Main menu

Background

Tuesday, 31 May 2011

ပဲလွန်းဖြူ၊ နီ ပုံမှန်အတိုင်း သင်္ဘောတင်ပို့                 ပင်လယ်ရေကြောင်းက ပဲလွန်းဖြူ၊ နီ သင်္ဘောတင်ပို့မှုကတော့ ပုံမှန်တင်ပို့မှု ပမာဏအတိုင်း ယခုသီတင်းပတ် (မေလ ၁၉-၂၅) ရက်အတွင်းမှာလည်း ပဲလွန်း ဖြူ တန် ၉၅ဝ ကျော်နဲ့ ပဲလွန်းနီ တန် ၁၂ဝ၊စုစုပေါင်း တန် ၁ဝဝဝ ကျော် ရှိတာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေ ကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ရုရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီး (ဘုရင့်နောင်) ကုန်စည်ဒိုင်မှာ ပြည်ပအဝယ် စာချုပ်ချုပ်ဆိုမှုအနေနဲ့ မေလ ၂၃ ရက်မှ ၂၇ ရက်အတွင်း တန်ချိန် ၄ဝဝ ကျော်ရှိပြီး မေလ ၂ ရက်မှ ၂၇ ရက် အထိ တန်ချိန် ၁၇ဝဝ ခန့် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြည်ပဝယ်လက်ပုံမှန်နီးပါးရှိနေတဲ့ ပဲမို့ ၤFOB ဈေးမှာလည်း အပြောင်းအလဲ မရှိဘဲ FAQ တစ်တန် ကန်ဒေါ်လာ ၈၂ဝ-၈၄ဝ၊ SQ တစ်တန် ကန်ဒေါ်လာ ၉၈ဝ-၁ဝဝဝ ဖြစ်ကြောင်း သိရပါတယ်။    MIRT - MAPT

Tuesday, 31 May 2011

ယခုတစ်ပတ်ပဲစင်းငုံကို ပြည်ပဝယ်ယူမှု တန် ၄၅ဝဝ ထိတက်လာ                  ယခုတစ်ပတ် (မေလ ၂၃ ရက်မှ ၂၇ ရက်)အတွင်း ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင် FOB ဈေးကွက်မှာ ပဲစင်းငုံတန် ၄၅ဝဝ ခန့်ကို ပြည်ပဝယ်ယူမှုရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂ ရက်မှ ၂၇ ရက်အထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှုကတော့ တန်ချိန် ၂၃ဝဝဝ ခန့်ရှိခဲ့တယ်လို့ သိရပါတယ်။                  အိန္ဒိယဝယ်လက်အချို့ အဝယ်ရှိပေမဲ့ အိန္ဒိယဈေးကွက်အတွင်း ဈေးကျ နေတာကြောင့် ဈေးလျှော့ ဝယ်လာတဲ့အတွက် ပြည်တွင်းလှောင်လက်များ အနေနဲ့ ထုတ်ရောင်းမှုနည်းတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဈေးလျော့တဲ့ ပဲစင်းငုံ ဖြူနီကို တော့ အဝယ်ပိုများတယ်လို့ သိရပါတယ်။ လျော့ကျလာတဲ့ ရန်ကုန် FOB ဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                              ဒေါ်လာ/တန်                  ပဲစင်းငုံနီ(FAQ)     ပဲစင်းငုံဖြူနီ၊ အဖြူ(FAQ)၂၇-၅-၁၁     ၆၆ဝ-၆၈ဝ                   ၅၆ဝ-၅၈ဝ၂ဝ-၅-၁၁      ၆၉ဝ-၇၁ဝ                  ၅၉ဝ-၆၁ဝMIRT(MAPT)

Tuesday, 31 May 2011

   ပဲစင်း ငုံတင်ပို့မှုတန် တစ်သောင်းနီးပါးရှိလာ                ပင်လယ်ရေကြောင်းက ပဲစင်းငုံတင်ပို့မှုဟာ ယခင်သီတင်းပတ်များက အပတ်စဉ် တန်ချိန် ၃ဝဝဝ ဝန်းကျင် သာရှိခဲ့ရာမှ ယခုသီတင်းပတ် (မေလ ၁၉-၂၅) အတွင်းမှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ တင်ပို့ တဲ့ နိုင်ငံတွေကတော့ အိန္ဒိယကို ပမာဏအများဆုံးဖြစ်ပြီး စင်ကာပူနဲ့ ထိုင်းနိုင်ငံကို တော့ အနည်းငယ်တင်ပို့မှုရှိတာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံတင်ပို့မှု လျော့နည်းတယ် ဆိုပေမဲ့ ယခင်နှစ် ကာလတူထက် ပိုမိုတင်ပို့နိုင်တယ်လို့ သိရပါတယ်။                                                              MIRT - MAPT

