Background
ကုလားပဲဈေး လျော့ကျနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များအတွင်း ယခုတစ်ပတ် ကုလားပဲဈေး လျော့ကျနေပါတယ်။ ရာသီဥတု ပူနွေးခြောက်သွေ့ နေတာကြောင့် ရိတ်သိမ်းဖို့ အခြေအနေကောင်းနေတဲ့အတွက် ဈေးကွက်မှာ ပဲဝင်ရောက်မှု တိုးတက်နေပါတယ်။ ရာဂျက်စသန်မှာ ယခုနှစ် ပဲအထွက်ကောင်းဖွယ်ရှိပေမဲ့ နိုင်ငံအလယ်ပိုင်းမှာ အထွက် ကျဆင်းမှာဖြစ်လို့ နိုင်ငံအနောက်မြောက်ပိုင်းက ထုတ်လုပ်မှုပိုမိုခြင်း က တချို့ကို ကာမိစေနိုင်ပါတယ်။ မြောက်ပိုင်းပြည်နယ်မှာ အထွက် ကောင်းပြီး ရိတ်သိမ်းနေပြီဖြစ်လို့ ယခုတစ်ပတ်အတွင်း ဈေးနှုန်းကျ ဆင်းမှုကို ဖိအားဖြစ်စေနိုင်ပေမဲ့ လှောင်လက်များက အနိမ့်ဈေးမှာဝယ်လိုအား ကောင်းနိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေ နိုင်ပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲ ဖြူလုံးကြီးဈေးတွေကို ဇယား(၂) နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၃၁ .၃ .၁၁ ၃ဝ .၃ .၁၁ ၂၈ .၃ .၁၁ ၂၆ .၃ .၁၁မွန်ဘိုင်း ၅၁ဝ ၅ဝ၃ ၅ဝ၈-၅၁၄ ၅၁၅ဒေလီ ၅၁၅-၅၂၁ ၅၁၄-၅၁၉ ၅၂၅-၅၃ဝ ၅၃၇-၅၄၃ကန်ပါ ၅၄၃ ၅၄၂ ၅၄၅ ၅၄၅
အိန္ဒိယနိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်းဖောင်းပွမှုဟာ မတ်လ ၁၂ ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်က ၁ဝ ဒသမ ဝ၅ ရာခိုင်နှုန်းရှိရာမှ မတ်လ ၁၉ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း ၉ ဒသမ ၅ ရာခိုင်နှုန်းကို လျော့ကျလာခဲ့တယ်လို့ သိရပါတယ်။ ပဲမျိုးစုံဈေးနှုန်းက တစ်ပတ်အတွင်း ၄ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့တာကြောင့်လို့ သိရပါတယ်။ စိုက်ပျိုးရေးဝန်ကြီးဌာနရဲ့ ဒုတိယအကြိမ် ခန့်မှန်း ချက်အရ ဂံျုထုတ်လုပ်မှု တန်ချိန် ၈၁ ဒသမ ၄၇ သန်းနဲ့ ပဲမျိုးစုံ တန်ချိန် ၁၆ ဒသမ ၅၁ သန်းထွက်ရှိမယ်လို့ သိရပါတယ်။ မတ်ပဲဈေးအနည်းငယ်ပြန်မာလာ တင်သွင်းမတ်ပဲဈေး အနည်းငယ်မြင့်တက်လာတာကြောင့် ယခု တစ်ပတ် အိန္ဒိယပြည်တွင်းမတ်ပဲဈေး အနည်းငယ်ပြန်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ မကြာသေးခင်က ငလျင်လှုပ်ခတ်မှုကြောင့် မြန်မာရောင်းလက်များ ဈေးမြင့်ရောင်းချတဲ့အတွက် တင်သွင်းဈေး မြင့်လာတယ်လို့ အိန္ဒိယဈေးကွက်မှာ သတင်းများ ထွက်ပေါ်နေပါ တယ်။ ပြည်တွင်းဈေးကွက်များအတွင်း လက်ကျန်အကန့်အသတ် သာရှိခြင်းနဲ့အတူ အဝယ်အချို့ရှိခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာအပါအဝင် နိုင်ငံဒေသ တော်တော်များများမှာ အစိုဓာတ်ကောင်းမွန်မှုကြောင့် ဆောင်းပဲ အခြေအန ကောင်းမွန်နေတယ်လို့ သိရပါတယ်။ ကာလတိုအတွင်း မတ်ပဲဈေး မာနေဦးမယ်လို့ ဈေးကွက်ကသုံးသပ်ကြပါတယ်။ ဈေး ကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၃၁ .