Main menu

Background

Sunday, 20 Feb 2011

တရုတ်နိုင်ငံတွင် စားသောက်ကုန်သိုလှောင်မှုကြောင့် စားသောက်ဈေးနှုန်းမြင့်တက်နေမှုကို စီးပွားရေးပညာရှင်မှ သတိပေး               တရုတ်နိုင်ငံရဲ့ ပြောင်း၊ ဂံျုနဲ့ ဆန်ကိုသိုလှောင်သိမ်းဆည်းထားတဲ့ဓလေ့ကြောင့် စားသောက်ကုန်ဈေးနှုန်း များမြင့်တက်လာမှုက စိုးရိမ်စရာကောင်းတဲ့ အခြေအနေဖြစ် လာကြောင်း အဆင့်မြင့်စီးပွားရေးပညာရှင်မှ ပြော ကြား လိုက်ပါတယ်။ လက်ရှိမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့ အခြေခံ ကောက်ပဲ သီးနံှသိုလှောင်မှုရဲ့ ၄၁ ရာခိုင်နှုန်းအောက်ကို သို လှောင်ထားရှိပေမဲ့ ကမ္ဘာ့ထွက်ရှိမှုရဲ့ ၂၁ ရာခိုင်နှုန်းကိုသာ စားသောက်မှုရှိတယ်လို့ အမေရိကန် လယ်ယာစိုက်ပျိုးရေး ဌာနရဲ့ စာတမ်းများအရ သိရှိရပါတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သိုလှောင်ထားမှုကြောင့်သာ မဟုတ်ဘဲ နိုင်ငံများစွာမှ ကောက်ပဲသီးနံှရောင်းလိုအား ကျဆင်းမှုကလည်း ပြဿနာအကြီးအကျယ် ဖြစ်လာနိုင် ကြောင်း စီးပွားရေးပညာရှင် Mr.Weinberg မှသုံးသပ် ထားပါတယ်။              ပြင်သစ်သမ္မတ ဆာကိုဇီကလည်း ပြင်သစ်မှာ ကျင်းပမဲ့ G-20 ဘဏ္ဍာရေးဝန်ကြီးများနဲ့ ဗဟိုဘဏ် ခေါင်း ဆောင်များ တွေ့ဆုံဆွေးနွေးပွဲမှာ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်မှုကို အစည်းအဝေးအစီအစဉ်မှာ ထည့် သွင်းသွားဖို့ ဆန္ဒရှိပါတယ်။                တရုတ်နိုင်ငံဟာ ကမ္ဘာ့ပြောင်းသိုလှောင်ထားမှုရဲ့ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ထားပေမဲ့ ရောင်းလိုအားစုစု ပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကိုစားသုံးလျက်ရှိပြီး စားသောက်ကုန်ဖူလုံမှု ရှိရေးအတွက် သိုလှောင်ထားမှုများက နိုင်ငံ ရေး သို့မဟုတ် လူမှုရေးပြဿနာတစ်ရပ်ဖြစ်ပေါ်လာနိုင်ကြောင်း၊ တရုတ်ရဲ့ သိုလှောင်မှုကြောင့် ကမ္ဘာ့အခြားနိုင်ငံများမှာ စားသောက် ကုန် ဈေးနှုန်းကြီးမြင့်မှုကို ဖြစ်ပေါ်လာနိုင်တာကြောင့် တရုတ်မှ ကုန်ထုတ်ရောင်းမှသာ ကမ္ဘာ့ကောက်ပဲသီးနံှဈေး နှုန်း မြင့်မားမှုကို ကာကွယ်ရာရောက်မယ်လWeinberg  မှသုံးသပ်လိုက်ပါတယ်။ အေးမွန်မွန်လှိုင်၊ှSource:nationalpost.com

