Background
်အဟောင်းရော အသစ်ပါသွက်တဲ့ မန်းပဲစင်းငုံဈေးကွက် ယခုတစ်ပတ် မန်းပဲဈေးကွက်မှာ ပဲစင်းငုံကို ရန်ကုန်ဝယ်လက်တို့ ဝယ်လို အားကောင်းနေလို့ အရောင်းအဝယ်သွက်ပြီး ဈေးမြင့်လာတာတွေ့ရပါတယ်။ ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်မှာ အဝင်လှိုင်လာပြီး၊ အဟောင်းရော အသစ်ပါ ဈေးကွက်အတွင်း ရောင်းဝယ်နေကြပါတယ်။ ပဲလက်ကျန်အဟောင်းရှိတဲ့ ကုန်သည် များကလည်း ပဲအဟောင်းများကိုထုတ်ရောင်းပြီး၊ ပဲစင်းငုံအသစ်များကို ပြန်ဝယ်ယူ နေတာတွေ့ရပါတယ်။ ယခင်တစ်ပတ်က ငုံနီအသစ်တစ်ပိဿာ ၉၆၇ ကျပ်၊ တစ်တန် ၅၉၂ဝဝဝ ကျပ်ဈေးရှိခဲ့ပြီး၊ ယခုတစ်ပတ်မှာတော့ ငုံနီအသစ်တစ်ပိဿာ ၁၁၆၇ ကျပ်၊ တစ်တန် ၇၁၄၆ဝဝ ကျပ်နဲ့ ရောင်းဝယ်နေကြပါတယ်။ ယခုတစ်ပတ် မန်းဈေးကွက်မှာ ပစ္စည်းအဝင်လှိုင် လာသလောက် ရန်ကုန်ဝယ်လက်သမားများမှ ဝယ်လိုအားကောင်းလာတဲ့အတွက် ရောင်းဝယ်ရတာကောင်း တယ်လို့ ကုန်သည် များက ပြောကြပါတယ်။ ကျော်ကျော်မိုး
ပဲစင်းငုံတင်ပို့မှု တန်ချိန် တစ်သောင်းနီးပါးဖြစ်လာ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းမှ ပဲစင်းငုံတန်ချိန် ၈၅ဝဝ တင်ပို့ခဲ့ရာမှ ယခုသီတင်းပတ် (ဇန်နဝါရီလ ၂ဝ ရက်မှ ၂၆ ရက်) မှာတော့ တန်ချိန် တစ်သောင်းနီးပါးအထိ တိုးတက်လာခဲ့ပါတယ်။ ဈေးကွက်အသီးသီးကို ပဲစင်းငုံဝင် ရောက်မှု တိုးတက်လာပြီး ဝယ်လက်များကလည်း ယခုသီတင်းပတ် အစောပိုင်း မှာ အဝယ်ခပ်စိပ်စိပ်ရှိသလို ပြည်တွင်း ကုန်သည်တွေကလည်း အသစ်၊ အဟောင်း ရောင်းချမှုတွေရှိခဲ့လို့ ဈေးမြင့်တက်ခဲ့ရာမှ သီတင်းပတ်နှောင်းပိုင်းမှာတော့ အမြင့် ဈေးနဲ့ ဝယ်ယူမှုနည်းလို့ ဈေးပြန်လည်လျော့ကျ လာခဲ့ပါတယ်။ အရောင်းအဝယ် တော့ ပုံမှန်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်နဲ့ ယခုပတ် FOBဈေး အပြောင်းအလဲကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ ၂၇-၁-၁၁ ၈၆ဝ-၈၈ဝ ၉၃ဝ-၉၅ဝ ၇၈ဝ-၈ဝဝ ၈ဝဝ-၈၁ဝ ၂၁-၁-၁၁ ၈၇ဝ-၈၉ဝ ၉၃ဝ-၉၅ဝ ၇၇ဝ-၇၉ဝ ၈ဝဝ-၈၁ဝ MIRT(MAPT)
