Background
နယ်စပ် အပို့ တန် ၆၄ဝဝ ကျော်ရှိ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်နယ်စပ် စခန်းများမှ ပြောင်းဖူးစေ့တန်ချိန် ၆၄၄ဝ ကျော်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၆၁၂ သန်းဖိုးတင်ပို့ နိုင်ခဲ့ပါတယ်။ယခင် အပတ်က မူဆယ်-လွယ်ဂျယ်နဲ့ချင်းရွှေဟော် နယ်စပ်စခန်းများမှ တန်ချိန် ၈၆ဝဝ ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၂၁ဝဝ ကျော်လျော့နည်း တင်ပို့ နိုင်ခဲ့ပါတယ်။ မူဆယ်မှ တန် ၁၆ဝဝ ကျော်၊ လွယ်ဂျယ်မှ တန် ၄၂ဝ ကျော် တင်ပို့မှုလျော့နည်းခဲ့ပြီး ချင်းရွှေဟော်နယ်စပ်မှ ယခုအပတ်မှာ တင်ပို့နိုင်ခဲ့ ခြင်း မရှိတဲ့အတွက် တင်ပို့မှုလျော့နည်းခဲ့ရခြင်းဖြစ်ပါတယ်။ မန္တလေးတိုင်း ဒေသ ကြီးက ထွက်ရှိတဲ့ပြောင်းဖူးစေ့ တင်ပို့နိုင်မှုနည်းပါးပြီး ရှမ်းပြည်နယ် တစ်ဝိုက် လားရှိုး၊ နောင်ချို၊ ကျောက်မဲပတ်ဝန်းကျင် ဒေသထွက်ပြောင်းဖူးစေ့များ တင်ပို့ လျက်ရှိတာ ဖြစ်ပါတယ်။ယခုအပတ်ပြည်တွင်းနဲ့ တစ်ဘက်နိုင်ငံဈေးနှုန်းမှာ လျော့ကျလျက်ရှိပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၈၄၃၄၃ ၂၉ဝဝ၅၆ ၅၇၁၃ ၂ ၂၇၇ ၂၈၃ ၁၃ ၅MIRT (DOBT)
ပင်လယ်ရေကြောင်း အပို့လျော့ မတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့အထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၃၃၇ တန် တန်ဖိုး ကန်ဒေါ်လာ (၁ ဒသမ ၃၅၄) သန်းဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က တန် ၁ဝဝဝ ကျော်တင်ပို့ နိုင်ခဲ့တာကြောင့် ယခုအပတ်မှာ တင်ပို့မှုလျော့နည်းခဲ့ပါတယ်။ရော်ဘာအထွက်ကျပြီး လက်ကျန်နည်းခြင်း၊ တရုတ်မှ ဝယ်လိုအားလျော့ကျခြင်းနဲ့ ဆူနာမီဂယက်ကြောင့် ဂျပန်ရဲ့ ဈေးကွက်များခေတ္တပိတ်ထားခြင်းတို့ကြောင့် တင်ပို့မှုလျော့နည်းရခြင်းဖြစ်ပါတယ်။ပင်လယ်ရေကြောင်းအပိုလျော့ပေမယ့်နယ်စပ်တင်ပို့မှုကတော့ ပုံမှန် ရှိနေတာတွေ့ ရပါတယ်။ ဒီတစ်ပတ်တင်ပို့ခဲ့တဲ့ နိုင်ငံတွေကတော့ တရုတ်ကို RSS-3 ၈၇ တန်၊RSS-5 တန် ၃ဝ နဲ့မလေးရှားကို RSS-3 တန် ၂၂ဝ အသီးသီးတင်ပို့ခဲ့တာဖြစ်ပါတယ်။ FOB ဈေးနှုန်းတွေကတော့ RSS-3 တစ်တန်ကို ၄၉ဝဝ ဒေါ်လာ၊ RSS-5 တစ်တန်ကို ၄၈ဝဝ ဒေါ်လာနဲ့ MSR-20 တစ်တန်ကို ၄၉ဝဝ ဒေါ်လာဖြစ်ကြောင်း သတင်းရရှိပါတယ်။ KZW
