှုန်းမှာတော့ တစ်တင်း ၁၇၃၀၀ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပြီး၊ ယခုတစ်ပတ်မှာ ရန်ကုန်ဝယ်လက်များ မှ မှာယူမှုရှိလာတဲ့အတွက် တစ်ရက်အိတ် ၃၀ မှ ၅၀ အထိ အရောင်းအဝယ်ဖြစ်ခဲ့ သလို ဒေသတွင်းပုံမှန်ဝယ်ယူမှုရှိတဲ့ လက်လီသမားများကြောင့် တစ်ရက် ၁၅ အိတ် ခန့် ရောင်းဝယ်မှုရှိခဲ့ပါတယ်။ ဒါကြောင့် ယခုအောက်တိုဘာ လဆန်းတွင် ထောပတ်ပဲသီးနှံမှာ လက်လီသမားရော၊ လက်ကားသမားများပါ ဝယ်ယူမှုကြောင့် စုစုပေါင်း အိတ် ၆၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ခင်ဆွေဝင်း

Monday, 10 Oct 2011

                         ပင်လယ်ရေကြောင်း ထောပတ်ပဲနဲ့ မြေထောက်ပဲတင်ပို့မှုမှာ ယခုတစ်ပတ်မှာလည်း ပမာဏများနေသေးတာ တွေ့ရပါတယ်။ လက်ကျန်နည်းနေပြီဖြစ်ပေမဲ့ စက်တင်ဘာနောက်ဆုံး သီတင်းပတ်မှာ ထောပတ်ပဲ တန် ၂၀၀ နဲ့ မြေထောက်ပဲ တန်ချိန် ၄၁၀ ကျော်ထိ တင်ပို့မှုရှိခဲ့တာ တွေ့ရပါတယ်။ စက်တင်ဘာလ တစ်လ လုံးအတွင်း တင်ပို့မှုအနေနဲ့ ထောပတ်ပဲတန်ချိန် ၆၆၃၊ မြေထောက်ပဲတန်ချိန် ၁၇၀၀ ကျော်ရှိပြီး သြဂုတ်လအတွင်းမှာ ထောပတ်ပဲတန်ချိန် ၇၀၀ ခန့်၊ မြေထောက်ပဲ တန်ချိန် ၈၀၀ ခန့် ရှိခဲ့တာတွေ့ရပါတယ်။                           ရန်ကုန် FOB ဈေးကွက်အရောင်းအဝယ်ဖြစ်မှုအနေနဲ့ အောက်တိုဘာလ ပထမပတ်အတွင်း ထောပတ်ပဲ တန်ချိန် ၁၄၀၊ မြေထောက်ပဲ တန်ချိန် ၄၃၀ ကျော် စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ တစ်လလုံး FOB အရောင်းအဝယ်ဖြစ်မှုမှာ ထောပတ်ပဲတန်ချိန် ၂၉၀ သာရှိခဲ့ပြီး မြေထောက်ပဲတန်ချိန် ၂၇၀၀ ခန့်ရှိခဲ့ပါတယ်။ အောက်တိုဘာလ ၇ ရက်နေ့ FOB ဈေးအနေနဲ့ ထောပတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၃၀-၇၅၀ ရှိပြီး မြေထောက်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၇၄၀-၇၆၀ အသီးသီးရှိကြောင်း သိရပါတယ်။ MIRT_MAPT