ဟင်္သာတမတ်ပဲသစ်များ လှိုင်လှိုင်ဝင်ပါပြီ ၂ဝ၁၁ ခုနှစ်ထွက် ဟင်္သာတမတ်ပဲများဟာ ဈေးကွက်ကို ဇန်နဝါရီလ လယ်က အနည်းငယ် စတင်ဝင်ရောက်ခဲ့ပြီး ယခု ဇန်နဝါရီလကုန်မှာ အင်္ဂပူ၊ မြန်အောင်၊ လေးမျက်နှာမြို့နယ် မတ်ပဲစိုက်ဒေသများက လှိုင်လှိုင်ဝင်ရောက် လာပြီလို့ သိရပါတယ်။ ဈေးကွက်ကို ဝင်စက တစ်တင်း ၂၃၇ဝဝ ကျပ်နဲ့ ဈေးဖွင့်ခဲ့ ပေမဲ့ ယခုအပတ် လှိုင်လှိုင်ဝင်ချိန်မှာ တစ်တင်း ၂၃၄ဝဝ ကျပ်နဲ့ အရောင်းအဝယ် သွက်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ကို နေ့စဉ် မတ်ပဲသစ် အိတ် ၂ဝဝ ခန့်ဝင်ရောက်ပြီး ရန်ကုန်သို့ အိတ် ၁၅ဝ ခန့်တင်ပို့နေပြီလို့ သိရပါတယ်။ ရန်ကုန် ဈေးကွက်ကို နေ့စဉ် မတ်ပဲအဟောင်း၊ အသစ် အိတ် ၅ဝဝ ဝန်းကျင်တင်ပို့ နေတယ်လို့လည်း သိရပါတယ်။ အေးအေးခိုငိ
ပြည်မတ်ပဲဈေးပြန်အေး ပဲခူးတိုင်းဒေသကြီးအနောက် ပြည်မြို့ မတ်ပဲဈေးကွက်မှာ ပဲအသစ်များ ပေါ်စပြုနေပြီဖြစ်လို့ ပြည်အနီးအနား ဇီးအုပ်၊ နတ္တလင်းရွာများမှ အရောက် ရောင်းချကြပါတယ်။ ပဲအသစ်တစ်တင်းကို ၂၂ဝဝဝ ကျပ်ဈေးရှိလို့ ယခင်နှစ်ဈေးနဲ့ ယှဉ်ရင်နည်းတယ်လို့ သိရပါတယ်။ ကုန်သည်လက်ဝယ်ကျန်ရှိနေတဲ့ ပဲတစ်တင်းကို ဇန်နဝါရီလ တတိယပတ်မှာ ၂၂၅ဝဝ ကျပ်ဈေးရှိပြီး စတုတ္တပတ်မှာတော့ ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်မြင့်လာပြီးမှ ၂၃ဝဝဝ ကျပ်ထိဈေးပြန်လျော့ နည်းလာ ခဲ့တာကို တွေ့ရပါတယ်။ မြို့တွင်းရောင်းဝယ်မှုကတော့ မရှိသလောက်နည်းနေ တယ်လို့ သိရပါတယ်။ တိုင်းတွင်းအခြားမြို့နယ်များမှ ရန်ကုန်သို့ပဲစီးဆင်းမှုကတော့ တစ်နေ့ကို အိတ် ၁၉၅ဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
နယ်စပ်မှ မတ်ပဲတင်ပို့မှု ပြန်လည်လှုပ်ရှား မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁ဝ၅ မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဖက်တရုတ်နိုင်ငံသို့ ဇန်နဝါရီလ ၁၉ ရက်မှ ၂၅ ရက်ထိ ကာလအတွင်းမှာ ကန်ဒေါ်လာ ၁၂ဝဝဝ တန်ဖိုးရှိ မတ်ပဲ ၁၃ တန်တင်ပို့နိုင်ခဲ့ပါ တယ်။ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာ ဧပြီ၊ မေ၊ အောက်တိုဘာနဲ့ နိုဝင်ဘာ လများမှာသာ မတ်ပဲ ၈၄၈၈ တန် တင်ပို့နိုင် ခဲ့ပြီး ယခုဇန်နဝါရီလမှာမှ ပြန်လည် တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကို ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %မတ်ပဲ ၈၆ဝ၉၃၅ ၇၈၉၃၈ဝ ၇၁၅၅၅ ၈ ၉၈၆ ၉ဝ၉ ၇၇ ၈MIRT(DOBT)
