Main menu

Background

Friday, 23 Sep 2011

ဈေးကွက်သာခိုက် ရောင်းအားလိုအပ်တဲ့ စိမ်းကြီး                    အရည်အသွေးမညီလို့ ဈေးအနိမ့်အမြင့် ကွဲပြားလွန်းတဲ့ မုံရွာစိမ်းကြီး ဈေးကွက်မှာ စက်တင်ဘာ ၁၅ ရက်ပတ်အတွင်း တစ်တင်း ၁၇၀၀၀ ကျပ်မှ ၁၉၅၀၀ ကျပ်ထိ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက်လာခဲ့တာ တွေ့ရပါ တယ်။ မုံရွာစိမ်းကြီး ဈေးကွက်ထဲကို ဒေသတွင်း ချောင်းဦး၊ ယင်းမာပင်နယ်တွေက အလှည့်ကျပေါ်နေ ဝင်နေသလို ယော၊ ကျောနဲ့ ဂန့်ဂေါနယ် ဘက်ကလည်း ၁၂ ရာသီမပြတ်ဝင်လျက်ရှိလို့ ဈေးကွက်ပုံမှန် လည်ပတ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။                 ဝယ်လက်အားဖြင့် တရုတ်အတွက် မန်းဝယ်လက်ကများခဲ့ပြီး ရန်ကုန်ဘက် အနည်းငယ်အဆွဲရှိခဲ့ပါတယ်။ စက်တင်ဘာ ၁၅ ရက်ပတ်အတွင်း အရောင်းအဝယ်အားဖြင့် တစ်ရက်တင်း ၅၀၀ မှ ၁၀၀၀ အတွင်း ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ယခုလ ၁၅ ရက်ပတ်အတွင်း မုံရွာကုန်စည်ဒိုင်နယ်မြေကနေ မန္တလေးကို တင်း ၈၅၀၀ ခန့်နဲ့ ရန်ကုန်ကို တင်း ၁၀၀၀ ခန့်စီး ထွက်သွားခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင် 

Friday, 23 Sep 2011

ယခုအပတ် နယ်စပ်မှ ပဲတီစိမ်း တင်ပို့မှုလျော့                      စက်တင်ဘာလ ၇ ရက်မှ ၁၃ ရက်ထိကာလအတွင်း မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၁ ဒသမ ၃၇၆ သန်း တန်ဖိုးရှိ ပဲတီစိမ်း ၁၆၄၆ တန်ကျော် တင်ပို့မှုရှိခဲ့ပြီး ယခင်အပတ်တင်ပို့ မှု ထက် ၁၂၃၆ တန်ခန့် လျော့နည်းခဲ့ပါတယ်။ မိမိဘက်ရော တစ်ဘက်နိုင်ငံ မြေပြင်ဈေးများ ယခုအပတ် မြင့်နေတာ တွေ့ရပါတယ် ။                           မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                ယခု       ယခင်      ပြောင်းလဲမှု    %    ယခု     ယခင်    ပြောင်းလဲမှု    %ပဲတီစိမ်း ၆၀၉၃၁၄   ၅၇၅၂၈၀        ၃၄၀၃၄    ၆      ၉၀၉      ၈၄၆          ၆၃         ၇MIRT (DOBT)  

Friday, 23 Sep 2011

ယခုတစ်ပတ် ပဲတီစိမ်း FOB အရောင်းအဝယ်တန် ၃၀၀၀ ရှိ            ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲတီစိမ်းတန်ချိန် ၄၀၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ရာမှ ယခုစက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ တန်ချိန် ၃၀၀၀ ခန့် စာချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၁ ရက်မှ ၁၅ ရက်အထိ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ ပဲတီရွှေဝါတန် ၆၀၀၀ နီးပါး၊ ပဲတီစိမ်းတန် ၁၅၀၀ ကျော်နဲ့ စုစုပေါင်း တန်ချိန် ၇၆၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။             ယခုတစ်ပတ်အတွင်း ပြည်ပအဝယ်ပိုလိုက်လာသလို ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုးလည်း မြင့်တက်လာ တာကြောင့် ပြည်တွင်း ဈေးလည်းမြင့်တက်လာပြီး ရန်ကုန် FOB ဈေး သိသိသာသာ မြင့်တက် လာတာကို တွေ့ရပါတယ်။ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်-                           ဒေါ်လာတန်                  ပဲတီစိမ်းအညာ         ပဲတီရွှေဝါအသေး             ပဲတီရွှေဝါအကြီး၁၆-၉-၁၁         ၈၂၀-၈၄၀             ၉၉၀-၁၀၁၀                    ၁၀၆၀-၁၀၈၀၉-၉-၁၁           ၇၈၀-၈၀၀             ၉၆၀-၉၈၀                      ၁၀၂၀-၁၀၄၀MIRT(MAPT)