Monday, 10 Oct 2011

                စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၀ ဒသမ ၁၁၅ သန်းတန်ဖိုးရှိ ပဲယင်း ၂၂၃ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကတော့ နယ်စပ်မှ ပဲယင်းအပို့ မရှိခဲ့ပေမဲ့ စက်တင်ဘာလ အတွင်းမှာ ပဲယင်း ၁၀၂၆ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဧပြီလမှ စက်တင်ဘာလအထိ ကာလအတွင်းမှာတော့ နယ်စပ်မှ ပဲယင်း (ချင်းပဲ) ၈၂၈၆ တန်ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်မြေပြင်ဈေး အနည်းငယ်မြင့်သော်လည်း တစ်ဘက်နိုင်ငံဈေးမှာ ယခင်အပတ်ထက် ၁၅ ဒေါ်လာခန့် လျော့ကျလျက်ရှိတာ တွေ့ရပါတယ်။                                          မိမိဘက်(ကျပ်/တန်)                          တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု               ယခင်         ပြောင်းလဲမှု     %          ယခု      ယခင်   ပြောင်းလဲမှု   %ပဲယင်း          ၃၅၈၀၀၀        ၃၅၀၇၅၇          ၇၂၄၃         ၂         ၄၈၆        ၅၀၁           ၁၅       ၃MIRT(MAPT)

Monday, 10 Oct 2011

                 မုံရွာကုန်စည်ဒိုင် အောက်တိုဘာပထမပတ် ကုလားပဲဈေးကွက်မှာ V2 ဈေး အနည်းငယ် ကျခဲ့ပေမယ့် ကျန်ကုလားပဲတွေ ဈေးမာနေခဲ့ပါတယ်။ Export အတွက် မန္တလေးနဲ့ ရန်ကုန်ဝယ်လက်တွေ ဝယ်အားလျော့သွားခဲ့ လို့ အခုလိုဈေးကျ သွားခြင်းဖြစ်တယ်လို့ ကုန်သည်တွေကဆိုပါတယ်။ ယခုတစ်ပတ်မှာ V2 တစ်တင်း ၂၃၅၀၀ ကျပ်၊ တိုင်ပေတစ်တင်း ၁၉၇၀၀ ကျပ်၊ ကုလားပဲရိုးရိုးတစ်တင်း ၁၈၅၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၉၅၀၀ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ပေါ်ခဲ့ပြီး၊ ဈေးကွက် မျှော်လင့်ချက်နဲ့ ကုန်သည်အချင်းချင်း အရောင်းအဝယ်ဖြစ်ခဲ့ကြလို့ မုံရွာကုန်စည် ဒိုင်မှာ တစ်ရက် အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ယခုတစ်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ ကုလားပဲစီးဆင်းသွားမှု အနေနဲ့ မန္တလေးကို တင်း ၃၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၂၀၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Monday, 10 Oct 2011

                 ပင်လယ်ရေကြောင်းက ကုလားပဲတင်ပို့မှုဟာ စက်တင်ဘာလ နောက်ဆုံးပတ် မှာ တန်ချိန်၁၉၀၀ ခန့်နဲ့ ယခင်သီတင်းပတ်များလိုဘဲ ပုံမှန်အနေအထားနဲ့ တင်ပို့နေပါတယ်။ စက်တင်ဘာလ တစ်လလုံးအတွင်း ကုလားပဲ ပြည်ပတင်ပို့မှု တန် ၈၅၀ ခန့် ရှိပြီး သြဂုတ်လအတွင်း တန်ချိန် ၁၆၀၀၀ ခန့်ရှိခဲ့တာ တွေ့ရပါတယ်။ ၂၀၁၀ စက်တင်ဘာလအတွင်းမှာတော့ တန်ချိန် ၇၀၀ ခန့်သာရှိခဲ့လို့ ယခုနှစ်မှာ ကုလားပဲ တင်ပို့မှု သိသိသာသာ ပြန်တက်လာခဲ့ပါတယ်။               FOB ဈေးကွက် အရောင်းအဝယ်ဖြစ်မှုမှာ အောက်တိုဘာလ ပထမပတ် အတွင်း တန်ချိန် ၄၆၀ ကို ပြည်ပအရောင်းအဝယ်စာချုပ်ခဲ့ပြီး စက်တင်ဘာလ တစ်လလုံးအတွင်း တန်ချိန် ၅၀၀၀ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ကုလားပဲအရောင်းအဝယ် အနည်းငယ်ဖြစ်ပေမဲ့ အခြားပဲဈေးများ ကျဆင်း ခြင်းနဲ့အတူ ကုလားပဲ FOB ဈေးလည်း စက်တင်ဘာလ ၃၀ ရက်မှာ ကန်ဒေါ်လာ ၁၁၀၀-၁၂၀၀ ရှိခဲ့ရာမှ အောက်တိုဘာ ၇ ရက်မှာ ကန်ဒေါ်လာ ၁၀၈၀-၁၁၀၀ ရှိကြောင်း သိရပါတယ်။ MIRT(MAPT)

