Main menu

Background

Tuesday, 27 Sep 2011

ပဲဟောင်းပေမယ့် ဈေးကောင်းအရောင်းအဝယ်သွက်တဲ့ V2                        လှောင်သက်ကာလကြာ၊ ဈေးလည်းမာလာပြီဖြစ်လို့ ဈေးဖြတ်ပစ္စည်းအပ်မဲ့ ပွဲစားတွေရဲ့အဝယ်နဲ့ မန္တလေး၊ ရန်ကုန် Export ပုံမှန်ဝယ်လက်တွေ အဝယ် သွက်ခဲ့လို့ စက်တင်ဘာ တတိယပတ် မုံရွာကုန်စည်ဒိုင် V2 ဈေးကွက်ဟာ အမြင့် ဈေးမှာ အရောင်းအဝယ်ကောင်းခဲ့တာ တွေ့ရပါတယ်။ V2 ဈေးနဲ့အတူ ကျန် ကုလားပဲတွေလည်း မျိုးအဝယ်လိုက်ခဲ့သလို စက်ပိုင်နဲ့ လက်လီသမားတွေ '' လိုဝယ် '' ရှိတဲ့အတွက် အရောင်းအဝယ်ဈေးတက်လာခဲ့ ပါတယ်။ ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပေါက်ဈေးတွေကတော့ V2 တစ်တင်း ၂၆၅၀၀ ကျပ်မှ ၂၆၈၀၀ ကျပ် တိုင်ပေတစ်တင်း ၁၉၆၀၀ ကျပ်မှ ၂၀၂၀၀ ကျပ် ကုလားပဲရိုးရိုး ၁၈၀၀၀ ကျပ်မှ ၁၉၂၀၀ ကျပ် ၉၂၉ ကုလားပဲ ၁၉၃၀၀ ကျပ်မှ ၂၁၅၀၀ ကျပ် အသီးသီးဈေးမာနေခဲ့ကြပါတယ်။ ယခုတစ်ပတ်အတွင်း ကုလားပဲ စီးထွက်မှု အနေနဲ့ မုံရွာဈေးကွက်ကနေ မန္တလေးကို တင်း ၅၀၀၀ ကျော်နဲ့ ရန်ကုန်ကို တင်း ၆၀၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Tuesday, 27 Sep 2011

ရန်ကုန်သွားနေတဲ့ မန်း V2                     ကုလားပဲဖြူကြီးကို ရန်ကုန်ဝယ်လက်ရဲ့ ဝယ်လိုအားကောင်းနေတဲ့အတွက် ဈေးကွက်အတွင်းမှာ ဈေးစွာနေပြီး ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်က လည်း တဖြည်းဖြည်းနည်းလာသလို ဒေသတွင်း စိုက်ပျိုးမယ့် တောင်သူများ ကလည်း မျိုးအတွက်ပါ အနည်းငယ်ဝယ်ယူလာနေတာကြောင့် ဈေးမြင့်ပြီး အရောင်းသွက်နေတာ ဖြစ်တယ်လို့ ကုန်သည်များက ပြောပါတယ်။ ယခင်တစ်ပတ် ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၄၅ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၄၉ ကျပ်ဈေးရှိပြီး၊ ယခုတစ်ပတ်ကုလားပဲဖြူကြီး တစ်ပိဿာ ၁၃၉၇ ကျပ်၊ တစ်တန် ၈၅၅၅၀၀ ကျပ်၊ ကုလားပဲ(တိုင်ပေ) ၁၀၈၄ ကျပ်၊ တစ်တန် ၆၆၃၈၃၀ ကျပ်ဈေးဖြစ်လို့ ယခင်အပတ်ထက် တစ်ပိဿာ ၅၂ ကျပ်ခန့် မြင့်တက်လာကြောင်း တွေ့ရပါတယ်။ မန်းဈေးကွက်အတွင်းမှာ ကုလားပဲကို ဝယ်လိုအား ကောင်းတာကြောင့် စက်တင် ဘာလအတွင်းမှာလည်း ရောင်းဝယ်အားကောင်းနေဦးမယ်လို့ ကုန်သည်များက ပြောပါတယ်။ ကျော်ကျော်မိုး 