Sunday, 20 Feb 2011

ခရမ်း ပဲတီရွှေဝါ အဝင်လှိုင်နေသလို ဈေးကောင်းရနေ                ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းမြို့နယ်များတွင် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ် ဆောင်းပဲတီရွှေဝါများ ဖေဖော်ဝါရီလဆန်းမှစလို့ မြို့ပေါ်ပဲဈေးကွက်များကို စတင်ဝင်ရောက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်းကို ၃၉ဝဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့တယ်လို့ သိရပါတယ်။                 ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာ ပဲတီ ရွှေဝါဈေး ပြန်အေးခဲ့လို့ ပိဿာ ၂ဝ တစ်တင်းကို ၃၆ဝဝဝ ကျပ်ထိပြန်ဆင်းခဲ့ပါသေးတယ်။ မြို့ပေါ်ပဲဈေးကွက်ကို ကိုျက်ခေါက်ဘုရားပွဲအမီ အလုံးအရင်းနဲ့ ပဲတီရွှေဝါများ ဝင်ရောက် လာလို့ ပဲတီရွှေဝါဈေး ထပ်ဆင်းမယ်ထင်ခဲ့ပေမဲ့ တရုတ်ဝယ် လက်တွေနဲ့ အခြား အိတ်စပိုတာတွေ အဆွဲများလို့ ပဲတီရွှေဝါ ဈေးဟာ ဖေဖော်ဝါရီ ဒုတိယပတ်မှာ တစ်ရိပ်ရိပ်ပြန်တက်ခဲ့ပြီး ပိဿာ ၂ဝ တစ်တင်း ၄၁ဝဝဝ ကျပ်ထိ ဖြစ်ခဲ့ပါတယ်။ ဒီနှစ်  မှာ ပဲတီရွှေဝါတစ်ဧက ကုန်ကျစရိတ်မှာ ၁ သိန်းခွဲဝန်းကျင် လောက်သာ ကုန်ကျခဲ့ပြီး မနှစ်ကထက် အနည်းငယ်သာ ပိုခဲ့ပါတယ်။ အကျိုးအမြတ်က ဒီနှစ်အထွက်နှုန်းလည်း ပို၊ ပဲဈေးလဲရလို့ တစ်ဧက ၅ သိန်းကျော်လောက်ရရှိခဲ့ပါတယ်လို့ ပဲစိုက်တောင်သူ တချို့ထံမှ သိရပါတယ်။ ဝယ်လက်စုံတဲ့ ခရမ်း၊ သုံးခွမြို့နယ်တွေမှာ ယခုရက်ပိုင်း တစ်မြို့နယ်မှာ နေ့စဉ် ပဲပိဿာ ၃ဝ ဝင် တစ် တင်းခွဲအိတ် ၅ဝဝဝ အိတ်ဝန်းကျင် အရောင်းအဝယ်ဖြစ်နေ ပါတယ်။ ရွှေပြည်သာ၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ဘုရင့်နောင်၊ မန္တလေးမြို့များသို့ တင်ပို့လျက်ရှိကြောင်း ခရမ်း၊ သုံးခွ၊ ပဲတီရွှေဝါ၊ ဝယ်ယူနေသော ပဲအဝယ်ဒိုင်များမှ သတင်းရရှိပါ တယ်။ PTAC-1 ရန်ကုန်

Sunday, 20 Feb 2011

ပြည်ဘိုကိတ်ပဲ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်နေ                   ယခင်တစ်ပတ်က ဘိုကိတ်ပိဿာ ၂ဝ တစ်တင်းကို ၂၁ဝဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်မှာတော့ ယခင်တစ်ပတ်ဈေးထက် အနည်းငယ်ဈေးကျသွားကြောင်းသိရပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို ၁၉၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ပြီး၊ နောက်အသီးတွေ အဝင်ရှိလာတာကြောင့် ဈေးလျော့နည်းသွားခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြည် အနောက်ဘက်ကမ်း ကံမ၊ ဥသျှစ်ပင်၊ ပန်းတောင်းမြို့နယ်များမှ အိတ် ၇ဝ မှ ၈ဝ ထိအဝင်ရှိပြီး၊ အဝင်ရှိ သလောက် အရောင်းအဝယ်ဖြစ်နေပါတယ်။                               ဆုမွန်ဆွေ 

Sunday, 20 Feb 2011

ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များဝင်ရောက်                 ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပဲကြီးအသစ်များ စတင်ဝင်ရောက်လာပြီ ဖြစ်ပါတယ်။ ပန်းတောင်း ဥသျှစ်ပင်၊ ဝက်ထီးကန်ဖက်မှအဝင်ရှိပြီး၊ တစ်ရက်လျှင် အိတ် ၄ဝ-၅ဝ အထိ အဝင်ရှိလာခဲ့ပါတယ်။ ပဲကြီးအသစ်မှာ အဖွင့်ဈေး အနေဖြင့် ပဲကြီးတစ်တင်း ၂၆၅ဝဝ ကျပ်ဖြင့် ဈေးဖွင့်ဝယ်ယူခဲ့ကြပြီး၊ အဟောင်းလက်ကျန်ပဲများ ကတော့ တစ်တင်း ၂၈ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်နေခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှု အနေဖြင့် ပဲကြီးအသစ်များမှာ အဝင်ရှိသလောက် အရောင်းအဝယ်ဖြစ်ခဲ့ပြီး၊ ပဲကြီး လက်ကျန်အဟောင်းကတော့ တစ်ရက်လျှင် အိတ် ၁၅ဝ ခန့် ပုံမှန်အရောင်း အဝယ် ဖြစ်ကြောင်းသိရပါတယ်။                                                          အိရေ့ွှစင် 