Monday, 10 Oct 2011

            ယခုတစ်ပတ်ပြည်ဈေးကွက်မှာ ပဲတီစိမ်းသီးနှံအနေဖြင့် အဝင်မရှိခဲ့ဘဲ ပွဲရုံများမှာလည်း နည်းပြီး ပွဲရုံအနည်းငယ် လောက်သာ ပဲလက်ကျန်ရှိတယ်လို့ သိရပါတယ်။ လိုင်းသမားများအဝယ်မရှိသလောက်ဖြစ်ခဲ့ပြီး၊ စက်တင်ဘာလမှစပြီး မျိုး သမားများ အဝယ်ရှိလာခဲ့ပါတယ်။ ပေါက်ခေါင်း၊ ပေါင်းတလည်ဘက်မှ မျိုးပဲလာရောက် ဝယ်ယူမှုများရှိတဲ့အတွက် အိတ် ၂၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲဈေးမှာ တစ်တင်းကို ၁၇၀၀၀ ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြတယ်လို့သိရပါတယ်။ ယခင်နှစ်က မျိုးပဲဈေးမှာတစ်တင်း ၂၅၅၀၀ ကျပ်ရှိခဲ့ပြီး၊ ယခုနှစ် မျိုးပဲဈေးမှာ တစ်တင်း ၁၇၀၀၀ ကျပ်သာရှိတဲ့အတွက် ပဲစိုက်ပျိုးရန် ဝယ်ယူသူတောင်သူများအနေနဲ့ မျိုးဖိုး ရင်းနှီးစားရိတ်သက်သာနိုင်မှာဖြစ်ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း 

Monday, 10 Oct 2011

                အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ယခင်ရက်ပိုင်းက ပဲတီစိမ်းဈေးငြိမ်နေရာမှ ယခုသီတင်းပတ် နှောင်းပိုင်းမှာတော့ ပဲခွဲစက်များမှာ အဝယ်သွက်လာလို့ ဈေးပြန်တက်လာခဲ့ပါတယ်။ ရာဂျက်စသန်မှ ဈေးကွက်များကို ပဲအသစ်ဝင်ရောက်မှု တိုးတက်နေပြီး ပဲအရည်အသွေးအလိုက် ဈေးအပြောင်းအလဲရှိတယ်လို့ သိရပါတယ်။ ရာဂျက်စသန်နဲ့ အခြားပဲထုတ်လုပ်ရာ ဒေသများက ပဲဝင်ရောက်မှုလည်း စတင်လာတော့မှာဖြစ်ပြီး ပဲတီစိမ်းခွဲခြမ်းကို ဝယ်လိုအားနည်းလာဖွယ်ရှိခြင်းကြောင့် နောက် ၄ ရက်ခန့်အတွင်း ဈေးကျဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်                             ဒေါ်လာ/တန်                                           ၅-၁၀-၁၁      ၄-၁၀-၁၁       ၃-၁၀-၁၁             ၁-၁၀-၁၁မွန်ဘိုင်း (တန်ဇန်းနီးယား)         ၈၄၃             ၈၄၁                ၈၄၃                    -ဒေလီ                                  ၅၀၈-၇၁၁      ၅၁၀-၆၇၃       ၅၁၁-၆၅၄            ၅၁၀-၆၅၃အာကိုလာ                            ၆၃၀-၈၃၃      ၆၁၁-၈၃၆        ၅၁၁-၈၃၈                -MIRT(MAPT)

