Main menu

Background

Sunday, 19 Jun 2011

မူဆယ်မှ ပဲယင်းအပို့ရှိနေ               ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန် သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၃၄ သန်း တန်ဖိုးရှိ ပဲယင်းတန် ၂၂ဝ ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်က တင်ပို့မှုထက် ၁၄၅ တန်လျော့နည်း တင်ပို့ခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေးပြောင်းလဲမှုမရှိသော်လည်း မိမိတို့ဘက် မြေပြင်ဈေးမှာ ကျလျက်ရှိနေပါတယ်။ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                    မိမိဘက်(ကျပ်/တန်)              တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                  ယခု           ယခင်      ပြောင်းလဲမှု   %      ယခု     ယခင်   ပြောင်းလဲမှု    %ပဲယင်း     ၃၂၉၁၆၈     ၃၄ဝ၃ဝ၉     ၁၈၈၅၉       ၆      ၆၁၇    ၆၁၇             -            -MIRT (DOBT)

Sunday, 19 Jun 2011

ရောင်းလိုအားများလို့ ဈေးလျော့အဝယ်ရှိလာတဲ့ ပြည်ပဲကြီး                     ယခုတစ်ပတ်ပြည်ပဲကြီးဈေးကွက်တွင် အခြားတိုင်းမှဝင်ရောက်မှုမရှိဘဲ ဒေသတွင်းမှအနည်းငယ်သာဝင် ရောက်မှုရှိခဲ့ပါတယ်။ ယခင်အပတ်က ပဲကြီး (ရွှေကျွန်း) တစ်တင်း ၁၇ဝဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅၅ဝဝ ကျပ်ဈေးဖြင့် ဈေးမြင့်လာခဲ့ပြီးယခုတစ်ပတ်အတွင်း တောင်သူတွေမှအပ်ပဲများ ထုတ်ရောင်း လာကြတာကြောင့် ဝယ်လက်များမှ ပဲကြီး(ရွှေကျွန်း)တစ်တင်း ၁၆၅ဝဝ ကျပ်၊ ပဲကြီး(ကမ်းနား)တစ်တင်း ၁၅ဝဝဝ ကျပ်ဖြင့် ယခင်အပတ် ထက်တစ်တင်း ၅ဝဝ ကျပ်ဈေးလျော့အဝယ်ရှိခဲ့တာကိုတွေ့ရပါတယ်။ ပဲကြော်ဖိုသမားရော လိုင်း သမားများပါ အဝယ်ရှိတဲ့အတွက် တစ်ရက်အိတ် ၂၅ဝ မှ ၃ဝဝ အထိအရောင်း အဝယ်ဖြစ်ကြောင်းသိရပါတယ်။ ခင်ဆွေဝင်း

Sunday, 19 Jun 2011

မူဆယ်မှပဲကြီး ပုံမှန်အပို့ရှိနေ                 ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်းမူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၁ဝ၄ သန်း တန်ဖိုးရှိ ပဲကြီ်း ၁၂၃ တန်ခန့်တင်ပို့မှုရှိခဲ့ပါတယ်။ယခင် အပတ်ကထက် ၂၆ တန်ခန့် တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ ဇွန်လအတွင်း ပဲကြီး တင်ပို့မှုမှာ ၂၇၂ တန်ရှိပြီးဖြစ်သော်လည်း မေလအတွင်းမှာ နယ်စပ်မှ ပဲအပို့မရှိခဲ့ပါဘူး။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်စမှ ဇွန်လဒုတိယပတ်ထိ မူဆယ် နယ်စပ်မှ ပဲကြီးတင်ပို့မှုမှာ ၁၁၇၄ တန်ရှိနေပြီဖြစ်ပါတယ်။ MIRT (DOBT)

Sunday, 19 Jun 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင်ပုံမှန်ရှိနေ                     ယခုသီတင်းပတ် (ဇွန်လ ၉ ရက်မှ ၁၄ ရက်) အတွင်းမှာ ပင်လယ်ရေကြောင်း က ထောပတ်ပဲ တန် ၆ဝဝ နီးပါးနဲ့ မြေထောက်ပဲ တန် ၃ဝဝ နီပါးတင်ပို့မှုရှိလို့ ယခင်သီတင်းပတ်ထက် ပိုမိုတင်ပို့နိုင်တာ တွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ ထိုင်း၊ ဖိလစ်ပိုင်၊ တရုတ်နဲ့ ဂျပန်တို့ဖြစ်ပါတယ်။ ဇွန်လ ၁ဝ ရက်နေ့အထိ လက်ရှိ ဘဏ္ဍာနှစ်အတွင်း တင်ပို့ပြီးစီးမှုအနေနဲ့ ထောပတ်ပဲတန် ၇ဝဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝဝ ကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက ထောပတ်ပဲတန် ၆၃ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၂ဝဝဝ ကျော် တင်ပို့မှုရှိခဲ့လို့ ယခုနှစ် ကာလတူမှာ ပိုမိုတင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ်တွေမှာလည်း တင်ပို့မှုအားကောင်းဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။MIRT- MAPT