Tuesday, 27 Sep 2011

အရည်အသွေးကောင်းလို့ ဈေးကောင်းရတဲ့ မြန်မာ(ရှမ်းမွှာ)                      ကြက်သွန်ဖြူသီးနှံအနေနဲ့ ပြည်ဈေးကွက်တွင် ယခုတစ်ပတ်အတွင်း ရှမ်းမွှာဈေးမှာ ယခင်တစ်ပိဿာကို ၁၂၅၀-၁၃၅၀-၁၄၅၀ ကျပ်မှ ယခု ၁၄၅၀-၁၅၅၀- ၁၇၀၀ ကျပ်ထိ ဈေးမြင့်တက်သွားပြီး၊ အောင်ပန်းမှ ၃၅ ပိဿာဝင် အိတ် ၁၅၀ ခန့် ဝင်ရောက်မှုရှိတယ်လို့ သိရပါတယ်။ ရှမ်းမွှာအနေနဲ့ ယခင်ဝင်ရောက်တဲ့ ကြက်သွန်ဖြူ တွေမှာ အရည်အသွေးညံ့တဲ့အတွက် ဈေးကောင်းမရဘဲ ယခုဝင်တဲ့ ရှမ်းမွှာမှာတော့ ပစ္စည်းအရည်အသွေးကောင်းတဲ့ အတွက် ဈေးကောင်းရခြင်းဖြစ်ပြီး၊ အရောင်းအဝယ်အားဖြင့် ဝင်ရောက်မှုရဲ့ သုံးပုံနှစ်ပုံ အိတ် ၁၀၀ ခန့် အရောင်း အဝယ် ဖြစ်ခဲ့ကြောင်း သိရပါတယ်။                      ကြက်သွန်ဖြူ(ကြူကုတ်)နဲ့ (ဥတစ်လုံး)မှာတော့ ပုံမှန်ဈေးဖြင့် ရောင်းဝယ် နေပြီး၊ ကြူကုတ် ၁၅ ပိဿာဝင် အိတ် ၁၅၀၀ ခန့်၊ ဥတစ်လုံး ၃၅ ပိဿာဝင် ၁၀ အိတ်ခန့် ဝင်ရောက်မှုရှိကြောင်း သိရပါတယ်။ ပြည်ဈေးကွက်ရှိ ဈေးနှုန်းများမှာ ကြူကုတ်တစ်ပိဿာ ၁၃၅၀-၁၄၅၀ ကျပ်၊ ဥတစ်လုံး တစ်ပိဿာ ၂၃၀၀-၃၀၀၀- ၄၅၀၀ ကျပ်တို့ ရှိပြီး၊ ယခုတစ်ပတ်အတွင်း ကြူကုတ် အိတ် ၁၀၀၀ နဲ့ ဥတစ်လုံး ပိဿာချိန် ၂၀၀ ခန့် အသီးသီးအရောင်းအဝယ် ဖြစ်ကြောင်း သိရပါတယ်။         ဝင်းလဲ့ဝါ 

Tuesday, 27 Sep 2011

မန်ကျည်းတင်ပို့ အားကောင်း                 စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက် တာကာလအတွင်း မန်ကျည်းတန်ချိန် ၁၇၀ ကို စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ မန်ကျည်းနဲ့ မန်ကျည်း စေ့စသဖြင့် နှစ်မျိုးတင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းတင်ပို့ မှုက တန်ချိန် ၄၀ ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်ပို့မှုနဲ့ ယှဉ်ရင် ၄ ဆလောက် ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ ဒီတစ်ပတ်မန်ကျည်းတင်ပို့မှုမှ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၅၉၇၈၀ ရရှိခဲ့ပါတယ်။MIRT (DOT) 