ငလျင်ဖြစ်ပြီးတဲ့နောက် ဂျပန်နိုင်ငံက ကောက်ပဲသီးနံှတင်သွင်းမှု မြင့်တက်နိုင် ပြောင်းအများဆုံးဝယ်ယူတဲ့ ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းကမ်းရိုးတမ်းဒေသတွေမှာ ပြင်းထန်တဲ့ မြေငလျင်နဲ့ ဆူနာမီဖြစ်ပြီးတဲ့နောက် စားနပ်ရိက္ခာအမာခံဖြန့်ဖြူးနိုင်ဖို့ ကောက်ပဲသီးနံှတိုးမြင့်တင်သွင်းနိုင်တယ်လို့Standard Chastered Plc မှ ပြောကြားပါတယ်။ ပြောင်းဝယ်လိုအား တက်နိုင်တဲ့ လက္ခဏာကြောင့် ကောက်ပဲသီးနံှ ဈေးနှုန်းလည်းပိုမိုလာနိုင်တယ်လို့ စင်ကာပူအခြေစိုက် လေ့လာဆန်းစစ်ပညာရှင် Abah Ofon က ပြောကြားပါတယ်။ ဂျပန်နိုင်ငံမှာ မြေငလျင်နဲ့ ဆူနာမီဖြစ်ပြီးတဲ့နောက် ဂံျု၊ ပြောင်း၊ ပဲပုပ်နဲ့ ဆန်ကြိုပွိုင့်ဈေးတွေ ကျဆင်းခဲ့ပါတယ်။ ဂျပန်အစိုးရက မတ်လ ၁၁ ရက်က ဆိပ်ကမ်းတွေမှာ ကောက်ပဲသီးနံှပျက်စီးမှုကို စစ်ဆေးစေခဲ့ပါတယ်။ မြေငလျင်ကြောင့် ကောက်ပဲသီးနံှ ကုန်သွယ်မှုကို ထိခိုက်စေခဲ့ပြီး အချို့တိရစ္ဆာန်စက်ရုံများနဲ့ ကွဲျနွားများလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ ချီကာကိုမှာ မေလ ပြောင်းကြိုပွိုင့်ဈေးဟာ ၂ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းပြီး တစ်ဘူရှယ်ကို ကန်ဒေါ်လာ ၆ ဒသမ ၆၄၂၅ (တစ်တန်ကို ကန်ဒေါ်လာ ၂၆၅ ဒသမ ၇) ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ တိုကျိုအခြေစိုက်Unipac Grain Ltd ဥက္ကဌ Nobuyuki Chino ပြောကြားတာတော့ ဂျပန်နိုင်ငံရဲ့ တိရစ္ဆာန်အစာနဲ့ စားနပ်ရိက္ခာထုတ်လုပ်မှုကို ထူးထူးခြားခြား ထိခိုက်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ ယခင်နှစ်က အမေရိကန်ပြောင်း တန်ချိန် ၁၄ ဒသမ ၃၄၃ သန်းတင်သွင်းခဲ့လို့ မက္ကစီကိုက တင်သွင်းမှုထက် ၂ ဆနီးပါးရှိတယ်လို့ ဆိုပါတယ်။ အမေရိကန်ဂံျုဝယ်ယူမှုက တန်ချိန် ၃ ဒသမ ၁၄၈ သန်းရှိပြီး အမေရိကန် ပဲပုပ်တန်ချိန် ၂ ဒသမ ၃၄၇ သန်းကိုလည်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ လမင်းး၊ှSource: riceonline
အခါမဲ့မိုးကြောင့် အဆိုးထက် ကောင်းကျိုးရစေလို မုံရွာမြို့နယ်အတွင်း မတ်လ ၁၅ ရက်နေ့ ည ၁၁ နာရီခန့်ကနေ ၁၂ နာရီအထိ မိုးသက်လေနဲ့အတူ မိုးရွာသွန်းမှုဖြစ် ပေါ်ခဲ့ရာ မြို့နယ်ရဲ့တောင်ပိုင်းကျေးရွာများမှာ အတန်အသင့် မိုးသည်းခဲ့ပြီး မြောက်ပိုင်းဒေသများမှာ မိုးအနည်းငယ်သာ ရွာခဲ့တယ်လို့သိရပါတယ်။ ယခုအချိန်မှာ တောင်သူများအနေနဲ့ ကုလားပဲနဲ့ဂံျုအချို့ ရိတ်သိမ်းပြီး တလင်းပုံထားချိန်ဖြစ်လို့ အချိန်မီ အမိုးအကာ မအုပ်နိုင်သူတွေရဲ့ သီးနံှအနည်းငယ်မျှသာမိုးမိကာ အစို့ပေါက်ထိခိုက်မှု ဖြစ်နိုင်တယ်လို့သိရပါတယ်။ ရေနဲ၊ အောင်သာ၊ မအူကျေးရွာနဲ့ တောင်ပိုင်းကျေးရွာများမှာ စိုက်ပျိုးခဲ့ကြတဲ့ ဆောင်းကြက်သွန်ခင်းများအနေနဲ့ သာမန်ရေသွင်း မှု ပမာဏသာမိုးရွာလို့ ရေသွင်းခတစ်ကြိမ်သက်သာတယ်လို့ တောင်သူတချို့ကဆိုပါတယ်။ နွေပဲတီခင်းများအတွက်လည်း ယခုမိုးဟာ အကျိုးရှိစေတယ်လို့ ပဲတောင်သူများက ပြောပါတယ်။ ကမ္ဘာ့ရာသီဥတုဖောက်ပြန်မှုကြောင့် ရိုက်ခတ်ကြုံတွေ့လာ နိုင်တဲ့ ဘေးအန္တရာယ်တွေကိုကာကွယ်နိုင်မှု၊ မိုးလေဝသသတင်း နေ့စဉ်နားထောင်ခြင်း၊ အမိုးအကာစုဆောင်းထားရှိခြင်းနဲ့ ပိုးမွှား ကာကွယ်ရေးလုပ်ငန်းတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ဖို့လိုနေပြီဖြစ်ကြောင်း၊ ယခုရွာတဲ့မိုးက သတိပေး နှိုးဆော်ခဲ့ခြင်း ဖြစ်တယ်လို့ မှတ်ယူရဖွယ် ခံစားလိုက်ရပါတယ်။ ထွန်းလှိုင်
နယ်စပ်စခန်းများမှ ပဲယင်းတန် ၁၇ဝ ကျော်တင်ပို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ တမူး နယ်စပ်တို့မှ မတ်လ ၉ ရက်မှ ၁၅ ရက် ထိ ကာလအတွင်း ပဲယင်းတန် ၁၇၄ ဒသမ ၅ဝ တန်ကန်ဒေါ်လာ ၁၂၅၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။မူဆယ်မှတန် ၁၆၄ ဒသမ ၅ တန်နဲ့ တမူးမှ ၁ဝ တန် တင်ပို့ခဲ့တာဖြစ်ပြီး၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဖေဖော်ဝါရီလ ကုန်အထိ ပဲယင်းတန်ချိန် ၂၅ဝဝ နီးပါး နယ်စပ်စခန်းများမှ တင်ပို့ထားပြီးဖြစ် တယ်လို့သိရပါတယ်။MIRT(DOBT)
ပြည်ပဲကြီးအဝင်များလာသလို ဈေးလည်းမြင့်လာ ပြည်ဈေးကွက်ကို ဖေဖော်ဝါရီလဆန်းမှစပြီး ပဲကြီးအသစ်များ ဝင်ရောက် လာခဲ့ကာ ယခုမတ်လလယ်မှာ တိုင်းအတွင်းဒေသများမှ အဝင်ရှိသလို မကွေးတိုင်း ဒေသကြီးဘက်မှ အဝင်ရှိလာတာကြောင့် တစ်ရက် အိတ် ၅ဝဝ ကျော်ထိ အဝင်များ လာခဲ့တယ်လို့ သိရပါတယ်။ ပဲကြီးအသစ် အဖွင့်ဈေးမှာ တစ်တင်း ၁၈၅ဝဝ ကျပ်ဖြင့် ဈေးဖွင့် ဝယ်ယူခဲ့ကြပြီး၊ ယခုတစ်ပတ် ပဲကြီးဈေးနှုန်းမှာ ပဲကြီး (ရွှေကျွန်း) တစ်တင်း ၂၃၅ဝဝ ကျပ်၊ ပဲကြီး (ကမ်းနား) တစ်တင်း ၂၂၅ဝဝ ကျပ်ဖြင့် ယခင်အပတ်ထက် ဈေးမြင့်လာခဲ့ပါတယ်။ လှောင်လက်သမားများမှ ဝယ်ယူမှုမရှိသေးဘဲ ပဲကြော်ဖို သမားများသာ အဝယ်ရှိခဲ့တာကြောင့် တစ်ရက် အိတ် ၂ဝဝ ကျော် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
ပဲကြီးတန် ၁ဝဝ ကျော် မူဆယ်မှ ပို့ မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း ပဲကြီး ၁ဝ၆ တန်ကန်ဒေါ်လာ ၁၂၇၂ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ပဲကြီးကို ဧပြီလ၊ ဇွန်လနဲ့ စက်တင်ဘာလများမှာသာ တင်ပို့မှု ရှိခဲ့ပြီး ယခုအပတ်မှာ ပြန်လည်တင်ပို့လာတာတွေ့ရပါတယ်။၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာ နှစ် ဧပြီလမှ ဖေဖော်ဝါရီလထိကာလအတွင်း နယ်စပ်စခန်းများမှ ပဲကြီး တန်ချိန် ၁၁ဝဝ ကျော် တင်ပို့ထားပြီး ဖြစ်ပါတယ်။ MIRT(DOBT)
