Background
ယခင်နှစ်ကာလတူထက် လျော့ဝင် ပြည်တွင်းကို ပင်လယ်ရေကြောင်းလမ်းနဲ့ ဘိလပ်မြေတင်သွင်းရာမှာ သြဂုတ် လ ၃ဝ ရက်မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ၈၇ဝ၅ တန် တန်ဖိုး ကန်ဒေါ်လာ ၇၄၅၉ဝ တင်သွင်းခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်က တင်သွင်းလာတာဖြစ်ပြီး ယခင် အပတ်က တန်ချိန် ၂၁၃၅ဝ အဝင်ရှိကာ ယခုအပတ်အဝင်က တန်ချိန် ၈၇ဝ၅ ကျော်ပဲဝင်တာမို့ တန်ချိန် ၁၂၆ဝဝ ကျော် လျော့ဝင်ခဲ့ပါတယ်။ ၂ဝ၁ဝ သြဂုတ်လ အတွင်း ရေကြောင်းလမ်းနဲ့ ဘိလပ်မြေ တန်ချိန်စုစုပေါင်း ၃ဝ၉၉၈ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၂ ဒသမ ၅ သန်းကျော်ဖိုးတင်သွင်းခဲ့ပါတယ်။ ဒီ ၂ဝ၁ဝ သြဂုတ်လ ဘိလပ်မြေအဝင်က ယခင်ဇူလိုင်လအဝင် တန်ချိန် ၃၇၆၉၃ နဲ့ ယှဉ်ရင် တန်ချိန် ၆၆၉၅ တန်လျှော့ဝင်သလို ယခင်နှစ် ၂ဝဝ၉ ခုနှစ်သြဂုတ်လ ဘိလပ် မြေအဝင် ၁၅၂၃၄၆ တန်နဲ့ယှဉ်ရင်လည်း ၅ ဆခန့် လျော့လာတာတွေ့ရပါတယ်။ သြဂုတ်လ အတွင်း ဖောက်သည်နိုင်ငံတွေကတော့ ထိုင်း၊ မလေးရှားနဲ့ စင်ကာပူနိုင်ငံများဖြစ် ပါတယ်။ MIRT (DOT)
ဈေးကွက်တွင်းက ဈေးနှုန်းများပြည်တွင်းသုံး ဓာတ်မြေသြဇာအမိုျးမိုျး၏ ဒေသအသီးသီးရှိ ဈေးကွက် ပေါက်ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် - တိုင်း/ပြည်နယ် အမိုျးအစား ဈေးနှုန်း(ကျပ်/အိတ်) ရန်ကုန်တိုင်းဒေသကြီး (မာလာမြိုင်) ယူရီးယား(တရုတ်)ရွှေတောင် ၁၈၆ဝဝ ယူရီးယား(တရုတ်)ကမ္ဘာလုံး ၁၈၅၀၀ ယူရီးယား-ယူအေအီး ၁၇၆ဝဝ ပိုတက်(ကနေဒါ) ၂ဝဝဝဝ မန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်)ရွှေတောင် ၁၇၈ဝဝ တီဆူပါ GTSP ၄၆% ၁၈၅ဝဝ တီဆူပါ GSSP ၁၆% ၈၂ဝဝ တီဆူပါ GSSP၁၂% ၇၅ဝဝ ကွန်ပေါင်း(တရုတ်) ၁၅:၁၅:၁၅ ၂၅ဝဝဝ အာမို(ဒိုင်းမွန်းစတား) ၄ဝဝဝဝတောင်ငူ ယူရီးယား-ပုလဲ(ယူအေအီး) ၁၈ဝဝဝ ယူရီးယား (ရွှေတောင်-တရုတ်) ၁၈၅ဝဝ ကမ္ဘာလုံး (တရုတ်) ၁၈၅ဝဝ ကုလားအုတ်-တရုတ် ၁၈၅ဝဝတောင်ကြီး ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၂ဝဝ ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်) ၁၉၅ဝဝ ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်) ၁၉၂ဝဝ တီဆူပါ-(တရုတ်) ၁၂% ၈၅ဝဝ တီဆူပါ-(တရုတ်) ၁၆% ၉၅ဝဝ တီဆူပါ ၁၅:၁၅:၁၅ (တရုတ်) ၃၉၅၀၀ ပိုတက်(တရုတ်) ၁၉၀၀၀ ဓာတ်ဆား (တရုတ်) ၁၃၀၀၀မော်လမြိုင် ပုလဲ(သေး)(ရွှေတုံး ၄၆% တရုတ်) ၂ဝဝဝဝ ပုလဲ(သေး)(ရွှေပျား ၄၆% တရုတ်) ၂ဝဝဝဝ တီစူပါ (တရုတ်) သံကွင်း၄၆% ၂ဝဝဝဝ တီစူပါ (တရုတ်) မျှား ၄၆% ၁၉ဝဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ ၁၆% ၁ဝဝဝဝ ကွန်ပေါင်း(ထိုင်း-မြင်းပံျ) (၁၆ါ်၁၆ါ်၈) ၃ဝဝဝဝMIRT (MAPT)
၄၄ တန် အဝင်လျော့ခဲ့ ပင်လယ်ရေကြောင်းလမ်းကနေ စက်တင်ဘာလပထမပတ်အတွင်း ဓာတ်မြေသြဇာ အဝင်တန်ချိန် ၂ဝ၇တန် တန်ဖိုး ကန်ဒေါ်လာ ၆၄၇၇၇ ဖိုးတင်သွင်းခဲ့ပါတယ်။ ယခင်သြဂုတ်လ နောက်ဆုံးအပတ်က မြေသြဇာကွန်ပေါင်း ၂၅၁ တန်အဝင် ရှိခဲ့ပြီး ဒီသီတင်းပတ်မှာ ၂ဝ၇ တန်ကျော်သာ တင်သွင်းခဲ့တဲ့အတွက် တန်ချိန် ၄၄ တန် လျော့နည်းဝင် လာခဲ့ပါတယ်။ ၂ဝ၁ဝ သြဂုတ်လအတွင်း ဓာတ်မြေသြဇာအဝင် စုစုပေါင်းက တန်ချိန် ၂၂၃၉ ဒသမ ၂၇ တန်ဝင်ခဲ့ပြီး ယခင်လ ဇူလိုင်အဝင်က ၃၄၈၄ တန်ရှိခဲ့တဲ့အတွက် လခုျပ် အနေနဲ့ ယှဉ်ကြည့်ရင် ယခင်လထက် တန်ချိန် ၁၂၄၄ တန်ကျော် လျော့ခဲ့ပါတယ်။ သြဂုတ်လအတွင်း အသွင်းများတဲ့ ဖောက်သည်နိုင်ငံတွေကတော့ ဆော်ဒီအာရေး ဗီးယား၊ ထိုင်း ၊ ဗီယက်နမ်၊ ရုရှား၊ ဂျပန်၊ တရုတ်နဲ့ ဘူဂေးရီးယားတို့ဖြစ်ပါတယ်။MIRT (DOT)့
အိန္ဒိယဘက်မှ စိန်များကို ပြည် တွင်းဈေးကွက်က ဝယ်ယူအသုံးပြုလျက် ရှိရာ အိန္ဒိယစိန်ဈေး တက်ခြင်းကြောင့် ပြည်တွင်းစိန်ဈေး ကွက်မှာ ၅ ရာခိုင်နှုန်း နီးပါးဈေးတက်လျက်ရှိပြီး ကျင်ဖြူစိန် များအဝင်နည်း၍ ပစ္စည်းပြတ်သလောက် ရှိနေကြောင်းသိရပါတယ်။ကျင်ဖြူစိန်ကို