Sunday, 20 Feb 2011

ပဲကြီးအသစ်များ မုံရွာကုန်စည်ဒိုင်သို့ဝင်ပြီ            စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်းသီးနံှများ စတင်ထွက်ပေါ်နေပြီ ဖြစ်လို့ မုံရွာမြို့နယ် သာစည်ကျေးရွာမှ ပဲကြီးတင်း ၂ဝ-၂၅ ခန့် မုံရွာကုန်စည်ဒိုင်သို့ ဝင်ရောက်လာပြီဖြစ်ပါတယ်။ ဒေသတွင်းစားသုံးမှုနဲ့ ပဲလှော်ဖိုလုပ်ငန်း များရဲ့ နေ့စဉ်ပဲကြီးတင်း ၁ဝဝ ခန့်လိုအပ်ကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်က သိရှိရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ၂ဝ၁၁ ခု ဖေဖော်ဝါရီလအတွင်း ပဲကြီးတစ်ပိဿာ ပေါက်ဈေး အနိမ့်အမြင့်မှာ ၉၄၇ ကျပ်၊ ၁ဝဝဝ ကျပ်၊ ယခင် ကာလတူဈေးမှာ ၁၁ဝ၅ ကျပ်၊ ၁၂၈၉ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ခဲ့ကြပါတယ်။ ယခုအပတ် အတွင်း မုံရွာမြို့မှ ရန်ကုန်သို့ ပဲကြီးတင်း ၂၄ဝ ခန့် စီးထွက်ခဲ့ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီးအထွက် ပဲတိုးဂိတ်စာရင်းအရ သိရှိခဲ့ရပါတယ်။             သန်းးသန်းးတင် 

Sunday, 20 Feb 2011

ပဲယင်း (ချင်းပဲ)            ယခုအပတ် ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်ထိ ကာလအတွင်းမှာ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်မှ တစ်ဆင့် ကျပ် ၂ ဒသမ ဝဝ၂ သန်းတန်ဖိုးရှိ ချင်းပဲ ၃ ဒသမ ၈ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်းမှာ ၁ဝ တန်နဲ့ ၂ဝ၁ဝ-၁၁ ဘဏ္ဍာနှစ် ဧပြီလမှ ဇန်နဝါရီလကုန်ထိ ပဲယင်း တန်ချိန် ၂၄ဝဝ ကျော် နယ်စပ်မှ တင်ပို့ထားပြီးဖြစ်ပါတယ်။ MIRT (DOBT) 

Sunday, 20 Feb 2011

မြင်းခြံထောပတ်ပဲ အရည်အသွေးကောင်းကောင်းရောင်းရဖို့ လက်ရွေးနဲ့ ပြန်ရွေးချယ်                 မြင်းခြံကုန်စည်ဒိုင်မှာ အရောင်းအဝယ်သွက်နေတာကတော့ ထောပတ်ပဲပါ။ ထောပတ်ပဲပေါက်ဈေးက တစ်ပိဿာကို ၉၈ဝ ကျပ်ဈေးပေါက်နေတယ် လို့ သိရပါတယ်။ ထောပတ်ပဲကို မြင်းခြံ၊ ရေစကြိုဘက်တွေမှာ စိုက်ပိုျးကြပြီး၊ အထွက်ကောင်း၊ အလုံးလဲလှတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းက တစ်နိုင်ငံ လုံးမှာ စိုက်ဧကအများဆုံး စိုက်ပျိုးတာဖြစ်ပြီး၊ မြင်းခြံကို အခြေစိုက်ပြီး ထောပတ် ပဲဈေးကွက်ဖြစ်တာတွေ့ရပါတယ်။ ဂျပန်ဈေးကွက်အတွက် အရည်အသွေး ကောင်းအောင် လက်ရွေးနဲ့ ပြန်ရွေးချယ်တင်ပို့နေတယ်လို့ သိရပါတယ်။                                  မျိုးသူ 

Sunday, 20 Feb 2011

ထောပတ်ပဲ တန် ၁၆ဝ ခန့် တင်ပို့မှုရှိ                ပင်လယ်ရေကြောင်းကနေ ထောပတ်ပဲတင်ပို့မှုအနေနဲ့ ယခင်သီတင်း ပတ်က တန်ချိန် ၁၇ဝ ရှိခဲ့ပြီး ယခုသီတင်းပတ် (ဖေဖော်ဝါရီ ၁ဝ-၁၆ ရက်) မှာ လည်း တန်ချိန် ၁၆ဝ တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ ဖိလစ်ပိုင်၊ ဂျပန်နဲ့ ကိုရီးယားဖြစ်ပါတယ်။ ဈေးကွက်တွေကို ထောပတ်ပဲ ဝင်ရောက်မှု တိုးတက် လာပြီ ဖြစ်သလို ပြည်ပကိုလည်း တိုးတက်တင်ပို့လာနေတာတွေ့ရပါတယ်။ ရန်ကုန် FOB  ဈေးအနေနဲ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ တစ်တန်ကို ကန်ဒေါ်လာ ၉ဝဝ-၉၂ဝ ရှိကြောင်း သိရပါတယ်။            MIRT - MAPT 

