Main menu

Background

Monday, 27 Sep 2010

ငွေပေါ်ဖို့ ကျဈေးနဲ့ ထုတ်ရောင်းနေတဲ့ ရှမ်းပဲစင်းငုံ      စက်တင်ဘာ စတုတ္ထပတ်မှာ ရှမ်းပဲစင်းငုံတွေကိုလည်း အကျဈေးနဲ့သာပြန်ထုတ်ရောင်းနေကြပါတယ်။ ဈေးကောင်းလာမလားလို့ မျှော်နေတဲ့ ပဲကုန်သည်တွေကတော့ အသစ်ထွက်လာတဲ့ပြောင်း၊ ပဲပုပ်၊ သနပ်ဖက်တွေ ကို ပြန်ပြီးဝယ်ယူလိုတာကြောင့် ငွေပေါ်ဖို့အတွက် အကျဈေးနဲ့သာ ထုတ်ရောင်း နေကြရပါတယ်။ ဇူလိုင်လမှာ တစ်ပိဿာ အနိမ့်ဆုံး ၁၁၂ဝ ကျပ်မှ အမြင့်ဆုံး ၁၃၂ဝ ကျပ်ရှိခဲ့ပါတယ်။ ကုန်သည်တွေကလည်း ဒီထက်ပိုဈေးတက် နိုင်မယ်ထင်ပြီး စောင့်နေကြပေမဲ့ သြဂုတ်လမှာ ဈေးပြန်ကျလာပြီး တစ်ပိဿာ ၉၅ဝ ကျပ်မှ အမြင့်ဆုံး၁၁၆ဝ ကျပ်ရှိပါတော့တယ်။ စက်တင်ဘာလဆန်းမှာ ဈေးက ထပ်ကျလာပြီးတစ်ပိဿာကို အနိမ့်ဆုံး ၉ဝဝ ကျပ်မှ အမြင့်ဆုံး ၉၇၅ ကျပ်သာရှိပါတော့တယ်။ကုန်သည်တွေကလည်း ပစ္စည်းအသစ်ပေါ်တာတွေကို ဝယ်လိုတာကြောင့် လက်ထဲရှိနေတဲ့ပစ္စည်းကို အကျဈေးနဲ့သာ ထုတ်ရောင်းနေရပါတယ်။ ဒီတစ်ပတ် တောင်ကြီးဈေးကွက်မှာ ပဲစင်းငုံပေါက်ဈေးက တစ်ပိဿာ ၉၅ဝ ကျပ်သာရှိပါတယ်။ ဈေးကျနေပေမဲ့ အရောင်း ကတော့ သွက်နေတယ်လို့လည်း သိရပါတယ်။ ရန်ကုန် ဝယ်လက်တွေကသာ အဓိက ဝယ်ယူနေကြပြီး တစ်ပတ်အတွင်း ပိဿာချိန် ၃ ဒသမ ၆သိန်းအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                                                                                                             ဧဧခိုင်

Monday, 27 Sep 2010

 ပဲစင်းငုံတင်ပို့မှု ယခင်ဘဏ္ဍာနှစ်ကာလတူထက် ထက်ဝက်ကျော်လျော့နည်း      ပဲစင်းငုံပြည်ပတင်ပို့မှုအနေနဲ့ ယခင်နှစ်က အရှိန်အဟုန်မြင့်ခဲ့ပေမဲ့ဒီနှစ်မှာတော့ တင်ပို့မှုအားနည်း တာတွေ့ရပါတယ်။ ယခုတစ်ပတ် စက်တင်ဘာ၁၆ ရက်မှ ၂၂ ရက်အတွင်းမှာလည်း တန်ချိန် ၂ဝဝဝ နီးပါးသာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ဒါပေမဲ့ ပြည်တွင်းဈေးကွက်အရောင်းအဝယ်အခြေအနေကတော့ ယခုတစ်ပတ်မှာ အိန္ဒိယဝယ်လက်တွေ အဝယ်ရှိလာတယ်လို့ သိရပါတယ်။ ပဲစင်းငုံလက်ဝယ်ရှိသူတွေ လိုချင်တဲ့ ဈေးမရသေးပေမဲ့ အိန္ဒိယဝယ်လက် ဈေးအနည်းငယ်တိုးဝယ်ယူမှုတော့ ရှိလာတယ်လို့ သိရပါတယ်။ ဒါကြောင့် ရန်ကုန် FOB ဈေးမှာလည်း အနည်းငယ်တိုးတက်လာကာ ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။                                                                                    ဒေါ်လာ/တန်                       ပဲစင်းငုံ                     ပဲစင်းငုံဖြူနီ၊ အဖြူ ၂၃-၉-၁ဝ       ၇၆ဝ-၇၇ဝ                     ၆၅ဝ-၆၆ဝ၁၇-၉-၁ဝ        ၇၅ဝ-၇၆ဝ                      ၆၅ဝ-၆၆ဝMIRT(MAPT)