မြန်မာနိုင်ငံမှ အသုံးများပြီး အိန္ဒိယဘက်မှ ပစ္စည်းဝင်ရောက် မှုနည်းလာခြင်းကြောင့် ပစ္စည်းရှားလာကြောင်းနဲ့ အိန္ဒိယစိန်သွေးတဲ့လုပ်အား ခဈေးနှုန်းများအပြောင်းအလဲဖြစ်ပေါ် လာခြင်းကြောင့် လက်ဝင်တဲ့ စိန်အပွင့် သေးများ ပို၍ဈေးမြင့် လျက်ရှိကြောင်း မန္တလေးမြို့စိန်ဈေးကွက်အတွင်းမှ သိရပါတယ်။ ''ကျင်ဖြူက အသစ်ရယ်လို့ မဝင် ဘူး၊ ဈေးကွက်ထဲမှာရှိသလောက်ဘဲ အ ရောင်းအဝယ်လုပ်နေရတယ်။ ကျင်ဖြူ အမိုျးအစားအများ ကြီးထဲကမှ ကျင်ဖြူ မဲပြီးဖြူတာ၊ မဲပြီးစိမ်းတာ၊ ညိုပြီးဝါတာ၊ ကာလာများတာကို ကြိုက်ကြတယ်။အစိမ်းဘက်ပါတာကို အန်တီတို့ကြိုက် ကြတယ်။ ကာလာမှာ သူ့အမှတ်အသား နဲ့ အခေါ်အဝေါ်လေးတွေရှိတယ်။ J နဲ့G ဈေးမြင့်တာတွေ သိပ်မဝင်ဘူး။ ပစ္စည်းကောင်းရှားတဲ့အတွက် စိတ်တိုင်း ကျပစ္စည်းလိုချင်တာ မရနိုင်တာပေါ့'' လို့ မန္တလေးရှိစိန်ကုန်သည်တစ်ဦးက ပြောပါတယ်။ စိန်ဈေးနှုန်းမှာ စိန်ကောင်းစိန်သန့် တဲ့အပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားပါ တယ်။ ယခုလတွင် တောင်ပြုံးပွဲရာသီ ကြောင့် မန္တလေးမြို့သို့ နယ်စုံမှလာ ရောက်သူများမှ စိန်သေးသေးဖြင့် ပြု လုပ်ထားတဲ့အထည်များကို ဝယ်ယူလျက် ရှိကြောင်း သိရပါတယ်။ ၁ဝ လုံးစီး ၂ဝ လုံးစီး ၄ဝ လုံးစီး အကျင် ၁၈ဝဝဝဝ မှ ၂ဝဝဝဝဝ ၁၅ဝဝဝဝ မှ ၁၈ဝဝဝဝ ၁၂ဝဝဝဝ မှ ၁၄ဝဝဝဝ အသန့်နီးပါး ၃၇ဝဝဝဝ မှ ၃၈ဝဝဝဝ ၂၈ဝဝဝဝ မှ ၃၂ဝဝဝဝ ၂၈ဝဝဝဝ မှ ၃၄ဝဝဝဝ ကောင်းတဲ့စိန် စိန်အသန့် ၆၂ဝဝဝဝ ၄၈ဝဝဝဝ ၄၅ဝဝဝဝ ဇူးဇူး
ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်တွင် နွေစပါးစိုက်ပိုျးရန် လျာထားဧက ၂၁၇၆၂ ရှိရာ ယနေ့ထိ စိုက်ပိုျးပြီးဧက ၇၈၃၈ရှိပြီး အရည်အသွေးကောင်းပြီး ဝယ်လိုအား ကောင်းတဲ့ မနောသုခ၊ ဆင်းသွယ်လတ်၊ ရွှေမြန်မာ၊ ဆင်းသုခ၊ စပါးမိုျးများကို အဓိကပျိုးထာင် စိုက်ပျိုးထားကြောင်း၊ တောင်သူများအနေဖြင့်
