Main menu

Background

Sunday, 2 Jan 2011

ဒီဇယ်ဆီအဝင်တန်ချိန် သုံးသောင်းကျော်ရှိ               ပြည်တွင်းစက်သုံးဆီဈေးကွက်အတွက် ဒီဇင်ဘာ ၂ဝ ရက်မှ ၂၆ ရက်တာကာလ အတွင်း ဒီဇယ်ပီပါ နှစ်သိန်းနှစ်သောင်းကျော်၊ တန်ချိန်အားဖြင့် သုံးသောင်းကျော်နဲ့ ဓာတ်ဆီ ပီပါ လေးသောင်းရှစ်ထောင်ကျော်ကို ပင်လယ်ရေကြောင်းလမ်းကနေ တင်သွင်းလာခဲ့ပါတယ်။ ယခင်သီတင်းပတ်ဒီဇယ်ဆီအဝင်မှာ တန်ချိန်ငါးသောင်းနှစ် ထောင်ကျော်ရှိခဲ့ပြီး ယခုသီတင်းပတ် အဝင်နဲ့ယှဉ်ရင် ဒီဇယ်အဝင်တော်တော်လျော့ ခဲ့ပါတယ်။ ဓါတ်ဆီကတော့ ဇူလိုင်နောက်ဆုံးပတ်လောက်မှစ၍တင်သွင်းခြင်းမရှိပဲ ယခုသီတင်းပတ်မှသာ ရေကြောင်းလမ်းကအဝင်အဖြစ် ပြန်လည်တင်သွင်းခဲ့တာဖြစ် ပါတယ်။                                                                 MIRT-DOTနယ်စပ်မှ ဓာတ်ဆီ၊ ဒီဇယ်ဆီတင်သွင်းမှုပိုမို                 ဒီဇင်ဘာ ၂၂ ရက်မှ ၂၈ ရက်ထိ ကာလအတွင်း ကန်ပိုက်တီးနဲ့ တာချီလိတ် နယ်စပ်စခန်းတို့မှ ကန်ဒေါ်လာ ၇၈၈၁၃၆ တန်ဖိုးရှိ ဒီဇယ်ဆီ ၇၃၉ဝ၈၇ ဂါလန် တင်သွင်းနိုင်ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က ဒီဇယ်ဆီ ၃၁ဝ၅၂၄ ဂါလံတင်သွင်းခဲ့တာမို့ ယခုအပတ်မှာ ဂါလန် ၄၂၈၅၆ဝ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဓာတ်ဆီကိုတော့ တာချီလိတ်နယ်စပ်မှသာ ၄၆၈၇၇ ဂါလန်၊ ကန်ဒေါ်လာ ဝ ဒသမ ၁၁ သန်းကျော်ဖိုး တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်ကထက် ၉၃၃၅၂ ဂါလံ ပိုမိုတင်သွင်းနိုင်ခဲ့ပါတယ်။ ဧပြီလမှ ဒီဇင်ဘာလ ၂၈ ရက်ထိ ကာလအတွင်း နယ်စပ်မှ ဓာတ်ဆီ ဂါလန် ၃ ဒသမ ၃၂ သန်းကျော်နဲ့ ဒီဇယ်ဆီ ဂါလန် ၁ ဒသမ ၂ သန်းကျော် တင်သွင်းထားပြီးဖြစ်တယ်လို့ သိရပါတယ်။                                                                      MIRT(DOBT)လက်လီအရောင်းအဝယ်ဈေးပြည်တွင်းစက်သုံးဆီ လက်လီအဝယ် တစ်ဂါလန်ဈေးကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်-                                                                                                                    ဒီဇင်ဘာ ၂ဝ၁ဝ         ဝယ်ဈေးဓာတ်ဆီ(ကျပ်)     ဝယ်ဈေးဒီဇယ်(ကျပ်)ရက်     ရန်ကုန်     မန္တေ           ရန်ကုန်     မန္တလေး၂၇     ၃၃ဝဝ     ၃၄ဝဝ            ၃ဝဝဝ     ၃၃ဝဝ၂၈     ၃၃ဝဝ     ၃၄ဝဝ            ၃ဝဝဝ     ၃၃ဝဝ၂၉    ၃၃ဝဝ     ၃၄ဝဝ             ၃ဝဝဝ     ၃၃ဝဝ၃ဝ     ၃၃ဝဝ     ၃၄ဝဝ            ၃ဝဝဝ     ၃၃ဝဝ၃၁     ၃၃ဝဝ     ၃၄ဝဝ           ၃ဝဝဝ     ၃၃ဝဝMIRT-DOT

