Main menu

Background

Thursday, 26 May 2011

ပင်လယ်ရေကြောင်းတင်ပို့မှု အပို့ကျ                 ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်ဒေါ်လာ ၁ ဒသမ ၁၇၉ သန်း တန်ဖိုးရှိ ရော်ဘာ ၂၂၇ တန်ကို စင်္ကာပူတစ်နိုင်ငံတည်း ကိုသာ တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၁ဝဝဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှုကျဆင်းခဲ့တာတွေ့ရပါတယ်။ ပင်လယ်ရေကြောင်းက တင်ပို့မှုကျဆင်းခဲ့ပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ တန် ၁၄ဝဝ ကျော်တင်ပို့နိုင် ခဲ့တာတွေ့ ရပါတယ်။ FOB  ရန်ကုနု်ဈေးတွေကတောRSS-3  တစ်တန်ကို ၄၈ဝဝ ဒေါ်လာ ၊RSS-5 တစ်တန်ကို ၄၇ဝဝ ဒေါ်လာနဲ့ MSR-20  တစ်တန်ကို ၄၈ဝဝ ဒေါ်လာဖြစ်ကြောင်းသိရပါတယ်။KZW

Thursday, 26 May 2011

ငွေကြေးဖောင်းပွမှု မြင့်တက်နေတာကြောင့် ကုန်ပစ္စည်းများသိုလှောင် စုဆောင်းထားဖို့ ဗီယက်နမ်နိုင်ငံစီစဉ်                 ဗီယက်နမ်အစိုးရဟာ ပြည်တွင်းကုမ္ပဏီများမှ ဆန်နဲ့ အခြားကုန်ပစ္စည်း ၄ မျိုးကို သိုလှောင်ဖို့ လိုအပ်ချက် တွေစီစဉ်နေတယ်လို့ သိရပါတယ်။ ထုတ်လုပ်မှုနဲ့ ကုန်သွယ်ရေးဝန်ကြီးဌာနရဲ့ တင်ပြချက်အသစ်အရ ပြည်တွင်းရောင်းချမှု ဖူလုံဖို့နဲ့ဈေးနှုန်းတည်ငြိမ်စေဖို့အတွက် ဗီယက်နမ်ကုမ္ပဏီများဟာ ဆန်၊ သကြား၊ စတီး၊ ဓါတ်မြေသြဇာနဲ့ တိရစ္ဆာန်အစာများ သိုလှောင်သွားမှာ ဖြစ်ပါတယ်။ အရေးပါတဲ့ အဲဒီကုန်စည်များ ရောင်းဝယ်နေတဲ့ ကုမ္ပဏီများဟာ ၎င်းတို့ သိုလှောင်ထားရှိမှုရဲ့ ၃ ရာခိုင်နှုန်းနဲ့ ၁၂ ရာခိုင်နှုန်းအတွင်း ချန်လှပ်ထားရမယ်လို့ ဝန်ကြီးဌာနရဲ့ မူကြမ်းမှာပါရှိကြောင်း သိရပါတယ်။ အပြန်အလှန် အားဖြင့် ယင်းကုမ္ပဏီများဟာ အတိုးနှုန်းနည်းတဲ့ ချေးငွေရရှိခွင့် ရှိမယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့အချိန်မှာ ဈေးကွက်အခြေအနေပေါ်မူတည်ပြီး သိုလှောင်ဖို့ လိုအပ်တဲ့ ကုန်သည်အရေအတွက်ကို ယင်းဝန်ကြီးဌာနက ဆုံးဖြတ် သွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ဈေးကွက်ပေါက်ဈေး ထက် ၁ဝ ရာခိုင်နှုန်း ခန့် လျော့ကျတဲ့ ဝန်ကြီးဌာနက သတ်မှတ်တဲ့ဈေးနဲ့ ယင်းသိုလှောင်ပစ္စည်း တွေကို ရောင်းချသွားရမယ်လို့လည်း သိရပါတယ်။ ဧပြီလအတွင်း ငွေကြေးဖောင်းပွမှုဟာ ယခင်နှစ်ထက် ၁၇ ဒသမ ၅၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အထူးသဖြင့် စားနပ်ရိက္ခာနဲ့ အစားအသောက်ဈေးနှုန်း ဟာ ယခင်နှစ်ထက် ၂၄ ဒသမ ၄ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လဝန်း Source: Thanh Nien

Thursday, 26 May 2011

ပဲကြီး နယ်စပ်အပို့တိုးတက်                 ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ပဲကြီး ၁၆၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ဝ ဒသမ ၁၈၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က တန် ၇ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆကျော် ပိုမိုလာတာကို တွေ့ရှိရပါတယ်။ MIRT (DOBT)