Wednesday, 22 Sep 2010

 ပြည်တွင်းနို့ဆီ     လက်ကားဈေး                           တစ်ဘူး/ကျပ်                                               ရန်ကုန်        မန္တလေး       ဒွန်း( နို့ဆီ )                           ၆၆ဝ           ၆၇ဝ       ဒွန်း( နို့စိမ်း)                          ၆၁ဝ           ၆၂၅       မာရီဂိုး(နို့ဆီ)                         ၅၈ဝ          ၅၉၅    လပ်ကီးကောင်း( နို့စိမ်း)             ၅၃ဝ          ၅၄၅နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီတွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်-    နို့ဆီလက်လီဈေး                          တစ်ဘူး/ကျပ်                                                ရန်ကုန်        မန္တလေး     ဒွန်း( နို့ဆီ )                                ၇ဝဝ          ၇၁၅    ဒွန်း( နို့စိမ်း)                                 ၆၅ဝ         ၆၆၅  Falcon နို့ဆီ                                   ၆ဝဝ         ၆၁၅ံ Happy Cow                                   ၅၈ဝ         ၅၉၅  ဝမ်းတီနို့ဆီ                                    ၆၅ဝ          ၆၆၅  ယူကေနို့ဆီ                                    ၆ဝဝ         ၆၁၅MIRT (DOT)

Wednesday, 22 Sep 2010

 နို့ဆီ၊ နို့စိမ်း၊ နို့မှုန့်များတွင်နို့စိမ်းတင်သွင်းမှုပို      စက်တင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိကာလအတွင်း ကော့သောင်းနယ်စပ်မှသာ My boy တံဆိပ် နို့စိမ်း ကာတွန်း ၆ဝဝဝ ကန်ဒေါ်လာ ၉၈၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်ကထက်ကာတွန်း ၂၄ဝဝ ပိုမိုတင်သွင်း နိုင်ခဲ့ တယ်လို့သိရပါတယ်။ ယခုအပတ်မှာ သြဂုတ်လလယ်ခန့်မှ စပြီးတင်သွင်းမှုရပ်တန့်နေတဲ့ နို့မှုန့်ပြန်လည်တင် သွင်း လာတာတွေ့ရပါတယ်။ မူဆယ်နယ်စပ်မှ တရုတ်နိုင်ငံလုပ် လိပ်ပြာနှစ်ကောင်တံဆိပ်နို့မှုန့် ၇ ဒသမ ၁ တန်၊ တန်ဖိုး အားဖြင့်ကန်ဒေါ်လာ ၂ဝ၂၁၅ ဖိုး တင်သွင်းခဲ့တာဖြစ်ပါတယ်။MIRT (DOBT)

Monday, 20 Sep 2010

 လက်ကျန်ပဲယင်းတွေ ဆက်လက်တင်နေ    ပြည်တွင်းဈေးကွက်တွေမှာ လက်ကျန်နည်းလာပြီဖြစ်တဲ့ ပဲယင်းကို ဒီတစ်ပတ် (စက်တင်လာလ ၉ ရက်မှ ၁၆ရက်)အတွင်းမှာလည်း တန်ချိန် ၁ဝဝ ကျော်နဲ့ ဆက်လက်တင်ပို့နေပါတယ်။ တင်ပို့တဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ စင်ကာပူတို့ဖြစ်ပါတယ်။ ရန်ကုန် FOB ဈေးအနေနဲ့ FAQတစ်တန်ကို ကန်ဒေါ် လာ ၆၆ဝ-၆၈ဝ ရှိတယ်လို့ သိရပါတယ်။MIRT - MAPT