Tuesday, 28 Dec 2010

ပဲတီစိမ်း ဈေး ဆက်လက်တည်ငြိမ်             အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက ဆက်လက် တည်ငြိမ်နေပါတယ်။ မဟာရပ်ရှတရာက ပဲဝင်ရောက်မှု ရပ်တန့်သွားပြီဖြစ်ပြီး ဒေစီပဲတီစိမ်းကို အဝယ်ပုံမှန်ရှိနေတာကြောင့် ပြည်တွင်း ပဲဈေးမကျဘဲ ငြိမ်နေခြင်းဖြစ်ပါတယ်။ အဓိက လက်ငင်းဈေးကွက် တွေမှာ အရည်အသွေးကောင်းပဲများ ဝယ်လိုအား ကောင်းနေတဲ့ အပြင် နိုင်ငံတကာ ဈေးကွက်မှာလည်း ပဲတီစိမ်းကို ဝယ်လိုအား ကောင်းနေတဲ့အတွက် တင်သွင်းပဲဈေး မြင့်တက်နေခြင်းကလည်း အိန္ဒိယပြည်တွင်းဈေးကို အထောက်အပံ့ ဖြစ်စေပါတယ်။ လာမယ့် ရက်တွေမှာလည်း လက်ရှိဈေးဝန်းကျင်မှာ တည်ငြိမ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ် ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဇယား(၃)နဲ့ ဖော်ပြလိုက်ပါတယ်ဇယား-၃                                                                                                    ဒေါ်လာ/တန်ဈေးကွက်                   ၂၃ .၁၂ .၁ဝ                  ၂၂ .၁၂ .၁ဝ             ၂၁ .၁၂ .၁ဝ          ၂ဝ .၁၂ .၁ဝမွန်ဘိုင်း(ပဲတီရွှေဝါ)       ၁၄၄၄-၁၄၆၆                      ၁၄၅၁                     ၁၄၅၈                 ၁၄၅၄ချန်နိုင်း(ပဲတီရွှေဝါ)           ၁ဝ၂၂                           ၁ဝ၁၉                      ၁ဝ၁၆                 ၁ဝ၁၄ဒေလီ                          ၁ဝ၆၆                           ၁ဝ၆၄                      ၁ဝ၆၁                 ၁ဝ၅၈

Tuesday, 28 Dec 2010

 ပဲစင်း ငုံဈေး ဆက်လက်ဆင်းနေဆဲ                အိန္ဒိယပြည်တွင်းဈေးကွက်များမှာ ဒီတစ်ပတ်မှာလည်း ပဲစင်းငုံ ဈေး ဆက်လက်ဆင်းနေဆဲဖြစ်တာ တွေ့ရပါတယ်။ ယခုနှစ်အတွင်း ပဲစင်းငုံ ပိုထွက်မယ့်ခန့်မှန်းချက်တွေကြောင့် ဝယ်လက်တွေက ဈေးမြင့််ပေးဝယ်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ပဲအသစ်တွေ ဝင်ရောက်နေတာရယ်၊ ဝင်လာတဲ့ ပဲအသစ်တွေမှာလည်း ပုံမှန်ထက် အစိုဓါတ်ပါဝင်မှု မြင့်နေကြတာကြောင့် ကာလတိုအတွင်း ဈေးထပ် ကျဦးးမယ်လို့ ဈေးကွက်က ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း လက်ရှိပြည်တွင်းဈေးက အနိမ့်ဆုံး ထောက်ပံ့ဈေးထက် အောက်ရောက်နေတဲ့အတွက်မကြာခင်ဈေးမြင့်လာနိုင်တယ်လို့ အချို့ ကုန်သည်တွေကခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ် အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဇယား(၄)နဲ့ ဖော်ပြ ထားပါတယ် -ဇယား-၄                                                                                               ဒေါ်လာ/တန်  ဈေးကွက်                     ၂၃ .၁၂ .၁ဝ                   ၂၂ .၁၂ .၁ဝ               ၂၁ .၁၂ .၁ဝ        ၂ဝ .၁၂ .၁ဝမွန်ဘိုင်း(မြန်မာပဲစင်းငုံ)      ၆၂၂-၆၂၇                          ၆၃၂                             ၆၄၁               ၆၃၄ဒေလီ(မြန်မာပဲစင်းငုံ)             -                                 ၆၃၂                            ၆၃ဝ                ၆၂၈ချန်နိုင်း(မြန်မာပဲစင်းငုံ)        ၆၅၅-၆၆၁                          ၆၅၄                             ၆၆၈              ၆၆၇Source: agriwatch.com , MIRT (Yangon)