Tuesday, 27 Sep 2011

အောင်ပန်းဈေးကွက်ကို ချင်းစိုတွေဝင်                       ဒီတစ်ပတ် အောင်ပန်းဈေးကွက်ကို ကလောမြို့နယ် အောင်ပန်းဒေသရဲ့ အနီးတစ်ဝိုက်က ချင်း(စို)တွေ ထပ်ပြီး ဝင်လာပါတယ်။ အပင်တွေ အဝါလိုက်တာကြောင့် မပုပ်ခင်မှာ ဖော်ကြရတာလို့လည်း သိရပါတယ်။ တောင်သူတွေကလည်း မရင့်သေးတာကြောင့် မဖော်ချင်သေးပေမယ့် အခြေအနေအရ ဖော်နေရတာ လို့လည်း ဒေသခံတွေထံက သိရပါတယ်။ အဝင်ကလည်း အရင်တစ်ပတ်ကထက် ပိုများလာပြီး၊ တစ်ရက်ကို ပိဿာချိန် ၁၀၀၀ - ၂၀၀၀ ခန့်ဝင်နေပါတယ်။ ချင်း(ဥမ)တွေကတော့ တောင်သူနဲ့ လှောင်လက်မှာ အနည်းငယ်ကျန်နေ သေး တယ်။ မနှစ်က ချင်း(ဥမ)တစ်ပိဿာ ၅၀၀ ကျပ်ကျော်ရခဲ့တာကြောင့်၊ ဒီနှစ်လည်း အဲဒီဈေးလောက် တက်လာမယ်ထင်ပြီး မရောင်းသေးဘဲ ဈေးအကောင်းကို စောင့်နေသေးတယ်လို့သိရပါတယ်။ ငွေလိုတဲ့ တောင်သူ အချို့ကတော့ ချင်း(ဥမ) တွေကို ဈေးကောင်းမစောင့်ဘဲ ပေါက်ဈေးနဲ့သာရောင်းချကြပါတယ်။ မန္တလေး၊ တောင်ငူ၊ မုံရွာ၊ ပြည်၊ နေပြည်တော်စတဲ့ မြို့တွေကိုလည်း အစဉ်မပြတ် ပို့နေရတယ်လို့လည်း ချင်းပွဲရုံတွေက သိရပါတယ်။                           ဒီတစ်ပတ် ချင်း(စို)နု ပေါက်ဈေးတစ်ပိဿာ ၁၃၀ ကျပ်မှ ၁၅၀ ကျပ်ဈေးရှိပြီး၊ ချင်း(ဥမ)က တစ်ပိဿာ ၃၀၀ ကျပ် -၃၂၀ ကျပ်-၄၀၀ ကျပ်ဈေးရှိပါတယ်။ ချင်း ခြောက်ကတော့ တစ်ပိဿာ ၂၀၀၀ ကျပ် - ၂၁၀၀ ကျပ် ဈေးရှိပါတယ်။ ဟိုပုံး ဈေးကွက်မှာတော့ ချင်းခြောက်တစ်ပိဿာ ၂၄၀၀ ကျပ်ဈေးရှိတယ်လို့ ဒေသခံ ကုန်သည်တွေထံမှ သိရပါတယ်။ ဧဧခိုင် 

Tuesday, 27 Sep 2011

လက်ကျန်ချင်း(ဥမ)များ ဝင်ရောက်မှုရှိနေသေး                   အောင်ပန်းနဲ့ တောင်ကြီးဈေးကွက်တွင် ချင်း(ဥမ)များ လက်ကျန်တွေရှိနေပြီး၊ ချင်း(တက်)အသစ်မှာ စပေါ်၍မရင့်သေးဘဲ ပိန်ကပ်မှုရှိနေသေးလို့ ဈေးကွက် မသွက်သေးကြောင်း သိရပါတယ်။ ပြည်ဈေးကွက်သို့ ယခုတစ်ပတ် ချင်း(ဥမ)ပိဿာ ၃၀ ဝင်အိတ် ၂၂၀ ခန့်နဲ့ အဝင်ပါးလျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ဒုတိယ ပတ်မှစပြီး ဈေးငြိမ်လာခဲ့ရာ ယခုတစ်ပတ်တွင်လည်း ချင်း(ဥမ)ရှယ် တစ်ပိဿာ ၈၀၀ ကျပ်(ဂျွန်) ၅၅၀-၆၅၀ ကျပ်တို့နဲ့ ဆက်လက်ဈေးငြိမ်နေပြီး ပုံမှန်ဈေး ကွက်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ် တင်ပို့မှု အပါအဝင် ချင်း ဓါးလှီးသမားများ လက်လီ၊ လက်ကားရောင်းဝယ်သူများနဲ့ ယခုတစ်ပတ် ပိဿာ ချိန် ၆၅၀၀ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ 

Tuesday, 27 Sep 2011

နနွင်း ၄၈ တန် တင်ပို့                       ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ စက်တင်ဘာ ၁၁ ရက်မှ ၁၇ ရက်တာ ကာလအတွင်း နနွင်း ၄၈ တန်ကို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံတွေမှာ စင်ကာပူနိုင်ငံကို ၁၈ တန်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံကို တန်ချိန် ၃၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် ၁၅ တန်သာ တင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ယခင်တစ်ပတ်ထက် ၃ ဆလောက် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေးကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၇၂၀၀၀ ရရှိခဲ့ပါတယ်။ MIRT (DOT) 