Monday, 10 Oct 2011

                စက်တင်ဘာလ ၂၈ ရက်မှ အောက်တိုဘာလ ၄ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၀၄၆ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၁၂၅၄ တန်ကျော် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် ၂၇၂ တန်ကျော် တင်ပို့မှု ပိုမိုခဲ့ပါတယ်။ စက်တင်ဘာလမှာ ကန်ဒေါ်လာ ၅ ဒသမ ၆၀၈ သန်းတန်ဖိုးရှိ ပဲတီစိမ်း ၆၈၅၄ တန်ခန့် အပို့ရှိခဲ့ပြီး ဧပြီလမှ စက်တင်ဘာလထိနယ်စပ်မှ ပဲတီစိမ်းတန် ၁၁၇၉၆၀ ကျော် တင်ပို့ထားပြီးဖြစ်ပါတယ်။ ယခုအပတ်မှာ မိမိဘက်ရော တစ်ဘက်နိုင်ငံမှာပါ မြေပြင်ဈေးများ ပိုမိုရလျက်ရှိနေတယ်လို့ သိရပါတယ်-                                               မိမိဘက်(ကျပ်/တန်)                    တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု           ယခင်          ပြောင်းလဲမှု        %       ယခု       ယခင်      ပြောင်းလဲမှု           %ပဲတီစိမ်း    ၆၅၃၅၁၀    ၆၄၇၀၉၉            ၆၄၀၁           ၁         ၈၉၄        ၈၇၇            ၁၇                ၂MIRT(DOBT)

Monday, 10 Oct 2011

                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် ၤဥြ ဈေးကွက်မှာ ပြည်ပအဝယ်အေးလို့ အောက်တိုဘာလ ပထမပတ်မှာ ပဲတီစိမ်းတန်ချိန် ၁၉၀၀ ခန့်သာ အရောင်းအဝယ်ရှိခဲ့ပါတယ်။ စက်တင်ဘာလ တစ်လလုံးမှာ ပဲတီရွှေဝါ တန် ၇၀၀၀ကျော်၊ ပဲတီစိမ်းတန်ချိန် ၁၄၀၀ ခန့်နဲ့ ပဲတီစိမ်းခွဲခြမ်းတန်ချိန် ၂၀၀၀ ကျော် စုစုပေါင်း တန်ချိန် တစ်သောင်းကျော် ပြည်ပ အရောင်း အဝယ်စာချုပ်ခဲ့ကြောင်း သိရပါတယ်။              အိန္ဒိယဈေးကွက်တွေကို ပဲတီစိမ်းအသစ်တွေ ဝင်ရောက်မှုတိုးတက်နေတဲ့ကာလဖြစ်ပြီး အရည်အသွေး နိမ့်ကျမှုတွေ ကြောင့် ပြည်ပပဲများ ဝယ်လိုအားနည်းနေခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်းမှာတော့ ပခုက္ကူအစကို အနည်းငယ်အဆွဲ ရှိတယ်လို့ သိရပါတယ်။ အရောင်းအဝယ်အေးလို့ ရန်ကုန် FOB ဈေးများလည်း အနည်းငယ်လျော့ကျခဲ့ပါတယ်။                             ဒေါ်လာ/ တန်                    ပဲတီစိမ်းအညာ       ပခုက္ကူ                   ရွှေဝါအသေး၇-၁၀-၁၁         ၇၈၀-၈၀၀          ၈၄၀-၈၆၀              ၁၀၂၀-၁၀၄၀၃၀-၉-၁၁          ၈၀၀-၈၂၀         ၈၆၀-၈၈၀              ၁၀၅၀-၁၀၇၀MIRT(MAPT)

Pages