Friday, 23 Sep 2011

ယခင်တစ်ပတ်ထက် ပဲတီစိမ်းပိုတင်လာ                 ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှုဟာ ယခင်သီတင်းပတ်က တန်ချိန် ၂၅၀၀ ခန့်သာ ရှိခဲ့ပေမဲ့ ယခုသီတင်းပတ် စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်အတွင်းမှာတော့ တန်ချိန် ၄၅၀၀ ထိ ပိုတင်လာတာ တွေ့ရပါတယ်။ လက်ရှိဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက်အထိ စုစုပေါင်းတင်ပို့ပြီးစီးမှုဟာ တန်ချိန် ၁၈၀၀၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူ တင်ပို့မှု တန်ချိန် ၁၂၀၀၀၀ ကျော်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ လာမယ့်သီတင်းပတ်မှာလည်း ပုံမှန်တင်ပို့နိုင်မယ်လို့ ကုန်သည်များက ဆိုပါတယ်။ MIRT- MAPT

Friday, 23 Sep 2011

လက်ကျန်ပြတ်လို့ ပြည်ပဲလွန်းဖြူ ဈေးမာ               ပြည်ဈေးကွက်အတွင်း ပဲလွန်းဖြူမှာ ပစ္စည်းပြတ်သလောက်ရှိနေပြီး၊ အခြားဒေသကြီးများမှလည်း ပဲအဝင် မရှိတော့ဘဲ မြို့တွင်းမှ ပဲလက်ကျန် အနည်း ငယ်သာ အရောင်းအဝယ် ရှိတယ်လို့ သိရပါတယ်။ ပဲတစ်တင်းကို ၁၈၅၀၀ ကျပ်ဈေးဖြင့် အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။ မိမိအေး

Friday, 23 Sep 2011

ပဲလွန်းဖြူ တင်ပို့မှုရော FOB အရောင်းအဝယ်ပါလျော့                    ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ တင်ပို့မှုဟာ ယခင်တစ်ပတ်က တန် ၂၀၀ ကျော်တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် စက်တင်ဘာ ၄ ရက်မှ ၁၀ ရက်အတွင်း တန်ချိန် ၁၇၅ တန်ကျော်သာ တင်ပို့နိုင် တာတွေ့ရပါတယ်။ ၂၀၁၁-၁၂ လက်ရှိ ဘဏ္ဍာနှစ် စက်တင်ဘာလ ၁၀ ရက် အထိ ပဲလွန်းဖြူတင်ပို့မှု တန်ချိန် ၁၄၄၀၀ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅၀၀၀ ခန့်ထက် အနည်းငယ်လျော့ကျတာ တွေ့ရပါတယ်။                       ရန်ကုန် FOB ဈေးကွက်မှာ စက်တင်ဘာလ ၈ ရက်မှ ၁၅ ရက် အထိ အရောင်းအဝယ်ဖြစ်မှုကလည်း တန်ချိန် ၁၃၇ သာရှိပြီး စက်တင်ဘာလ ၁ ရက်မှ ၁၃ ရက်အထိ စုစုပေါင်း တန် ချိန် ၂၀၀ သာ အရောင်းအဝယ်ရှိတယ် လို့သိရပါ တယ်။ ပြည်တွင်းလက်ကျန် နည်းလာပြီဖြစ်လို့ အရောင်းအဝယ် ဖြစ်မှုနည်းသလို တင်ပို့မှုလည်း လျော့ ကျလာတာဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲခြင်းမရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၄၀-၈၆၀၊ SQ တစ်တန် ကန်ဒေါ်လာ ၉၅၀-၉၇၀ နဲ့ ငြိမ်နေကြောင်း သိရပါတယ်။ MIRT- MAPT

Friday, 23 Sep 2011

 ကုန်သည်လက်ပြောင်း နဲ့ အဝယ်အရောင်းနွှေးတဲ့ ပဲစင်းငုံ                   မုံရွာကုန်စည်ဒိုင်ရဲ့ စက်တင်ဘာလဝက် ပဲစင်းငုံနီဈေးကွက်အနေနဲ့ ပြီးခဲ့တဲ့ လကထက် ဈေးအနည်းငယ် မြင့်လာပြီး၊ ကုန်သည်အချင်းချင်းလက်ပြောင်းကာ အေးနေတဲ့ အဝယ်အရောင်းကို နွှေးနေခဲ့ကြကြောင်း ကုန်သည် ရပ်ကွက်ကဆိုပါ တယ်။ ဒေသခံ ကုန်သည်တချို့ကတော့ ယုံကြည်ရသူအချင်းချင်း ပစ္စည်းအပ်ဖို့မလို စာရွက်ကိုသာ ဝယ်ခဲ့ကြပြီး၊ တစ်နေ့တင်း ၁၀၀၀ ကျော် အရောင်းအဝယ်ဖြစ်နေ တယ်လို့ ဆိုပါတယ်။ မုံရွာကုန်စည်ဒိုင် ဈေးကွက်မှာ ယခုလ ၁၅ ရက်ပတ်အတွင်း ပဲစင်းငုံနီတစ်တင်း အနိမ့်ဆုံး ၁၂၇၀၀ ကျပ်ကနေ အမြင့်ဆုံး ၁၃၄၀၀ ကျပ်အထိ တဖြည်းဖြည်းဈေးရလာခဲ့တာ တွေ့ရပါတယ်။ မန္တလေး၊ ရန်ကုန်ဝယ်လက် အနည်းငယ်သာဆွဲလျက်ရှိလို့ ယခုလ လဝက်အတွင်း တင်း ၃၀၀၀ ခန့်သာ မုံရွာ ဈေးကွက်က စီးထွက်ခဲ့တယ်လို့ သိရပါတယ်။ ထွန်းလှိုင်