ယခုတစ်ပတ် မတ်ပဲတန် ၁၃ဝဝဝ အတင်ရှိ ယခင်သီတင်းပတ်က မတ်ပဲတန်ချိန် ၁၅ဝဝဝ ကျော်ကို ပင်လယ်ရေ ကြောင်းက တင်ပို့ခဲ့ပြီး ယခုတစ်ပတ် (ဇန်နဝါရီလ ၂ဝ-၂၆ ရက်) မှာ တန်ချိန် ၁၃ဝဝဝ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲအသစ်တွေ ဈေးကွက်တွေ အဝင် များလာပြီဖြစ်သလို ပြည်ပအဝယ်ကလည်း အားကောင်းလာပါတယ်။ ယခု သီတင်း ပတ် အစပိုင်းမှာ ဝယ်လိုအားကောင်းလို့ ဈေးမြင့်လာခဲ့ရာက သီတင်းပတ် နှောင်း ပိုင်းမှာတော့ ဈေးအနည်းငယ်ပြန်ဆင်းလာပေမဲ့ ယခင်ပတ်အဈေးနှုန်းထက် ပိုလာ တာတွေ့ရပါတယ်။ အိန္ဒိယမှာ မတ်ပဲအရည်အသွေးကောင်းမရနိုင်တဲ့အတွက် မြန်မာမတ်ပဲကို အဝယ်ရှိနေအုံးမှာဖြစ်လို့ ဈေးများများမကျနိုင်ဘူးလို့ ကုန်သည် များက ခန့်မှန်းကြပါတယ်။ ရန်ကုန် FOB ဈေးကို ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၂၇-၁-၁၁ ၉၃ဝ-၉၄ဝ ၁ဝ၈ဝ-၁ဝ၉ဝ ၂၁-၁-၁၁ ၈၈ဝ-၈၉ဝ ၁ဝ၅ဝ-၁ဝ၆ဝ MIRT(MAPT)
နယ်စပ်ပြောင်း တင်ပို့မှု အားကောင်းဆဲ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီးနယ်စပ်စခန်းတို့မှ ဇန်နဝါရီလ ၁၂ မှ ၁၈ ရက်ထိ ကာလအတွင်း ပြောင်းဖူးစေ့ ၁၂၁၇၁ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၃ ဒသမ ၁ဝ၉ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် တန် ၅ဝဝ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ပြည်တွင်းဈေး အနိမ့်ဈေးဖြင့် ဆက်တိုက်ရှိနေရာကနေ အနည်းငယ်မြင့်တက် လာကြောင်း တွေ့ရပါတယ်။ တရုတ်ဘက်မှဝယ်လိုအားရှိပြီး ၅ဝ ကီလိုတစ်အိတ်ကို (၉ဝ ဒသမ ၅) ယွမ်၊ တစ်တန်လျှင် (၁၈ဝဝ) ယွမ်အထိ ဈေးပေးဝယ်ယူနေကြကြောင်း သိရပါတယ်။ ပြောင်းဖူးစေ့ မြေပြင်ပေါက်ဈေးတွေကတော့ မိမိဖက်မှာ တစ်တန်လျှင် ၁၈ဝဝဝ ကျပ်ခန့်နဲ့ တစ်ဖက်နိုင်ငံဈေး တစ်တန်ကို ၉ ဒေါ်လာခန့် ဈေးပိုမိုရခဲ့ကြောင်း တွေ့ရှိရပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၃၅၉၄၂ ၂၂၁၅၂၉ ၁၈ဝ၁၃ ၈ ၂၈၂ ၂၇၃ ၉ ၃MIRT(DOT)
တစ်ပတ်အတွင်း တန် ၄ဝဝဝ ကျော် သင်္ဘောတင် ဇန်နဝါရီလ ၁ဝ ရက်မှ ၁၆ ရက်အထိကာလအတွင်း ပင်လယ်ရေ ကြောင်းမှ ပြောင်းတန်ချိန် ၄ဝ၃၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၁ ဒသမ ဝ၁၁ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က တန် ၅ဝဝ ကျော်တင်ပို့ခဲ့တာ ကြောင့် တင်ပို့မှု ၈ ဆ ပိုမိုခဲ့တာတွေရှိရပါတယ်။တင်ပို့တဲ့နိုင်ငံများကတော့ အင်ဒိုနီးရှားကို ၂၇၆ တန်၊ မလေးရှားကို ၄၇၄ တန်၊ ဖိလစ်ပိုင်ကို ၂ဝ၈၄ တန်နဲ့ စင်္ကာပူကို တန် ၁၂ဝဝ အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ FOB (ရန်ကုန်)ဈေးက တော့တစ်တန် ဒေါ်လာ ၂၅ဝ မှ ၂၇ဝ ကြား ဈေးရလျက်ရှိကြောင်း သိရပါတယ်။ KZW
