Background
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ဇန်နဝါရီလ ၉ ရက်မှ ၁၅ ရက်အတွင်း ကန်ဒေါ်လာ သုည ဒသမ ၀၂၇ သန်းတန်ဖိုးရှိ ချင်း ခြောက် ၁၃ တန်နီးပါးကို တင်ပို့ခဲ့သလို မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ကန်ဒေါ်လာ သုည ဒသမ ၀၀၂ သန်းဖိုးရှိ ချင်းစို ၂ တန် ကို တင်ပို့ခဲ့တာ တွေ့ရပါတယ်။ ယခင်အပတ်က မူဆယ်မှ ချင်းခြောက် ၁၀ တန်နဲ့ စစ်တွေမှ ချင်းစို ၂ တန် တင်ပို့ခဲ့တာမို့ ချင်းစို/ ချင်းခြောက် တင်ပို့မှုဟာ ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။ MIRT (DOBT)
ဒီဇင်ဘာ ဒုတိယပတ်မှ စပြီး အပို့ပျောက်ခဲ့တဲ့ချင်းက ဒီတစ်ပတ်မှ ပြန်လည် တင်ပို့ခဲ့တာဖြစ်ပါတယ်။ တစ်ပတ်အတွင်း ချင်းတင်ပို့မှုက ပါကစ္စတန်နိုင်ငံကို ၅၆ ဒသမ ၃၂ တန်၊ အိန္ဒိယနိုင်ငံကို ၂၅ ဒသမ ၅ တန်နဲ့ ဂျပန်နိုင်ငံကို သုည ဒသမ ၅ တန်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ချင်းတင်ပို့မှုမှ ရရှိခဲ့တဲ့ဝင်ငွေက ကန် ဒေါ် လာ နှစ်သောင်း ရှစ်ထောင်ကျော်ရှိခဲ့ပါတယ်။ MIRT (DOT)
ယခုဇန်နဝါရီလဝက်အတွင်း ပြည်ပဲဈေးကွက်မှာ မတ်ပဲအသစ်များ စတင် ဝင်ရောက်လာသလို ပဲတီစိမ်းသီးနှံကလည်း နေ့စဉ်ဝင်ရောက်လျက်ရှိပါတယ်။ ပဲစင်း ငုံနဲ့ ပဲပုပ်သစ်များလည်း ဆက်တိုက်ဝင်ရောက် ခဲ့ပါတယ်။ မတ်ပဲ သစ်များစတင် ဝင်ရောက်လာသော်လည်း အိတ်အနည်းငယ်ခန့်သာ ဝင်ရောက်မှုရှိသေးတဲ့အတွက် ပဲဟောင်းများ နဲ့သာ အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ပဲဈေးမှာ တစ်တင်း ၁၄၀၀၀ ကျပ်နဲ့ အဟောင်းရောအသစ်ပါ ၎င်းဈေးအတိုင်း အရောင်းအဝယ်ဖြစ်နေခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်မှ တစ်ခါတစ်ရံ အိတ် ၂၀၀-၃၀၀ ဝယ်ယူခဲ့ပြီး နေ့စဉ်အရောင်း အဝယ်မဖြစ်ဘဲ ဈေးအေးနေသလို အရောင်းအဝယ်လည်း အေးခဲ့ပါတယ်။
နွားထိုးကြီး၊ မြင်းခြံ၊ မလှိုင်၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက် ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ရွှေဘို၊ ဒီပဲယင်းဒေသများမှ ဝယ်ယူရရှိတဲ့ ပဲစင်းငုံနီများဟာ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း မန္တလေး ကုန်စည်ဒိုင်(ပွဲစား၊ ကုန်သည်၊ စက်ပိုင်များကထိန်တော်အသင်း)ကို ပုံမှန်ဝင် ရောက်လျက် အရောင်းအဝယ်ပြုလုပ်နေ ပါတယ်။ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှာ ပဲစင်းငုံနီ တစ်ပိဿာ ၈၆၇ ကျပ်မှ ၈၇၅ ကျပ်ကြားမှာ အရောင်း