Main menu

Background

Wednesday, 8 Dec 2010

နနွင်းတက်တင်ပို့မှု ပိုလာ                ယခုအပတ်မှာ စစ်တွေနယ်စပ်မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နနွင်းတက် ၄ တန်၊ တန်ဖိုးကန်ဒေါ်လာ ၆၄ဝဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်ကတော့ ၁ တန်တင်ပို့နိုင်ခဲ့ပြီး ယခုအပတ်မှာ တင်ပို့မှု ၃ တန် ပိုမိုလာကြောင်း တွေ့ရပါတယ်။ကျောက်ဆည်၊ တောင်ကြီး၊ ကျောက်တော်ဒေသတွေ မှာ နနွင်းတက်တွေ ထွက်ရှိ နေပြီး ဝယ်လိုအား ကောင်းလာတဲ့အတွက် စစ်တွေနယ်စပ်မှတစ်ဆင့် တစ်ဖက်နိုင်ငံသို့ တင်ပို့နေတာ တွေ့ရပါတယ်။ နနွင်းတက်တစ်တန် မိမိဘက်မြေပြင်ပေါက်ဈေး ၁၅၂၆၉၄ဝ ကျပ်ရှိပြီး တစ်ဘက်နိုင်ငံ ပေါက်ဈေးကတော့ ၁၄ဝဝဝဝ တာကာဖြစ်ပါတယ်။  တင်တင်ထွန်း(MIRT) 

Wednesday, 8 Dec 2010

နနွင်းတန်ချိန် ၄ဝ ကျော်တင်ပို့             ပင်လယ်ရေကြောင်းလမ်းကနေ နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်တာကာလအ တွင်း နနွင်းတန်ချိန် ၄၆ ဒသမ ၂၄ တန်ကိုတင်ပို့ခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ ရီမန်နိုင်ငံကို ၁၆ ဒသမ ၂၄ တန်နဲ့ စင်ကာပူနိုင်ငံကို တန်ချိန် ၃ဝ တင် ပို့နိုင်ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၅၆ဝ ဝန်းကျင်ခန့်နဲ့ တင်ပို့ ခဲ့တာဖြစ်ပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ ၇၂၂၃၃ ဒသမ ၆ ကန်ဒေါ်လာရရှိခဲ့ပါတယ်။ ယခင်သီတင်းပတ်က ၁ဝ တန်သာတင်ပို့နိုင်ခဲ့ပြီး ယခုသီတင်းပတ်တင်ပို့မှုနဲ့ ကြည့် ရင် တန်ချိန် ၃ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။                                                                     MIRT (DOT) 

Wednesday, 8 Dec 2010

 အဝင်သွက်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ငရုတ်ခြောက်ဈေးကွက်            ပြည်ဈေးကွက်သို့ ယခုတစ်ပတ်မှာ မန္တလေးတိုင်းဒေသကြီးမှ ငရုတ်ခြောက်များ ပိဿာ ၂ဝ ဝင်အိတ် ၅ဝဝ ခန့်နှင့် အဝင်သွက်လာတယ်လို့ သိရပါတယ်။ မန္တလေးတိုင်းအတွင်းမှာ ငရုတ်ထွက်ချိန်ဖြစ်လို့ အဝင်များပေမယ့် ဈေးနှုန်းလည်း ပုံမှန်ရှိနေသလို အရောင်းအဝယ်လည်း အေးနေတယ်လို့ သိရပါတယ်။ ပြည်ဈေးကွက် ပွဲရုံများမှာ ငရုတ်ရှည် တစ်ပိဿာ ၂၆ဝဝ ကျပ်၊ မိုးထောင် ၂၂ဝဝ ကျပ်တို့နဲ့ ရောင်းဝယ် နေကြပါတယ်။                                                           ဝင်းလဲ့ဝါ

