Background
မုံရွာတစ်ဖက်ကမ်းတွင် ဆောင်းမတ်ပဲများ စတင်ရိတ်သိမ်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မတ်ပဲ (ဆောင်း) စိုက်ပိုျးရန်လျာထား ဧက ၁ ဒသမ ၄၅ သိန်းအနက် ၁ ဒသမ ၅ သိန်းကျော် ၁ဝ၄ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ရာ မုံရွာတစ်ဖက်ကမ်း ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီးမြို့နယ်များတွင် မတ်ပဲများ စတင်ရိတ်သိမ်းနေကြပြီး ဧပြီလလောက်တွင် မတ်ပဲ (ဆောင်း) အသစ်များ စတင် ထွက်ပေါ်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ပဲအသစ်ပေါ်ခါနီးလို့ လက်ကျန် အဟောင်း ပဲများကုန်အောင် တောင်သူနဲ့ ကုန်သည်တွေ ထုတ်ရောင်းနေကြလို့ မတ်ပဲ ဈေးအေးသွားကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရပါတယ်။ မုံရွာ ကုန်စည်ဒိုင်မှာ မတ်ပဲ တစ်ပိဿာပေါက်ဈေး မတ်လ ပထမပတ်မှာ ၁ဝ၆၅ ကျပ်မှ ဒုတိယပတ်မှာ ၁၁၅ဝ ကျပ်သို့ တက်သွားပြီး တတိယပတ်မှာ ၁ဝ၈၅ ကျပ်သို့ ဈေးပြန်အေးသွားကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ မတ်ပဲတင်း ၃ဝဝ ခန့်သာ အရောင်းအဝယ်ဖြစ်ပြီး ယခုလအတွင်း မုံရွာမြို့မှ မန္တလေးမြို့သို့ မတ်ပဲတင်း ၄ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်
မတ်ပဲတင်ပို့မှု အနည်းငယ်လျော့ကျ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်း တင်ပို့မှုအနေနဲ့ မတ်ပဲတန် ၈ဝဝဝ နီးပါးတင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁၇ ရက်မှ ၂၃ ရက်) အတွင်း မှာတော့ တန် ၅၅ဝဝ ကို အနည်းငယ်လျော့ကျတင်ပို့လာခဲ့ပါတယ်။ အိန္ဒိယ ဈေးကွက်တွေမှာလည်း လက်ကျန်ရှိနေပြီး ဈေးကျဆင်းနေတာကြောင့် မြန်မာ့မတ်ပဲ ဝယ်အားမတက်လာတဲ့အတွက် တင်ပို့မှု ကျဆင်းခြင်းဖြစ်တယ်လို့ ကုန်သည်ကြီး တစ်ဦးက ဆိုပါတယ်။ လက်ရှိပြည်တွင်း ဈေးကွက်အတွင်းမှာ မတ်ပဲဈေး ဆက်တိုက်အေးခဲ့ရာက မတ်လ ၂၅ ရက်မှာတော့ ဈေးပြန်မတ်လာပြီး အရောင်း အဝယ်အသင့်အတင့် ဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန် FOB ဈေးကတော့ ယခင်သီတင်းပတ်ကတည်းက တည်ငြိမ်လာခဲ့ရာ မတ်လ ၂၅ ရက်မှာလည်း မတ်ပဲ FAQ တစ်တန် ကန်ဒေါ်လာ ၉၂ဝ-၉၄ဝ နဲ့ SQ တစ်တန် ကန်ဒေါ်လာ ၁ဝ၄ဝ- ၁ဝ၆ဝ ဈေးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT
ဈေးကွက်ကောင်းလာတဲ့ ကျောက်ဆည်နနွင်း ကျောက်ဆည်မြစ်သားနယ်ကထွက်တဲ့ နနွင်းတက်ဟာ အရောင်အဆင်းနဲ့ အရည်အသွေးကောင်းမွန် တာကြောင့် ဈေးကွက်မှာ မျက်နှာပန်းလှနေပါတယ်။ ယခုနှစ် ကျောက်ဆည်ခရိုင်မှာ နနွင်းတက်စိုက်ဧက ၁၃၇၄ ရှိပြီး၊ အားလုံးတူးဖော်ပြီး ဖြစ်ပါတယ်။ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ၇ သိန်းကျော်သာကုန်ကျခဲ့ပြီး အထွက်နှုန်း ၁ဝဝဝ ပိဿာဖြစ်လို့ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ၇ဝဝ ကျပ်သာကုန်ကျပါတယ်။ စတင်တူးဖော်ချိန်မှာ တစ်ပိဿာ ၂၅ဝဝ ကျပ်သာဈေးရှိခဲ့ရာမှ ယခုရက်ပိုင်း ၃ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းနှင့် ဈေးကွက်အလားအလာကောင်းမွန်ပြီး တွက်ခြေကိုက်လို့ နနွင်းတက်ကို တိုးခဲျ့စိုက်ပျိုးလာကြတယ်လို့လည်း သိရပါတယ်။ ကျော်မြင့်
ဟိုပုံးနနွင်းဈေးကွက်ဝင် ရှမ်းပြည်နယ်(တောင်ပိုင်း)ရဲ့ နာမည်ကြီးဟိုပုံးနနွင်းလည်း ဈေးကွက်ကိုဝင်နေပါပြီ။ အဝင်ကတော့ သိပ်မများသေးပါဘူး။ ဟိုပုံးတောင်ဖက်ဒေသနဲ့ နမ့်ခုတ်မြို့နယ်တွေကနေဝင်လာတာဖြစ်ပါတယ်။ ရှမ်းနနွင်းက တောင်စောင်းများမှာ သဘာဝ အတိုင်း စိုက်တာကြောင့် အသားပွပြီး၊ အရောင်နုပါတယ်။ ကျောက်ဆည်နနွင်းက မြေပြန့်မှာ မြေသြဇာ ကျွေးပြီး စနစ်တကျ စိုက်ပိုျးတာကြောင့် အသားကျစ်ပြီး၊ အရောင်ရင့်တယ်လို့သိရပါတယ်။ ဟိုပုံးနနွင်းက ကျောက်ဆည်နနွင်းနဲ့ အသွင်သဏ္ဍန်ချင်း တူတာကြောင့် ဝယ်လက်တချို့တွေက ပြန်လည်သန့်စင်ပြီး ကျောက်ဆည်ကို ပို့ဖို့ ဝယ်ယူနေကြပါတယ်။ မူဆယ်ကတစ်ဆင့် တရုတ်ပြည်ကိုပို့ဖို့ ဝယ်လက်တွေလည်း ဆင်းဝယ်နေတာကြောင့် ဈေးကလည်း နဲနဲတက်လာပါတယ်။ ဟိုပုံးဈေးကွက်မှာ နနွင်းတစ်ပိဿာ ၂၂ဝဝ ကျပ်ဈေးရှိပါတယ်။ အောင်ပန်း ဈေးကွက်မှာ နနွင်းစ (ရိုးရိုး) ၁၈ဝဝ ကျပ်၊ ၂ဝဝဝ ကျပ်ရှိပြီး၊ ဆင်တောင် နနွင်းက ၂၈ဝဝ ကျပ်ဈေးရှိပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ နနွင်းခြောက်တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
နယ်စပ်မှ နနွင်းတက်တင်ပို့မှု အားကောင်းနေ မတ်လ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်း မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှတစ်ဆင့် တစ်ဘက် နိုင်ငံ သို့ ရှမ်းနနွင်းတက် ၈၈ တန်နီးပါး ကန်ဒေါ်လာ ၁၆ဝ၈ဝဝ ဖိုးနဲ့ စစ်တွေမှ ကန်ဒေါ်လာ ၁၆ဝဝ တန်ဖိုးရှိ နနွင်းတက် ၁ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နယ်စပ်မှ နနွင်းတက် ၇၃ တန် တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်မှာ ၁၅ တန်နဲ့ တင်ပို့မှုပိုမိုခဲ့ပါတယ်။ တင်တင်ထွန်း MIRT(DOBT)