အဝယ်ပြုလုပ်လျက်ရှိ ပါတယ်။ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး အရောင်း အဝယ်ဖြစ်ပါတယ်။ မန်းကုန်စည်ဒိုင် မှာ ပဲစင်းငုံနီ တစ်ရက်နဲ့ တစ်ရက် ဈေးငြိမ်သက်မှု မရှိပေမယ့် လွန်စွာကွာခြားမှုတော့ မရှိပါ။ ရန်ကုန်မှတစ်ဆင့် ပင်လယ်ရေကြောင်းက တင်ပို့နေတဲ့ ပဲစင်းငုံနီဟာ အိန္ဒိယဝယ်လက်အပေါ်မှာ မူတည်ပြီး၊ ဈေးနှုန်း ပြောင်းလဲ မှုဖြစ်ပေါ်ကြောင်း တွေ့ရပါတယ်။ ဝယ်လိုအား ကောင်းနေတဲ့အချိန်မှာ ဈေးနှုန်း အနည်းငယ်မာသော် လည်း လှောင်လက်များအနေနဲ့ ဈေးနှုန်းကွာဟမှုကျဉ်းမြောင်းစွာနဲ့ ဝယ်ယူသိုလှောင်ထားကြောင်း သိရပါတယ်။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလဆန်းမှာ တစ်ပိဿာ ထိပ်စ ၇၅၀ ကျပ်၊လတ်စ ၆၀၀ ကျပ်၊အောက်စ ၂၀၀ ကျပ်ဖြစ်နေတဲ့ ကြက်သွန် နီ ဟာ ဇန်နဝါရီလဝက်မှာ ထိပ်စ ၅၂၅ ကျပ်၊ လတ်စ ၄၅၀ ကျပ်၊ အောက်စ ၁၀၀ ကျပ်ဈေးထိ ဆင်းလာတာကို တွေ့ရပါတယ်။ အဝင် အနေနဲ့ ပခုက္ကူကုန်စည်ဒိုင်မှာ ပိဿာချိန် တစ်သောင်းေ ကျာ် နေ့စဉ် အဝင်ရှိနေတာတွေ့ရပါတယ်။ ရေစကြိုနယ်ဘက်က စိုက်ပျိုး ထုတ် လုပ်ကြတဲ့တောင်သူတွေကတော့ မုံရွာ၊မြင်းခြံ၊ ပခုက္ကူမြို့နယ်က ဈေး တွေကို မေးမြန်းပြီး ဈေးသင့်ရာဘက်ကို ထွက်တယ်လို့လည်း ကြားသိ ရပါတယ်။
မြန်မာ-တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်နယ်စပ် ကုန် သွယ်ရေးစခန်းမှ ဇန်နဝါရီလ ၂ ရက်နေ့မှ ၈ ရက်ထိ ကာလ အတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၂၂၄ သန်းတန်ဖိုးရှိ ကြံတန်ချိန် ၅၄၈၀ ကို တစ်ဖက်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က ချင်းရွှေဟော်နဲ့ လွယ်ဂျယ်စခန်းမှ တန်ချိန် ၂၃၀၀ သာ တင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ တန်ချိန် ၃၀၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်က လွယ်ဂျယ်စခန်းမှ ကြံအပို့ရှိသော်လည်း ယခုအပတ်မှာေ တာ့ တင်ပို့နိုင်မှုမရှိခဲ့ပါဘူး။ ချင်းရွှေဟော်စခန်းတစ်ခုတည်းမှ ယခင်အပတ် က တန်ချိန် ၁၇၀၀ တင်ပို့ခဲ့ပြီး ယခုအပတ်မှာ တန်ချိန် ၅၄၈၀ တင်ပို့ခဲ့တဲ့အတွက် တန်ချိန် ၃၇၈၀ ပိုမို တင်ပို့နိုင်လာခဲ့တာကြောင့် ကြံစိုက်တောင် သူများဝမ်းသာနေ ကြတယ်လို့ သိရပါတယ်။MIRT (DOBT)
မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်စခန်းမှ ဇန်နဝါရီ ၂ ရက်မှ ၈ ရက်အထိ ကာလအတွင်းမှာ ကန်ဒေါ်လာ သုည ဒသမ ၅၀၁ သန်းတန်ဖိုးရှိ သကြားညို ၆၉၀ တန်ကျော်နဲ့ သကြားဖြူ ၁၆၇ တန်ကျော် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ် တင်ပို့မှုထက်ယခုအပတ်မှာ ၇၁၁ တန်ကျော်လျော့နည်း တင် ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်နဲ့ ချင်းရွှေဟော်နယ်စပ် စခန်းများမှ တင်ပို့ခဲ့ သော်လည်း ယခုအပတ်မှာ မူဆယ်နယ်စပ်တစ်ခုတည်းမှသာ တင်ပို့ခဲ့တယ် လို့ သတင်းရရှိပါတယ်။ MIRT (DOBT)
ဗီယက်နမ်စိုက်ပျိုးရေးနဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေနဲ့ ဝန်ကြီးချုပ် ထံသို့ သကြားတန်ချိန် ၃ သိန်း တရုတ်နိုင်ငံသို့တင်ပို့ရောင်းချခွင့်အဆို တင်သွင်း ထားပါတယ်။ ဝန်ကြီးရဲ့ ရှင်းလင်းပြောကြားချက်အရ ၂၀၁၂-၂၀၁၃ မှာ သကြား တန် ၁ ဒသမ ၅ သန်းထုတ်လုပ်နိုင်ပြီး လက်ကျန်သိုလှောင်ထားသော သကြားတန် ၁၈၀၀၀၀ ခန့်ရှိကြောင်း၊ ပြည်တွင်းစားသုံးမှုမှပိုလျှံသော သကြားတန် ၄ သိန်းခန့် ပိုလျှံဖွယ်ရှိတယ်လို့ သိရပါတယ်။ သကြားမှာ တရားမဝင်တင်သွင်းမှုများ ရှိနေတဲ့ အတွက် ပြည်တွင်းသကြားထုတ်လုပ်သူများအနေနဲ့ ၎င်း တို့ရဲ့သကြား များ ပြည်တွင်း ဈေးကွက်မှာ ရောင်းချရန် အခက်အခဲရှိနေတယ်လို့ ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
မြန်မာ-တရုတ်နယ်စပ်စခန်းတစ်ခုဖြစ်တဲ့ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှာ ကန်ဒေါ်လာ သုည ဒသမ ၉၂၂ သန်း တန်ဖိုးရှိတဲ့ ပြောင်းဖူးစေ့ ၂၈၃၀ တန်ကို တင်ပို့ခဲ့ပါတယ်။ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးုဇုန်မှ ကန်ဒေါ်လာ ၅ ဒသမ ၀၂၃ သန်းဖိုးရှိ ပြောင်းတန်ချိန် ၁၅၆၈၁ ကျော်ကို တင်ပို့နိုင်ခဲ့ပါတယ်။ ယခုအပတ်မှာ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီနယ်စပ် ကုန်သွယ်ရေးမှလည်း တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၉၈ သန်းဖိုးရှိ ပြောင်း တန် ၃၀၀ တင်ပို့ခဲ့တာတွေ့ရပါတယ်။ မူဆယ်-ရွှေလီနှစ်ဖက် မြေပြင်ပြောင်းဈေး များကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်- မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု % ၂၅၈၅၉၄ ၂၆၁၂၈၈ ၂၆၉၄ ၁ ၃၁၅ ၃၁၈ ၃ ၁MIRT (DOBT)
အဟောင်းကုန်လို့ အသစ်မပေါ်မီစပ်ကြား နိုဝင်ဘာလ ကုန် ဒီဇင်ဘာလဆန်းပိုင်းမှာ ဈေးမြင့်ခဲ့တဲ့ ကြက်သွန်နီ က အခုတော့ ဈေးသင့်တဲ့ အခြေအနေဖြစ်လာတာတွေ့ရပါ တယ်။ လက်ရှိမြစ်သားကြက်သွန် ကွင်းဈေး (ဂျွန်) တစ်ပိဿာ ၇၀၀ ကျပ်နှုန်းနဲ့ မန္တလေးတက်ရောင်းတဲ့ ရှယ်စက တစ်ပိဿာ ၉၀၀ ကျပ် - ၁၀၀၀ ကျပ်ဈေးရတယ်လို့ သိရပါတယ်။