Monday, 20 Sep 2010

လက်လီသမားများအဝယ်လိုက်လာတဲ့ ပြည်ပဲနီပြား      ပြည်ဈေးကွက်မှာ လက်လီသမားများဖြင့် အရောင်း အဝယ်ဖြစ်နေတဲ့ ပဲနီပြား ဈေးနှုန်းမှာ တစ်တင်းကို ၂၆ဝဝဝကျပ်ဖြင့် အဝယ်လိုက်လျက်ရှိတယ်လို့ သိရပါတယ်။ သြဂုတ်လအတွင်းမှာ ၂၅၅ဝဝ ကျပ်ဖြင့် ရောင်းဝယ် ခဲ့ကြရာမှ စက်တင်ဘာလဆန်းမှစ၍ ယခုစက်တင်ဘာတတိယပတ်အထိ လက်လီဈေးနူန်း တစ်တင်း ၂၆ဝဝဝ ကျပ်ဖြစ်ခဲ့ပါတယ်။ ယခင်အပတ်ကဒေသတွင်းမြို့နယ်များမှ အဝယ်ရှိခဲ့လို့ တစ်ရက်ကို အိတ် ၃ဝ ခန့်သာ အရောင်း အဝယ် ဖြစ်ခဲ့သော်လည်း ယခုတစ်ပတ်အတွင်းအောင်လံဘက်မှလည်း အဝယ်ရှိလာတဲ့အတွက် တစ်ရက်ကို အိတ် ၄ဝ မှ ၅ဝ အထိ အရောင်းသွက်လာကြောင်း သိရပါတယ်။ခင်ဆွေဝင်း

Monday, 20 Sep 2010

 အခြားပဲတွေထဲမှာ တင်ပို့မှုများနေသေးတဲ့ ပဲလွန်းဖြူ     လက်ရှိဈေးကွက်တွေမှာ အခြားပဲအမျိုးအစားတွေ လက်ကျန် လျော့နည်းလာပြီဖြစ်ပေမဲ့ ယခုတစ်ပတ်ထိ တင်ပို့မှုများနေသေးတာကတော့ ပဲလွန်းဖြူ ဖြစ်ပါတယ်။ ယခင်တစ်ပတ်က တန်ချိန် ၆၈ဝ ခန့်ထိ စံချိန်တင် တင်ပို့နိုင်ခဲ့သလို ယခုတစ်ပတ် (စက်တင်ဘာလ ၉ ရက်မှ ၁၅ ရက်)အတွင်းမှာလည်း တန်ချိန် ၅ဝဝ ခန့်ထိ တင်ပို့ခဲ့တာတွေ့ရပါတယ်။ တင်ပို့တဲ့နိုင်ငံတွေကတော့ အီဂျစ်၊ အိန္ဒိယ၊ ကိုရီးယား၊ ပါကစ္စတန်၊ စင်ကာပူ၊ ထိုင်းနဲ့ ယူအေအီးတို့ ဖြစ်ပါတယ်။ အိန္ဒိယ မွန်ဘိုင်းဈေးကွက်မှာ ပဲလွန်းဖြူ (ပဲခူး) တစ်တန်ကို ရူပီး ၄၈၅ဝဝ (ကန်ဒေါ်လာ ၁ဝ၄၉) နဲ့ ဈေးငြိမ်နေသလို ရန်ကုန် FOB ဈေးမှာလည်း FAQ တစ်တန်ကို ကန်ဒေါ်လာ ၇၈ဝ-၇၉ဝ၊ SQ  တစ်တန်ကို ကန်ဒေါ်လာ ၈၉ဝ-၉ဝဝ အသီးသီးရှိတယ်လို့သိရပါတယ်။MIRT - MAPT