မြစ်သားပြီးရင် မြင်းခြံဘက်က ဆက်လက်ထွက်ရှိတဲ့ ဆောင်းကြက်သွန်နီ ဆောင်းကြက်သွန်နီဟာ မြစ်သား၊ ကျောက်ဆည်မှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလလောက်က ပထမဆုံး ထွက်ခဲ့ပါတယ်။ အဲဒီနောက် ဒုတိယ ထွက်တဲ့ မြို့နယ်ကတော့ မြင်းခြံမြို့နယ်ဖြစ်ပါတယ်။ မြင်းခြံမြို့နယ် ကန်ဆင့် ရွာမှာ မတ်လဆန်းက စထွက်ပါတယ်။ အခုဆိုရင် နွားထိုးကြီးဘက်က လက်ဝဲ ရွာနဲ့ တောင်သာမြို့နယ်က ဆင်ဖြူရွာ၊ ကြာပို့ရွာတွေ ကြက်သွန်နီတွေလည်း ဈေးကွက်ထဲကိုရောက်နေပါပြီ။ ညောင်ဦးမြို့နယ် ရွာသာယာအနီးက ကျေးရွာ ၆ ရွာရဲ့ ဆောင်းကြက်သွန်နီတွေလည်း မြင်းခြံဈေးကွက်နဲ့ ပခုက္ကူဈေးကွက်တွေ ကို ရောင်းချတယ်လို့သိရပါတယ်။ အခုဆောင်းကြက်သွန်နီကို ကန်ဆင့်ရွာက ဧက ၁၃ဝ ကျော်စိုက်ပြီး၊ တစ်ဧက ၄ သိန်းကျော်ကုန်တော့ အထွက်နှုန်းပိဿာ ၃ဝဝဝ မှ ၃၅ဝဝ ထွက်ရင် တစ်ပိဿာ ကုန်ကျစရိတ်ပျမ်းမျှ ၁၄ဝ ကျပ်လောက် ခန့်မှန်းတယ်လို့ တောင်သူ တွေက ပြောပါတယ်။ အခုရက်အတွင်း မြင်းခြံကုန်စည်ဒိုင်ပေါက်ဈေး ကြက်သွန်နီ (ကြီး) ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ်၊ အလတ် ၃ဝဝ ကျပ်၊ ၃၅ဝ ကျပ်၊ အသေး ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ်နဲ့ တစ်ရက်ပျမ်းမျှပိဿာ ၃၅ဝဝဝ-၄ဝဝဝဝ ဝင်ရောက်တယ်လို့ မြင်းခြံ ကုန်စည်ဒိုင်မှသိရပါတယ်။ ကန်ဆင့်ရွာက တောင်သူတွေအနေနဲ့ ပျမ်းမျှ တစ်ပိဿာ ၂ဝဝ ကျပ်၊ ၂၅ဝ ကျပ် အမြတ်ရကာ တစ်ဧကကို အထွက်နှုန်းပေါ် မူတည်ပြီး ပျမ်းမျှ ၆ သိန်းမှ ၈ သိန်းထိ အကျိုးအမြတ်ရတယ်လို့ ဆိုပါ တယ်။ အရင်နှစ်က ကြက်သွန်နီဈေးကျလို့ တောင်သူတွေ စိုက်ဧကနည်းသွားတယ်လို့ ဆိုပေမယ့် မြေပြင်မှာ တောင်သူတွေက မိရိုးဖလာအတိုင်း ပုံမှန်စိုက်နေတာ တွေ့ရပါတယ်။ စောစောစိုက်တဲ့ တောင်သူတွေအနေနဲ့ လုံ့လ၊ ဝီရိယအကျိုးခံစား ရတယ်လို့ပြောကြပါတယ်။T60
