Background
ဘိလပ်မြေ
မော်လမြိုင်မြို့၌ ၂၀၂၅ခုနှစ် မေလ စတုတ္ထပတ်တွင် ဘိလပ် မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည်ငြိမ် နေကြောင်း သိရှိရသည်။ ဈေးကွက်တွင်း အရောင်းအဝယ်ပုံမှန် ဖြစ်နေသောဈေးမှာ ယခုတစ်ပတ်တွင် (အပါချီ) တစ်အိတ်လျှင် ကျပ် ၂၅၀ဝ၀၊ ကြံ့တံဆိပ် (အပြာ) တစ်အိတ်လျှင် ကျပ် ၂၄၃၅၀၊ ကြံ့တံဆိပ်(အဝါ) တစ်အိတ်လျှင် ကျပ် ၂၈၀ဝ၀ ဖြင့် အရောင်း အဝယ် ဖြစ်နေပြီး မော်လမြိုင်မြို့၌ ဓာတ်မြေသြဇာနှင့် ပိုးသတ် ဆေး ဈေးနှုန်းမှာ အရောင်းအဝယ်ပုံမှန်ရှိနေပြီး ဈေးနှုန်းတည် ငြိမ်နေကြောင်း သိရသည်။
ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး
အွန်လိုင်းမှတစ်ဆင့် ရောင်းချရာတွင် စားသုံးသူ နစ်နာမှုမရှိစေရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ ၂၀၂၄ ခုနှစ် တစ်နှစ် တာကာလအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုစုပေါင်း ၆၀ ခု ခွင့်ပြု ပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရ သည်။
ပြည်တွင်းစားသုံးမှု ဖူလုံရေး အရန်ဆန် စနစ်များထားရှိသည့်အပြင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်လာပါ က ပို့ကုန်အခြေပြု အရန်ဆန်စနစ်ရှိပြီး အိတ်ရေအားဖြင့် ရှစ်သိန်းဝန်းကျင်ခန့် စုဆောင်းထားရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။ "ပို့ကုန်အခြေပြုဆိုတာ ပို့ကုန် လုပ်ငန်းရှင်တွေပါဝင်တဲ့ နထစသမအနမ တွေ ရဲ့ပါဝင်မှုနဲ့ ဆောင်ရွက်ထားတာဖြစ်ပါ တယ်။ ကျွန်တော်တို့မှာ နိုင်ငံတော် အရန်ဆန်ကဲ့သို့ပေါ့။ ပို့ကုန်အခြေပြု အရန်ဆန်ပေါ့။ ပို့ကုန်အခြေပြုဆိုတာ က ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ကျွန်တော်တို့ဆောင်ရွက်တာပါ။ နထစသမအ တစ်တန် ပို့တိုင်း ပို့တိုင်းမှာ ဆန်တစ် အိတ်ပေါ့။ အ
တရုတ်နိုင်ငံ Zhejiangပြည်နယ်မှ ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း MGMA)နှင့် Chinese Textile & Garment Association In Myanmar(CTGA)တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံ အထည် အလိပ်နှင့် စက်ယန္တရားကုန်စည်ပြပွဲကို ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ဒီဇင်ဘာ ၆ ရက်မှ ၈ ရက်ထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ သုံးရက် ကြာ ခင်းကျင်းပြသမည်ဖြစ်သည်။
Myanmar Pay အသုံးပြုမှုကို စတင်နိုင်ရန်အတွက် အစီအစဉ် များ အား Production Testing ကို အဆင့် သုံးဆင့်ဖြင့် လာမည့် ဒီဇင်ဘာလတွင် စတင်အသုံးပြုနိုင်ရန် လျာထားကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သိရ သည်။
