Main menu

Background

Monday, 27 Dec 2010

ဓာတ်ဆီကို သတ်မှတ်ဂါလန်နှုန်းဖြင့် ရောင်းချနေ                 ယခုရက်ပိုင်းအတွင်းမှာ ဓာတ်ဆီလာထုတ်တဲ့ကားတွေ ပိုများလာတာကို တွေ့ရပါတယ်လို့ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ဆိုင်အမှတ် (ဝဝ၁)၊ 'ထူး' စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တာဝန်ခံ ဦးမြင့်ဆွေက ဒီဇင်ဘာ ၁၆ ရက် က ၎င်းဆိုင်ကိုရောက်ရှိခဲ့ချိန်မှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ အဲဒီဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်ကနေ ယနေ့ အချိန်ထိ ဓာတ်ဆီဈေးနှုန်းကို ပြောင်းလဲမှုမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီ အချိန်ကဆိုရင် စွမ်းအင်ဝန်ကြီးဌာနနဲ့ ထူးရုံးချုပ်တို့က ချမှတ်ထားတဲ့ မူအတိုင်း ဆိုင်မှာ ဆီလာထုတ်တဲ့ကားတွေကို သူတို့လိုသလောက် ရောင်းချပေးခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီလိုရောင်းချပေးရာမှာ တစ်ရက်ကို ဓာတ်ဆီဂါလံ ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။                   ဒီလိုမိုျးတစ်ရက်မှာ ကားတစ်စီး ဓာတ်ဆီဘယ်လောက်ပဲ ထုတ်ခွင့်ရှိတယ်လို့ စတင်သတ်မှတ်ချိန်က ဆိုင်မှာဆီလာထုတ်တဲ့ကား နည်းတဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်အထိ ကားတစ်စီးကို ၈ ဂါလန်ရောင်းချပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ဒုတိယပတ်နောက်ပိုင်းမှာ ဓာတ်ဆီထုတ်တဲ့ကား များလာတဲ့အတွက် ကားတစ်စီး တစ်ရက် ၄ ဂါလန်နှုန်းကို ပြောင်းလဲလိုက်ရတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။ ဒါပေမယ့် လေးဘီးကားလေးတွေကိုတော့ ၂ ဂါလန်သာ ရောင်းချပေးကြောင်းကို လည်း ဦးမြင့်ဆွေ က ပြောပါတယ်။ ဘုရားဖူးယာဉ်တွေကိုတော့ ၆ ဂါလန်အထိ ရောင်းချပေးပြီး ခရီးစဉ်လမ်းကြောင်းအတွက် ကားတွေကို ၈ ဂါလန်အထိ ရောင်းပေးတယ်လို့လည်း ပြောပါတယ်။                    ယခုရက်ပိုင်းအတွင်း ဓာတ်ဆီထုတ်တဲ့ကား များလာတာဟာ တစ်ဂါလန် ကျပ် ၂၅ဝဝ ဖြစ်လို့ လမ်းဘေးဆိုင်တွေထက် ဈေးသက်သာတာကတစ်ကြောင်း၊ ဆီရဲ့ စွမ်းအားပြည့်ဝတာကြောင့် တစ်ကြောင်း၊ ဝယ်ယူတဲ့ဂါလန်ကို အပြည့်အဝ ရရှိလို့ကြောင့်တစ်ကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆိုင်မှာ ဓာတ်ဆီလာထုတ်တဲ့ကား ၅၈ဝ စီးရှိခဲ့တာမှာ ဂါလန် ၂၂ဝ၈ ရောင်းချခဲ့ရ တယ်လို့ ဦးမြင့်ဆွေက ပြောသွားခဲ့ပါတယ်။                                                 ဝင်းဦး 