ရက်ပေါင်း ၂၈ရက်သာရှိတဲ့ ဖေဖော်ဝါရီလရဲ့ လတစ်ဝက်ကျိုးချိန်မှာတော့ ပခုက္ကူကို ဆန် ၁၃၃၈၉၆အိတ် ဝင်ရောက်ခဲ့ပြီးဖြစ်ပါ တယ်။ ဒေသအလိုက်ခွဲခြားကြည့်မယ်ဆိုရင် စစ်ကိုင်းတိုင်းရွှေဘိုက ကား ၁၁ စီးနဲ့ ၄၄ဝဝ အိတ်၊ မုံရွာက ၁၅ စီးနဲ့ အိတ် ၅ဝဝဝ ၊ ရေဦး က ၄ စီးနဲ့ ၁၆ဝဝ အိတ်၊ ကလေးက ၂ စီးနဲ့ အိတ် ၁ဝဝဝ စုစုပေါင်း ၁၂ဝဝဝ အိတ်ဝင်ရောက်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဘက်ကတော့ မြောင်းမြက ရေယာဉ် ကိုးစီးနဲ့ ၉ဝ၉၈၃ အိတ်၊ မြန်အောင်က တစ်စီး ၆၅ဝဝ အိတ်၊ အိမ်မဲက တစ်စီး ၆၃၅ဝ အိတ်၊ ဟင်္သာတက နှစ်စီး ၁၆ဝ၆၃ အိတ်နဲ့ ပုသိမ်က တစ်စီး ၂ဝဝဝ အိတ် စုစုပေါင်း ၁၂၁၈၉၆ အိတ် ဝင်ရောက်ခဲ့တာ တွေ့ရပါတယ်။
တစ်ဖက်နိုင်ငံမှာ ဆန်ဈေးကောင်းနေတဲ့အတွက် မြန်မာဆန်တွေ ထိုင်း-မြန်မာနယ်စပ် မြဝတီမှတစ်ဆင့် မဲဆောက်သို့ ရားမဝင် တင်ပို့မှုများရှိနေကြောင်း သတင်းရရှိပါတယ်။ ၅ဝ ကီလိုဝင် မြန်မာဆန်အကောင်းစားတစ်အိတ်ကို မဲဆောက်မှာ ထိုင်းဘတ်ငွေနဲ့ ၁၄ဝဝ ရှိပြီး မြန်မာငွေနဲ့ဆိုရင် ၄၂ဝဝဝ ကျပ်ခန့်ဈေးရှိပါတယ်။
စစ်ကိုင်းတိုင်းမှာ မြေထောက်ပဲကို ကသာခရိုင်မှာ ဧက ၃ သောင်းကျော်၊ မော်လိုက်ခရိုင်မှာ ဧက ၆ ထောင်ကျော်၊ ကလေးခရိုင်မှာ ဧက ၃ ထောင်ကျော်၊ ခန္တီးခရိုင်မှာ ဧက ၇ ထောင်ကျော် စုစုပေါင်း ဧက ၅၄၇ဝဝ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဒီလအတွင်းပဲသစ်များ စတင် ထွက်ပေါ်စပြုနေပြီဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဝှမ်း ကျွန်းမြေထောက်ပဲများ ဈေးကွက်လက်လှမ်း မှီရာ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကို တစ်ပတ်ကို အိတ်ရေ ၁၅ဝဝ မှ ၂ဝဝဝ ခန့် စတင်ဝင်ရောက်လို့လာပြီဖြစ်ပါတယ်။ ပဲအရည်အသွေးမှာ ယခင်နှစ်ထက်သာပြီး ဈေးနှုန်းမှာ တစ်တင်းကို ၁၄၅ဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်ထိရှိကာ ဝင်ရောက်ကာလမှာ ယခင်နှစ်ထက် တစ်လခန့်စောကြောင်း သိရပါတယ်။