Tuesday, 31 May 2011

နယ်စပ်မှ ယခုအပတ် မတ်ပဲ တင်ပို့မှုလျော့               မေလ ၁၈ ရက်မှ ၂၄ ရက်ထိကာလအတွင်း မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ဝ၁၅ သန်းတန်ဖိုးရှိ မတ်ပဲ ၁၅ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ၂၉ တန် တင်ပို့ခဲ့ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြပေးလိုက်ရပါတယ်                                       မိမိဘက်(ကျပ်/တန်)                 တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                 ယခု             ယခင်        ပြောင်းလဲမှု  %     ယခု      ယခင်   ပြောင်းလဲမှု     % မတ်ပဲ     ၅၂၃၆၆၃      ၅၆၁၄၁၂      ၃၇၇၄၉       ၇      ၉၇ဝ      ၉၉၁         ၂၁           ၂MIRT (DOBT)

Tuesday, 31 May 2011

ပြည်ပဝယ်လိုအားကောင်းပေမဲ့ အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ဝယ်                  ရန်ကုန်တိုင်းဒေသကြီး ကုန်စည်ဒိုင် (ဘုရင့်နောင်) FOB ဈေးကွက်မှာ ယခု တစ်ပတ် မေလ ၂၃ ရက်မှ ၂၇ ရက်ထိ ပြည်ပဝယ်လက်များနဲ့ အရောင်းအဝယ် စာချုပ်ပြီးစီးမှုဟာ မတ်ပဲ SQ ၊ FAQ ၊ အခွံချွတ် ပဲအားလုံးစုစုပေါင်း တန်ချိန် ၁၂ဝဝဝ ခန့်ထိ ရှိတာတွေ့ရပါတယ်။ မေလ၂ ရက်မှ၂၇ ရက်ထိ စုစုပေါင်း အရောင်း အဝယ်ဖြစ်မှုမှာ တန်ချိန် ၈၅ဝဝဝ ကျော်ထိရှိတာတွေ့ရပါတယ်။             ယခုသီတင်းပတ်များမှာ မတ်ပဲကို ပြည်ပဝယ်လိုအားကောင်းနေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ တောင်သူများနဲ့ လှောင်လက်ကုန်သည်များ ရောင်းအားများ တဲ့အပြင် မိုးမိပဲအချို့ရောနှောပါဝင်မှုကြောင့် အရည်အသွေးနိမ့်ပဲများကို ဈေးလျှော့ ပေးဝယ်လာတယ်လို့ သိရပါတယ်။ အရည်အသွေးကောင်း ပဲလက်ကျန်မှာလည်း အသင့်အတင့်သာရှိတော့တယ်လို့ ဝါရင့်ကုန်သည်တစ်ဦးက ဆိုပါတယ်။ ပြောင်းလဲ လာတဲ့ ရန်ကုန် FOB ဈေးများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်                                                                  ဒေါ်လာ/တန်                             မတ်ပဲ(FAQ)                   မတ်ပဲ(SQ) ၂၇-၅-၁၁               ၇၉ဝ-၈၁ဝ                     ၉၃ဝ-၉၅ဝ ၂ဝ-၅-၁၁               ၈၂ဝ-၈၄ဝ                     ၉၆ဝ-၉၈ဝ MIRT(MAPT)

Tuesday, 31 May 2011

မတ်ပဲသင်္ဘောတင်ပို့မှု ပြန်လည်အားကောင်း               ယခုသီတင်းပတ် (မေလ ၁၉ ရက်မှ ၂၅ ရက်)အတွင်း မတ်ပဲသင်္ဘော တင်ပို့ ကတော့ စံချိန် တင်လောက်အောင် တိုးတက်လာခဲ့ပါတယ်။ ယခင်သီတင်းပတ် တွေက အများဆုံးတန် ၁၇ဝဝဝ ခန့်ထိတင်ပို့မှု ရှိခဲ့ရာမှ ယခုသီတင်းပတ်မှာ တန်ချိန် ၂၄ဝဝဝ ကျော်အထိ တိုးတက်လာပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အိန္ဒိယ၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်နဲ့ ယူအေအီးတို့ဖြစ်ပါတယ်။ ယခုနှစ်လက်ရှိ အချိန်ထိ ပဲမျိုးစုံတင်ပို့မှုမှာ မတ်ပဲက အားအကောင်းဆုံးဖြစ်ပြီး လာမယ့်သီတင်းပတ် တွေမှာလည်း တင်ပို့မှု မြင့်တက်ဖွယ်ရှိတယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ MIRT - MAPT 