Monday, 27 Dec 2010

ဒီဇယ်ဆီအဝင်တန်ချိန် ငါးသောင်းနှစ်ထောင်ရှိ           ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလ အတွင်း ဒီဇယ်ပီပါ သုံးသိန်းကိုးသောင်းကျော်၊ တန်ချိန်အားဖြင့် ငါးသောင်း နှစ်ထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ရဲ့ ဒီဇယ်ဆီအဝင်မှာ တန်ချိန် သုံးသောင်းလေးထောင်ကျော် ရှိခဲ့တာမို့ ဒီတစ်ပတ် ဒီဇယ်အဝင်နဲ့ယှဉ်ရင် တန်ချိန် တစ်သောင်းရှစ်ထောင်ကျော် ပိုမိုတင် သွင်းနိုင်ခဲ့တာ တွေ့ရပါတယ်။                  MIRT-DOT နယ်စပ်မှ ဒီဇယ်ဆီတင်သွင်းမှု ယခင်အပတ်ကထက်ပို                 ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း နယ်စပ်မှ ကန်ဒေါ်လာ ဝ ဒသမ ၆၃ဝ သန်းတန်ဖိုးရှိ ဒီဇယ်ဆီ ၃၁ဝ၅၂၄ ဂါလန်နဲ့ ကန်ဒေါ်လာ ၃၄၆၄၃ တန်ဖိုးရှိ ဓာတ်ဆီ ၁၇၈၉၅ ဂါလန် တင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကို တာချီလိတ် နယ်စပ်မှ တင်သွင်းခဲ့ပြီး ဒီဇယ်ဆီကို ကန်ပိုက်တီးမှ ၁ဝ၅ဝ ဂါလန်နဲ့ တာချီလိတ်မှ ၃ဝ၉၄၇၄ ဂါလန် တင်သွင်းခဲ့တာဖြစ်ပါတယ်။ ယခင်အပတ်ကထက် ဓာတ်ဆီ တင်သွင်းမှု ဂါလန် ၅၁၁ဝဝ ကျော် လျော့နည်းတင်သွင်းခဲ့သော်လည်း ဒီဇယ်ဆီ ၁၄၇၁ဝဝ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။                                                                                   MIRT(DOBT)လက်လီအရောင်းအဝယ်ဈေး            ပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်-                                                                                                                          ဒီဇင်ဘာ ၂ဝ၁ဝ          ဝယ်ဈေးဓာတ်ဆီ(ကျပ်)               ဝယ်ဈေးဒီဇယ်(ကျပ်)ရက်        ရန်ကုန်        မန္တလေး         ရန်ကုန်              မန္တလေး၂ဝ          ၃၃ဝဝ         ၃၄ဝဝ           ၂၉ဝဝ                 ၃၃ဝဝ၂၁          ၃၃ဝဝ         ၃၄ဝဝ           ၂၉ဝဝ                 ၃၃ဝဝ၂၂          ၃၃ဝဝ         ၃၄ဝဝ          ၂၉ဝဝ                  ၃၃ဝဝ၂၃          ၃၃ဝဝ         ၃၄ဝဝ          ၂၉ဝဝ                  ၃၃ဝဝ၂၄          ၃၃ဝဝ         ၃၄ဝဝ          ၂၉ဝဝ                  ၃၃ဝဝMIRT-DOT

Tuesday, 21 Dec 2010

မန္တလေးမြို့ရဲ့ ဂံျုဈေးကွက်မှာ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ            ဒုတိယပတ်က ငါန်းဇွန်၊ မြင်းမူ၊ မြောင်၊ ဆားတောင်၊ ဂံျုဈေး တစ်ပိဿာ ၇၅ဝ ကျပ်ရှိခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ဒုတိယပတ်မှာတော့ တစ်ပိဿာ ၇၁၇ ကျပ်ဈေးသာရှိခဲ့လို့ တစ်ပိဿာကို ၃၃ ကျပ်ဈေးကျခဲ့ပါတယ်။ ရှမ်းဂံျုနဲ့ အထွက်တိုးဂံျုကတော့ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ဒုတိယပတ်မှာ တစ်ပိဿာကို ၆ဝ၈ ကျပ်ရှိနေခဲ့ရာမှ ယခုဒီဇင်ဘာလမှာ ၅၈၃ ကျပ်ရှိခဲ့လို့ တစ်ပိဿာကို ၂၅ ကျပ် လျော့ခဲ့တယ်လို့ သိရပါတယ်။ ဂံျုစက်များမှ အဝယ်အေးတယ်လို့ ကုန်သည် တစ်ဦးထံမှ သိရပါတယ်။                                                                                                           ခင်ဆန်းဦး

Tuesday, 21 Dec 2010

ဈေးအေးလာတဲ့ မန်းပြောင်း             မန်းပြောင်းဈေးကွက် ဒီဇင်ဘာ ပထမပတ်မှာ အထွက်တိုး ပြောင်း တစ်ပိဿာ ၃၂၁ ကျပ်၊ ပြောင်း ဗမာ တစ်ပိဿာ ၂၇၆ ကျပ် စီပီပြောင်း တစ်ပိဿာ ၂၇၈ ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။ ဒီဇင်ဘာလ ဒုတိယပတ်မှာတော့ တရုတ်ဆွဲအားနည်းလာပြီး ဒေသတွင်း ခွဲစက်လုပ်ငန်းရှင်များနဲ့ အစာစပ်သမားများသာ ပုံမှန်အဝယ်လိုက်တာကြောင့် အထွက်တိုးပြောင်း တစ်ပိဿာ ၂၆၄ ကျပ်၊ ပြောင်း ဗမာ တစ်ပိဿာ ၂၅၉ ကျပ်နဲ့ စီပီ ပြောင်း တစ်ပိဿာ ၂၆၃ ကျပ်တို့ဖြင့် ဈေးနိမ့်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။                                            နိုင်ထွန်း

Tuesday, 21 Dec 2010

မိမိဘက်ပြောင်းဈေးမြင့်လို့ နယ်စပ်တင်ပို့မှုလျော့         ဒီဇင်ဘာ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း မူဆယ်၊ လွယ်ဂျယ်နဲ့ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ တစ်ဘက်နိုင်ငံသို့ ပြောင်းဖူးစေ့ ၁၁၆၉၆ တန်နဲ့ နံှစားပြောင်း ၄၇၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၁၄၈ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်အပတ်က မူဆယ်မှ ၁၉၆၂ဝ တန်၊ လွယ်ဂျယ်မှ ၉၁ တန်နဲ့ နံှစားပြောင်း ၆၁၂ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့အတွက် ယခုအပတ်မှာ တင်ပို့မှု တန်ချိန် ၈ဝဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ ပြောင်းဖူးစေ့ ဝယ်လိုအား ရှိနေသော်လည်း မိမိဘက်မြေပြင်ပေါက်ဈေးမြင့်ပြီး တစ်ဘက်နိုင်ငံ ဈေးမှာ ယွမ် ၃ဝ ဝန်းကျင်နဲ့ ဒေါ်လာအားဖြင့် ၂ ဒေါ်လာခန့် ကျသွားတဲ့အတွက် တွက်ချေကိုက်မှုမရှိလို့ တင်ပို့မှု လျော့နည်းရတယ်လို့သိရပါတယ်။ မိမိဘက်နဲ့တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ်ဖော်ပြ ပေးလိုက်ပါတယ်။                                        မိမိဘက်(ကျပ်/တန်)                     တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                       ယခု           ယခင်      ပြောင်းလဲမှု    %       ယခု       ယခင်     ပြောင်းလဲမှု      %ပြောင်းဖူးစေ့     ၂၄၂၈ဝဝ    ၂၅ဝ၅၄၄         ၇၇၄၄        ၄      ၂၇၉          ၂၈၁         ၂              ၁နံှစားပြောင်း     ၂၅၂၇၅၉    ၂၆ဝ၇ဝ၈         ၇၉၄၉        ၃       ၃၂၉          ၃၃၃        ၂               ၁                                                                                                                           MIRT (DOBT)

Tuesday, 21 Dec 2010

 ပင်လယ်ရေကြောင်းက ပုံမှန်တင်         ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ပြောင်း တန်ချိန် ၂၁၆ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ၅၄ သန်းဖိုးကို စင်ကာပူ တစ်နိုင်ငံတည်းကို တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ၁၄၄ တန်တင်ပို့ခဲ့ တာကြောင့် တန်ချိန် အနည်းငယ် ပိုမိုခဲ့ပေမဲ့ ပုံမှန်တင်ပို့မှုသာရှိကြောင်း သတင်းရ ရှိပါတယ်။KZW

