Main menu

Background

Friday, 29 Jan 2010

      စစ်ကိုင်းတိုင်းမှာ မြေထောက်ပဲကို ကသာခရိုင်မှာ ဧက ၃ သောင်းကျော်၊ မော်လိုက်ခရိုင်မှာ ဧက ၆ ထောင်ကျော်၊ ကလေးခရိုင်မှာ ဧက ၃ ထောင်ကျော်၊ ခန္တီးခရိုင်မှာ ဧက ၇ ထောင်ကျော် စုစုပေါင်း ဧက ၅၄၇ဝဝ ကျော်စိုက်ပျိုးနိုင်ခဲ့ပြီး ဒီလအတွင်းပဲသစ်များ စတင် ထွက်ပေါ်စပြုနေပြီဖြစ်ပါတယ်။    ချင်းတွင်းမြစ်ဝှမ်း ကျွန်းမြေထောက်ပဲများ ဈေးကွက်လက်လှမ်း မှီရာ မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ကို တစ်ပတ်ကို အိတ်ရေ ၁၅ဝဝ မှ ၂ဝဝဝ ခန့် စတင်ဝင်ရောက်လို့လာပြီဖြစ်ပါတယ်။     ပဲအရည်အသွေးမှာ ယခင်နှစ်ထက်သာပြီး ဈေးနှုန်းမှာ တစ်တင်းကို ၁၄၅ဝဝ ကျပ်မှ ၁၅ဝဝဝ ကျပ်ထိရှိကာ ဝင်ရောက်ကာလမှာ ယခင်နှစ်ထက် တစ်လခန့်စောကြောင်း သိရပါတယ်။

Friday, 29 Jan 2010

      ယခုတစ်ပတ်အတွင်း ပခုက္ကူ ပဲစင်းငုံနီဈေးက တစ်တင်းကို ၂၈ဝဝဝ ကျပ်ပတ်ဝန်းကျင်မှာဘဲ တက်နဲနဲ၊ ကျနဲနဲနဲ့သွားနေခဲ့ပါတယ်။ အဝင်လည်းများလာသလို ဒိုင်မှာအရောင်းအဝယ်ဖြစ်မှုလည်းတိုးလာပါတယ်။ အနယ်နယ်အရပ်ရပ်တောင်သူအများစုကို မေးကြည့် တော့ ဒီနှစ်ပဲစင်းငုံအထွက် နှစ်တိုင်းနဲ့ယှဉ်ရင် တော်တော်နည်းတယ်လို့သိရပါတယ်။ ကုလားပဲဖြူလုံးကြီးလည်း အသစ်စဝင်လာပါပြီ၊ ၁၉ဝဝဝ ကျပ်ဈေးဖြစ်ပြီး လှောင်လက်   V2 အဟောင်းက ၁၈၉ဝဝ ကျပ်ဈေးရှိပါတယ်။

Friday, 29 Jan 2010

    ဂျပန်နိုင်ငံအခြေစိုက် ဆာတာကေး ကော်ပိုရေးရှင်းမှ ဝယ်ယူထားသော မြန်မာနိုင်ငံဆန်စက်များ ခေတ်မီဖွံ့ဖြိုးရေးအတွက် စက်ယူနစ် များတပ်ဆင်ပေးရန်ရောက်ရှိနေတဲ့ ပညာရှင် ၃ ဦးဟာ မြန်မာနိုင်ငံဆန်စပ်လုပ်ငန်းရှင်များအသင်းကို ဇန်နဝါရီလ ၂၂ ရက်နေ့က လာရောက်ပြီး ခေတ်မီဆန်ယူနစ်သစ်များ ထပ်မံရောင်းချပေးမယ့် အစီအစဉ်များကို တာဝန်ရှိသူများနဲ့ လာရောက်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။

Friday, 29 Jan 2010

ဆန်စပါးလုပ်ငန်းကို အခြေခံမှစ၍ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ မြို့နယ်အဆင့် မြန်မာနိုင်ငံဆန်စပါးလုပ်ငန်းအသင်းခွဲများကို ၂ဝ.၁.၂ဝ၁ဝ နေ့က ဧရာဝတီတိုင်း၊ ကုံျပျော်မြို့နယ်နဲ့ ဓနုဖြူမြို့နယ်မှာလည်းကောင်း၊ ၂၁.၁.၂ဝ၁ဝ နေ့က မအူပင်မြို့နယ် ပန်းတနော် မြို့နယ်၊ ညောင်တုန်းမြို့နယ်၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်တို့မှာလည်းကောင်း အောင်မြင်စွာဖွဲ့စည်းပြီးဖြစ်တယ်လို့ သတင်းရရှိပါ တယ်။

Thursday, 21 Jan 2010

      ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ၂ဝ၁ဝ အတွက် ဆန်အလုံအလောက်ဝယ်ယူပြီးဖြစ်လို့ ကမ္ဘာ့အကြီးဆုံး ဆန်ဝယ်လက်ဟာ ယခုနှစ် အတွက် ဆန်ဈေးကွက်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့

Thursday, 21 Jan 2010

      ဗန်းမော်-လွယ်ဂျယ်ကားလမ်းပိုင်း စိန်လုံမရောက်မီ မိုင်(၂ဝ)ခန့်အကွာ လော့ဒန်ရွာအနီးမှာ တရားမဝင်ဆန်မှောင်ခိုသယ် ဆောင်သည်ဟု ယူဆရသော ဆန်ကားများအား ဒေသအာဏာပိုင်၊

Thursday, 21 Jan 2010

      တစ်ပတ်အတွင်း နိုင်ငံတကာဆန်ဈေးနှုန်းများ လေ့လာကြည့်ရာတွင် တောင်အမေရိကဆန်းဈေး အနည်းငယ်မြင့်တက်ခဲ့ပေမယ့် အာရှနိုင်ငံများမှာတော့ ဆန်ဈေးဆက်လက်

Tuesday, 19 Jan 2010

           ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ယုဇနကုမ္ပဏီလီမိတက်နှင့် မိတ်ဖက်ကုမ္ပဏီလီမိတက်များအပါအဝင် အစုအဖွဲ့ တာဝန်ခံများ၊ မြို့နယ်ဒေသခံဆန်စက်ပိုင်ရှင်များ ဆန်ကုန်သည်များ၊ တောင်သူများနှင့်ပူးပေါင်း၍တွေ့ဆုံညှိနှိုင်းခဲ့ပြီး ''ဧရာဝတီ စိမ်းလန်းမြေဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ'' အား ၂ဝဝ၉ ခုနှစ် ဇွန်လတွင်စတင်

Pages