Sunday, 19 Jun 2011

ယခုသီတင်းပတ် မြေထောက်ပဲကို ပြည်ပအဝယ်ပိုများ                  ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ထောပတ် ပဲကို ပုံမှန်အဝယ်ရှိပြီး မြေထောက်ပဲကို ပြည်ပအဝယ်ပိုများလာတယ်လို့ သိရပါတယ်။ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှု အနေနဲ့ ယခင်သီတင်းပတ်က ထောပတ်ပဲ တန် ၇၈ဝ ကျော်နဲ့ မြေထောက်ပဲ တန် ၆၄ဝ ဖြစ်ခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်)အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၈ဝဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                    ရန်ကုန် FOB ဈေးနှုန်းအနေနဲ့ မြေထောက်ပဲဈေးမှာ ယခင်သီတင်းပတ် အတိုင်း ပြောင်းလဲမှုမရှိဘဲ ဇွန်လ ၁၇ ရက်မှာလည်း တစ်တန် ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ ရှိပြီး ထောပတ်ပဲမှာ ယခင်သီတင်းပတ်ထက် အနည်းငယ်လျော့ကျပြီး တစ်တန်ကန်ဒေါ်လာ ၇၅ဝ-၇၈ဝ ဈေးဖြစ်ခဲ့တယ်လို့ သိရပါတယ်။   MIRT- MAPT

Sunday, 19 Jun 2011

ဈေးအနည်းငယ်လှုပ်တဲ့ မုံရွာကုလားပဲဖြူလုံးကြီး V2                  မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခုနှစ်ဇွန်လ ၁၅ ရက်အတွင်းကုလားပဲဖြူလုံးကြီးV2  တစ်ပိဿာအနိမ့်၊အမြင့်ဈေးမှာ ၈၃၂ ကျပ်၊ ၉၂၈ ကျပ်။ ယခင်နှစ်ကာလတူ ပေါက်ဈေးမှာ ၁ဝ၄၂ ကျပ်၊ ၁ဝ၇၉ ကျပ်ဈေးအသီးသီးနဲ့ရောင်း ဝယ်ခဲ့ကြပါတယ်။ ဇွန်လ ၁၃၊ ၁၄ ရက်နေ့မှာ V2 တစ်ပိဿာ ၈၃၂ ကျပ် မှ ၁၅ ရက်နေ့မှာ ၈၆၈ ကျပ်သို့ ဈေးလှုပ်ခဲ့ရာတစ်ပိဿာအပေါ် ၃၆ ကျပ်၊ တစ်တင်းအပေါ် ၇ဝဝ ကျပ်ဈေးတက်ခဲ့ကြောင်းသိရှိရပါတယ်။ပဲမျိုးစုံသီး နံှများရဲ့ဈေးအတက်အကျ ဖြစ်ရခြင်းမှာ Earning ဈေးနဲ့ Export ဝယ်လက်အပေါ်မူတည်ပါကြောင်း ကုန်သည်တစ်ဦး မှပြောပြလို့သိရှိရပါတယ်။ ယခုအပတ်အတွင်း မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲဖြူလုံးကြီး V2တင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ ယခုလအတွင်းစစ်ကိုင်းတိုင်းဒေသကြီးမှ ကုလားပဲဖြူလုံးကြီး V2 ရန်ကုန် သို့တင်း ၁၄ဝဝ ကျော်၊ မန္တလေးသို့တင်း ၃၁ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရှိရပါတယ်။ သန်းသန်းတင် 

