Background
ပြည်ဈေးကွက်သို့ ပဲစင်းငုံသစ်များ အဝင်များလာ ပြည်ဈေးကွက်သို့ ဒီဇင်ဘာလပထမပတ်က အခြားတိုင်းမှ ပဲစင်းငုံများ အဝင်မရှိသော်လည်း ယခုဒီဇင်ဘာလ ဒုတိယပတ်မှာတော့ အနည်းငယ်အဝင်ရှိတယ်လို့ သိရပါတယ်။ မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှ အိတ် ၃ဝဝ ခန့် အဝင်ရှိခဲ့ပါတယ်။ ဈေးကွက်အတွင်းသို့ ပဲစင်းငုံအသစ်များ ဝင်ရောက်လာပြီး ပိဿာ ၂ဝ တစ်တင်းကို ၁၇၅ဝဝ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ ယခုတစ်ပတ်မှာတော့ ပြည်ဈေးကွက်သို့ တိုင်းအတွင်းရှိ ပန်းတောင်းမြို့နယ်မှ အဝင်များကြောင်း သိရပါတယ်။ ဆုမွန်ဆွေ
ပဲစင်းငုံအသစ်ဝင်လာတော့မှာမို့ မန္တလေးဈေးကွက်မှာ အဟောင်းဈေးနိမ့်လာ မန္တလေး ဈေးကွက်မှာ ပဲစင်းငုံလက်ကျန်ရှိသူများက ပစ္စည်းအဟောင်း၊ အသစ် လဲချင်တဲ့အတွက် ရောင်းအားများခဲ့ပြီး၊ ပဲခွဲစက်များ အဝယ်ရှိကာ ခွဲခြမ်းအဖြစ် ရောင်းဝယ်တင်ပို့မှုများရှိကြောင်း သိရပါတယ်။ ရောင်းလိုအားက ပိုများတာကြောင့် ပဲစင်းငုံ ၃ တင်းတစ်အိတ်ကို ယခင် နိုဝင်ဘာနောက်ဆုံးပတ်က ၄၄၅ဝဝ ကျပ်၊ ၄၅ဝဝဝ ကျပ်ဈေးရှိရာမှ ယခု ဒီဇင်ဘာပထမပတ်အတွင်းမှာ ၄၁၅ဝဝ ကျပ်၊ ၄၂ဝဝဝ ကျပ်ထိ ဈေးနိမ့်လာတာကို တွေ့ရပါတယ်။ လတ်တလောမှာ ဈေးကွက်ကို ကျောက်ပန်းတောင်း၊ မကွေး၊ အောင်လံနဲ့ ရေနံချောင်း ဒေသများက ပဲစင်းငုံအသစ်များ နမူနာအနေနဲ့ အနည်းငယ်သာ ဝင်ရောက်နေကြောင်း သိရပြီး ဒီဇင်ဘာလကုန်ပိုင်းမှာမှ အဝင်လှိုင်လာမယ်လို့ ကုန်စည်ဒိုင် သတင်းအရ သိရပါတယ်။ သက်သက်နိုင်
ပဲစင်းငုံတင်ပို့မှု အနည်းငယ်တိုးတက်လာ ယခင်သီတင်းပတ်က ပင်လယ်ရေကြောင်းက ပဲစင်းငုံတန်ချိန် ၂ဝဝဝ နီးပါးရှိခဲ့ရာမှ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်းမှာတော့ တန်ချိန် ၂၆ဝဝ ကျော်ကို တိုးတက်လာတာတွေ့ရပါတယ်။ ကုန်သည်များရဲ့ ပြောကြားချက်အရ အိန္ဒိယရဲ့ ပဲစင်းငုံအများဆုံး စိုက်ပိုျးတဲ့ ပြည်နယ်တွေမှာ မိုးရွာသွန်းမှုကြောင့် သီးနံှအချို့ပျက်စီးမှုရှိလို့ အိန္ဒိယက အဝယ်ပြန်လိုက်လာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်တွင်းပဲကုန်သည် ကြီးများကတော့ အမြင့်ဈေး ပေးဝယ်လှောင်ထားကြတာဖြစ်လို့ လက်ရှိဈေးနဲ့ ထုတ်မရောင်း ကြသေးတာ ကြောင့် အရောင်းအဝယ်သွက်သွက်လက်လက် မဖြစ်ဘူးလို့ သိရပါတယ်။ မကွေးတိုင်းဒေသကြီး အချို့ဒေသတွေမှာ ပဲစင်းငုံအသစ် အနည်းငယ်စီ ဝင်ရောက်လာပြီလို့ သိရပါတယ်။ ပဲစင်းငုံတင်ပို့မှုကို လေ့လာရာမှာ ယခုနှစ် အောက်တိုဘာလမှာ တန်ချိန် ၇၅ဝဝ ခန့်တင်ပို့ခဲ့ပြီး နိုဝင်ဘာလမှာ တန်ချိန် ၄၃ဝဝ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ်နိုဝင်ဘာလမှာတော့ တန်ချိန် ၅ဝဝ ကျော်သာ တင်ပို့မှုရှိခဲ့ပါတယ်။ ယခင်တစ်ပတ်နဲ့ ယခုတစ်ပတ် ရန်ကုန် FOB ဈေးများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် ပဲစင်းငုံနီ ပဲစင်းငုံဖြူနီ၊ အဖြူ၉-၁၂-၁ဝ ၆၂ဝ-၉၃ဝ ၅၅ဝ-၅၆ဝ၂-၁၂-၁ဝ ၆၆ဝ-၆၇ဝ ၅၇ဝ-၅၈ဝMIRT(MAPT)
ပုံမှန်အရောင်းအဝယ်ရှိပြီး ဈေးအေးတဲ့ ဟင်္သာတမတ်ပဲ ဟင်္သာတဈေးကွက်ရဲ့ မတ်ပဲဈေးဟာ ဒီဇင်ဘာပထမပတ်မှာ ပိဿာ ၂ဝ တစ်တင်းကို ၂၅၆၅ဝ ကျပ်ဖြင့် အရောင်းအဝယ်ရှိခဲ့ပြီး၊ ယခုဒီဇင်ဘာ ဒုတိယပတ်မှာ ၂၄၁ဝဝ ကျပ်သို့ ဈေးအေးလာပါတယ်။ ဒေသတွင်း လှောင်လက် ကုန် သည် ကြီးများရဲ့ ရောင်းအားနဲ့ ရန်ကုန်ဝယ်လက်ကုန်သည်တို့ရဲ့ဝယ်အားကြောင့် မတ်ပဲတင်ပို့မှုအနေဖြင့် နေ့စဉ်ပျမ်းမျှ တစ်တင်းခွဲဝင်အိတ် ၁ဝဝဝ ခန့်တင်ပို့နိုင် တယ်လို့ သိရပါတယ်။ အေးအေးခိုင်
ဈေးအေးနေဆဲ ပြည်မတ်ပဲ ပဲခူးတိုင်းဒေသကြီးအနောက်အတွင်း ဆောင်းသီးနံှမတ်ပဲကို စိုက်ပျိုးပြီးလုနီးပါးရှိနေတာကြောင့် မျိုးပဲဝယ်သူနည်းသွားပြီး ပဲတစ်တင်းကို ၂၇ဝဝဝ ကျပ်ဈေး သာရှိတယ်လို့ သိရပါတယ်။ မတ်ပဲဈေးကတော့ တဖြည်းဖြည်းနဲ့ အေးလာတာကို တွေ့ရပြီး ယခင်တစ်ပတ်က ပဲတစ်တင်းကို ၂၅ဝဝဝ ကျပ်ဈေးနဲ့ အရောင်းအဝယ် ရှိခဲ့ပြီး ယခုတစ်ပတ်မှာတော့ ၂၃၅ဝဝ ကျပ်ဈေးသာရှိတယ်လို့ သိရပါတယ်။ ရန်ကုန် ဝယ်လက်လည်း အနည်းငယ်သာရှိပြီး ဒေသတွင်း အရောင်းအဝယ် ကတော့ အိတ် ၂ဝဝ-၃ဝဝ ခန့်ပုံမှန်သာ အရောင်းအဝယ် ရှိနေတယ်လို့ ပဲကုန်သည်တစ်ဦးက ပြောပါတယ်။ ပေါင်းတလည်၊ ဥသျှစ်ပင်မြို့များမှ တစ်နေ့ကို ပဲအိတ် ၁၅ဝ-၂ဝဝ ခန့်အဝင်ရှိတယ်လို့ သိရပါတယ်။ ရန်ကုန်သို့ တင်ပို့မှုကတော့ ပြည်မှတစ်နေ့ကို အိတ် ၆ဝဝ၊ တိုင်းတွင်းအခြားမြို့နယ်များမှ အိတ် ၆၅ဝဝ ခန့် တင်ပို့တယ်လို့ သိရပါတယ်။ မိမိအေး