Friday, 23 Sep 2011

ပဲစင်းငုံ FOB အရောင်းအဝယ် ပုံမှန်သာရှိ                      ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ စက်တင်ဘာလ ၂ ရက်မှ ၈ ရက်အတွင်း ပဲစင်းငုံတန်ချိန် ၇၅၀၀ ကျော်အရောင်း အဝယ် ဖြစ်ခဲ့ပြီး ယခုတစ်ပတ်စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အတွင်းမှာလည်း တန်ချိန် ၆၃၀၀ ကျော်သာ ပုံမှန်အရောင်းအဝယ်ရှိခဲ့ပါတယ်။ သင်္ဘောတင် ကွန်တိန်နာ ငှားရမ်းခ ဈေးကြီးမြင့်ပေမဲ့ အိန္ဒိယဝယ်လက်တွေ ပဲစင်းငုံကို အဝယ်ရှိနေတယ်လို့ သိရပါတယ်။                          ပို့ကုန်ဝင်ငွေ တစ်ယူနစ်တန်ဖိုး မြင့်တက်လာလို့ အခြား FOB ဈေးများမြင့် လာပေမဲ့ ပဲစင်းငုံဈေးကတော့ ငြိမ်နေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ စက်တင်ဘာလ ၁၆ ရက်မှာလည်း ယခင်တစ်ပတ် ဈေးအတိုင်း ပဲစင်းငုံနီ တစ်တန် ကန်ဒေါ်လာ ၆၀၀-၆၂၀၊ ဖြူနီ တစ်တန် ကန်ဒေါ်လာ ၄၈၀-၅၀၀ နဲ့ ငုံနီ (အဟောင်း) တစ်တန် ကန်ဒေါ်လာ ၅၉၀-၆၁၀ ရှိကြောင်း သိရပါတယ်။         MIRT- MAPT 

Friday, 23 Sep 2011

ပဲစင်းငုံ တင်ပို့မှု သိသိသာသာမြင့်တက်                     ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ အပတ်စဉ် တန်ချိန် ၃၀၀၀ ကျော်၊ ၄၀၀၀ ခန့်သာ မှန်မှန်တင်ပို့ခဲ့ရာမှ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်ထိ တစ်ပတ်အတွင်းမှာတော့ တန်ချိန် ၁၀၅၀၀ ခန့်အထိ သိသိသာသာ မြင့်တက် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ လက်ရှိ ၂၀၁၁-၁၂ ဘဏ္ဍာနှစ် စက်တင်ဘာ ၁၀ ရက် အထိ ပဲစင်းငုံတင်ပို့ပြီးစီးမှု တန်ချိန် တစ်သိန်းနီးပါးရှိပြီး ယခင် ၂၀၁၀-၁၁ ဘဏ္ဍာနှစ် ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ငါးသောင်းကျော်ထက် ထက်ဝက်ပိုတင်ပို့ လာနိုင်တာ တွေ့ရပါတယ်။                       ပြည်ပအဝယ်ရှိတဲ့ ကာလဖြစ်လို့ လာမယ့်သီတင်းပတ်မှာလည်း တင်ပို့မှု ပုံမှန် ရှိမယ်လို့ ခန့်မှန်းကြပါတယ်။  MIRT- MAPT

Friday, 23 Sep 2011

ပြည်မတ်ပဲဈေးအေးသလို အရောင်းအဝယ်လည်းအေး                     ပြည်ပဲဈေးကွက်မှာ မတ်ပဲဈေးမှာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ရင် ဈေးသိပ် မကွာလှတာ ကို တွေ့ရပါ တယ်။ ပြည်ပွဲရုံများသို့ ပဲအဝင်ပါးနေပြီး၊ လက်ကျန်ပဲ များကိုသာ ကုန်သည်များက ထုတ်ရောင်းကြတယ်လို့ သိရပါတယ်။ တစ်နေ့ကို အိတ် ၃၀၀-၄၀၀ ခန့် ရန်ကုန်ဝယ်လက်အဝယ်ရှိတယ်လို့ သိရပါတယ်။ ယခုရက် အတွင်းမှာ ရန်ကုန် တင်ပို့မှုလည်း နည်းနေပြီး ဘုရင့်နောင်သို့ တစ်နေ့ကို အိတ် ၈၅၀ ခန့်သာ တင်ပို့မှုရှိတယ်လို့ သိရပါတယ်။ မိမိအေး

Pages