Tuesday, 28 Dec 2010

်ကုလား ပဲဈေးအနည်းငယ်လျော့           အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ကုလားပဲဝင်ရောက်မှု တိုးတက်လာမယ့်မျှော်မှန်းချက်နဲ့ ဝယ်လိုအားနည်းနေတာကြောင့် ယခု တစ်ပတ် ကုလားပဲဈေး အနည်းငယ်လျော့ကျလာပါတယ်။ မဒ္ဒရာပရာဒေ့ရှ်မှာ သီးနံှတွေပျက်စီးတဲ့ သတင်းများအရ NCDEX မှာ ကုလားပဲကြိုပွိုင့်ဈေးမြင့်တက်လာသလို လက်ငင်းဈေးကွက်ကိုလည်း ဈေးအနည်းငယ်လှုပ်လာစေတယ်လို့ ဆိုပါတယ်။ အတ္တရာပရာဒေ့ရှ်နဲ့ ကာနာတာကာတို့က ပဲအသစ်များ ဇန်နဝါရီ ဒုတိယပတ်လောက်မှာ ဈေးကွက်ကို ဝင်ရောက်လာတော့မှာဖြစ်ပေမဲ့ ပဲအသစ်ဝင်လာချိန်ထိ လက်ကျန်ရောင်းအားနည်းနိုင်တာကြောင့် လက်ရှိဈေးဝန်းကျင်မှာ ဆက်ရှိနေဦးမယ်လို့ ဈေးကွက်က ခန့်မှန်းထားပါတယ်။ ဈေးကွက် တွေမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးကြီးဈေးတွေကို ဇယား(၂)နဲ့ ဖော်ပြထားပါတယ် ဇယား-၂                                                                                                 ဒေါ်လာ/တန်  ဈေးကွက်              ၂၃ .၁၂ .၁ဝ                   ၂၂ .၁၂ .၁ဝ                  ၂၁ .၁၂ .၁ဝ                  ၂ဝ .၁၂ .၁ဝမွန်ဘိုင်း                  ၅၄၄-၅၅ဝ                      ၅၄၅-၅၄၆                        ၅၄၂                        ၅၅၁ဒေလီ                     ၅၅ဝ-၅၅၁                        ၅၃၇                            ၅၃၆                     ၅၃၄-၅၃၅ကန်ပါ                       ၅၅၅                         ၅၅၃-၅၅၄                         ၅၄၇                    ၅၄၂-၅၄၃

Tuesday, 28 Dec 2010

ဒီဇင်ဘာလ ၁၁ရက်မှာကုန်ဆုံးတဲ့ သီတင်းပတ်အတွင်း အိန္ဒိယ နိုင်ငံရဲ့ စားနပ်ရိက္ခာဈေးနှုန်း ဖောင်းပွမှုဟာ ၁၂ ဒသမ ၁၃ ရာခိုင်နှုန်း ကို မြင့်တက်လာခဲ့လို့ ယခင်သီတင်းပတ်မှာရှိခဲ့တဲ့ ၉ ဒသမ ၄၆ ရာခိုင်နှုန်းထက် ပိုမိုလာခဲ့ပါတယ်။ အဓိကတော့ ဟင်းသီးဟင်းရွက်၊ ငါး၊ ဟင်းခတ်အမွှေးအကြိုင်၊ ဘာလီ၊ ဆန်၊ မတ်ပဲနဲ့ ပြောင်းဈေးနှုန်း တွေ မြင့်တက်လာတာကြောင့်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပဲနီလေးနဲ့ ပဲတီစိမ်းဈေးကတော့ ၁ ရာခိုင်နှုန်းစီ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲဈေး အဆင်းဘက်ကို ဦးတည်နေဆဲ           အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ မတ်ပဲဈေးက အဆင်း ဘက်ကို ဦးတည်နေဆဲဖြစ်တာ တွေ့ရပါတယ်။ ပြည်တွင်းဈေးကွက် တွေမှာ ပဲရရှိနေခြင်းနဲ့ အရောင်းအဝယ် ထိုင်းနေခြင်းတို့ကြောင့် ဈေးဆင်းနေတာဖြစ်ပါတယ်။ အတ္တရာပရာဒေ့ရှ်မှာ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ မတ်ပဲစိုက်ပျိုးမှုဟာ ယခင်နှစ်ထက် ၁၁ ရာခိုင်နှုန်းဝန်း ကျင်တိုးတက်နေတဲ့အပြင်ပြည်တွင်းလက်ကျန်က ပဲအသစ်ဝင်ရောက် ချိန်ထိ လုံလောက်ဦးမယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလက်ကျန် ပဲများအနေနဲ့ အရည်အသွေးနိမ့်ပဲ များနေတဲ့အတွက် အချို့ဝယ်လက်များက အရည်အသွေးကောင်း ပဲများအဝယ်သွက်နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ မြန်မာမတ်ပဲ FAQ  ဈေးနှုန်းတွေကို ဇယား(၁)နဲ့ ဖော်ပြထားပါတယ်ဇယား-၁                                                                                             ဒေါ်လာ/တန်ဈေးကွက်                ၂၃ .၁၂ .၁ဝ                  ၂၂ .၁၂ .၁ဝ                  ၂၁ .၁၂ .၁ဝ                 ၂ဝ .၁၂ .၁ဝမွန်ဘိုင်း                        ၈ဝ၂                          ၈ဝဝ                              ၈၁၂                        ၇၉၉ဒေလီ                            -                             ၈၂ဝ                               ၈၁၇                       ၈၁၅ချန်နိုင်း                     ၈၅၅-၁ဝ၇၇                 ၈၅၃-၁ဝ၇၅                        ၈၅၁-၁ဝ၈၃             ၈၈၁-၁၁ဝ၂