တစ်ပတ်အတွင်း ပင်လယ်ရေကြောင်း တင်ပို့မှု မတ်ပဲတန် ၄ဝဝဝ ကျော်လာ ယခုတစ်ပတ် (ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်) အတွင်း ပင်လယ်ရေကြောင်းက မတ်ပဲတန်ချိန် ၄ဝဝဝ ကျော် တင်ပို့မှုရှိလာတာတွေ့ရပါတယ်။ ယခုတစ်ပတ်အတွင်း ဈေးကွက်တွေထဲမှာ နယ်လှောင်လက်တွေက မျိုးပိုတွေ ထုတ် ရောင်းလာကြလို့ ရောင်းအားများပြီး ဝယ်လိုအားနည်းတာကြောင့် ဈေး အနည်းငယ် ပြန်ကျလာခဲ့ပါတယ်။ အထူးသဖြင့်တော့ ပြည်ပပို့ကုန်ဝင်ငွေ ဒေါ်လာ တစ်ယူနစ် တန်ဖိုး ကျဆင်းတာကြောင့်လည်း အရောင်းအဝယ်နည်း ဈေးကျလာ တာဖြစ်တယ် လို့ ပဲကုန်သည်တစ်ဦးက ဆိုပါတယ်။ ယခုနှစ် နိုဝင်ဘာလ တစ်လလုံး မတ်ပဲတင်ပို့မှုကို လေ့လာတဲ့အခါ တန်ချိန် ၂၃၆ဝဝ ကျော်ရှိပြီး အောက်တိုဘာမှာ တန်ချိန် ၃၃ဝဝဝ ကျော် တင်ပို့ခဲ့တာတွေ့ရပါတယ်။ ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလနဲ့ နှိုင်းယှဉ်ရာမှာ တန်ချိန် ၅ သောင်းနီးပါး တင်ပို့ခဲ့လို့ ယခုနှစ် နိုဝင်ဘာတင်ပို့မှုဟာ ထက်ဝက်ခန့် လျော့ကျ လာတာတွေ့ရပါတယ်။ ပြောင်းလဲမှုရှိတဲ့ ရန်ကုန်FOB ဈေးများကို ယခင်တစ် ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- ဒေါ်လာ/တန် မတ်ပဲ(FAQ) မတ်ပဲ(SQ) ၉-၁၂-၁ဝ ၉ဝဝ-၉၁ဝ ၁၁၁ဝ-၁၁၂ဝ ၂-၁၂-၁ဝ ၉၄ဝ-၉၅ဝ ၁၁၆ဝ-၁၁၇ဝ MIRT(MAPT)
ပွက်သားများစဝင်လာလို့ သကြားဈေးနှုန်းကျဆင်းဘ နိုဝင်ဘာလကုန်ပိုင်းက ပွက်သားများစတင်ဝင်လာလို့ လက်ကျန်သကြား ဈေးနှုန်း ကျဆင်းလာကြောင်း သိရပါတယ်။ လတ်တလော မြတောင်၊ ထီးချိုင့်မြို့နယ်မှ ပွက်သားပိဿာချိန် ၂ သောင်းကျော် စတင်ဝင်လာပြီး နောက်ပိုင်းမှာ ဗန်းမော်၊ ကသာ၊ ကြာညှပ်၊ တကောင်းမြို့နယ်များမှ တဖြည်းဖြည်းဝင်ရောက်မှာ ဖြစ်လို့ လက်ကျန် သကြားဈေးနှုန်း ထပ်မံကျဆင်းလာနိုင်ကြောင်းသိရပါတယ်။ မန္တလေးမြို့သကြားနှင့်သကာရည်လုပ်ငန်းရှင်များ ကထိန်တော်အသင်း ဥက္ကဌက 'ဒီနှစ်အထွက်နှုန်း ပိုနိုင်တယ်။ စိုက်ဧက ၄ သိန်းကျော်မှာ သကြားတန်ချိန် ၇ သိန်းနဲ့ ၈ သိန်းကြား ဝင်ရောက်နိုင်လို့ ပြည်တွင်းစားသုံးမှုလည်း ပိုနိုင်တယ်။ လောလောဆယ် သကြားအသစ်စဝင်နေတာဆိုတော့ မုန့်သမားလောက်ပဲ အသုံးရှိ ပါသေးတယ်။ တဖြည်းဖြည်းနဲ့ အသစ်ဝင်လာပြီဆိုတော့ လက်ကျန် လှောင်လက် သမားတွေက ဈေးချရောင်းနိုင်တယ်'လို့ ပြောပါတယ်။ သကြားနဲ့သကာရည် (ပွက်သား) ဈေးနှုန်းမှာ ဒီဇင်ဘာ ၂ ရက်က ပွက်ရည်တစ်ပိဿာလျှင် ၈၃ဝ ကျပ်၊ ၈၅ဝ ကျပ်၊ သကြားတစ်ပိဿာလျှင် ၁၅၂ဝ ကျပ်၊ ၁၅ဝဝ ကျပ်၊ ၁၄၈ဝ ကျပ်ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ ဇူးဇူး