Sunday, 19 Jun 2011

ရန်ကုန် FOB ဈေးကွက် ကုလားပဲအရောင်းအဝယ်အသင့်အတင့်ဖြစ်                ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင် FOB  ဈေးကွက်အတွင်း ကုလားပဲဖြူလုံးကြီးကို ပြည်ပအဝယ် အသင့်အတင့်ရှိတယ်လို့ သိရပါတယ်။ ဇွန်လ ၁ဝ ရက်မှ ၁၇ ရက်အထိ FOB အရောင်းအဝယ် ဖြစ်မှုအနေနဲ့ တန်ချိန် ၁၅ဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိနေပေမဲ့ ပို့ကုန်ဝင်ငွေ တစ်ယူနစ် တန်ဖိုး အပြောင်းအလဲကြောင့် ရန်ကုန် FOB  ကုလားပဲဖြူလုံးဈေး (FAQ) ဈေးဟာ ယခင်သီတင်းပတ်က ကန်ဒေါ်လာ ၈၃ဝ-၈၅ဝ ရှိရာမှ ဇွန်လ ၁၇ ရက်နေ့မှာ ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ ကို လျော့ကျတယ်လို့ သိရပါတယ်။  MIRT- MAPT 

Sunday, 19 Jun 2011

ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန် ၂၃ဝဝ ကျော်လာ               ယခင်သီတင်းပတ်က ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန် ၁၄ဝဝ ခန့်ကို လျော့ကျခဲ့ရာမှ ယခုသီတင်းပတ် (ဇွန်လ ၉-၁၄ရက်) အတွင်းမှာတော့ တန် ၂၃ဝဝ ကျော်ကို ပြန်တိုးတက်လာတာတွေ့ရပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ အိန္ဒိယ၊ ပါကစ္စတန်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ လက်ရှိဘဏ္ဍာနှစ် ဇွန်လ ၁ဝ ရက်နေ့အထိ ကုလားပဲဖြူလုံးကြီး သင်္ဘောတင်ပို့မှု တန်ချိန် ၂၄ဝဝဝ ခန့်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူက တန် ၅ဝဝ ခန့်သာ တင်ပို့နိုင်တာတွေ့ရပါတယ်။ လာမယ့်သီတင်းပတ် များမှာလည်း တင်ပို့မှု ဆက်လက်အားကောင်းဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ MIRT- MAPT 

Sunday, 19 Jun 2011

အရောင်းအဝယ်အသွက်ဆုံး စစ်ကိုင်းမိုးကြိုပဲတီစိမ်း                 ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်ရှိ မြို့နယ်များမှ မိုးကြို ပဲတီစိမ်းများ မုံရွာကုန်စည်ဒိုင်သို့ လှိုင်လှိုင်ဝင်ရောက် လျက်ရှိပါတယ်။ တရုတ်ဝယ်လက်အဆွဲရှိလို့ မုံရွာကုန်စည်ဒိုင် မှာ အရောင်းအဝယ်အသွက်ဆုံးသီးနံှမှာ ပဲတီစိမ်းကြီးသီးနံှ ဖြစ်ပြီး တစ်ရက်ကို ပဲတီစိမ်းကြီးအိတ် ၁ဝဝဝ ကျော် အရောင်း အဝယ် ဖြစ်တယ်လို့ သိရပါတယ်။ ယခုလအတွင်း ပဲတီစိမ်းကြီး တစ်ပိဿာအနိမ့်အမြင့် ပေါက်ဈေး ၁၃၁၆ ကျပ်-၁၅၂၆ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းမှ မန္တလေးသို့ ဇွန်လ ၁၅ ရက်အတွင်း ပဲတီစိမ်းကြီး တင်း ၁၅ဝဝ ကျော်စီးထွက်ခဲ့ကြောင်း သိရပါတယ်။   သန်းသန်းတင် 

Sunday, 19 Jun 2011

ယခုအပတ် ပဲတီစိမ်း တန် ၆၇ဝဝ ကျော်နယ်စပ်မှပို                  ဇွန်လ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်နယ်စပ်မှ ကန်ဒေါ်လာ ၇ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်း ၆၇၅ဝ တန် ကျော် တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၆၂ဝ ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဘက်နိုင်ငံဈေး ပြောင်းလဲမှု မရှိသော်လည်း မိမိဘက်မြေပြင်ဈေးမှာ ကျပ် တစ်သိန်းကျော် လျော့ကျလျက်ရှိတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်-                              မိမိဘက်(ကျပ်/တန်)                                တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                   ယခု             ယခင်       ပြောင်းလဲမှု    %       ယခု       ယခင်   ပြောင်းလဲမှု         %ပဲတီစိမ်း     ၈၇၈၄၇၃     ၉၉၂၁၉၇      ၁၁၃၇၂၄     ၁၃     ၁၂၇၂     ၁၂၇၃          ၁             ဝ .ဝ၈MIRT (DOBT)

Pages