Monday, 27 Dec 2010

ပြည်တွင်းနို့ဆီလက်ကားဈေး                    ကျပ်/ တစ်ဘူး                                    ရန်ကုန်        မန္တလေးဒွန်း( နို့ဆီ )                     ၆၃၅             ၆၅ဝဒွန်း( နို့စိမ်း)                     ၆၁ဝ            ၆၂၅မာရီဂိုး(နို့ဆီ)                    ၅၈ဝ            ၅၉၅လပ်ကီးကောင်း( နို့စိမ်း)      ၅၃ဝ            ၅၄၅ နို့ဆီအမျိုးမျိုးနဲ့ ပြည်တွင်းဖြစ်နို့ဆီ တွေရဲ့ ဈေးကွက်အသီးသီး လက်လီဈေးတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်နို့ဆီလက်လီဈေး              ကျပ်/တစ်ဘူး                              ရန်ကုန်         မန္တလေးဒွန်း( နို့ဆီ )                ၆၇ဝ             ၇၁၅ဒွန်း( နို့စိမ်း)                ၆၅ဝ             ၆၇၅ၤFalcon  နို့ဆီ               ၆ဝဝ             ၆၁၅ံHappy Cow               ၅၉ဝ              ၆ဝဝမာရီဂိုးနို့ဆီ                  ၆၃ဝ             ၆၄၅အိုကေနို့ဆီ                 ၆၇ဝ              ၆၈၅MIRT (DOT) 

Monday, 27 Dec 2010

နို့ဆီအဝင်အားလျော့             ပြည်တွင်းကို ပင်လယ်ရေကြောင်း လမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာ ကာလအတွင်း နို့ဆီတန်ချိန် ၄၃ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၃၆၃၂ဝဖိုးကို တင်သွင်းခဲ့ပါတယ်။ တင်သွင်းလာတဲ့ ကုန်သွယ်ဘက်နိုင်ငံက တော့ ဖောက်သည် စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။             ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မှာတော့ နို့ဆီကို သွင်းအားကောင်းကောင်းနဲ့ တင်သွင်းခဲ့ပြီး ယခုတစ်ပတ်မှာတော့ အသွင်းလျော့နည်းခဲ့တာ တွေ့ရပါတယ်။             နို့စိမ်းက နှစ်ပတ်ဆက်တိုက် အဝင် မရှိခဲ့ပါဘူး။ နို့မှုန့်အဝင်အနေနဲ့ နယူးဇီလန်နိုင်ငံမှ နို့မှုန့်တန်ချိန် ၁၂ တန်သာ တင်သွင်းလာခဲ့တာ တွေ့ရပါတယ်။                                                                              MIRT (DOT) ဒီတစ်ပတ်နယ်စပ်က နို့မှုန့်ပဲ အသွင်းရှိ              ယခုအပတ်မှာ မူဆယ်နယ်စပ်မှ နို့မှုန့် ၄၂တန်ခန့် တင်သွင်းနိုင်ခဲ့ပါတယ်။ ယခင်အပတ်က နို့မှုန့် တင်သွင်းနိုင်ခဲ့ ခြင်းမရှိဘဲ ယခုအပတ်မှာတော့ တင်သွင်းမှုရှိခဲ့တာ ဖြစ်ပါတယ်။ နို့မှုန့် များဟာ လိပ်ပြာနှစ်ကောင် တံဆိပ်ဖြစ်ပြီး ၅ဝဝ ဂရမ်ပါ အထုပ် ကြီးနဲ့ ၄ဝဝ ဂရမ်ပါ အထုပ်ကြီး ၂ မျိုး တင်သွင်းခဲ့ခြင်းဖြစ်ပါတယ်။             ကော့သောင်းနယ်စပ်က တင်သွင်း နေကျ နို့ဆီ၊ နို့စိမ်းများ ယခုအပတ်မှာ တော့ တင်သွင်းမှုမရှိဘူးလို့ သိရပါ တယ်။MIRT (DOT)