Thursday, 26 May 2011

မတ်ပဲလည်း နယ်စပ်က အနည်းအကျဉ်းပို့              ဧပြီလ ၂၇ ရက်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ ဒေါ်လာ ဝ ဒသမ ဝ၁၆ သန်းတန်ဖိုးရှိ မတ်ပဲ ၁၈ တန်ကို ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာနှစ်မှာ ပထမဆုံးအကြိမ်အနေနဲ့ စတင် တင်ပို့လိုက်ပြီဖြစ်ပါတယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာတော့ မတ်ပဲ ၈၆၂၂ တန် တင်ပို့ခဲ့ပါတယ်။ မိမိဖက်မှာ မတ်ပဲတစ်တန်ကို ၇၃၅၂၄ဝ ကျပ်ဈေးရပြီး တစ်ဖက်နိုင်ငံဈေးကတော့ ၉၉၉ ဒေါ်လာ ဖြစ်ကြောင်း သိရပါတယ်။ MIRT (DOBT)

Thursday, 26 May 2011

ထောပတ်ပဲ နယ်စပ်အပို့ဆက်ရှိနေ            ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်ကနေ ထောပတ်ပဲ ၂၇၇ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၂၄၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်ကတန် ၁၄ဝ ကျော်တင်ပို့ခဲ့တာကြောင့် တင်ပို့မှု ၂ ဆနီးပါးမြင့်တက်လာတာတွေ့ရပါတယ်။    MIRT (DOBT )

Thursday, 26 May 2011

နယ်စပ်အပို့လည်း တဖြည်းဖြည်းတက်လာ             ဧပြီလ ၂၇ ၇က်မှ မေလ ၃ ရက်ထိကာလအတွင်း မူဆယ်ကုန်သွယ်ရေး ဇုန်ကနေ ပဲယင်း ၄၅၅ တန်၊ တန်ဖိုးကန်ဒေါ်လာ ဝ ဒဿမ ၃၂၂ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က တန် ၃ဝဝ နီးပါးတင်ပို့ခဲ့တာကြောင့် ယခုအပတ် တင်ပို့မှု ပိုမိုတိုးတက်လာတာတွေ့ရှိရပါတယ်။ မိမိဘက်ပေါက်ဈေးက တစ်တန် ၄၂၅၅ဝဝ ကျပ်နဲ့ တစ်ဘက်နိုင်ငံဈေးနှုန်း ၅၅၈ ဒေါ်လာဖြစ်ကြောင်း သိရှိရပါတယ်။     MIRT (DOBT )

Thursday, 26 May 2011

ထောပတ်ပဲနဲ့ မြေထောက်ပဲ သင်္ဘောတင် အားကောင်းနေဆဲ                    ပြည်ပဝယ်လိုအားကောင်းတဲ့ ထောပတ်ပဲနဲ့ မြေထောက်ပဲများကတော့ အပတ်စဉ် တင်ပို့မှု အားကောင်း နေပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်) အတွင်းမှာ ထောပတ်ပဲ တန် ၅ဝဝ ကျော်နဲ့ မြေထောက်ပဲ တန် ၃ဝဝ ကျော် တင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများအနေနဲ့ ထောပတ်ပဲကို တောင်ကိုရီးယားနဲ့ ဂျပန်ကို အများဆုံးဖြစ်ပြီး မြေထောက်ပဲကိုတော့ ရုရှား၊ မလေးရှား၊ အိန္ဒိယနဲ့ စင်ကာပူတို့ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလ တစ်လလုံးတင်ပို့မှုအနေနဲ့ ထောပတ်ပဲတန် ၂၃ဝဝ ကျော်၊ မြေထောက်ပဲတန် ၁ဝဝဝ နီးပါး ရှိပြီး မတ်လမှာ ထောပတ်ပဲတန် ၈ဝဝ ခန့်နဲ့ မြေထောက်ပဲတန် ၉ဝဝ ခန့်ရှိခဲ့ပါတယ်။ ယခင်နှစ် ၂ဝ၁ဝ ဧပြီလအတွင်းမှာတော့ ထောပတ်ပဲ တန် ၂၇ဝဝ ကျော်နဲ့ မြေထောက်ပဲတန် ၁၄ဝဝ ကျော်ထိ တင်ပို့နိုင်ခဲ့လို့ ယခုနှစ် ကာလတူမှာ အနည်းငယ်လျော့ကျခဲ့တာ တွေ့ရပါတယ်။    MIRT- MAPT