Wednesday, 8 Dec 2010

အောင်ပန်းချင်းအဝင်လှိုင်              ကလောမြို့နယ်နဲ့ အောင်ပန်းမြို့နယ် တစ်ဝိုက်ကထွက်တဲ့ချင်း(စို) တွေက အောင်ပန်းဈေးကွက်ကို အများအပြား ဝင်လာပါပြီ၊ အများဆုံး ဝင်နေတာကတော့ အောင်ပန်းမြို့တောင်ဖက်က ရွာတွေဖြစ်တဲ့ ရေချို၊ ပင်မှီ၊ လွယ်မယ်၊ ဘုရားကုန်းစတဲ့ရွာတွေကလို့ သိရပါတယ်။ အောင်ပန်းချင်းတွေက အရင့်တွေဖြစ်ပြီး ဈေးကွက်မှာ အဝင်လှိုင်နေပေမဲ့ ဟိုပုံးနဲ့ နမ့်စန်ချင်းတွေကတော့ နုနေသေးတာကြောင့် ဖော်လို့မရသေးပါဘူး။ ချင်းအပင်တွေ မခြောက်သေးတာကြောင့် ဒီဇင်ဘာကုန်လောက်မှသာ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့ ဒေသခံ ကုန်သည် တွေက ခန့်မှန်းကြပါတယ်။ ငွေလိုတဲ့ တောင်သူအချို့ကတော့ အနုလေး တွေကို ဖော်ပြီးရောင်းနေတာကြတာကြောင့် နမ်စန်မှာ ချင်း(စို) ဈေးက တစ်ပိဿာ ၅ဝဝ ကျပ်-၆ဝဝ ကျပ်ဈေးရှိပါတယ်။             အောင်ပန်းဈေးကွက်မှာ အောင်ပန်းမြို့တောင်ဖက်ကထွက်တဲ့ ချင်းစိုမှာအခက်ကြီးပြီး လှတဲ့ချင်းတွေက တစ်ပိဿာ ၇ဝဝ ကျပ်-၈ဝဝ ကျပ်ဈေးရှိပြီး၊ နန်းထိုင်နယ်ကထွက်တဲ့ ချင်းကတော့ အခက်သေးတာကြောင့် ၆၅ဝ ကျပ်ဈေးရှိပါ တယ်။ ဈေးကွက်မှာချင်းအဝင်က တစ်ရက်ကို ပိဿာချိန် တစ်သောင်းခွဲခန့် ပုံမှန်ဝင်နေပြီး ပြည်တွင်းသုံး အတွက်သာ ဝယ်ယူနေကြပါတယ်။ ချင်းခြောက်ဈေး ကတော့ တစ်ပိဿာ ၂၆ဝဝ ကျပ်-၂၇ဝဝ ကျပ် ဈေးရှိတယ်လို့ ချင်းပွဲရုံတွေက သိရပါတယ်။                                                                                                                      ဧဧခိုင် 

Wednesday, 8 Dec 2010

အဝင်သွက်ပြီး အရောင်းအဝယ်အေးနေတဲ့ ပြည်ချင်းဈေးကွက်               ဒီတစ်ပတ်ပြည်ဈေးကွက်ကို အောင်ပန်းချင်းများ အဝင်များလာပြီး တစ်ပတ်အတွင်း ပိဿာ ၃ဝ ဝင်အိတ် ၃၅ဝ ခန့် အဝင်ရှိနေတယ်လို့ သိရပါတယ်။ အဝင်များပေမဲ့ အရောင်းအဝယ်မှာအေးနေပြီး ယခင်တစ်နေ့ကို အိတ် ၅ဝ ခန့် အရောင်းအဝယ်ဖြစ်ရာမှ ယခု ၁၅ အိတ်ခန့်သာ ရောင်းဝယ်မှုဖြစ်တယ်လို့ သိရပါတယ်။ ချင်းကြီးတစ်ပိဿာ ၁၃ဝဝ ကျပ်၊ လတ် ၁၂ဝဝ ကျပ်၊ သေး ၁ဝဝဝ ကျပ်တို့ဖြင့် ရောင်းဝယ်နေတာကြောင့် ယခင်အပတ်ထက် တစ်ပိဿာ ၂ဝဝ ကျပ်ခန့် ဈေးကျသွားတယ်လို့ သိရပါတယ်။                                                                                                    ဝင်းလဲ့ဝါ 

Wednesday, 8 Dec 2010

ပြန်လည်တင်ပို့နိုင်ခဲ့သည့်ချင်း                 နိုဝင်ဘာ ၂၂ ရက်မှ ၂၉ ရက်တာကာလအတွင်း ချင်းတန်ချိန် ၁ဝ တန်၊ ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့ နိုင်ငံကတော့ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီကန်ဒေါ်လာ ၁၄၅ဝ နဲ့ စုစုပေါင်းပို့ကုန်ဝင်ငွေကန်ဒေါ်လာ ၁၄၅ဝဝ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ချင်းအပို့ မရှိဘဲ ယခုတစ်ပတ်မှသာ ပြန်လည်တင်ပို့နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။                                                       MIRT (DOT) 