၃ .၁၁ ၃ဝ .၃ .၁၁ ၂၈ .၃ .၁၁ ၂၆ .၃ .၁၁မွန်ဘိုင်း ၉၄၆ ၉၄၄ ၉၆ဝ ၉၄၆ဒေလီ ၈၉၆-၉၆၃ ၈၉၃-၉၆ဝ ၈၉၃-၉၆ဝ ၈၇၃-၉၆၂ချန်နိုင်း ၉၆၉-၁၁၄၂ ၉၆၆-၁၁၃၉ ၉၇၇-၁၁၃၉ ၉၆၂-၁၁၁၃
ပင်လယ်ရေကြောင်းမှ အဝင်များ မတ် ၂၂ ရက်မှ ၂၈ရက်တာကာလ အတွင်း နို့ဆီတန်ချိန် ၆၁၁ ဒသမ ဝ၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၅၈၈ဝ၂၈ ဖိုးကို ပင်လယ်ရေကြောင်း လမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံက စင်ကာပူနိုင်ငံဖြစ်ပြီး ဒွန်းနို့ဆီ ၂၂၄ ဒသမ ဝ၅ တန်နဲ့ အိုကေ တံဆိပ် နို့ဆီ ၃၈၇ တန် တင်သွင်းခဲ့ပါတယ်။ ယခင် သီတင်းပတ် နို့ဆီတင် သွင်းမှုက တန်ချိန် နှစ်ရာကျော်သာရှိခဲ့ တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် ၃ ဆလောက် ပိုမိုတင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။ နို့မှုန့်ကတော့ နယူးဇီလန်နိုင်ငံ ဘက်မှ နို့မှုန့်တန်ချိန် ၁၁၇ ဒသမ ၈၃ တန် တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် နို့မှုန့်တင်သွင်းမှုနဲ့ယှဉ်ရင် ဒီတစ်ပတ်ပိုမို တင်သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။MIRT(DOT) နယ်စပ်မှ နို့ဆီအဝင်လျော့၊နို့စိမ်းအဝင်ပို ယခုအပတ်မှာ ကော့သောင်းနယ်စပ်မှ ကန်ဒေါ်လာ ၁၉၂ဝဝ တန်ဖိုးရှိ နို့ဆီ ၁၂ဝဝ ကာတွန်း (၂၂ ဒသမ ၇၁၆ တန်)နဲ့ ကန်ဒေါ်လာ ၅၇၇၈၃ တန်ဖိုးရှိ နို့စိမ်း ၃၃၉၉ ကာတွန်း ၉၈၊(၆၄ ဒသမ ၄၅တန်) တင်သွင်းခဲ့ပါတယ်။ ယခင် အပတ်ထက် နို့ဆီကာတွန်း ၂ဝဝလျော့ နည်းတင်သွင်းခဲ့ပေမဲ့ နို့စိမ်း ၂၁၉၉ ကာတွန်းတင်သွင်းမှု ပိုမိုခဲ့ပါတယ်။ နယ်စပ်မှ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် အတွင်း နို့ဆီနို့စိမ်း တင်သွင်းမှုမှာ ၂၆၂၄၅၃ ကာတွန်း (၄၉၇၆ တန်) ရှိ တယ်လို့ သိရပါတယ်။ ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့်တင်သွင်းမှု မရှိခဲ့တဲ့အတွက် မတ်လမှ နို့မှုန့် ၇၂ တန်၊ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်မှာ ၂၇၇၃၆ တန် မူဆယ် နယ်စပ်မှ တင်သွင်းနိုင်ခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်းနို့ဆီ လက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ) ၇၂ဝ ၇၃၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
