Background
ပြည်ပကို ရေကြောင်းကုန်သွယ်မှုလမ်းမှ နနွင်း ၁၇၂ ဒသမ ၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တင်ပို့ခဲ့တဲ့ နိုင်ငံတွေက မလေးရှားနိုင်ငံနဲ့ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။ အများဆုံးတင်ပို့နိုင်ခဲ့တဲ့ နိုင်ငံမှာ မလေးရှားနိုင်ငံဖြစ်ပါတယ်။ ယခင် သီတင်းပတ်မှာ နနွင်းတင်ပို့မှုပျောက်ခဲ့ပြီး ဒီတစ်ပတ်မှ သာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ သုံးရာ့ရှစ်ဆယ်ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
သီတင်းတစ်ပတ်ဖြစ်တဲ့ မတ်လ ၂၄ ရက်မှ ၃၀ ရက်အတွင်းမှာ မန်ကျည်း ၁၀၆၇ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့ပါတယ်။ ဒီတစ်ပတ် မှာစင်ကာပူနိုင်ငံကို ၃၁၆ တန်နဲ့ ပါကစ္စတန်နိုင်ငံကို ၇၅၁ တန်တင်ပို့ခဲ့ ပါတယ်။ တင်ပို့မှုမှာ ပါကစ္စတန်နိုင်ငံကို အများဆုံး တင်ပို့ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်း ပတ်မန်ကျည်း တင်ပို့မှုက တန်ချိန် တစ်ထောင့်နှစ်ရာကျော် ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် တစ်ရာ့ခုနှစ် ဆယ်ကျော် အပို့လျော့ခဲ့ပါတယ်။
ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်းစိုတွေ အဝင်နည်းနေပါတယ်။ ချင်းပြန်စိုက်တဲ့အချိန် ရောက်လာ တာကြောင့် တောင်သူတွေကလည်း ချင်းပြန် စိုက်နေလို့ အဝင်ကလည်း ခပ်ပါးပါးသာရှိနေတယ်လို့ ဆိုပါတယ်။ ပင်လောင်း၊ တီကျစ်ကတော့ အဝင်မရှိသလောက်နည်းနေပြီး အောင်ပန်းအနီး တစ်ဝိုက် ကျေးရွာတွေကသာ အဝင်ရှိနေပါတယ်။ စစ်တွေဝယ်လက်တွေနဲ့ ဈေးပတ်သမား တွေသာ ဝယ်ယူမှုရှိနေတာကြောင့် ပြီးခဲ့တဲ့အပတ် ကတော့ ပိဿာချိန် ၃ သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ လက်ကျန်လည်းအတော်နည်း သွားပြီဖြစ်ပါ တယ်။ အောင်ပန်းမှာ ချင်းဈေးက ရိုးရိုးချင်းက ၂၅၀ ကျပ်နဲ့ အခက်ကြီး အခက်လှ ချင်း တွေကတော့ တစ်ပိဿာ ၃၅၀ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့တစ်ပိဿာ ၁၃၀၀ ကျပ်ဈေးရှိပါတယ်။ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၄ ရက် နေ့ထိ ချင်းစို ပိဿာချိန် ၁၃၀၀၀၀ နဲ့ ချင်းခြောက်ပိဿာချိန် ၉၄၀၀ အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့လည်း သိရပါတယ်။
ပြည်ပကိုပင်လယ်ရေကြောင်းလမ်းမှမတ်လ ၂၄ ရက်မှ ၃၀ရက်အတွင်း ချင်း တင်ပို့မှုပျောက်ခဲ့ပါတယ်။ မတ်လပထမပတ်အတွင်းမှာသာ တင်ပို့မှုရှိခဲ့ပြီး သုံး ပတ် ဆက်တိုက်အပို့ပျောက်ခဲ့တယ်လို့ သိရပါတယ်။
ပြည်ချင်းဈေးမှာ ယခင်တစ်ပတ်က တစ်ပိဿာကို ချင်း(ဂျွန်) ၅၀၀ ကျပ်၊ (ရှယ်) ၆၀၀ ကျပ်တို့ဖြစ်ပြီး၊ ယခုတစ်ပတ်မှာ (ဂျွန်) ၆၀၀ ကျပ်၊ (ရှယ်) ၇၀၀ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိတာကြောင့် တစ်ပိဿာ ၁၀၀ ကျပ်ခန့် မြင့်တက်သွားပါတယ်။ ယခုတစ်ပတ်အတွင်း အောင်ပန်းနယ်မှ ပိဿာ ၃၀ ဝင်အိတ် ၂၀၀ ခန့်အဝင်ရှိပြီး၊ သြင်္ကန် အခါနားနီးလာလို့ တစ်နေ့ ပိဿာချိန် ၄၅၀ ခန့်နဲ့ အရောင်းအဝယ် သွက်နေပါတယ်။ ပြည်ချင်း ဈေးကွက်မှ တစ်ဆင့် ဧရာဝတီ၊ ရခိုင်တို့ကို စားသုံးမှုအဖြစ် ယခုတစ်ပတ်မှာ ပိဿာချိန် ၃၅၀ ခန့် တင်ပို့ကြောင်း သိရပါတယ်။ ဝင်းဝင်းခိုင် - ပြည်
၂၀၁၃ ခုနှစ်၊ ဧပြီလ ပထမပတ်မှာ ကုလားပဲဖြူလုံးကြီးနဲ့ ကုလားပဲထိုင်ဝမ်ကို ရန်ကုန်ဝယ်လက်နဲ့ ဒေသတွင်း ပဲခွဲစက်များနဲ့ လှောင်လက်တွေကြောင့် အရောင်း အဝယ်သွက်လက်ကြောင်း သိရပါတယ်။ ယခုဖြစ်ပေါ်နေ တဲ့ ဈေးနှုန်းနဲ့ အရောင်း အဝယ်ဖြစ်မှု မျှတလျက်ရှိကြောင်း ပွဲစားကုန်သည်တစ်ဦးမှ ပြောပါတယ်။
ဧပြီလဆန်း ရှမ်းပြည်နယ်ရဲ့ အောင်ပန်းကုန်စည်ဒိုင်မှာ စားဖိုချောင်သုံးပစ္စည်းနဲ့ ဆီထွက်သီးနှံများ ဈေးငြိမ်ပြီး၊ ပုံမှန်အရောင်းအဝယ်ဖြစ်နေပေမယ့် ပဲပြောင်းသီးနှံများ ဈေးပြန်မာခဲ့သလို နှစ်သစ်ကူးသြင်္ကန်ပွဲတော်ကြီးကလည်း နီးလာလို့ နေ့စဉ် စည်ကားတိုးတက်အရောင်းအဝယ်သွက်လာကြောင်း သိရပါတယ်။