Monday, 6 Dec 2010

်ပဲစင်း ငုံဈေး သိသိသာသာဆင်း                      အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ပဲခွဲစက်များက အဝယ် မရှိတာကြောင့် ပဲစင်းငုံဈေး သိသိသာသာဆင်းခဲ့ပါတယ်။ ဂူဘာကာ နဲ့ ရိုင်ချာဈေးကွက်များကို ပဲအသစ် အိတ် ၄ဝဝ-၅ဝဝ ခန့် ဝင်ရောက် လာပြီလို့ သိရပါတယ်။ ယခုရာသီ ပဲစင်းငုံတန်ချိန် ၃ သန်းကျော် ထွက်ရှိမယ်လို့ မျှော်လင့်နေကြတဲ့အပြင် လက်ကျန်ပဲဟောင်းများ လည်း ကျန်ရှိနေခြင်းက ဈေးနှုန်းကို ပိုမိုကျဆင်းစေပါတယ်။ ဒါ့အပြင် ပဲအသစ်များမှာ အစိုဓာတ်ပါဝင်နေခြင်းကြောင့် ဈေးလျှော့ရောင်းချ နေကြတယ်လို့ သိရပါတယ်။ မဟာရပ်ရှတရာဒေသက ပဲအသစ်များ လည်း ဒီဇင်ဘာလလယ်မှာ ဝင်ရောက်လာဖွယ်ရှိလို့ လာမယ့်ရက် တွေမှာ ဈေးဆက်လက်ဆင်းနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေး ကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြထားပါတယ်ဇယား-၄                                                                                                                       ဒေါ်လာ/တန်  ဈေးကွက်                          ၂၇ .၁၁ .၁ဝ                       ၂၉ .၁၁ .၁ဝ               ၃ဝ .၁၁ .၁ဝ            ၁ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)           ၇ဝ၂                              ၆၉၉-၇ဝ၁                 ၆၉ဝ-၆၉၅                   ၆၇၈ဒေလီ(မြန်မာပဲစင်းငုံ)               ၇၁၁                              ၆၉၉-၇ဝ၄                 ၆၉ဝ-၆၉၅                   ၆၇၈ချန်နိုင်း(မြန်မာပဲစင်းငုံ)             ၇၁၁                                  ၇ဝ၉                         ၆၉ဝ                       ၆၉၅

Monday, 6 Dec 2010

ပဲတီစိမ်း ဈေးတည်ငြိမ်             အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ဝယ်လိုအား နည်းပါးတာကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းပြီး ဈေးငြိမ်နေပါတယ်။ မိုးရာသီ ပဲအထွက် မြင့်တက်မယ့် ခန့်မှန်းချက်နဲ့ ဆောင်းရာသီအခြေ အနေကောင်းခြင်းက ဈေးနှုန်းကို ကျဆင်းစေနိုင်ပါတယ်။ ဒါပေမဲ့ ဝင်ရောက်လာတဲ့ပဲများက အရည်အသွေးနိမ့် ပြဿာနာများနဲ့ နိုင်ငံတကာ ဈေးကြီးမြင့်နေခြင်းတို့က ဈေးနှုန်းကျဆင်းမှုကို ကန့်သတ် စေနိုင်ပါတယ်။ ပဲအသစ် အရည်အသွေးနိမ့်ခြင်းနဲ့ ဝယ်လိုအား ကျဆင်းခြင်းတို့ကြောင့် လာမယ့်ရက်များမှာလည်း ဈေးငြိမ်နိုင်တယ် လို့ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ် ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃                                                                                                                                 ဒေါ်လာ/တန်  ဈေးကွက်                       ၂၇ .၁၁ .၁ဝ                ၂၉ .၁၁ .၁ဝ                   ၃ဝ .၁၁ .၁ဝ                        ၁ .၁၂ .၁ဝချန်နိုင်း(ပဲတီရွှေဝါ)              ၉၈၄                           ၉၉၃                             ၉၈၈                               ၉၉၆ဒေလီ                                ၉၈၄                           ၉၈၂                            ၉၅၆                           ၉၆၃-၁ဝ၂၈အင်ဒိုရီ                              ၈၉၇                          ၈၉၅                              ၉၁၂                           ၈၇၅-၈၉၇ 