ထိုင်းနဲ့ ဗီယက်နမ်မှ ဓာတ်မြေသြဇာတင်သွင်း မတ်လ ၂၂ ရက်နေ့မှ ၂၈ ရက်တာကာလအတွင်း ဓာတ်မြေသြဇာတန်ချိန် ၂၅၅ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၇၅၁၆၂ ဖိုးကို ပင်လယ်ရေကြောင်း ကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ ကုန်သွယ်ဖက်နိုင်ငံတွေကတော့ ထိုင်း နိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၅ဝ နဲ့ ဗီယက်နမ်နိုင်ငံမှ သြဂဲနစ်ဓာတ်မြေသြဇာ တန်ချိန် ၂ဝ၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် သုံးထောင့်ရှစ်ရာကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ ယှဉ်ရင် တော်တော်လေးလျော့နည်းပြီး တင်သွင်းလာတာတွေ့ရပါတယ်။ MIRT(DOT) နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ တန် ၁၁၄ဝဝ ကျော်တင်သွင်း မတ်လ ၂၃ ရက်မှ ၂၉ ရက်ထိကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ ဖြစ်တဲ့ မူဆယ်၊ တမူး၊ ရိဒ်နဲ့ တာချီလိတ်နယ်စပ်များမှ ကန်ဒေါ်လာ ၂ ဒသမ ၂၇ သန်းတန်ဖိုးရှိတဲ့ ဓာတ်မြေသြဇာ ၁၁၄၄၉ ဒသမ ၆၁ တန် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်နဲ့ နှိုင်းယှဉ်လျှင် တန် ၁ဝဝဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ မူဆယ်မှတန်၁၅ဝဝ နီးပါးတင်သွင်းမှုလျော့နည်းခဲ့ပြီး ယခုအပတ် ကော့သောင်းမှ တင်သွင်းမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ယခင်အပတ်ကတင်သွင်းခဲ့ခြင်းမရှိတဲ့ တမူးနယ်စပ် က ယခုအပတ်မှာ ဓာတ်မြေသြဇာ ၆၇၄ တန်ကျော် တင်သွင်းနိုင်ခဲ့တဲ့အတွက် တန် ၁ဝဝဝ ကျော်လောက်ပဲ လျော့နည်းခဲ့တာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဓာတ် မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၅၉၇ ဒသမ ၃၆ တန်၊ တမူးမှ ၆၇၄ ဒသမ ၇၅တန်၊ ရိဒ်မှ ၁၇၂ တန်နဲ့ တာချီလိတ်မှ ၅ ဒသမ ၅ တန် အသီးသီး တင်သွင်းခဲ့ပါတယ်။ မတ်လတစ်လလုံး နယ်စပ်စခန်းများမှ ဓာတ်မြေသြဇာ ၄၅၁၁၁ ကျော်တင်သွင်းခဲ့ပြီး ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ်အတွင်းမှာတော့ တန်ချိန် ခြောက်သိန်းကျော် တင်သွင်းနိုင်ခဲ့ပါတယ်။ မူဆယ်နယ်စပ်မှ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား၊ အမိုးနီးယမ်းနိုက်ထရိတ်၊ ကွန်ပေါင်း၊ စင်ဂဲလ်စူပါဖော့စဖိတ်၊ နိုက်တြစ်ဖော့စဖိတ်တို့ဖြစ်ပါတယ်။ တမူးနဲ့ ရိဒ်မှ ယူရီးယားနဲ့ ပိုတက်ရှ်အသွင်းရှိပြီး တာချီလိတ်မှ အမိုးနီးယမ်နိုက်ထရိတ် တင်သွင်းတာဖြစ်ပါ တယ်။MIRT(DOBT) ဈေးကွက်က ဈေးနှုန်း ဒေသအသီးသီးရှိ ဓာတ်မြေသြဇာ ဈေးကွက်ပေါက်ဈေးများကို ဖော်ပြလိုက်ပါတယ် တိုင်းဒေသကြီး/ပြည်နယ် အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး ယခင်အပတ် ယခုအပတ် ပြောင်းလဲမှု(မာလာမြိုင်) ယူရီးယား(တရုတ်)နေရွက်လှေ ၂၃၅ဝဝ ၂ဝဝဝဝ တီစူပါ မြား(တရုတ်) ၂၅ဝဝဝ ၂၄၈ဝဝ တီစူပါ သံကွင်း(တရုတ်) ၂၅ဝဝဝ ၂၅ဝဝဝ ပိုတက်(တရုတ်) ၂၅ဝဝဝ ၂၃၅ဝဝမန္တလေးတိုင်းဒေသကြီး ယူရီးယား(တရုတ်-ရွှေတောင်) ၂ဝ၁ဝဝ ၁၈၅ဝဝ ယူရီးယား(တရုတ်-ပန်းဖူး ) ၂ဝ၄ဝဝ ၁၉၁ဝဝ တီဆူပါ GTSP 46% ၂၃၁ဝဝ ၂၂၅ဝဝ တီဆူပါ GSSP 16% ၉၅ဝဝ ၈၈ဝဝ တီဆူပါ GSSP 12% ၈၈ဝဝ ၈၁ဝဝ ကွန်ပေါင်း 15:15:15 (တရုတ်) ၂၉ဝဝဝ ၂၈ဝဝဝ အာမို (ဒိုင်းမွန်းစတား) ၄ဝဝဝဝ ၄၁ဝဝဝတောင်ငူ ယူရီးယား (ရွှေတောင်-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝ ယူရီးယား (ယူအေအီး-တရုတ်) ၂၃၅ဝဝ ၂၃၅ဝဝ ကုလားအုတ် (တရုတ်) ၂၂၃ဝဝ ၂၂၃ဝဝတောင်ကြီး ယူရီးယား-ပုလဲ (ကမ္ဘာလုံး-တရုတ်) ၁၉၅ဝဝ ၂ဝဝဝဝ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်) ၂ဝ၅ဝဝ ၂ဝဝဝဝ ယူရီးယား-ပုလဲ (ရွှေတောင်-တရုတ်) ၁၉၅ဝဝ ၂ဝဝဝဝ တီစူပါ-(တရုတ်) 12% ၉၅ဝဝ ၉ဝဝဝ တီစူပါ-(တရုတ်) 16% ၉၅ဝဝ ၉၅ဝဝ တီစူပါ 15:15:15 (တရုတ်) ၃၉၅ဝဝ ၃၉၅ဝဝ တီစူပါ 10:10:5 (တရုတ်) ၁၃ဝဝဝ ၁၄ဝဝဝ ပိုတက် (တရုတ်) ၂ဝဝဝဝ ၁၉၅ဝဝ ဓာတ်ဆား (တရုတ်) ၁၅ဝဝဝ ၁၃၅ဝဝမော်လမြိုင် ပုလဲ(သေး)(ရွှေတုံး 46% တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေပျား 46% တရုတ်) ၂၂ဝဝဝ ၂၂ဝဝဝ ပုလဲ(သေး)(ရွှေတောင် 46% တရုတ်) ၂၂၂ဝဝ ၂၂၂ဝဝ ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15 ၃၈ဝဝဝ ၃၈ဝဝဝ ကွန်ပေါင်း(ပန်းရောင်)ထိုင်း15:15:15 ၃၂ဝဝဝ ၃၂ဝဝဝ ကွန်ပေါင်း(မြင်းပံျ)ထိုင်း 16:16:8 ၃ဝဝဝဝ ၃၁ဝဝဝ တီစူပါ (တရုတ်) သံကွင်း 46% ၂၅၈ဝဝ ၂၅၈ဝဝ တီစူပါ (တရုတ်) မျှား 46% ၂၄၈ဝဝ ၂၄၈ဝဝ တီစူပါ (တရုတ်) မျှားကမ္ဘာ 16% ၁၃ဝဝဝ ၁၃ဝဝဝMIRT (MAPT)
ပဲစင်းငုံဈေး ဆက်လက်ကျဆင်း အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်များမှာ ပဲစင်းငုံဈေးက ယခု သီတင်းပတ်မှာလည်း ဆက်လက်ကျဆင်းခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း အထူးသဖြင့် ဥတ္တရာပရာဒေ့ရှိမှာ ပဲရိတ်သိမ်းမှု စတင်နေပြီဖြစ်ပြီး၏ ဧပြီလအတွင်း ဝင်ရောက်မှု တိုးလာဖွယ်ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်များအတွင်း ကြိတ်ခွဲပြီး ပဲစင်းငုံဝယ်လိုအားနည်းနေပါတယ်။ ပြည်တွင်းလက်ကျန်များနေခြင်းကြောင့် မြန်မာနိုင်ငံက ပဲစင်းငုံတင်သွင်း မှုဟာ မနှစ်ကနဲ့ယှဉ်ရင် နည်းနေတယ်လို့ သိရပါတယ်။ အစိုးရအေဂျင်စီ များကလည်း ပဲအရောင်းတင်ဒါများ ခေါ်ယူနေခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေပါတယ်။ ကာလတိုအတွင်း ဈေးနှုန်းအလျော့ဘက်မှာရှိဦး မယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြ ထားပါတယ် ဇယား-၄ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၃ .