Thursday, 26 May 2011

အဝယ်သွက်လာတာကြောင့် အိန္ဒိယ ကုလားပဲဈေးမြင့်တက်                  လွန်ခဲ့တဲ့ သီတင်းပတ်များအတွင်း ကုလားပဲလက်ငင်းနဲ့ ကြိုပွိုင့်ဈေးများကျဆင်း နေခဲ့ရာမှ အဝယ်ပြန်သွက်လာတဲ့အတွက် မေလ ၃ ရက်မှာ လက်ငင်းရော ကြိုပွိုင့် ပါ ဝ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ၁ ဒသမ ၆၇ ရာခိုင်နှုန်း အသီးသီးမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၂ ရက်အတွင်း ပဲလုံးဈေးနှုန်းမြင့်တက်ခြင်းကလည်း ကုလားပဲဈေးကို အထောက်အပံ့ဖြစ်စေပါတယ်။                       မဒ္ဒရာပရာဒေ့ရှ်ပြီးရင် ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံးပြည်နယ်ဖြစ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းမှုက အမြင့်ဆုံးကာလဖြစ်ပြီး မေလလယ်တိုင်အောင် ဆက်လက်ရိတ်သိမ်းမှုရှိတယ်လို့ သိရပါတယ်။ ပုံမှန်မိုးရွာသွန်းမယ့် အလား အလာ အရ စိုက်ဧက တိုးတက်နိုင်တဲ့ မျှော်လင့်ချက်တွေကြောင့် ကုလားပဲမှအပ ပဲစင်းငုံလို အခြားပဲရောင်းဝယ်မှု လျော့တယ်လို့ သိရပါတယ်။ လတ်တလောမှာ ဈေးကွက်အဝယ်တက်နိုင်တဲ့အတွက် ကုလားပဲ အရောင်း အဝယ် ခိုင်မာနိုင်ပြီး မေလအထိ ကာလတိုအတွင်း တစ်တန် ရူပီး ၂၂၇၅ဝ- ၂၄၅ဝဝ (ကန်ဒေါ်လာ ၅ဝ၉-၅၄၈) ဝန်းကျင်မှာ အရောင်းအဝယ် ဖြစ်နိုင်တယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဒါပေမဲ့ ကာလလတ်အတွင်းမှာ ပဲဝင်ရောက်မှု တဖြည်းဖြည်း ကျဆင်းနိုင်တဲ့အတွက် ကုလားပဲဈေးပြန်လည်ကောင်းလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ယမင်းးခင်၊Source: Angel commodities 

Thursday, 26 May 2011

ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ                 ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာ တာကြောင့် ဖြစ်ပါတယ်။                  ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက်လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။                                    MIRT- MAPT

Thursday, 26 May 2011

ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု သိသိသာသာပိုလာ            ပင်လယ်ရေကြောင်းက ကုလားပဲဖြူလုံးကြီးတင်ပို့မှု တစ်ပတ်ထက် တစ်ပတ် ပိုလာတာ တွေ့ရပါတယ်။ ယခုတစ်ပတ် (ဧပြီလ ၂၈ ရက်မှ မေလ ၄ ရက်)အတွင်း မှာ တန်ချိန် ၄ဝဝဝ ကျော်ရှိခဲ့လို့ ယခင်သီတင်းပတ် တင်ပို့ခဲ့တဲ့ တန်ချိန် ၁၄ဝဝ ထက် သိသိသာသာပိုလာခဲ့ပါတယ်။ အဓိကတော့ အိန္ဒိယက အဝယ်တိုးတက်လာတာကြောင့် ဖြစ်ပါတယ်။         ၂ဝ၁၁ ဧပြီလတစ်လလုံး တင်ပို့မှုအနေနဲ့ တန်ချိန် ၅ဝဝဝ ခန့်ရှိပြီး မတ်လ မှာလည်း တန် ၄၅ဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝ၁ဝ ဧပြီလအတွင်း မှာတော့ တန်ချိန် ၄ဝဝ ခန့်သာရှိလို့ ဒီနှစ်ကာလတူမှာ တင်ပို့မှု ပြန်တိုးတက် လာတာဖြစ်ပါတယ်။ ကုန်သည်တွေရဲ့ ပြောကြားချက်အရ ကုလားပဲတင်ပို့မှု လာမယ့်သီတင်းပတ်တွေမှာလည်း တိုးတက်နေအုံးမယ်လို့ ဆိုပါတယ်။               MIRT- MAPT

Pages