ထောပတ်ပဲသစ်များ လက်လီသမားများဖြင့် အရောင်းအဝယ်ဖြစ်နေ ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ထောပတ်ပဲသစ်များ ဆက်လက်ဝင် ရောက်လျက်ရှိရာ တစ်ရက် အိတ် ၅ဝ မှ ၁ဝဝ အထိ အဝင်များလာခဲ့ပါတယ်။ ထောပတ်ပဲ ပေါ်စအချိန်ဈေးနှုန်းမှာ တစ်တင်း ၂ဝဝဝဝ ကျပ်ဖြင့် ဈေးကွက်အတွင်း အရောင်းအဝယ်စခဲ့ပြီး၊ ယခုမတ်လတတိယပတ်အတွင်း တစ်တင်း ၂၁ဝဝဝ ကျပ်ဖြင့် ၁ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ပါတယ်။ ထောပတ်ပဲမှာ အခြားတိုင်းသို့ တင်ပို့ ရောင်းချမှုမရှိဘဲ ဒေသတွင်းလက်လီ သမားများဖြင့် အရောင်းအဝယ် ဖြစ်နေတာကြောင့် တစ်ရက်လျှင် အိတ် ၇ဝ၊ ၈ဝ အထိ အရောင်းအဝယ် ဖြစ် ကြောင်း သိရပါတယ်။ ခင်ဆွေဝင်း
နယ်စပ်တင်ပို့မှု ယခင်အပတ်အတိုင်း ပြောင်းလဲမှုမရှိ မတ်လ ၉ ရက်မှ ၁၅ ရက်ထိကာလအတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဘက်နိုင်ငံသို့ မြေထောက်ပဲ ၆၂ တန် တန်ဖိုးကန်ဒေါ်လာ ၄ဝ၉၂ဝ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်အတိုင်း ပုံမှန်လေး တင်ပို့နေတာတွေ့ရပါတယ်။ MIRT (DOBT)
မြေထောက်ပဲတင်ပို့မှု တိုးလာပေမဲ့ ထောပတ်ပဲတင်ပို့မှုလျော့ကျ ယခင်သီတင်းပတ်က ထောပတ်ပဲ တန်ချိန် ၂၅ဝ နဲ့ မြေထောက်ပဲ တန်ချိန် ၁၇ဝ ခန့် တင်ပို့ခဲ့ပေမဲ့ ယခုသီတင်းပတ် (မတ်လ ၁ဝ ရက်မှ ၁၆ ရက်) အတွင်းမှာတော့ ထောပတ်ပဲတန် ၄ဝ ကျော်ကို လျော့ကျခဲ့ပြီး မြေထောက်ပဲ ကတော့ တန်ချိန် ၂၇ဝ ကျော်ကို တိုးတက်တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ မြေထောက်ပဲက ဈေးကွက်တွေထဲ အဝင်များလာပြီဖြစ်လို့ တင်ပို့မှု တက်လာတာဖြစ်ပြီး ထောပတ်ပဲကတော့ ယောဘက်က အဝင်နည်းသေးတယ်လို့ သိရပါတယ်။ လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပတင်ပို့မှုကို လေ့လာရာမှာ မတ်လ ၁၁ ရက်နေ့အထိ မြေထောက်ပဲတန်ချိန် ၁ဝဝဝဝ နီးပါးနဲ့ ထောပတ်ပဲတန် ၉၆ဝဝ ခန့် တင်ပို့နိုင်တာတွေ့ရပါတယ်။ ယခင်ဘဏ္ဍာနှစ်ကာလတူမှာ မြေထောက်ပဲ တန်ချိန် ၁၃ဝဝဝ ခန့်နဲ့ ထောပတ်ပဲ တန်ချိန် ၁၁ဝဝဝ ခန့် တင်ပို့မှုရှိလို့ ယခုနှစ် လက်ရှိအချိန်မှာ တင်ပို့မှု လျော့နည်းနေတာတွေ့ရပါတယ်။ ရန်ကုန် FOB ဈေးများနဲ့ ပြောင်းလဲခြင်းမရှိဘဲ မတ်လ ၁၈ ရက်နေ့မှာ မြေထောက်ပဲ FAQ တစ်တန်ကို ကန်ဒေါ်လာ ၆၂ဝ-၆၄ဝ နဲ့ ထောပတ်ပဲ FAQ တစ်တန်ကို ကန် ဒေါ်လာ ၉၁ဝ-၉၃ဝ အသီးသီးရှိတယ်လို့ သိရပါတယ်။ MIRT - MAPT