Tuesday, 27 Sep 2011

နယ်စပ်မှ နနွင်းတက်(ရှမ်းစ)နဲ့ နနွင်းခေါင်းပါပို့               မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ ယခုအပတ်မှာ နနွင်းတက် (ရှမ်းစ) သာမက နနွင်း ခေါင်းအနည်းငယ်တင်ပို့မှု ရှိတယ်လို့ သိရပါတယ်။ ကန်ဒေါ်လာ ၀ ဒသမ ၀၆၈ သန်းတန်ဖိုးရှိ နနွင်းတက်(ရှမ်းစ) ၄၅ တန်ခန့်နဲ့ ကန်ဒေါ်လာ ၀ ဒသမ ၀၀၃ သန်း တန်ဖိုးရှိ နနွင်းခေါင်း ၂ တန်ကျော် တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျင်တော့ နနွင်းတက်တင်ပို့မှု တန် ၁၀၀ ခန့် လျော့နည်းခဲ့ပါတယ်။ MIRT (DOBT) 

Tuesday, 27 Sep 2011

ကြက်သွန်နီ ပြည်ပတင်ပို့ခွင့်ပြု                    ပြည်တွင်းစားသုံးသူပြည်သူလူထုအနေနဲ့ စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်နီကို ပြည်တွင်းဈေးနှုန်း ကြီးမြင့်စွာနဲ့ ဝယ်ယူစားသုံးခဲ့ရပြီး ပြည်ပတင်ပို့ခွင့်ပိတ်ပင်ခဲ့ရာမှ ယခုနှစ်မှာ ပြည်တွင်းစားသုံးမှုပိုလျှံတဲ့ ကြက်သွန်နီ တွေကို ပြည်တွင်း ဈေးနှုန်း တည်ငြိမ်စေရေးအတွက် စားဖိုးဆောင်သီးနှံစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းမှ စနစ်တကျစိစစ် ထိန်းသိမ်းစေပြီး ကြက်သွန်နီစိုက်တောင်သူတွေ အကျိုး စီးပွားဖြစ်ထွန်းစေရေး ရည်ရွယ် ချက်နဲ့ ကြက်သွန်နီတွေကို ပြည်ပကို ပြန်လည်တင်ပို့ခွင့်ကို (၁၉-၉-၂၀၁၁) ရက်မှစတင် ပြီး ခွင့်ပြုဆောင်ရွက်စေခဲ့ရာ ပထမဆုံး ပင်လယ်ရေကြောင်းမှ ကြက်သွန်နီပြည်ပကို တင်ပို့ခွင့်ရရှိရေးအတွက် Super Soe Co.,Ltd. မှ မလေးရှားနိုင်ငံကို တန်ချိန် ၆၀ ကို တစ်တန်မှာ အမေရိကန်ဒေါ်လာ ၄၅၀ ဈေးနှုန်းနဲ့ လိုင်စင်လာရောက် လျှောက်ထားထုတ်ယူခဲ့ပြီးဖြစ်ကြောင်း သိရှိရပါတယ်။                        နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းစားသုံးမှုပိုလျှံသမျှ ပြည်ပတင်ပို့ဖို့ အတွက် ပို့ကုန်မူဝါဒချမှတ်ဆောင် ရွက်လျက် ရှိသော်လည်း ပြည်တွင်းစားသုံးသူ ပြည်သူတွေ အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာတဲ့အထိ ပြည်တွင်းဈေးနှုန်း ကြီးမြင့် လာပါကပြည်သူတွေရဲ့ အကျိုးစီးပွားကိုကာကွယ် သွားရမှာ ဖြစ်ပါတယ်။ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သူ တောင်သူ တွေ လည်းအကျိုးရှိ၊ ကုန်သည်လုပ်ငန်းရှင်တွေလည်း အကျိုးရှိပြီး စားသုံးသူပြည်သူလူထုအနေနဲ့လည်း သင့်တင့်မျှတတဲ့ ပြည်တွင်းဈေးနှုန်းနဲ့ ဝယ်ယူစားသုံးနိုင်ရေး၊ အတ္တနဲ့ ပရမျှတစွာနဲ့ စားဖိုးဆောင်သီးနှံ စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချ သူများ အသင်းအနေနဲ့ အမှန်တကယ်စိစစ် ဆောင်ရွက် နိုင်မှသာ ကြက်သွန်နီတင်ပို့မှု တန်ဖိုးတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ပင်လယ်ရေကြောင်းမှ ကြက်သွန်နီတင်ပို့ နိုင်ခဲ့မှုမှာ ၂၀၀၇-၂၀၀၈ ဘဏ္ဍာနှစ်မှာ (၅၂၈၁.၅၁၂) တန်၊ တန်ဖိုး အမေရိကန်ဒေါ်လာ(၁.၇၄၅)သန်း ၊ ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှာ (၁၈၃၅၅.၇၃) တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (၃.၉၂၅)သန်းနဲ့ ၂၀၀၉-၂၀၁၀ဘဏ္ဍာနှစ်မှာ(၂၇၀၂.၉၇)တန်၊ တန်ဖိုးအမေရိကန် ဒေါ်လာ (ဝ.၅၆၄) သန်း အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ မြန်မာ့ ကြက်သွန်နီက အိမ်နီးချင်း အိန္ဒိယ၊ တရုတ်နိုင်ငံတို့မှထွက်တဲ့ ကြက်သွန်နီထက် အရည်အသွေးပိုင်းမှာ ရေဓါတ်ပါဝင်မှုနည်း ပြီး ရေရှည်အထားခံရာ ဈေးကွက်မှာ ရောင်းပန်းလှတဲ့ ကုန်ပစ္စည်းဖြစ်ကာ ဈေးကွက်တွေ ခိုင်မာစွာနဲ့ ရေရှည်တင်ပို့ ရောင်းချနိုင်ရေး ကြက်သွန်နီစိုက် ပျိုးထုတ်လုပ်သူ တောင်သူ များ၊ကုန်သည်လုပ်ငန်းရှင်တွေနဲ့ သက်ဆိုင်ရာအသင်းအဖွဲ့တွေ အနေနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ နိုင်ငံတော်အတွက်လည်း ပို့ကုန်နိုင်ငံခြားဝင်ငွေပိုမို တိုးမြှင့်ရရှိမှာဖြစ်ပြီး သုံးဦးသုံးဖလှယ်လည်း ပိုမိုအကျိုးဖြစ်ထွန်း စေမှာဖြစ်ကာ အတ္တနဲ့ပရ မျှတစွာနဲ့ ပူးပေါင်းပါဝင် ဆောင် ရွက်ကြပါလို့ တိုက်တွန်းဆန္ဒပြု ရေးသားလိုက်ပါတယ်ခင်ဗျာ …………။ မောင်မောင်လွင် 