Thursday, 26 May 2011

ဧပြီနောက်ဆုံးပတ် မန်ကျည်းပို့အားကောင်း             ဧပြီနောက်ဆုံးပတ်မှာ မန်ကျည်းတန်ချိန် ၆ဝ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံတွေမှာ အင်ဒိုနီးရှားနိုင်ငံ ကို ၂၄၇ တန်၊ မလေးရှားကို ၁ဝ၂ တန်၊ စင်ကာပူနိုင်ငံကို ၁၃၂ တန်နဲ့ အာရပ် စော်ဘွားများ ပြည်ထောင်စုနိုင်ငံကို တန်ချိန် ၁၂ဝ အသီးသီးတင်ပို့ခဲ့ပါတယ်။ ဧပြီလ ဒုတိယပတ်အတွင်း ၉၆ တန်သာ တင်ပို့နိုင်ခဲ့တဲ့ မန်ကျည်းက ဒီတစ်ပတ် မှာတော့ အပို့သာခဲ့တယ်လို့ ဆိုရပါမယ်။ ဧပြီလအတွင်း မန်ကျည်းတင်ပို့မှုမှာ တန်ချိန် ၈၉ဝ ကျော်ရှိခဲ့ပြီး မတ်လအတွင်း တင်ပို့မှုက တန်ချိန် ၁၇ဝဝ နီးပါးရှိခဲ့ တဲ့အတွက် မတ်လထက် အပို့လျော့နည်း ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၃၉ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ နှစ်သိန်း သုံးသောင်းကျော်ရရှိခဲ့ပါတယ်။                                                                 MIRT (DOT) 

Thursday, 26 May 2011

ရှမ်းနနွင်းဈေး ခပ်အေးအေး                   ဒီတစ်ပတ် နနွင်းဈေးက ခပ်အေးအေးပါပဲ။ နနွင်းပြန်စိုက်ဖို့အတွက် တောင်သူတွေလည်း ပြင်ဆင်နေကြ ပါပြီ။ ဒီနှစ်အထွက်နှုန်းက မနှစ်ကလောက်ပစ္စည်းမများသလို အရောင်းလည်းမသွက်ဘူးလို့ သိရပါတယ်။ လှောင်လက်တွေရဲ့ လက်ထဲမှာ သာရှိပြီး ဈေးကွက်ထဲကို တဖြည်းဖြည်းနဲ့ အဝင်နည်းလာတယ်လို့လည်း သိရပါတယ်။ လှောင်လက်တွေကလည်း ကြိုက်ဈေး မရရင် မထုတ်သေးဘဲ လှောင်ထားကြဦးမှာဖြစ်ပါတယ်။ ပင်လောင်းနနွင်း တွေကလည်း အောင်ပန်းဈေးကွက်ကို သိပ်မလာတော့ပဲ လိန်းလီကတစ်ဆင့် အောက်ဖက်ကို ဆင်းနေတယ် လို့လည်း သိရပါတယ်။ ဒီနှစ်က ပြည်ပဝယ်လိုအားနည်းပြီး ပြည်တွင်းသုံးအတွက်သာ ဝယ်ယူနေတာကြောင့် မနှစ်ကလောက်အရောင်းမသွက်ပါဘူး။ မူဆယ်ဝယ်လက်တွေကတော့ ငွေဈေးကျနေတာကြောင့် အဝယ်ရပ်သွား တယ်လို့ သိရပါတယ်။              ဒီတစ်ပတ်နနွင်းဈေးက အောင်ပန်းဈေးကွက်မှာ လက်ကျန် ဆင်တောင်နနွင်းက တစ်ပိဿာ ၃၅ဝဝ ကျပ်ဈေးရှိပြီး၊ ကျန်နနွင်းတွေကတော့ ၂၁ဝဝ ကျပ်မှ ၂၃ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးနနွင်းကတော့ တစ်ပိဿာ ၂၃၅ဝ ကျပ် ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာလည်း နနွင်းဈေးက တစ်ပိဿာ ၂၃၅ဝ ကျပ်ဈေးရှိတယ်လို့ နနွင်းပွဲရုံတွေက သိရပါတယ်။              ဧဧခိုင် 

Thursday, 26 May 2011

နနွင်းတက် ပုံမှန်ပို့နေရ                  ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ကန်ဒေါ်လာ ဝ ဒဿမ ၁၇၉ သန်းတန်ဖိုးရှိ နနွင်းတက် ၉၂ တန် တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၆ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု မသိမသာပိုမိုတာတွေ့ရပါတယ်။ ဒီတပတ်မှာလည်း စစ်တွေစခန်းက တင်ပို့ခြင်းမရှိပါဘူး။    MIRT (DOBT ) 

Thursday, 26 May 2011

ဧပြီလအတွင်း နနွင်း ၁၆၆ တန်တင်ပို့နိုင်ခဲ့               ဧပြီလနောက်ဆုံးပတ်မှာတော့ နနွင်းတန်ချိန် ၇၇ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံမှာ မလေးရှားကို ၇၅ တန်နဲ့ သြစတြေးလျနိုင်ငံကို ၂ တန်ဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တဲ့ အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် ရရှိခဲ့ပါတယ်။ ဧပြီလ နနွင်းတင်ပို့မှု စုစုပေါင်းမှာ ၁၆၆ တန်ရှိခဲ့ပြီး မတ်လရဲ့ နနွင်းတင်ပို့မှု စုစုပေါင်းမှာ ၂၃၄ တန်ကျော်ရှိခဲ့တဲ့အတွက် မတ်လထက် တင်ပို့မှု လျော့နည်းခဲ့တယ်လို့ ဆိုရပါမယ်။             MIRT (DOT) 

Pages