Background
မတ်ပဲလည်း နယ်စပ်က အနည်းအကျဉ်းပို့ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ ဝ ဒသမ ဝ၁၆ သန်းတန်ဖိုးရှိ မတ်ပဲ ၁၈ တန်ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ်အနေနဲ့ စတင် တင်ပို့လိုက်ပြီဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာတော့ မတ်ပဲ ၈၆၂၂ တန် တင်ပို့ခဲ့ပါတယ်။ မိမိဖက်မှာ မတ်ပဲတစ်တန်ကို ၇၃၅၂၄ဝ ကျပ်ဈေးရပြီး တစ်ဖက်နိုင်ငံဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)
ထောပတ်ပဲ နယ်စပ်အပို့ဆက်ရှိနေ ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ထောပတ်ပဲ ၂၇၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၄၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၄ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆနီးပါးမြင့်တက်လာတာတွေ့ရပါတယ်။ MIRT (DOBT )
နယ်စပ်အပို့လည်း တဖြည်းဖြည်းတက်လာ ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ပဲယင်း ၄၅၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၂၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝဝ နီးပါးတင်ပို့ခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု ပိုမိုတိုးတက်လာတာတွေ့ရှိရပါတယ်။ မိမိဘက်ပေါက်ဈေးက တစ်တန် ၄၂၅၅ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံဈေးနှုန်း ၅၅၈ ဒေါ်လာဖြစ်ကြောင်း သိရှိရပါတယ်။ MIRT (DOBT )
ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေဆဲ ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲများကတော့ အပတ်စဉ် တင်ပို့မှု အားကောင်း နေပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ ထောပတ်ပဲ တန် ၅ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများအနေနဲ့ ထောပတ်ပဲကို တောင်ကိုရီးယားနဲ့ ဂျပန်ကို အများဆုံးဖြစ်ပြီး မြေထောက်ပဲကိုတော့ ရုရှား၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူတို့ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလ တစ်လလုံးတင်ပို့မှုအနေနဲ့ ထောပတ်ပဲတန် ၂၃ဝဝ ကျော်၊ မြေထောက်ပဲတန် ၁ဝဝဝ နီးပါး ရှိပြီး မတ်လမှာ ထောပတ်ပဲတန် ၈ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၉ဝဝ ခန့်ရှိခဲ့ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ထောပတ်ပဲ တန် ၂၇ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၁၄ဝဝ ကျော်ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။ MIRT- MAPT
အဝယ်သွက်လာတာကြောင့် အိန္ဒိယ ကုလားပဲဈေးမြင့်တက် လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်း ကုလားပဲလက်ငင်းနဲ့ ကြိုပွိုင့်ဈေးများကျဆင်း နေခဲ့ရာမှ အဝယ်ပြန်သွက်လာတဲ့အတွက် မေလ ၃ ရက်မှာ လက်ငင်းရော ကြိုပွိုင့် ပါ ဝ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၆၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ပဲလုံးဈေးနှုန်းမြင့်တက်ခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။ မဒ္ဒရာပရာဒေ့ရှ်ပြီးရင် ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံးပြည်နယ်ဖြစ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းမှုက အမြင့်ဆုံးကာလဖြစ်ပြီး မေလလယ်တိုင်အောင် ဆက်လက်ရိတ်သိမ်းမှုရှိတယ်လို့ သိရပါတယ်။ ပုံမှန်မိုးရွာသွန်းမယ့် အလား အလာ အရ စိုက်ဧက တိုးတက်နိုင်တဲ့ မျှော်လင့်ချက်တွေကြောင့် ကုလားပဲမှအပ ပဲစင်းငုံလို အခြားပဲရောင်းဝယ်မှု လျော့တယ်လို့ သိရပါတယ်။ လတ်တလောမှာ ဈေးကွက်အဝယ်တက်နိုင်တဲ့အတွက် ကုလားပဲ အရောင်း အဝယ် ခိုင်မာနိုင်ပြီး မေလအထိ ကာလတိုအတွင်း တစ်တန် ရူပီး ၂၂၇၅ဝ- ၂၄၅ဝဝ (ကန်ဒေါ်လာ ၅ဝ၉-၅၄၈) ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကာလလတ်အတွင်းမှာ ပဲဝင်ရောက်မှု တဖြည်းဖြည်း ကျဆင်းနိုင်တဲ့အတွက် ကုလားပဲဈေးပြန်လည်ကောင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: Angel commodities
ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာ တာကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက်လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။ MIRT- MAPT
ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက် လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။ MIRT- MAPT
ပဲတီစိမ်း တန် ၁ဝဝဝ ကျော် နယ်စပ်ကတင်ပို့ ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်၊ ကုန်သွယ်ရေးဇုန်မှ ပဲတီစိမ်း ၁၄၃၄ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၁ ဒဿမ ၅၈၁ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၄ဝဝ ကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှု တန် ၁ဝဝဝ ကျော် ပိုမိုခဲ့ပါတယ်။ သယ်ယူစရိတ်အနေနဲ့ကတော့ မန္တလေး-မူဆယ်ကားခနှုန်းထားမှာပဲတီစိမ်း တစ်ပိသာကို ၇၅ ကျပ်မှ ၇၂ ကျပ်အထိကျ ဆင်းခဲ့တာ တွေ့ရ ပါတယ်။ သယ်ယူစရိတ် အထိုက်အလျောက်သက်သာမှုရှိပြီး တစ်ဘက်နိုင်ငံဝယ်လိုအားရှိခြင်းကြောင့် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ တစ်ဘက်နိုင်ငံနဲ့ မိမိဘက်ပေါက် ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ပါတယ် မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပဲတီစိမ်း ၈၇၄၇၇၄ ၁ဝဝ၅၈၂ဝ ၁၃၁ဝ၄၆ ၁၄ ၁၁ဝ၃ ၁၂၈၆ ၁၈၃ ၁၆MIRT (DOBT)
ယခုတစ်ပတ် ပဲတီစိမ်းတန် ၇ဝဝဝ ခန့် ပြည်ပအဝယ်ရှိ ရန်ကုန် ဘုရင့်နောင်ဈေးကွက်မှာ ယခင်သီတင်းပတ်က ပြည်ပအဝယ်အေးသွားခဲ့တဲ့ ပဲတီစိမ်းကို ယခုတစ်ပတ်မှာ တန် ၇ဝဝဝ ထိ အဝယ်ပြန်တက်လာတာ တွေ့ရပါတယ်။ မိုးမိပဲတီစိမ်းများကိုရောပြီး ရောင်းချမှုကြောင့် ပဲအရည်အသွေး နိမ့်ကျသွားတဲ့အတွက် ယခင်တစ်ပတ်က အဝယ်ထိုင်းသွားခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံမှာလည်း ပဲတီစိမ်း ပဲပင်ပေါက်များမှာ ဓါတုဆေးပါဝင်မှုနဲ့ ပတ်သက်လို့ သတင်းအချို့ဖြစ်ပေါ်ခဲ့တာကြောင့် တရုတ်ကုန်သည်တွေ အဝယ်ခေတ္တရပ်ဆိုင်းသွားတာကြောင့်လို့ သိရပါတယ်။ ဒါပေမဲ့ ယခုတစ်ပတ်မှာတော့ စင်ကာပူဝယ်လက်များ အဝယ်ရှိလာတဲ့အတွက် အရောင်း အဝယ်ပြန်ဖြစ်လာခြင်း ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးနှုန်းများကတော့ ယခင်တစ်ပတ်အတိုင်း ငြိမ်နေပြီး ပဲတီစိမ်း(အညာ)နဲ့ ပခုက္ကူ တစ်တန်ကို ကန်ဒေါ်လာ ၁ဝ၅ဝ-၁ဝ၇ဝ ဖြစ်ပြီး ရွှေဝါအသေး တစ်တန် ကန်ဒေါ်လာ ၁၂၃ဝ-၁၂၅ဝ ရှိကြောင်း သိရပါတယ်။ MIRT-MAPT
ပင်လယ်ရေကြောင်း ပဲတီစိမ်းတင်ပို့မှု ပြန်တိုးတက် ပင်လယ်ရေကြောင်းက ပဲတီစိမ်းတင်ပို့မှု ယခုတစ်ပတ်မှာ ပြန်တိုးတက်လာခဲ့ပါတယ်။ သြင်္ကန်အပြီး သီတင်းပတ်မှာ ပဲတီစိမ်းတန် ၃ဝဝဝ အောက်သာ တင်ပို့ခဲ့ရာမှ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်းမှာတော့ တန်ချိန် ၅၅ဝဝ အထိ တင်ပို့နိုင်ခဲ့ပါတယ်။ ဒီတစ်ပတ်တင်ပို့တဲ့ နိုင်ငံတွေကတော့ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ၂ဝ၁၁ ဧပြီတစ်လလုံးမှာ ပဲတီစိမ်းတန် ၂ဝဝဝဝ ခန့် တင်ပို့ခဲ့ပြီး မတ်လမှာ တန်ချိန် ၃ဝဝဝ ခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ပဲတီစိမ်းတန်ချိန် ၁၃ဝဝဝ ခန့်သာ တင်ပို့မှုရှိခဲ့လို့ ယခင်နှစ် ကာလတူထက် ပိုတင်လာတာတွေ့ရပါတယ်။ MIRT- MAPT