Tuesday, 21 Dec 2010

 မိုးကောင်းရော်ဘာ မန္တလေးဈေးကွက်ကို စပို့ပြီ              ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မံရွက်ကျေးရွာအုပ်စု ပါဟုတ် ၈ မိုင်ဒေသမှာ စိုက်ပျိုးထားတဲ့ ရော်ဘာဧက ၃၅ဝ အနက် ဧက ၆ဝ ကို အစေးခြစ်ရော်ဘာပြားများ ထုတ်လုပ်နေပြီဖြစ်ပါတယ်။ ယခုအစေးခြစ်ရော်ဘာမျိုးက အစေ့စိုက် မျိုးများဖြစ်တဲ့အပြင် အစေးစခြစ်တဲ့အပင်ဖြစ်တာကြောင့် အစေးရရှိမှုအနေဖြင့် တစ်နေ့ ၂၅ ပင်ကို တစ်ေပေါင်နှုန်းရရှိပါတယ်။ တဖြည်းဖြည်းအစေးရရှိမှု မြင့်လာနိုင်ပြီး တစ်ဧက ၄ဝဝ - ၄၅ဝ ပေါင်ထွက်မယ်လို့ ခန့်မှန်းထားပါတယ်။ ယခုထုတ်လုပ်တဲ့ ရော်ဘာဟာRSS (3)  အဆင့်ရှိပြီး အေးတဲ့အချိန်မှာ အစေးထွက်နှုန်း ကောင်းပြီး ကချင်ပြည်နယ်စိုက် ရော်ဘာများမှာ အခြားဒေသထွက်ရော်ဘာများထက် အစေးထွက်နှုန်း ပိုလေ့ရှိကြောင်း သိရပါတယ်။ ထုတ်လုပ်ရရှိတဲ့ ရော်ဘာပြားများကို မန္တလေးဈေးကွက်သို့ တင်ပို့ပြီး ယခုအချိန် RSS (3) ရော်ဘာတစ်ပေါင် ၁၄ဝဝ ကျပ်-၁၆ဝဝ ကျပ်ထိရောင်းချရကာ ရော်ဘာပေါင် ၃ဝဝဝ ကျော်တင်ပို့ပြီးကြောင်း သိရပါတယ်။ ကျန်ဧကတွေမှာတော့ ဖူးဆက်မျိုး (BPM-24, ဟိုင်နန်) စိုက်ပျိုး ထားပြီး နောက်နှစ်များ အစေးခြစ်မှာဖြစ်ပြီး ယခုအစေ့စိုက်မျိုးထက် အစေးထွက်နှုန်းပိုနိုင်တယ်လို့ သိရပါတယ်။ ယခု အချိန်မှာတော့ မန္တလေးဈေးကွက်ကိုသာ အဓိကတင်ပို့မှာဖြစ်ကြောင်း သိရပါတယ်။                                     ကိုကိုစိုး