မန်ကျည်းအပို့သာခဲ့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မတ်လ ၈ ရက်မှ ၁၄ ရက်တာ ကာလအတွင်း မန်ကျည်းတန်ချိန် ၅၄၅ တန်ကိုတင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ အင်ဒိုနီးရှားနိုင်ငံကို ၇၄ တန်၊ မလေးရှားနိုင်ငံကို ၂ဝ၆ တန်၊ ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ စင်ကာပူကို ၁၉၂ တန်နဲ့ ထိုင်းနိုင်ငံကို ၄၈ တန်အသီးသီးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်သီတင်းပတ်မန်ကျည်းသီးတန်ချိန် ၁၉ဝ နီးပါးတင်ပို့ခဲ့တဲ့အတွက် ဒီသီတင်းပတ်မှာ အပို့သာခဲ့တာတွေ့ရပါတယ်။ အက်ဖ် အိုဘီဈေးတစ်တန်ကို ကန်ဒေါ်လာ ၃၆ဝ ဝန်းကျင်ရရှိခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန် ဝင်ငွေကန်ဒေါ်လာ ၁၉၇၉ဝ၅ ဒေါ်လာရရှိခဲ့ပါတယ်။ MIRT (DOT)
အဝင်နည်းပြီးဈေးငြိမ်တဲ့ အောင်ပန်းချင်းဈေးကွက် ဒီတစ်ပတ် အောင်ပန်းချင်းဈေးကွက်မှာ ချင်းဈေးကငြိမ်နေပါတယ်။ အလှူပွဲ ရာသီရောက်လာတာကြောင့် တောင်သူတွေကလည်း အလုပ်နားနေတယ် လို့ သိရပါတယ်။ ချင်း (စို) တွေကတော့ လက်ကျန်ရှိနေသေးတယ်လို့ သိရပေမဲ့ ဈေးကွက်ကိုတော့ အဝင်နည်းပါသေးတယ်။ ချင်းခြောက်ကလည်း အနည်းငယ်သာ ဝင်နေဆဲလို့သိရ ပါတယ်။ အောင်ပန်းချင်းဈေးကွက်မှာ ချင်း (စို)က အရင်တစ်ပတ် ကလိုပဲ တစ်ပိဿာ ၄ဝဝ ကျပ်မှ ၆၅ဝ ကျပ် ဈေးနဲ့သာဈေးငြိမ်နေပါတယ်။ ချင်းခြောက်ဈေးကတော့ အရည်အသွေးပေါ်မူတည်ပြီး ၁၆ဝဝ ကျပ်မှ ၂ဝဝဝ ကျပ်ဈေး ရှိပါတယ်။ ဟိုပုံးဈေးကွက်မှာတော့ (ချင်းစို)ကအထွက်နည်းပြီး အရည်အသွေးညံ့ တာကြောင့် တစ်ပိဿာကို ၄ဝဝ ကျပ်၊ ၄၅ဝ ကျပ် ပတ်ချာလည်ဈေးနဲ့သာ အရောင်းအဝယ်ဖြစ်နေပါတယ်။ ချင်းခြောက်ကလည်း လောလောဆယ်မှာ လက်လီဈေးနဲ့ ဈေးပတ်သမားတွေနဲ့ ပရဆေးဆိုင်ကဝယ်ယူနေတာကြောင့် တစ်ပိဿာ ၂၁ဝဝ ကျပ်ဈေးရှိ ပါတယ်။ တောင်ကြီးဈေးကွက်မှာတော့ ချင်းခြောက် တစ်ပိဿာ ၂ဝဝဝ ကျပ်ဈေးရှိတယ်လို့ တောင်ကြီးကုန်စည်ဒိုင်က သိရှိရပါတယ်။ ဧဧခိုင်
ပြည်ချင်းဈေးကွက် အရောင်အဝယ်အေး ယခုတစ်ပတ် ပြည်ချင်းဈေးကွက်တွင် အရောင်းအဝယ်အေးနေပြီး အဝင်မှာ အောင်ပန်းဘက်မှ ပိဿာ ၃ဝ ဝင်အိတ် ၁၅ဝ ခန့် ပုံမှန်ဝင်ရောက်မှု ရှိ နေပါတယ်။ ဈေးနှုန်းမှာ တစ်ပိဿာကို ချင်း (ရှယ်) ၁၂ဝဝ ကျပ်၊ (ဂျွန်) ၁ဝဝဝ ကျပ်တို့နဲ့ ပုံမှန်ဈေးရှိပြီး ဈေးကွက်အတွင်း တစ်နေ့ကို ပိဿာချိန် ၂ဝဝ ခန့်ဖြင့် အရောင်းအဝယ်အေး နေပါတယ်။ ဈေးကွက်မှတစ်ဆင့် ဧရာဝတီ၊ ရခိုင်ဘက်သို့ စားသုံးမှုအဖြစ် တစ်နေ့ကို ပိဿာချိန် ၁၈ဝ ခန့် တင်ပို့မှုရှိတယ်လို့လည်း သိရပါ တယ်။ ဝင်းလဲ့ဝါ