၁၁ ၂၃ .၃ .၁၁ ၂၂ .၃ .၁၁ ၂၁ .၃ .၁၁မွန်ဘိုင်း(မြန်မာပဲစင်းငုံ) ၇၇၆ ၇၇၃-၇၇၉ ၇၇၈-၇၈၄ ၇၈၈ ဒေလီ(မြန်မာပဲစင်းငုံ) ၈၉၉-၉ဝ၄ ၈၉ဝ-၈၉၄ ၈၈၉-၈၉၄ ၈၈၈-၈၉၂ကိုလ်ကတ္တား ၇၈၇ ၇၇၉ - ၈၂၁
ပဲတီစိမ်းဈေး ဆက်လက်တည်ငြိမ် အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ပဲတီစိမ်းဈေးက ဆက်လက် တည်ငြိမ်နေပါတယ်။ ပဲတီစိမ်းကို ဝယ်လို အားနည်းပေမဲ့ အခြားပဲ ဝယ်လိုအားကောင်းနေခြင်းက ပဲတီစိမ်းဈေးကို အထောက်အပံ့ဖြစ် စေပါတယ်။ ပြည်တွင်းဈေးကွက်တွေမှာ ပဲအလုံအလောက် ရနေတာကြောင့် ဈေးများများ ထပ်မတက်နိုင်ဘူးလို့ ခန့်မှန်းကြပါတယ်။ ယခုနှစ် အတွင်း ပြည်တွင်းပဲ အထွက်မြင့်တက်မယ့် အခြေအနေရှိနေတဲ့အပြင် မြန်မာမှာလည်း အထွက်ပိုမယ့် အလားအလာရှိတယ်လို့ ဈေးကွက် သတင်းအရ သိရပါတယ်။ အဓိကစိုက်ပျိုးတဲ့ ဥတ္တရာပရာဒေ့ရှ်နဲ့ ဘီဟာတို့မှာ ပဲထွက်ရှိမှုအခြေအနေ ကောင်းမွန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကောင်းမွန်နေတာကြောင့် နိုင်ငံတကာ ဈေးကွက်မှာတော့ ဈေးဆက်လက်ခိုင်မာနေတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြ လိုက်ပါတယ် ဇယား-၃ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၃ .၁၁ ၂၃ .၃ .၁၁ ၂၂ .၃ .၁၁ ၂၁ .၃ .၁၁မွန်ဘိုင်း ၉၃၉ ၉၂၉ ၉၂၃-၉၃၄ ၉၂၁-၉၃၂အာဂိုလာ ၉၄၄-၁ဝ၇၉ ၉၃၄-၁ဝ၆၈ ၉၃၄-၁ဝ၆၇ ၉၃၂-၁ဝ၆၈ဒေလီ ၇၈၇-၉၂၂ ၇၇၉-၉၁၂ ၇၇၈-၉၁၂ ၇၇၇-၉၁ဝ
ကုလားပဲဈေး တစ်ပတ်လုံးကျဆင်းရာမှ အနည်းငယ်ပြန်တက် လွန်ခဲ့တဲ့ရက်များအတွင်း အိန္ဒိယပြည်မှာ ပဲအသစ် အဝင်များလို့ ဈေးကျဆင်းခဲ့ရာက သီတင်းပတ် နောက်ဆုံးရက်မှာ အနည်းငယ် ပြန်တက်လာပါတယ်။ ဒေလီဈေးကွက်များမှာ ယခင်ရက်တွေထက် ပဲအဝင် ထက်ဝက်ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်မှ ယခုနှစ် အထွက်ကောင်း မယ်လို့ ခန့်မှန်းထားပေမဲ့ အိန္ဒိယအလယ်ပိုင်းမှာတော့ ထုတ်လုပ်မှု ကျဆင်းနိုင်ပါတယ်။ မြောက်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ရိတ်သိမ်းနေပြီဖြစ်လို့ မကြာခင် အဝင်များလာနိုင်ပါတယ်။ ဒါပေမဲ့ လှောင်လက်များ ဝယ်လိုအားတက်နိုင်ခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၃ .၁၁ ၂၃ .၃ .၁၁ ၂၂ .၃ .၁၁ ၂၁ .၃ .၁၁မွန်ဘိုင်း ၅၁၇ ၅၁၂ ၅၁၁ ၅၁၁ဒေလီ ၅၄ဝ-၅၄၅ ၅၂၈-၅၃၄ ၅၃၄-၅၃၉ ၅၄၉ကန်ပါ ၅၄၅ ၅၂၈ ၅၃၉ -
စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်လာတာနဲ့အမျှ အိန္ဒိယရဲ့ စားနပ်ရိက္ခာ ဈေးနှုန်းဖောင်းပွမှုကလည်း ဆယ်ဂဏန်းနဲ့ ပြန်လည်မြင့်တက်လာ ခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်၊ အာလူး၊ သစ်သီးနဲ့ အသားငါးဈေးများ ပြန်လည်မြင့်တက်လာခဲ့တာကြောင့် မတ်လ ၁၂ ရက်မှာ ကုန်ဆုံးတဲ့ သီတင်းပတ်အတွင် ဈေးနှုန်းဖောင်းပွမှုဟာ ၁ဝ ဒသမ ဝ၅ ရာခိုင် နှုန်းကို မြင့်တက်ခဲ့ပါတယ်။မတ်ပဲဈေးငြိမ်ရာမှ ပြန်မာလာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုသီတင်းပတ် အစပိုင်းမှာ မတ်ပဲဈေးငြိမ်နေရာက သီတင်းပတ်နှောင်းပိုင်း မှာတော့ ပြန်မာလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ ရာသီဥတု အခြေအနေအရ အဝယ်ပြန်တက် လာတဲ့အတွက်လည်း နိုင်ငံတကာဈေး ခိုင်မာနေခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဈေးကွက်များအတွင်း ရောင်းချမှု အကန့်အသတ်သာရှိပေမဲ့ လာမယ့်လအတွင်း ပြည်ပကတင်သွင်းမယ့် မတ်ပဲရောင်းချမှု တိုးတက် လာဖွယ်ရှိခြင်းက ဈေးနှုန်းကျဆင်းဖို့ ဖိအားပေးနိုင်တယ်လို့ ဈေးကွက်က ခန့်မှန်းကြပါတယ်။ ဥတ္တရာပရာဒေ့ရှ်နဲ့ အင်ဒရာပရာဒေ့ရှ်အပါအဝင် ဒေသတော်တော်များများမှာ ဆောင်းပဲများ မြေအစိုဓာတ် ကောင်းမွန်မှု ကြောင့် အထွက်ပိုမယ့်အလားအလာရှိတယ် လို့ဆိုပါတယ်။ လာမယ့်ရက် များမှာလည်း လက်ရှိဈေးဝန်းကျင်မှာ အတက်အဆင်းဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ မြန်မာမတ်ပဲ FAQ ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထား ပါတယ် ဇယား-၁ ဒေါ်လာ/တန် ဈေးကွက် ၂၄ .၃ .၁၁ ၂၃ .၃ .၁၁ ၂၂ .၃ .၁၁ ၂၁ .၃ .၁၁မွန်ဘိုင်း ၉ဝဝ ၉ဝ၁-၉ဝ၇ ၈၉၅-၉ဝ၁ ၉ဝ၅ဒေလီ ၈၆၆-၉၅၅ ၈၅၆-၉၄၅ ၈၅၆-၉၄၅ ၈၅၅-၉၄၃ချန်နိုင်း ၉၅ဝ-၁၁ဝ၂ ၉၂၃-၁ဝ၇၉ ၉၂၃-၁ဝ၇၈ ၉၂၇-၁ဝ၇၇
ဒွန်းတံဆိပ် နို့ဆီသာအဝင်ရှိခဲ့ မတ်လ ၁၅ ရက်မှ ၂၁ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၂၅၈ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၆၄ဝ၁၁ ဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့နိုင်ငံ က စင်ကာပူနိုင်ငံမှ ဒွန်းတံဆိပ် နို့ဆီ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် နို့ဆီတင်သွင်းမှုက တန်ချိန် ၃၂၃ တန် ရှိခဲ့တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန် ခြောက်ဆယ်ကျော်လောက် လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရပါ တယ်။ နို့စိမ်းက ဒီတစ်ပတ်မှာလည်း အဝင်မရှိခဲ့ပါဘူး။ နို့မှုန့်ကတော့ နယူးဇီလန်နဲ့ အင်ဒို နီးရှားနိုင်ငံတို့မှ နို့မှုန့်တန်ချိန် ၈ ဒသမ ၈၆ တန် တင်သွင်းခဲ့တာတွေ့ရပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာ တန်ချိန် တစ်ရာ ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ် ပတ်အဝင်နဲ့ယှဉ်ရင် တော်တော်လေး လျော့နည်းပြီး တင်သွင်းလာတာ တွေ့ရ ပါတယ်။ MIRT(DOT) နို့စိမ်း အဝင်ပို ထိုင်းနယ်စပ်ရှိ ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှ မတ်လ ၁၆ ရက်မှ ၂၂ ရက်ထိ ကာလအတွင်း နို့ဆီ ၂၆ ဒသမ ၅၄ တန် (၁၄ဝဝ ကာတွန်း) ကန်ဒေါ်လာ ၂၂၄ဝဝ နဲ့ နို့စိမ်း ၂၂ ဒသမ ၇၅ တန် (၁၂ဝဝကာတွန်း) ကန် ဒေါ်လာ ၂ဝ၄ဝဝ ဖိုး တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က နို့ဆီ ၁ဝ၆ တန်ကျော် (၅၆ဝဝ ကာတွန်း) တင်သွင်း ခဲ့သော်လည်း နို့စိမ်းတင်သွင်းမှု မရှိခဲ့ပါဘူး။ ယခုသီတင်းပတ်မှာ နို့စိမ်းတင် သွင်းမှုပိုမိုခဲ့ပြီး နို့ဆီတင်သွင်းမှု တန် ၈ဝ လျော့နည်းခဲ့ပါတယ်။ ကော့သောင်း ဘက်မှာ နို့ဆီ ၁ကာတွန်း ကျပ် ၂၈ဝဝဝ တစ်ဖက်နိုင်ငံ ပေါက်ဈေး ဘတ် ၅၅ဝ နဲ့ နို့စိမ်း ၁ ကာတွန်း ကော့သောင်းမှာ ၂၈၅ဝဝ ကျပ်နဲ့ တစ်ဖက်နိုင်ငံမှာ ဘတ် ၅၈ဝ ဈေးပေါက်လျက်ရှိပါတယ်။ မတ်လ ပထမနှင့် ဒုတိယပတ်များ မှာ တင်သွင်းမှုမရှိခဲ့ပေမဲ့ ယခုအပတ်မှာ တော့ မူဆယ်မှ ကန်ဒေါ်လာ ဝ ဒသမ ၂ သန်းတန်ဖိုးရှိ လိပ်ပြာနှစ်ကောင် တံဆိပ် (ဂရမ် ၂ဝx၂၅ ထုတ်) နို့မှုန် ၄ဝဝ ဂရမ်နဲ့ ၅ဝဝ ဂရမ်ထုတ်များ ၇၂ တန်တင်သွင်းမှုရှိခဲ့ပါတယ်။ MIRT(DOBT) ပြည်တွင်း နို့ဆီလက်လီဈေးများ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီ ဈေးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် လက်လီဈေး ကျပ်/တစ်ဘူး ရန်ကုန် မန္တလေးဒွန်း( နို့ဆီ ) ၈၂ဝ ၈၃၅ဒွန်း( နို့စိမ်း) ၇၅ဝ ၇၆၅Falcon နို့ဆီ ၆၈ဝ ၆၉၅Happy Cow ၇ဝဝ ၇၁၅မာရီဂိုး(နို့ဆီ) ၇၂ဝ ၇၃၅အိုကေနို့ဆီ ၇ဝဝ ၇၁၅MIRT (DOT)
ဘိလပ်မြေတန်ချိန် တစ်သိန်းငါးသောင်းကျော်တင်သွင်း မတ်လ ၁၅ ရက်မှ ၂၁ ရက်တာကာလအတွင်း ဘိလပ်မြေ ၁၅၉၈၅၉ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၃၆၁၈၁ဝ၃ ဒေါ်လာဖိုးကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ဒီသီတင်းပတ်မှာတော့ ထိုင်းနိုင်ငံဘက်မှ ဘိလပ်မြေများ တင်သွင်းခဲ့တာတွေ့ရပါတယ်။ တင်သွင်းခဲ့တဲ့ ဘိလပ်မြေများမှာ စိန်တံဆိပ်ဘိလပ်မြေ၊ တန်ချိန် ၆၄ဝ၃၅ ဒသမ ဝ၁ တန်၊ ဆင်တံဆိပ်ဘိလပ်မြေ ၅၉၅၂၁ ဒသမ ၂၅ တန်၊ TPI တံဆိပ် ဘိလပ်မြေ တန်ချိန် ၂ဝဝဝ နဲ့ အခြား တံဆိပ်မျိုးစုံ တန်ချိန် ၃၄၃ဝ၂ ဒသမ ၈၅ တန် အသီးသီးတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဘိလပ်မြေတင် သွင်းမှုက