Myanmar Pay ပထမအဆင့် တွင် Dummy Merchant များ၊ ဒုတိယ အဆင့်တွင် Friendly Merchant များ ဖြင့် စမ်းသပ်ဆောင်ရွက်မည်ဖြစ်ပြီး တတိယအဆင့်အနေဖြင့် အများပြည် သူများ စတင်အသုံးပြုနိုင်ရေး Go-Live) ) ကိုဆောင်ရွက်မည်ဖြစ်ကာ Go-Live) ကို လာမည့် ဒီဇင်ဘာလတွင် လျာ ထားကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းYGEA)) မှ ထုတ်ပြန် လျက်ရှိသည့် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားဈေးနှုန်းမှာ ကျပ် ၄၉သိန်းကျော် တွင်ရှိပြီဖြစ်ကြောင်း အဆိုပါအသင်းမှ သိရသည်။YGEA)မှ နေ့စဉ်ရောင်းချရမည့် ရွှေဈေးနှုန်းကို တစ်နေ့သုံးကြိမ် ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ ရွှေရောင်းချသည့်အခါ တွင် သတ်မှတ်သည့်ဈေးနှုန်းအတိုင်းရောင်းချပါရန် အသိပေးထားပြီး ရွှေဆိုင်များ ကိုလည်း နေ့စဉ်ဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ပါရန် ပန်ကြားထားသည်။ လက်ရှိတွင် ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်း ကြပ်မတ်ရေး လုပ်ငန်းကော်မတီနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် ကြပ်မတ်ထိန်းသိမ်းဆောင် ရွက်လျက်ရှိ
ကရင်ပြည်နယ် ဘားအံမြို့တွင် ကျပ် ၅ ဒသမ ၉ ဘီလီယံ (ကျပ် ၅၉၀ဝ သန်း) ရင်းနှီးမြှုပ်နှံမည့် အဆင့်မြင့်ဈေး Hyper Market) ကို ဘားအံမြို့ အမှတ် (၂ ) ရပ်ကွက် ရွှေရင်မျှော်ဘုရားအနီးရှိ မြေနေရာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းဈေးစီမံကိန်း တည်ဆောက်ရန်အတွက် မြေနေရာအား ဇူလိုင် ၄ ရက်က ပန္နက်ရိုက်ခဲ့ပြီး ယင်းအဆင့်မြင့်ဈေးတွင် ဆိုင်ခန်းပေါင်း ၁၆၄ ခန်း ပါဝင်ကာHyper Market udk Kayin State Development (Public) ကုမ္ပဏီလီမိတက်၏ ဦးဆောင် မှုဖြင့် အောင်ငွေဖူးကုမ္ပဏီလီမိတက်မှ မြေဧရိယာ ၃ ဒသမ ၆၄၂ ဧကပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှု၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံ ဆေးနှင့်ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်းမှ ဦးဆောင်၍ ဆေးကုမ္ပဏီများမှ သုံးစွဲသူပြည်သူများသို့ ဈေး သက်သက်သာသာဖြင့် ဆေးဝါးများ တိုက်ရိုက်ရောင်းချနိုင် မည့် အရောင်းစင်တာများကို တိုးချဲ့ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အိမ်ရာ အငှားဈေးကွက်အနေဖြင့် လုံးချင်း ငှားရမ်းမှုနည်းပါးနေပြီး ကျပ်နှစ်သိန်းမှ ငါးသိန်းကြား ရှိ အိမ်ခန်းများ အငှားသွက်နေကြောင်း အိမ်ခြံမြေ အကျိုး ဆောင်များထံမှ သိရသည်။
ရန်ကုန်မြို့သို့ ရွှေ့ပြောင်းအခြေချနေထိုင်သူများ ယခု နှစ်ပိုင်းအတွင်း ပိုမိုများပြားလာသဖြင့် အိမ်ခြံမြေအဝယ်ထက် ငှားရမ်းသည့်ဈေးကွက် ပိုမိုအလုပ်ဖြစ်နေခြင်း ဖြစ်ကြောင်း လည်း အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