Monday, 6 Dec 2010

ကုလားပဲဈေး အနည်းငယ်လျော့                 အိန္ဒိယပြည်တွင်း ကုလားပဲလက်ငင်းဈေးကွက်များမှာ ပဲခွဲစက် များမှ အဝယ်ပါးတာကြောင့် ယခုတစ်ပတ် ဈေးအနည်းငယ် လျော့ကျခဲ့ပါတယ်။ မြေဆီလွှာအစိုဓာတ်ကောင်းနေခြင်းနဲ့ အစိုးရက အနိမ့်ဆုံး ထောက်ပံ့ဈေးနှုန်း တိုးမြင့်ပေးခြင်းတို့ကြောင့် အဓိကပဲစိုက်တဲ့ ဒေသများမှာ ကုလားပဲစိုက်ဧရိယာတိုးတက်နေတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း ကုလားပဲလက်ကျန် အသင့်အတင့်ရှိနေခြင်းအပြင် ကုလားပဲခွဲခြမ်း အရောင်းအဝယ်နည်းခြင်းတို့က ဈေးနှုန်းကျဆင်းဖို့ ဖိအားဖြစ်စေပါတယ်။ ဒါပေမဲ့ မကြာသေးခင်က မိုးရွာသွန်းမှုက မဒ္ဒရာပရာဒေ့ရှ်မှာ သီးနံှများပျက်စီးတယ်ဆိုတဲ့ မရေရာတဲ့ သတင်း များကတော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေနိုင်တယ်လို့ ခန့်မှန်း ကြပါတယ်။ ဈေးကွက်တွေမှာတစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲ ဖြူလုံးကြီး ဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ်ဇယား-၂                                                                                                                      ဒေါ်လာ/တန်  ဈေးကွက်               ၂၇ .၁၁ .၁ဝ               ၂၉ .၁၁ .၁ဝ                    ၃ဝ .၁၁ .၁ဝ                          ၁ .၁၂ .၁ဝမွန်ဘိုင်း                     ၅၆၉                         ၅၄၆-၅၅၇                    ၅၅၆-၅၅၈                           ၅၅၆-၅၅၈ဒေလီ                         ၅၅၁                        ၅၄၈-၅၄၉                     ၅၄၂-၅၄၇                              ၅၄၈ကန်ပါ                        ၅၄၃                             ၅၄၁                        ၅၄၄-၅၄၅                          ၅၄၄-၅၄၅

Monday, 6 Dec 2010

                     နိုဝင်ဘာလ ၂ဝရက်မှာကုန်ဆုံးတဲ့သီတင်းပတ်အတွင်း အိန္ဒိယ နိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ယခင်တစ်ပတ်ကရှိတဲ့ ၁ဝ ဒသမ ၁၅ ရာခိုင်နှုန်းထက် လျော့ကျပြီး ၈ ဒသမ ၆ဝ ရာခိုင်နှုန်း ရှိလာတယ်လို့ သိရပါတယ်။ မိုးရာသီ သီးနံှများအတွက် မြင့်တက်ခြင်း နဲ့ ဝင်ရောက်မှုတိုးတက်လာတာကြောင့် ဈေးကျဆင်းခဲ့ပါတယ်။ ပဲ မိုျးစုံဈေးနှုန်းဟာ ၁ဝ ရာခိုင်နှုန်းခန့်ကျဆင်းခဲ့တယ်လို့ သိရပါတယ်။မတ်ပဲဈေး ဆက်လက်ဆင်းလာ                 အိန္ဒိယပြည်တွင်းဈေးကွက်အများစုမှာ ပဲခွဲစက်များက ဝယ်ယူ မှုမရှိတဲ့အပြင် ဝင်ရောက်လာတဲ့ ပဲအသစ်များမှာ အရည်အသွေး နိမ့်ကျတာကြောင့် မတ်ပဲဈေးက ယခုတစ်ပတ်မှာလည်း ဆက်လက် ဆင်းလာခဲ့ပါတယ်။ အတ္တရာပရာဒေ့ရှ်က ပဲအသစ်များ ဒီဇင်ဘာလ လယ်မှာ ဈေးကွက်တွေကို ဝင်ရောက်တော့မယ့် အလားအလာရှိတဲ့ အပြင် ဥတ္တရာပရာဒေ့ရှ်၊ မဒ္ဒရာပရာဒေ့ရှ်၊ ဂူဂျာရက်နဲ့ ကာနာတာကာတို့မှ ပဲအသစ်တွေ ဝင်ရောက်လာတာကြောင့် ဈေးနှုန်းပိုမိုကျ ဆင်းလာတာဖြစ်ပါတယ်။ ဒါပေမဲ့ အရည်အသွေးကောင်း မတ်ပဲ များကို ပြည်ပက တင်သွင်းနေရခြင်းကတော့ ဈေးနှုန်းကျဆင်းမှုကို ကန့်သတ်စေနိုင်ပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ  FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြ ထားပါတယ်ဇယား-၁                                                                                                         ဒေါ်လာ/တန်  ဈေးကွက်            ၂၇ .၁၁ .၁ဝ                 ၂၉ .၁၁ .၁ဝ                      ၃ဝ .၁၁ .၁ဝ                      ၁ .၁၂ .၁ဝမွန်ဘိုင်း                    ၉၁၃                         ၉၁၉                                 ၉ဝ၂                                ၈၉၇ဒေလီ                       ၉၁၃                         ၉၁၁                             ၉ဝ၇-၉၁၉                             ၉ဝ၈ချန်နိုင်း                 ၉၆၂-၁၂ဝ၃             ၉၅ဝ-၁၂ဝ၁                      ၉၅၂-၁၂ဝ၄                        ၉၄၁-၁၁၉၃

Pages