Sunday, 20 Feb 2011

အဝင်လှိုင်၊ အထွက်လှိုင်လာတဲ့ စစ်ကိုင်းကကုလားပဲ               စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ၂ဝ၁ဝ-၁၁ ခုနှစ် ဆောင်းသီးနံှ ကုလားပဲ လျာထားစိုက်ဧကထက် ကျော်လွန်ပြီး ၁ဝ၂ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ပါတယ်။ မုံရွာ ခရိုင်၊ ရွှေဘိုခရိုင်၊ စစ်ကိုင်းခရိုင်များမှာ ကုလားပဲအသစ်များ ထွက်ပေါ်နေပြီး၊ မုံရွာမြို့သို့ လှိုင်လှိုင်ဝင်ရောက်နေပြီဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ လှောင်လက် သမားများ အဝယ်များလို့ အရောင်းအဝယ်သွက်လာကြောင်း ကုန်သည်တစ်ဦးမှ ပြောပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ယခုအပတ်အတွင်း ကုလားပဲဖြူလုံးကြီး တစ်ရက်ကို ပျမ်းမျှတင်း ၁၂ဝဝ ကျော် အရောင်းအဝယ်ဖြစ်ပြီး၊ ဖေဖော်ဝါရီလ ၁၅ ရက်အတွင်း တိုင်းဒေသကြီးအတွင်းမှ မန္တလေးမြို့သို့ တင်း ၃၃ဝဝ ကျော်စီးထွက် ခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု ဖေဖော်ဝါရီ ၁၅ ရက်အတွင်း တစ်ပိဿာ အနိမ့်အမြင့်ပေါက်ဈေးမှာ ထိုင်ဝမ်ကုလားပဲ ၉၇၄ ကျပ်- ၁၂၈၉ ကျပ်၊ ကုလားပဲ ဖြူလုံးကြီး ၉၆၃ ကျပ်- ၁၁၈၄ ကျပ် ဈေးအသီးသီးနဲ့ ရောင်းဝယ်ကြကြောင်း သိရှိရပါတယ်။    သန်းသန်းတင် 

Sunday, 20 Feb 2011

အိတ်စပို့အတွက် ဗွီတူးအဝယ်သွက်လာ                မုံရွာကုန်စည်ဒိုင် ဖေဖော်ဝါရီ ၁၅ ရက်ပတ် ကုလားပဲဈေးကွက်အတွင်း ဗွီတူးအသစ် အဝင်လှိုင်လာသလို အရောင်းအဝယ်လည်းသွက်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်က ဆိုပါတယ်။ ယခုရက်ပတ်ထဲမှာ ဗွီတူးတစ်တင်း ၁၉၄ဝဝ ကျပ်ထိ အမြင့်ဆုံး ပေါက်ခဲ့ပေမဲ့၊ ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာတော့ တစ်တင်း ၁၉၅ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်ခဲ့တယ်လို့ သိရပါတယ်။ အိတ်စပို့အတွက် အဝယ် လိုက်လာလို့ တစ်ရက်အိတ် ၃ဝဝဝ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဈေး ကွက်က ဆိုပါတယ်။                 ထိုင်ဝမ်ကုလားပဲကတော့ ဒီရက်ထဲမှာ တစ်တင်း အနိမ့်ဆုံး ၁၈၅ဝဝ ကျပ်ကနေ အမြင့်ဆုံး ၁၉၅ဝဝ ကျပ်ထိရောက်ခဲ့ပါတယ်။ 909 ကုလားပဲကတော့ အသစ်ဝင်ရောက်မှု အားနည်းနေပေမဲ့ တစ်တင်း ၁၈ဝဝဝ ကျပ်၊ ၁၇၅ဝဝ ကျပ်ဈေး များနဲ့ ဒေသတွင်းလုပ်ငန်းသမားများနဲ့ မန္တလေးအဝယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီတစ်ပတ်အတွင်း မန္တလေးကို တင်း ၁ဝဝဝ ခန့်သာ တင်ပို့ခဲ့ကြတယ်လို့ သိရပါတယ်။                                                            ထွန်းလှိုင် 

Pages