Monday, 27 Dec 2010

အဝင်တန်ချိန်လေးသောင်းနှစ်ထောင်ကျော်ရှိ           ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလ အတွင်း ဘိလပ်မြေတန်ချိန် လေးသောင်းနှစ်ထောင်ကျော်၊ တန်ဖိုး ကန်ဒေါ်လာ ၃၆၄၆၉၆ဝ ဖိုးကိုတင်သွင်းခဲ့ပါတယ်။ တင်သွင်းခဲ့တဲ့ နိုင်ငံတွေကတော့ ပါကစ္စတန် နိုင်ငံဘက်မှ ဆင်တံဆိပ်ဘိလပ်မြေ တန်ချိန် ၂၅ဝဝ ကျော်နဲ့ ထိုင်းနိုင်ငံဘက်မှ စိန်တံဆိပ်ဘိလပ်မြေ လေးသောင်းနီးပါးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ် ဘိလပ်မြေအဝင်မှာ တန်ချိန် ၂၇ဝဝ ကျော်ရှိခဲ့ပြီး ဒီတစ်ပတ်ဘိလပ်မြေ အဝင်နဲ့ ယှဉ်ရင် တန်ချိန် ၁၅ဝဝ ကျော် ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ တစ်တန်ကို စီအိုင်အက်ဖ် ကန်ဒေါ်လာ၈၅ နဲ့ တင်သွင်းခဲ့ပါတယ်။ MIRT (DOT) ဆောက်လုပ်ရေးရာသီရောက်ပြီဖြစ်လို့ ဘိလပ်မြေတင်သွင်းမှုပို           ဒီဇင်ဘာ ၁၅ ရက်မှ ၂၁ ရက်ထိ ကာလအတွင်း နယ်စပ်စခန်းများဖြစ်တဲ့ မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ကော့သောင်း၊ တာချီလိတ်နဲ့ မောင်တော နယ်စပ် စခန်းများမှ ကန်ဒေါ်လာ ဝ ဒသမ ၄၂ သန်း တန်ဖိုးရှိ ဘိလပ်မြေ ၄၆၇၄ တန် ကျော် တင်သွင်းခဲ့ပါတယ်။ ယခင်အပတ်က ဘိလပ်မြေ ၂၇၅၇ တန်တင်သွင်းခဲ့တာ မို့ ယခုအပတ်မှာ ဘိလပ်မြေတန် ၁၉၁၇ တန် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ပွင့်လင်း ရာသီရောက်ပြီဖြစ်လို့ လမ်းတံတားတည်ဆောက်မှုများ၊ ဆောက်လုပ်ရေးလုပ် ငန်းများမှာ အသုံးပြုရန် ဘိလပ်မြေ ပိုမိုတင်သွင်းခဲ့တယ်လို့ တာချီလိတ်နယ်စပ်က ဘိလပ်မြေတင်သွင်းသူတစ်ဦးထံကသိရပါတယ်။ နယ်စပ်အလိုက် ဘိလပ်မြေ တင်သွင်းနိုင်မှုတွေကတော့ မူဆယ်မှ ၂၂၈ တန်၊ လွယ်ဂျယ်မှ တန် ၉၃ဝ၊ ကန်ပိုက်တီးမှ ၁၁၈၅တန်၊ ကော့သောင်းမှ ၁၆၅တန်၊ တာချီလိတ်မှ ၂၁၂၆တန်ကျော်နဲ့ မောင် တောမှ တန် ၄ဝ ဖြစ်ပါတယ်။ ယခုအပတ်မှာ တာချီလိတ်နယ်စပ်မှ တင်သွင်းမှုက အမျာဆုံးဖြစ်ပြီး ကန်ပိုက်တီးကဒုတိယအများဆုံးတင်သွင်းခဲ့တယ်လို့ သိရပါတယ်။                                      MIRT(DOBT) ပြည်တွင်းဈေးကွက် ဈေးနှုန်း                     ပြည်တွင်းဘိလပ်မြေဖြန့်ဈေးများမှာ အောက်ပါအတိုင်းဖြစ်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ်                          အမျိုးအစား                       ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး                              ဘိလပ်မြေ(ဆင်)ထိုင်း                 ၄၉၅ဝ(လက်ကား)                                          ဘိလပ်မြေ (စိန်)                        ၄၈၅ဝမန္တလေးတိုင်းဒေသကြီး                             ဘိလပ်မြေ(ဆင်)ထိုင်း                 ၆၄ဝဝ                                                         ဘိလပ်မြေ(AAA)                      ၅၂ဝဝ                                                         ဘိလပ်မြေ(မြန်မာဆင်)               ၅၂ဝဝ                                                         ဘိလပ်မြေ(ွှTPI)ထိုင်း                 ၆၂ဝဝ                                                         ဘိလပ်မြေ(ဆင်မင်း)                  ၄၈ဝဝ                                                         ဘိလပ်မြေ(နှင်းတောင်)               ၆၂ဝဝ                                                          ဘိလပ်မြေ(မြင်းခေါင်း)               ၅၂ဝဝတောင်ငူ                                               ဘိလပ်မြေ(ကြံ့)ထိုင်း                 ၆ဝဝဝ                                                          ဘိလပ်မြေ(ဆင်)ထိုင်း                ၆၈ဝဝ                                                          ဘိလပ်မြေ(မြင်းခေါင်း)               ၅၂ဝဝ                                                          ဘိလပ်မြေ(ူLucky)ပါကစ္စတန်       ၆၄ဝဝတောင်ကြီး                                             ဘိလပ်မြေ(စိန်)ထိုင်း                  ၆၉ဝဝ                                                          ဘိလပ်မြေ(ခြင်္သေ့)                    ၅၆ဝဝမော်လမြိုင်                                             ဘိလပ်မြေ(ဆင်)ထိုင်း               ၅၆၅ဝ                                                          ဘိလပ်မြေ(ကြံ့)မြိုင်ကလေး         ၄၉ဝဝ                                                           ဘိလပ်မြေ(စိန်)ထိုင်း                ၅၈၅ဝမကွေးတိုင်းဒေသကြီး                                 ဘိလပ်မြေ(ဆင်)ထိုင်း              ၇ဝဝဝ                                                           ဘိလပ်မြေ(စိန်)ထိုင်း                ၆၄ဝဝ                                                           ဘိလပ်မြေ(မြင်းခေါင်း)             ၆ဝဝဝ                                                           ဘိလပ်မြေ(ဆင်မင်း)ကျောက်ဆည်  ၅၈ဝဝMIRT (MAPT)