Monday, 20 Sep 2010

 ဒေသခွဲစက်နဲ့ နယ်ဝယ်လက်ရှိတဲ့ မုံရွာဗွီတူ     စက်တင်ဘာဒုတိယပတ် မုံရွာကုန်စည်ဒိုင် ကုလားပဲဈေးကွက်အနေနဲ့ဒေသတွင်းခွဲစက်အဝယ်နဲ့ နယ်အဆွဲရှိခဲ့လို့ အရောင်းအဝယ် အသင့်အတင့် ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ်အတွင်း ပေါက်ဈေးအနေနဲ့ ကုလားပဲ (တိုင်ပေ) တစ် တင်း၁၉၂ဝဝ ကျပ်မှ ၁၉၅ဝဝ ကျပ်၊ ဗွီတူးတစ်တင်း ၁၉၂ဝဝ ကျပ်မှ ၁၉၆ဝဝ ကျပ်အတွင်း ဈေးအေးနေခဲ့ပြီး ဝယ်သူဈေး မကိုက်လို့ တစ်နေ့အိတ် ၂ဝဝ ဝန်းကျင်သာအရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ အရောင်းအဝယ်ဖြစ်ခဲ့ပြီး စက်တင်ဘာ ဒုတိယပတ်အတွင်း နယ်တင်ပို့မှုအနေနဲ့ မန္တလေးကို တင်း၂၇ဝဝ ခန့်ရှိခဲ့ကြောင်းလေ့လာသိရှိရပါတယ်။ထွနွန်းလှိုှုငိင်

Monday, 20 Sep 2010

 ဝယ်လက်အေးလို့ ပြည်ကုလားပဲဈေးကျ   ကုလားပဲဈေးမှာ ယခင်အပတ်တွင် ၂ဝ၃ဝဝ ကျပ်ဈေးရှိရာမှ ယခုတစ်ပတ်အတွင်း ၁၉၈ဝဝ ကျပ်ဈေးဖြင့် အရောင်းအဝယ်ရှိနေပါတယ်။ ဝယ်လက်များမှ အဝယ်လျော့လာလို့ တစ်တင်းကို ၅ဝဝ ကျပ်ကို ကျဆင်းခဲ့ ခြင်းဖြစ်ပါတယ်။ ယခုတစ်ပတ်အတွင်း အခြားတိုင်းဒေသကြီးများကို တင်ပို့ရောင်းချမှုမရှိဘဲ တိုင်းဒေသကြီးများ အတွင်း မြို့နယ်များဖြင့်သာ အရောင်းအဝယ်ရှိပြီး နေ့စဉ်ကုလားပဲအိတ် ၁၅ဝ ခန့် အရောင်းအဝယ် ရှိကြောင်း သိရပါတယ်။                                        လွင်လွင်ဆန်း 

Monday, 20 Sep 2010

 ရန်ကုန်ဝယ်လက် အဝယ်သွက်တဲ့ မုံရွာဈေးကွက်       စက်တင်ဘာဒုတိယပတ်အတွင်း မုံရွာပဲဈေးကွက် ပဲတီစိမ်းမှာ ရန်ကုန်ဝယ်လက်သွက်လာတဲ့အတွက် ဈေးအနည်းငယ် မြင့်တက်လာပြီး အရောင်းအဝယ်သွက်ပါတယ်။တစ်တင်း ၂ဝဝဝဝ ကျပ်၊ ၂၃ဝဝဝ ကျပ်အထိ ဈေးအေးခဲ့ရာမှ ယခုအပတ်မှာ တစ်တင်း ၂၁ဝဝဝ ကျပ်၊ ၂၄ဝဝဝကျပ် အထိ မြင့်တက်ခဲ့ပြီး စက်တင်ဘာ ၁၃ ရက်၊ ၁၄ ရက်များမှာ နေ့စဉ် အိတ် ၁ဝဝဝ ခန့် အရောင်းသွက်ခဲ့ကြောင်းသိရပါတယ်။အောင်မင်း 

Pages