Tuesday, 21 Dec 2010

ဝယ်လိုအားရှိသော်လည်းရော်ဘာတင်ပို့မှုလျော့        ဒီဇင်ဘာလ ၈ ရက်မှ ၁၄ ရက်ထိ ကာလအတွင်း ရော်ဘာ ၅၆၂ တန်ခွဲ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁ ဒသမ ၉၆၃ သန်းဖိုး တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့နိုင်ခဲ့ပါတယ်။ယခင်အပတ်က ၁၈၄၈ တန် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခုအပတ်မှာ ၁၂၈၅ တန်ကျော် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ရော်ဘာ အဆင့်လိုက် မူဆယ် ၁ဝ၅ မိုင်မှRSS (1)  ၁၆ တန်၊RSS (3) ၂၅၈ တန်၊RSS (5) ၄၅ တန်၊MSR (50)  ၁၇၈ တန် ကျော်နဲ့ ချင်းရွှေဟော်မRSS (3) ၆၅ တန် တင်ပို့နိုင်ခဲ့ပြီး MSR (20)  တင်ပို့နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။ တစ်ဖက်နိုင်ငံ သို့ ရောင်းဈေးနှုန်းမှာ ယခုအပတ်နဲ့ ယခင်အပတ် ပြောင်းလဲမှု မရှိသော်လည်း တင်ပို့မှုလျော့နည်းနေတယ်လို့ သိရပါတယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ မြေပြင် ပေါက်ဈေးများကိုနှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ် -                                   မိမိဘက်(ကျပ်/တန်)                             တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု         ယခင်      ပြောင်းလဲမှု   %               ယခု      ယခင်       ပြောင်းလဲမှု     %RSS(3)        ၃၂၉၂၂၁၃      ၃၂၉၂၂၁၃     -            ဝ            ၃၆၁၅       ၃၆ဝ၇            ၈          ဝ .၂RSS(5)        ၃၁၃၅၄၁၆     ၃၁၃၅၄၁၃      -            ဝ            ၃၄၅၆       ၃၄၆၁            ၅          ဝ .၂MIRT (DOBT)

Tuesday, 21 Dec 2010

တစ်ပတ်အတွင်းရော်ဘာတန် ၁၃၀၀ ကျော်တင်ပို့                 ဒီဇင်ဘာ ၆ ရက်မှ ၁၂ ရက်ထိကာလအတွင်း ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၃၇၆ တန် တန်ဖိုး ကန်ဒေါ်လာ ၄ ဒသမ ၄၃၃ သန်းဖိုး တင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတပတ် ၅၅၅ တန်တင်ပို့ခဲ့တာကြောင့် ယခုတစ်ပတ်မှာ နှစ်ဆကျော်ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ တင်ပို့တဲ့ နိုင်ငံများကတော့ တရုတ်ကို RSS-3 တန် ၂၀၀၊ မလေးရှားကို RSS-3 တန် ၄၈၀ တန်၊ RSS-5 ၃၉၄ တန် နဲ့ စင်ကာပူကို MSR -20 ၃၀၂ တန်၊ အသီးသီး တင်ပို့ခဲ့ဖြစ်ကြောင်း သတင်းရရှိပါတယ်။                                                                                                                                                          KZW

Sunday, 19 Dec 2010

ပဲစင်းငုံဈေး သိသိသာသာဆင်းလာ          အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ရောင်းလိုအားများပြီး ဝယ်လိုအားနည်းတာကြောင့် ယခုတစ်ပတ် ပဲစင်းငုံဈေး သိသိသာသာ ဆင်းခဲ့ပါတယ်။ ကာနာတာကာမှာ မိုးအဆက်မပြတ် ရွာသွန်းမှု ကြောင့် ပဲစင်းငုံများ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ မဟာရပ်ရှတရာနဲ့ အတ္တရာပရာဒေ့ရှ်မှာ အထွက်ကောင်း မယ်လို့ ခန့်မှန်းထားပါတယ်။ ကာနာတာကာက ပဲအသစ်တွေ ဝင် ရောက်တော့မှာဖြစ်လို့ ပြည်တွင်းဈေးနှုန်း ဆက်ကျနိုင်တယ်လို့ ခန့် မှန်းထားပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ် ဇယား-၄                                                                                                                 ဒေါ်လာ/တန် ဈေးကွက်                      ၁၆ .၁၂ .၁ဝ            ၁၅ .၁၂ .၁ဝ              ၁၄ .၁၂ .၁ဝ                ၁၃ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)         ၆၁၂-၆၁၈                   ၆၂၃                   ၆၅ဝ                       ၆၅၂-၆၅၇ဒေလီ(မြန်မာပဲစင်းငုံ)            ၆၁၈                         ၆၃၄                   ၆၅ဝ                       ၆၄၆-၆၅၂ချန်နိုင်း(မြန်မာပဲစင်းငုံ)          ၆၆၇                          ၆၇၉                  ၆၈၃                         ၆၈၅                                                                                           Source: agriwatch.com ,MIRT (Yangon)

Pages