Monday, 27 Dec 2010

်ပုံမှန်အဝင်ရ              ပင်လယ်ရေကြောင်းလမ်းကနေ ဒီဇင်ဘာ ၁၃ ရက်မှ ၁၉ ရက်တာကာလ အတွင်း ဓာတ်မြေသြဇာတန်ချိန် ၈၉၇ တန်၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၄ဝ၈၄ဝ ဖိုးကို တင်သွင်းခဲ့ပါတယ်။ ကုန်သွယ်ဖက်နိုင်ငံကတော့ တရုတ်နိုင်ငံက ယူရီးယား (ရွှေတောင်တံဆိပ်) ကွန်ပေါင်းဓာတ်မြေသြဇာတန်ချိန် ၆၈ဝ၊ တန်ဖိုး ကန်ဒေါ်လာ ၁၇၆၈ဝဝ ဖိုးနဲ့ ဘူဂေးရီးယားနိုင်ငံမှ ဓာတ်မြေသြဇာတန်ချိန် ၂၁၇ တန်၊ တန်ဖိုး ကန်ဒေါ်လာ ၆၄ဝ၄ဝ ဖိုးကို အသီးသီးတင်သွင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာ တော့ ဓာတ်မြေသြဇာတန်ချိန် ၁၉ဝဝ ကျော်တင်သွင်းခဲ့တာကြောင့် ဒီတစ်ပတ်မှာ အဝင်နည်းနည်းလျော့နည်းချိန်ဆကာ တင်သွင်းလာခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ လည်း မြေဆီဓာတ်မြေသြဇာကို နယ်စပ်လမ်းကနေသာမက ရေကြောင်းလမ်းကပါ အပတ်စဉ် စဉ်ဆက်မပြတ် စိုက်ပိုျးရေးသွင်းအားစုအဖြစ် အားဖြည့်တင်သွင်းလျက် ရှိနေပါတယ်။ MIRT (DOT)  မူဆယ်နယ်စပ်မှ ဓာတ်မြေသြဇာတန်ချိန် ၁၁ဝဝ ခန့်တင်သွင်း           ဒီဇင်ဘာလ၁၅ ရက်မှ ၂၁ ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်၊ ရိဒ်၊ တာချီလိတ်နဲ့ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် ကန်ဒေါ်လာ ၂ ဒသမ ၅၇ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာ ၁၁၇၃၃ တန်ခန့်တင်သွင်းနိုင် ခဲ့ပါတယ်။ ယခင်အပတ်က ၇၉၄ဝ တန်သာ တင်သွင်းခဲ့တဲ့အတွက် ယခုအပတ်မှာ ၃၇၉၂ တန်ခန့် တင်သွင်းမှုပိုမိုခဲ့ပါတယ်။ ယခုအပတ်မှာ မူဆယ် ၁ဝ၅ မိုင်ကုန်သွယ် ရေးဇုန်တစ်ခုတည်းရဲ့ တင်သွင်းမှုပမာဏဟာ တန်ချိန် ၁ဝ၉၅၅ ရှိခဲ့ပါတယ်။ မူဆယ် နယ်စပ်ကနေ အများဆုံးတင်သွင်းတဲ့ ဓာတ်မြေသြဇာတွေကတော့ ယူရီးယား ၈၁၅၆ တန်၊ တြိုင်စူပါဖော့စဖိတ် ၉၁၈ တန်နဲ့ ကွန်ပေါင်း NPK ၁ဝး၁ဝး၅ ၅၆၈ တန်ကျော် ပဲဖြစ်ပါတယ်။ စိုက်ပျိုးရေးရာသီရောက်ပြီဖြစ်လို့ ဓာတ်မြေသြဇာတင်သွင်းမှု အရှိန် ပြန်ရနေတာလို့ တာချီလိတ်နယ်စပ်ကနေ ဓာတ်မြေသြဇာ တင်သွင်းသူတစ်ဦးထံမှ= သိရပါတယ်။ တာချီလိတ်မှ ကွန်ပေါင်းဓာတ်မြေသြဇာတင်သွင်းခဲ့ပြီး တမူးမှ ပို တက်ရှ်နဲ့ ရိဒ်မှ ပိုတက်ရှ်နဲ့ယူရီးယားတို့တင်သွင်းနေတာဖြစ်ပါတယ်။ နယ်စပ်အလိုက် ဓာတ်မြေသြဇာ တင်သွင်းမှုတွေကတော့ မူဆယ်မှ ၁ဝ၉၅၅ တန်၊ ရိဒ်မှ တန် ၇ဝဝ ကျော်၊ တာချီလိတ်မှ ၄၂ တန်နဲ့ တမူးမှ ၃၅ တန်ဖြစ်ပါတယ်။                                                                MIRT(DOBT) ဈေးကွက်က ဈေးနှုန်း            ပြည်တွင်းသုံး ဓာတ်မြေသြဇာအမျိုးမျိုး၏ ဒေသအသီးသီးရှိ ဈေးကွက်ပေါက် ဈေးများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ် -တိုင်းဒေသကြီး/ပြည်နယ်             အမျိုးအစား                                 ဈေးနှုန်း(ကျပ်/အိတ်)ရန်ကုန်တိုင်းဒေသကြီး(မာလာမြိုင်)                          ယူရီးယား(တရုတ်)ရွှေတောင်                     ၂၁ဝဝဝ                                          ယူရီးယား(တရုတ်)ကမ္ဘာလုံး                       ၂ဝဝဝဝ                                          တီစူပါ(သံကွင်း-တရုတ်)                            ၂၃၆ဝဝ                                           တီစူပါ(မြှား-တရုတ်)                               ၂၂၉ဝဝ                                           ပိုတက်(အိန္ဒိယ)                                    ၂၂ဝဝဝမန္တလေးတိုင်းဒေသကြီး           ယူရီးယား(တရုတ်-ရွှေတောင်)                     ၁၉၆ဝဝ                                         ယူရီးယား(တရုတ်-ပန်းဖူး)                           ၁၉၄ဝဝ                                          တီဆူပါGTSP 46%                                   ၂၁၁ဝဝ                                          တီဆူပါGSSP 16%                                    ၉၁ဝဝ                                          တီဆူပါGSSP 12%                                     ၈၅ဝဝ                                         ကွန်ပေါင်း(တရုတ်) 15:15:15                      ၂၈ဝဝဝ                                         အာမို(ဒိုင်းမွန်းစတား)                                 ၄ဝဝဝဝတောင်ငူ                             ယူရီးယား-ပုလဲ(ယူအေအီး)                           ၁၈၅ဝဝ                                        ယူရီးယား (ရွှေတောင်-တရုတ်)                      ၂ဝဝဝဝ                                        ယူရီးယား (ကမ္ဘာလုံး-တရုတ်)                        ၂ဝဝဝဝ                                        ကုလားအုတ် (တရုတ်)                                 ၂ဝဝဝဝတောင်ကြီး                         ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်)                   ၁၉၃ဝဝ                                       ယူရီးယား-ပုလဲ(ပန်းဖူး-တရုတ်)                       ၁၉၃ဝဝ                                       ယူရီးယား-ပုလဲ(ရွှေတောင်-တရုတ်)                  ၁၉၅ဝဝ                                          တီဆူပါ-(တရုတ်) 12%                                ၈၅ဝဝ                                          တီဆူပါ-(တရုတ်) 16%                                ၉၇ဝဝ                                          တီဆူပါ 15:15:15 (တရုတ်)                         ၃၅ဝဝဝ                                          တီဆူပါ 10:10:5 (တရုတ်)                           ၁၃၇ဝဝ                                          ပိုတက်(တရုတ်)                                         ၁၉၇ဝဝ                                        ဓာတ်ဆား (တရုတ်)                                      ၁၃ဝဝဝမော်လမြိုင်                          ပုလဲ(သေး)(ရွှေတုံး 46% တရုတ်)                    ၂၁၅ဝဝ                                        ပုလဲ(သေး)(ရွှေပျား 46% တရုတ်)                   ၂၁ဝဝဝ                                        ပုလဲ(သေး)(ရွှေတောင် 46% တရုတ်)                ၂၁ဝဝဝ                                        ကွန်ပေါင်း(အစိမ်း)ထိုင်း 15:15:15                    ၄ဝ၅ဝဝMIRT (MAPT)