ရောင်းလိုအားပြတ်လတ်၍ ရော်ဘာဈေးနှုန်း ထပ်မံတက် ရော်ဘာဈေးနှုန်းတွေအဆမတန်တက်ပြီး ထိပ်တန်းတင်ပို့သူဖြစ်တဲ့ထိုင်းနိုင်ငံမှာ အထွက်နှုန်းကျတဲ့ ရာသီဖြစ်တာ ကြောင့် ရောင်းလိုအားပြတ်လတ်မှု ဖြစ်နေပါတယ်။တိုကျိုကုန်စည်ဒိုင်မှာ ဇွန်လအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၅၅၄၉ ဒေါ်လာရှိကြောင်း သိရပါတယ်။ရော်ဘာဟာယခုနှစ်မှာလည်း မိုးရွာသွန်းမှုကြောင့် ရောင်းလိုအားကျတာရယ်၊ အထွက် နှုန်း ကျတာရယ်နဲ့ ကားရောင်းချရနှုန်း တက်လာတာရယ်ကြောင့် အခြားကုန်ပစ္စည်းတွေထက်ပိုပြီး အထိအခိုက် များနိုင်ပါ တယ်။ရော်ဘာဈေးနှုန်းဟာ ပထမနှစ်ဝက်မှာ တစ်ကီလိုကို ၆ ဒေါ်လာကျော်နိုင်ကြောင်း သုတေသီ ၄ ဦးပါတဲ့ သုတေသန အဖွဲ့က ကွင်းဆင်းလေ့လာပြီး ပြောကြားခဲ့ပါတယ်။တရုတ်နဲ့ထိုင်းနိုင်ငံများရှိ ကားထုတ်လုပ်ရေးတွေ တိုးမြှင့်နိုင်တာ ကြောင့် ရောင်းလိုအား မလုံမလောက်ဖြစ်နိုင်ကြောင်း ဖျူးချားအဂရီထရိတ်ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။တရုတ်နဲ့ အိန္ဒိယ ကားရောင်းချနှုန်းတွေတက်လာတာကြောင့် တာယာထုတ်လုပ်ရေးတွေရဲ့ဝယ်လိုအားလဲ တက်လာကာ ရော်ဘာဈေးက ၁ဝ ရာခိုင်နှုန်းထပ်မံတက်ဖွယ်ရှိကြောင်း သိရပါတယ်။လွန်ခဲ့တဲ့နှစ်က မိုးရွာသွန်းမှုကြောင့် ထိုင်းနိုင်ငံရဲ့ အထွက်နှုန်းက ဝယ်လိုအားထက်ရောင်းလိုအားကနှေးကွေးနေပြီး လာမယ့်လကစလို့အထွက်နှုန်းကျဦးမှာ ဖြစ်ပါတယ်။ဈေးကွက် ထဲမှာ နေ့စဉ်ဈေးတက်နေပေမဲ့ တရုတ်၊ ဂျပန်နဲ့ အမေရိကန်ဝယ်သူတွေ အမြဲမပြတ်ရှိနေကြောင်း စင်္ကာပူ မာရုဘီနီကုမ္ပဏီမှ ကုန်သည်တစ်ဦးကပြောကြားပါတယ်။ထိုင်းရဲ့ လက်ငင်းဈေးနှုန်းက တစ်ကီလို ကို ၁၆၆ ဘတ် (၅.၄၆ ဒေါ်လာ)ကို ရောက်ရှိနေ ကြောင်း ထိုင်းရော်ဘာ သုတေသနဌာနမှ ပြောကြားပါတယ်။ရော်ဘာအကြီးဆုံးသုံးစွဲသူ တရုတ်က တရုတ်နှစ်ကူး မတိုင်မီ သိုလှောင်ဖို့အတွက် အဆက်မပြတ်ဝယ်ယူ နေကြောင်း တိုကိုျအခြေစိုက်ယူတာက ရှိုးရှိကုမ္ပဏီမှ အထွေထွေမန်နေဂျာက ပြောကြားပါတယ်။တရုတ်ခရီးသည် တင်ကားရောင်းချနှုန်းက ၂ဝ၁ဝ မှ ၃၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုက ကမ္ဘာ့အကြီးဆုံးကား ဈေးကွက်ကို ဆက်လက်အထောက်အပံ့ပေးပါတယ်။နှစ်စဉ်ကားရောင်းချ ရနှုန်းက လွန်ခဲ့တဲ့ ၁ဝ စုနှစ်ထက် ၁ဝ ဆခန့်တိုးတက်ခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယရဲ့ ခရီးသည်တင် မော်တော်ကား ရောင်းချနှုန်းက ယခုနှစ်မှာ ၁၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အိန္ဒိယမော်တော်ကားထုတ်လုပ်သူများအသင်းမှ သိရပါတယ်။ထိုင်းနိုင်ငံရဲ့ ထုတ်လုပ်မှုကတော့ အရွက်ေြွကတဲ့ရာသီဖြစ်တာကြောင့် ဖေဖော်ဝါရီလကုန်မှ မေလအထိ ၄၅ ရာခိုင်နှုန်း မှ ၆ဝ ရာခိုင်နှုန်းအထိ ထုတ်လုပ်မှု ကျဆင်းနိုင်ကြောင်း ရော်ဘာထုတ်လုပ်သော နိုင်ငံများအသင်း ANRPC မှ ပြောကြားခဲ့ပါတယ်။ တစ်ချိန်ထဲမှာ အင်ဒိုနီးရှား မြောက်ပိုင်းနဲ့မလေးရှားတို့မှာလည်း အထွက်နှုန်းတွေကျမှာ ဖြစ်ကြောင်း ANRPC ကပြောကြားခဲ့တယ်လို့ သိရပါတယ်။ ရှန်ဟိုင်းကုန်စည်ဒိုင်မှာတော့ မေလအတွက် စာချုပ်ဈေးနှုန်းက တစ်တန်ကို ၅၈၅၄ ဒေါ်လာရှိခဲ့ကြောင်း သတင်းရရှိပါတယ်။ Source: bloomberg.com,KZW
မြန်မာနိုင်ငံ၌ရော်ဘာစိုက်ဧက ရာခိုင်နှုန်း ၄၅ဝ ကျော် တိုးတက်လျက်ရှိ မြန်မာနိုင်ငံမွန်ပြည်နယ်မှာ ၂၂ နှစ်အတွင်း ရော်ဘာစိုက်ဧရိယာ ၄၅ဝ ရာခိုင်နှုန်းခန့် တိုးတက်လာပြီး ရော်ဘာရဲ့ ရှေ့အလားအလာလည်း ထွန်းလင်းတောက်ပလာပြီဖြစ်ပါတယ်။ မွန်ပြည်နယ်မှာရှိတဲ့ ရော်ဘာစိုက်ဧက ဟာ ထိုင်းနိုင်ငံ စိုက်ဧကစုစုပေါင်းရဲ့ ၃၇ ရာခိုင်နှုန်းရှိပြီး ၁၉၈၈ ခုနှစ်က ၇၆၆ဝ၇ ဧကကနေ ယခုအခါ ၄၂၃၆၉၂ ဧက အထိ တိုးတက် လာခဲ့ပါတယ်။ ဒါ့အပြင် ရော်ဘာကို ရှမ်းပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာလည်း တိုးခဲျ့စိုက်ပျိုးနေတယ်လို့ သိရပါတယ်။ဒီဒေသတွေမှာ အစိုးရအပြင် ပုဂ္ဂလိကစိုက်ပိုျးရေးတွေကပါ စိုက်ပျိုးကြပြီး မက်စ်မြန်မာကုမ္ပဏီက ဧက ၃ဝဝဝ စိုက်ပျိုးနေပါတယ်။ ၂ဝ၁ဝ ပြည့်နှစ်နောက်ဆုံး နှစ်လမှာ မြန်မာကနေ တရုတ်တစ်ခုထဲကို တင်ပို့ခဲ့တဲ့ရော်ဘာတန်ချိန်၂၄ဝဝ ကျော်ရှိပြီး ဝင်ငွေဒေါ်လာ ၁ ဒသမ ၉ သန်းရရှိခဲ့ပါတယ်။မလေးရှား၊ စင်္ကာပူနဲ့ ဗီယက်နမ်တို့ဟာလဲ မြန်မာရဲ့ဈေးကွက်တွေ ဖြစ်ပါတယ်။ ဒီနိုင်ငံတွေကိုတော့ ပင်လယ်ရေကြောင်းကနေသွားနေတာ ဖြစ်ပါတယ်။ Source: Commodity online,KZW
