Main menu

Background

Monday, 14 Aug 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့်  ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် ရွှေတစ် အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၃၆ ဒေါ်လာ ပေါက်ဈေးရှိ ခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၂၉ ဒေါ်လာ ဖြစ်ခဲ့သည်ကိုတွေ့ရှိရသည်။ ပြည်တွင်း ရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် သြဂုတ် ၃ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၃၅၁၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ သြဂုတ် ၉ ရက်တွင် ကျပ် ၃၆၄၅၀ဝ၀ သို့ အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်း ကို ရွှေဈေးကွက်အတွင်းမှ သိရှိရသည်။

Monday, 31 Jul 2023

ကမ္ဘာတစ်ဝန်း ဖြစ်ပေါ်နေသည့် ကိုဗစ်(၁၉) ကပ်ရောဂါ နှင့် ကမ္ဘာ့နိုင်ငံရေး  အခြေအနေများကြောင့်   ကမ္ဘာ့ရွှေဈေးသည် အပြောင်းအလဲများစွာ ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရသည်။ ကမ္ဘာ့ရွှေဈေးသည် ဇူလိုင် ၂၀ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၉၇၉ ဒေါ်လာ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂၆ ရက်တွင် ရွှေတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၆၄ ဒေါ်လာဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။ ပြည်တွင်းရွှေဈေးသည် လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် အခေါက်ရည် တစ်ကျပ် သားလျှင် ကျပ် ၃၂၇၀ဝ၀ဝ ပေါက်ဈေးရှိခဲ့ရာမှ ဇူလိုင် ၂၆ ရက် တွင် ကျပ် ၃၄၅၀ဝ၀ဝ သို့  အတက်အကျ ဖြစ်ပေါ်ခဲ့ကြောင်းကို ရေဈေးကွက်အတွင်းမှ သိရှိရသည်။

Monday, 17 Jul 2023

လက်ရှိ ပြည်တွင်း ငွေကြေးဈေးကွက်အတွင်း ကြိုက်ရောင်း၊ ကြိုက်ဝယ် စနစ်ဖြင့် အရောင်းအဝယ် ပုံမှန်အတိုင်းသာရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ ရောင်းဝယ်သူများအနေဖြင့် ငွေကြေးဈေးကွက်အတွင်း မသမာမှုများ မပြုလုပ်ကြရန် ဗဟိုဘဏ်က သတိပေးထားပြီး စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီခြင်းမရှိသည့် ဆောင်ရွက်မှုများကိုတွေ့ရှိပါက လိုအပ်သလို အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

Tuesday, 20 Jun 2023

မြန်မာနိုင်ငံတော်  ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို ထိန်းချုပ်လျက်ရှိရာ လက်ရှိ  ပြည်တွင်းငွေ ကြေးဈေးကွက်အတွင်း  ကြိုက်ရောင်း၊ ကြိုက်ဝယ်စနစ်ဖြင့်   အရောင်းအဝယ် အေးနေကြောင်း သိရသည်။
လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေး လုပ်ငန်းကော်မတီကို ဖွဲ့စည်းထားပြီး ဒေါ်လာဈေးနှုန်းတည်ငြိမ်မှု ပျက်ပြားစေသည့် ကိစ္စရပ်များအပေါ် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tuesday, 9 May 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း သိရသည်။
ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်‌စေရန်အတွက် ဗဟိုဘဏ် အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက် ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအပြင်  ပြင်ပဈေးအတိုင်း ရောင်းဝယ်မှုများ ပြုလုပ်နေသည့် ၎င်းတို့ လိုင်စင်ထုတ်ပေးထားသော ငွေလဲကောင်တာများကိုလည်း ဗဟိုဘဏ်အနေဖြင့် အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Thursday, 16 Mar 2023

ငွေလွှဲလုပ်ငန်း‌များအနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထား သည့် ဥပဒေနှင့် စည်းမျဉ်းများ၊ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း ယင်းဘဏ်က အသိပေးပြောကြားထားသည်။
ယင်းအပြင် လိုင်စင်အသစ်များ ထုတ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုးခြင်းနှင့် ပတ်သက်သည့်မူဝါဒများကို သိရှိရန်လည်းလိုအပ်ပြီး နေ့စဉ် စာရင်းများဖြင့် ဘဏ္ဍာ ရေးနှစ်ချုပ် အစီရင်ခံစာများကို မပျက်မကွက် ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။

Wednesday, 1 Feb 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ပြည်တွင်းငွေလဲနှုန်း တည်ငြိမ်စေရေး ဆောင်ရွက်လျက်ရှိရာ လက်ရှိ ငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ် ပုံမှန် အတိုင်းသာရှိကြောင်း သိရသည်။
ပြည်တွင်း ရွှေနှင့် ငွေကြေးဈေးကွက် တည်ငြိမ်စေရန်အတွက် ဗဟိုဘဏ် အနေဖြင့် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနများနှင့်အတူ ဆက်လက်ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း သိရသည်။

Pages