ဧပြီလ ပထမပတ်အတွင်း ဟင်္သာတကုန်စည်ဒိုင်ဈေးကွက်တွင် အစေ့ထုတ်ပြောင်းဈေးငြိမ်နေပြီး တစ်တင်းကို ၇၅၀၀ ကျပ်ဈေးနဲ့ တစ်ရက်အိတ် ၂၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲသီးနှံကတော့ ဈေးကွက်အတွင်း အဝင်လှိုင်လာပြီး တစ်ရက်အိတ် ၅၀၀၀ ခန့် အရောင်းအဝယ်ဖြစ်နေပါတယ်။ မတ်ပဲတစ်တင်းဈေးမှာ ယခင်အပတ်က ၁၆၁၀၀ ကျပ်၊ ယခုအပတ်မှာ ၁၆၈၀၀ ကျပ်ဈေးနဲ့ ရန်ကုန်ဈေးကွက်သို့ တစ်ရက်မတ်ပဲအိတ် ၃၀၀၀၊ ပြောင်းစေ့အိတ် ၁၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါတယ်။ အေးအေးခိုင်-ဟင်္သာတ
ပဲခူးတိုင်းဒေသကြီးပြည်ပဲဈေးကွက်မှာ ဧပြီလဆန်းပိုင်း အတွင်း မတ်ပဲ၊ ပဲကြီး၊ ပဲပုပ်၊ ထောပတ် ပဲဈေးများ ဈေးပြန်မြင့် လာခဲ့ပြီး၊ ပဲစင်းငုံသီးနှံတစ်မျိုးသာ ဈေးငြိမ်အရောင်း အဝယ် ဖြစ်လျက် ရှိနေတာကိုတွေ့ရ ပါတယ်။ မတ်ပဲသီးနှံမှာ ဈေးကွက် သို့ ပန်းတောင်း၊ ပေါင်းတ လည်၊ ပေါက်ခေါင်းမြို့နယ်များ မှ နေ့စဉ် အိတ် ၅၀၀ ကျော်အဝင်ရှိခဲ့ပြီး၊ ရန်ကုန်ဝယ်လက် ကလည်း ဈေးပိုပေးဝယ်ယူလာတဲ့အတွက် တစ်တင်း ၁၆၉၀၀ ကျပ်ထိ ဈေးပြန်မြင့် လာခဲ့ပါတယ်။ မတ်လကုန်မှာ တစ်တင်း ၁၆၁၁၀ ကျပ်သာ ရောင်းဝယ်မှုရှိတဲ့အတွက် ယခုတစ်ပတ်မှ ၁၀၀၀ ကျပ်နီးပါးဈေးပိုလာခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင် ဧပြီလဆန်းပဲ ဈေးကွက်မှာ ငုံနီဟာ ရန်ကုန်ဝယ်လက် တစ်ခုသာ အားပြုနေရဆဲဖြစ်ပြီး၊ နယ်ပစ္စည်းအဝင်ကျဲသွားလို့ တစ်တင်း ၂၁၀၀၀ ကျပ်ထိ ဈေးအနည်းငယ်မာ လျက်ရှိပါတယ်။ ဈေးအနေအထား အရ လှောင်လက်သမားတွေ မဝယ်ရဲသလို၊ လှောင်ထားတဲ့ပဲတွေကိုလည်း မထုတ်ရဲ လို့ ခုလိုဈေးမာနေတာဖြစ်ပြီး၊ ရန်ကုန် လက်အတွက် တစ်ရက်အိတ် ၁၀၀၀ ဝန်းကျင် ပုံမှန် အရောင်းအဝယ်ဖြစ် တယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။
ယခုတစ်ပတ် ကုလားပဲဈေးကွက် မှာလည်း Export အတွက် ဝယ်လက် မရှိခဲ့ဘဲ ဒေသတွင်းပဲကြော်ဖို၊ ခွဲစက်၊ ကြာဇံလိုင်းသမားအဆွဲနဲ့ နယ်ဒိုင် ကုန်သည် လှောင်လက်အဝယ်ပုံမှန်ရှိလို့ ဈေးငြိမ်လျက်ရှိပါတယ်။ ကုလားပဲ ဈေးကွက်မှာ V2 တစ်တင်း ၁၇၆၀၀ ကျပ်မှ ၁၇၉၀၀ ကျပ်အတွင်းပေါက် ဈေးဖြစ်ပေါ်ခဲ့ပြီး၊ လုပ်ငန်းသုံး သမားနဲ့ လှောင်လက်အဝယ်ကြောင့် တစ်ရက် အိတ် ၅၀၀ မှ ၁၀၀၀ ခန့် အရောင်းအ ဝယ်ဖြစ်ခဲ့ပါတယ်။ ကုလားပဲ ရိုးရိုး တစ်တင်း ၁၇၅၀၀ ကျပ်၊ ထိုင်ဝမ်တစ် တင်း ၁၇၄၀၀ ကျပ်နဲ့ 929 တစ်တင်း ၁၇၈၀၀ ကျပ် အမြင့်ဆုံးပေါက်ခဲ့ပြီး ဒေသသုံးနဲ့ လှောင်လက်အဝယ်ကြောင့် တစ်ရက်အိတ် ၁၅၀၀ မှ ၂၀၀၀ ကြား အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နယ်စုံက ပဲအဝင်ပုံမှန် ဝင်နေ တယ်လို့ သိရပါတယ်။Export နဲ့ ရန်ကုန် အသုံးရှိတဲ့ ပုဂံပဲဟာ ဝယ်လို အားရှိပေမဲ့ ပစ္စည်းအဝင်နည်းလို့ ယခု တစ်ပတ်မှာ တစ်တင်း ၂၂၀၀၀ ကျပ် ဈေးပေါက်နေပြီး၊ တစ်ရက်ကို အိတ် ၅၀ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ဆိုပါတယ်။ ယခုတစ်ပတ်မှာ နယ်ပစ္စည်း အဝင်မရှိလို့ မတ်ပဲဈေး နေ့စဉ်မထွက် နိုင်ဘဲ ပစ္စည်းဝင်တဲ့နေ့မှာတော့ တစ် တင်း ၁၅၈၀၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ ပွဲရုံရပ်ကွက်ကပြောပါ တယ်။ ပဲကြီးဈေးကွက်မှာ အညာလိုင်း ဖြစ်တဲ့ ချင်းတွင်းအထက်ပိုင်း ဒေသ များမှ နေ့စဉ်ပဲပုံမှန်ဝင်လျက်ရှိပြီး လုပ် ငန်းသုံးသမား လှောင်လက်နဲ့ ရန်ကုန် ဝယ်လက်ရှိလို့ တစ်ရက်အိတ် ၁၀၀၀ မှ ၁၅၀၀ ကြား အရောင်း အဝယ်ဖြစ်ခဲ့ တယ်လို့သိရပါတယ်။ ယခုတစ်ပတ်အ တွင်း ပဲကြီးတစ်တင်းအကြီး ၂၄၅၀၀ ကျပ်နဲ့ အသေး ၂၂၅၀၀ ကျပ် ပေါက် ဈေးဖြစ်ပေါ်ခဲ့ပါတယ်။ ယခုတစ်ပတ် မြေထောက်ပဲ ဈေး ကွက်မှာလည်း ဟုမ္မလင်း၊ ဖောင်းပြင်စ တဲ့ ချင်းတွင်းအထက်ပိုင်းက ပုံမှန်ဝင် လျက်ရှိပြီး၊ ရန်ကုန်လက်ကဝင်သမျှ သိမ်းနေလို့ တစ်တင်း ၂၉၀၀၀ ကျပ် အမြင့်ဈေးဖြစ်ခဲ့သလို တစ်ရက်အိတ် ၁၅၀၀ ဝန်းကျင် အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ ဒိုင်ရပ်ကွက်ကဆိုပါတယ်။ ယခုနှစ် ပဲသစ်ရာသီအစထဲကExport ဝယ်လိုအားဟာ ရွေးကောက်ပဲဈေး ကွက်ဖြစ်နေကာ ဒေသထွက်ငုံနီ၊ ကုလားပဲတို့ဈေးငုတ်နေပြီး အထက် လိုင်းကလာတဲ့ မြေတောက်ပဲနဲ့ ပဲကြီး ကြောင့် Export ဝယ်လက်နဲ့ ဈေး ကွက်ရှင်သန်လျက်ရှိနေရတာ ဖြစ်တယ် လို့ ကုန်သည်နဲ့ပွဲစားများရဲ့ သုံးသပ်ချက် အရ သိရပါတယ်။ထွန်းလှိုင်-မုံရွာ