အရောင်းအဝယ်သွက်တဲ့ စစ်ကိုင်းတိုင်းဒေသကြီးပြောင်းဈေးကွက် နိုဝင်ဘာလ စတုတ္ထပတ်အတွင်းမှာ ပြောင်းဈေးအနည်းငယ်ကျခဲ့ပေမဲ့ အရောင်းအဝယ်မပျက်ဘဲ သွက်နေတယ်လို့သိရပါတယ်။ ပြောင်းဈေးမှာ တစ်တင်း ၅၄ဝဝ ကျပ်မှ ၄၉ဝဝ ကျပ်အထိ တစ်တင်း ၅ဝဝ ကျပ်ခန့် ဈေးအေးခဲ့ပေမဲ့ အရောင်းအဝယ်ကတော့ သွက်နေဆဲလို့သိရပြီး၊ မန္တလေးကို နိုဝင်ဘာ စတုတ္ထပတ် အတွင်းမှာ တင်းရေ ၂၃ဝဝ ခန့် စီးထွက်ခဲ့ပြီး၊ နိုဝင်ဘာလတစ်လလုံး တင်းရေ ၃ဝဝဝဝ ကျော်စီး ထွက်ခဲ့ကြောင်း သိရပါတယ်။ အောင်မင်း
တစ်ဖက်နိုင်ငံ ပြောင်းဈေးကျဆင်းသဖြင့် ချိန်ဆတင်ပို့နေ ယခုအပတ်မှာ မူဆယ်၊ လွယ်ဂျယ်နှင့်ချင်းရွှေဟော် နယ်စပ်စခန်း များမှ ပြောင်းဖူးစေ့ ၁၉၁၉၆ ဒသမ ၅ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၉၇ သန်းဖိုးနဲ့ မူဆယ်မှ နံှစားပြောင်း ၇၄၈ တန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၈၂ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ပြောင်းတန်ချိန် ၂၃၁၃ဝ ကျော်တင်ပို့ခဲ့တာမို့ ယခုအပတ်မှာ ၃၉၃၄ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ တစ်ဖက်နိုင်ငံမှ ဝယ်လိုအားရှိသော်လည်း တစ်ဖက်နိုင်ငံ ဝယ်ဈေးမှာ ၁၈ဝဝ ယွမ် သာရသည့် အတွက် ယခင်အပတ်ကထက် ယွမ် ၆ဝ လျော့နည်းကျဆင်းခဲ့ရာ တွက် ချေကိုက်မှု မရှိသဖြင့် ချိန်ဆတင်ပို့နေကြတာကြောင့် ယခုအပတ် ပြောင်းတင်ပို့မှု လျော့ကျ ရတာလို့ သိရပါတယ်။ ယခုအပတ်နဲ့ ယခင်အပတ် ပြောင်းဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၄၂၅၅ဝ ၂၅၆၄၉၃ ၁၃၉၄၃ ၅ .၈ ၂၈၂ ၂၈၉ ၇ ၃MIRT (DOBT)
ဒီတစ်ပတ် ပင်လယ်ရေကြောင်း အပိုလျော့ နိုဝင်ဘာလ ၂၂ ရက်မှ ၂၉ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းဖူး ၂၅၉ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၆၄ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၁၂၃၇ တန်တင်ပို့ခဲ့ တာကြောင့် ယခုရက်သတ္တပတ်မှာ ၉၇၈ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများ ကတော့ စင်္ကာပူကို ၁၄၄ တန်နဲ့ မလေးရှားကို ၁၁၅ တန်အသီးသီး တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ KZW