Monday, 26 Sep 2011

နယ်စပ်မှ ရော်ဘာ ယခုအပတ် တင်ပို့မှုလျော့ နယ်စပ်မှ ပြောင်းဖူးစေ့သာမက နှံစားပြောင်းတင်ပို့မှုပါ ပိုမို                   မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နဲ့ ချင်းရွှေဟော် နယ်စပ်စခန်းများမှ စက်တင်ဘာလ ၁၄ ရက်မှ ၂၀ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၃ ဒသမ ၂၄၃ သန်း တန်ဖိုးရှိ ရော်ဘာ ၇၃၈ တန်တင်ပို့နိုင်ခဲ့ပြီး ယခင်အပတ် တင်ပို့မှုထက် ၈၄တန်လျော့နည်းခဲ့ပါတယ်။ နယ်စပ်အလိုက် ရော်ဘာတင်ပို့နိုင်မှုများကတော့ မူဆယ်မှRSS-1 ၃၄ တန်၊ RSS-3 ၂၃၉တန်၊ RSS-5 တန် ၂၁၀ ၊MSR-20 ၁၀၅ တန်၊ MSR-50  ၁၀ တန်နဲ့ ချင်းရွှေဟော်မှ RSS-3 တန် ၆၀ ၊ RSS-5 တန်၂၀ နဲ့MSR-20တန် ၆၀ အသီးသီးတင်ပို့ခဲ့ပါတယ်။ ရော်ဘာဈေးများကတော့ မိမိဘက်မှာ ပြောင်းလဲမှုမရှိပေမဲ့တစ်ဘက်နိုင်ငံမှာ ဈေးမြင့်နေတယ်လို့သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင်ပေါက်ဈေးများကို ယခင်အပတ်ဈေးများနဲ့ နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                        ယခု                ယခင်     ပြောင်းလဲမှု    %       ယခု        ယခင် ပြောင်းလဲမှု    %RSS - 3         ၃၄၁၃၈၀၀       ၃၄၁၃၈၀၀          -          -      ၄၅၄၄     ၄၄၆၄          ၈၀        ၂RSS - 5         ၃၃၀၀၃၁၉       ၃၃၀၀၃၁၉          -          -       ၄၃၈၇     ၄၃၀၈         ၇၉       ၂MIRT (DOBT)

Pages