တန်ချိန် ကိုးထောင်ကျော်သာ တင်သွင်းခဲ့တာကြောင့် ဒီသီတင်းပတ်မှာ ပိုမိုတင်သွင်းနိုင်တာ တွေ့ရပါတယ်။ MIRT(DOT) နယ်စပ်စခန်းများမှ ဘိလပ်မြေတန် ၇ဝဝဝ ကျော်သွင်း နယ်စပ်စခန်းများဖြစ်တဲ့ ကန်ပိုက်တီး၊ တာချီလိတ်၊ မြိတ်နဲ့ လွယ်ဂျယ်နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၇၅၆ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၇ဝ၁ဝ ဒသမ ၅ဝ တန်တင်သွင်းမှုရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်ကထက် တန်ချိန် ၉ဝဝ ကျော် လျော့နည်းတင်သွင်းခဲ့ပါတယ်။ လွယ်ဂျယ်နဲ့ ကန်ပိုက်တီးစခန်းများမှ ယခင်အပတ်က ထက် ၇ဝ၃ တန် ပိုမိုတင်သွင်းခဲ့သော်လည်း တာချီလိတ်နဲ့ မြိတ် စခန်းများမှ ယခင်သီတင်းပတ်ကထက် တန် ၁၂၅ဝ လျော့နည်းတင်သွင်းခဲ့ပြီး မူဆယ်မှလည်း တင်သွင်းမှုမရှိခဲ့ဘူးလို့ သိရပါတယ်။ နယ်စပ်စခန်းအလိုက် ဘိလပ်မြေ တင်သွင်းမှုများကတော့ ကန်ပိုက်တီးမှ ၃၈၄၉ တန်ကျော်၊ တာချီလိတ်မှ ၁၅၇၅ တန်ကျော်၊ မြိတ်မှ တန် ၁ဝ၄ဝ ခန့်နဲ့ လွယ်ဂျယ်မှ ၅၄၆ တန် ဖြစ်ပါတယ်။ MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်းပြည်တွင်းဘိလပ်မြေ လက်ကားဖြန့်ဈေးများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ် တိုင်းဒေသကြီး/ အမျိုးအစား ဈေးနှုန်း(ကျပ်/အိတ်)ပြည်နယ် ယခင်အပတ် ယခုအပတ် ပြောင်းလဲမှုရန်ကုန်တိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၅ဝ၅ဝ ၅၁ဝဝ(လက်ကား) ဘိလပ်မြေ (စိန်) ၄၉၅ဝ ၄၉၅ဝမန္တလေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၉ဝဝ ဘိလပ်မြေ (AAA) ၅၅ဝဝ ၅၃ဝဝ ဘိလပ်မြေ(မြန်မာဆင်) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၈ဝဝ ၆၉ဝဝ ဘိလပ်မြေ(ဆင်မင်း) ၅ဝဝဝ ၄၉ဝဝ ဘိလပ်မြေ(ကျားခေါင်း) ၅၄ဝဝ ၅၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၄ဝဝ ၅၂ဝဝတောင်ငူ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၈ဝဝ ၆၈ဝဝ ဘိလပ်မြေ(ဆင်)ထိုင်း ၇၂ဝဝ ၇၂ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၂ဝဝ ၅၂ဝဝ ဘိလပ်မြေ(Lucky)ပါကစ္စတန် ၆၆ဝဝ ၆၆ဝဝတောင်ကြီး ဘိလပ်မြေ(စိန်)ထိုင်း ၉၂ဝဝ ၉၂ဝဝ ဘိလပ်မြေ(ခြင်္သေ့) ၆၂ဝဝ ၆၂ဝဝ ဘိလပ်မြေ(မြို့တော်) ၆၂ဝဝ ၆၂ဝဝမော်လမြိုင် ဘိလပ်မြေ(ဆင်)ထိုင်း ၅၇၅ဝ ၆၂၅ဝ ဘိလပ်မြေ(ကြံ့)မြိုင်ကလေး ၄၄၅ဝ ၄၆၅ဝမကွေးတိုင်းဒေသကြီး ဘိလပ်မြေ(ဆင်)ထိုင်း ၆၈ဝဝ ၆၇ဝဝ ဘိလပ်မြေ(ကြံ့)ထိုင်း ၆၄ဝဝ ၆၈ဝဝ ဘိလပ်မြေ(စိန်)ထိုင်း ၆၇ဝဝ ၆၇ဝဝ ဘိလပ်မြေ(မြင်းခေါင်း) ၅၈ဝဝ ၆ဝဝဝ ဘိလပ်မြေ(ဆင်)မြန်မာ ၆၅ဝဝ ၆၆ဝဝMIRT (MAPT)