Monday, 27 Dec 2010

ဓာတ်ဆီကို သတ်မှတ်ဂါလန်နှုန်းဖြင့် ရောင်းချနေ                 ယခုရက်ပိုင်းအတွင်းမှာ ဓာတ်ဆီလာထုတ်တဲ့ကားတွေ ပိုများလာတာကို တွေ့ရပါတယ်လို့ မြောက်ဒဂုံမြို့နယ်၊ ပြည်ထောင်စုလမ်းပေါ်မှာရှိတဲ့ ဆိုင်အမှတ် (ဝဝ၁)၊ 'ထူး' စက်သုံးဆီ ရောင်းဝယ်ရေးဆိုင်တာဝန်ခံ ဦးမြင့်ဆွေက ဒီဇင်ဘာ ၁၆ ရက် က ၎င်းဆိုင်ကိုရောက်ရှိခဲ့ချိန်မှာ အခုလိုပြောသွားတာဖြစ်ပါတယ်။ အဲဒီဆိုင်ကို စတင်ဖွင့်လှစ်ခဲ့တဲ့ ၂ဝ၁ဝ ခုနှစ် ဇွန်လ ၁ဝ ရက်ကနေ ယနေ့ အချိန်ထိ ဓာတ်ဆီဈေးနှုန်းကို ပြောင်းလဲမှုမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။ အဲဒီ အချိန်ကဆိုရင် စွမ်းအင်ဝန်ကြီးဌာနနဲ့ ထူးရုံးချုပ်တို့က ချမှတ်ထားတဲ့ မူအတိုင်း ဆိုင်မှာ ဆီလာထုတ်တဲ့ကားတွေကို သူတို့လိုသလောက် ရောင်းချပေးခဲ့တယ်လို့ လည်း သိရပါတယ်။ ဒီလိုရောင်းချပေးရာမှာ တစ်ရက်ကို ဓာတ်ဆီဂါလံ ၃ဝဝဝ ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။                   ဒီလိုမိုျးတစ်ရက်မှာ ကားတစ်စီး ဓာတ်ဆီဘယ်လောက်ပဲ ထုတ်ခွင့်ရှိတယ်လို့ စတင်သတ်မှတ်ချိန်က ဆိုင်မှာဆီလာထုတ်တဲ့ကား နည်းတဲ့အတွက် နိုဝင်ဘာ ဒုတိယပတ်အထိ ကားတစ်စီးကို ၈ ဂါလန်ရောင်းချပေးနိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ဒုတိယပတ်နောက်ပိုင်းမှာ ဓာတ်ဆီထုတ်တဲ့ကား များလာတဲ့အတွက် ကားတစ်စီး တစ်ရက် ၄ ဂါလန်နှုန်းကို ပြောင်းလဲလိုက်ရတယ်လို့ ဦးမြင့်ဆွေက ပြောပါတယ်။ ဒါပေမယ့် လေးဘီးကားလေးတွေကိုတော့ ၂ ဂါလန်သာ ရောင်းချပေးကြောင်းကို လည်း ဦးမြင့်ဆွေ က ပြောပါတယ်။ ဘုရားဖူးယာဉ်တွေကိုတော့ ၆ ဂါလန်အထိ ရောင်းချပေးပြီး ခရီးစဉ်လမ်းကြောင်းအတွက် ကားတွေကို ၈ ဂါလန်အထိ ရောင်းပေးတယ်လို့လည်း ပြောပါတယ်။                    ယခုရက်ပိုင်းအတွင်း ဓာတ်ဆီထုတ်တဲ့ကား များလာတာဟာ တစ်ဂါလန် ကျပ် ၂၅ဝဝ ဖြစ်လို့ လမ်းဘေးဆိုင်တွေထက် ဈေးသက်သာတာကတစ်ကြောင်း၊ ဆီရဲ့ စွမ်းအားပြည့်ဝတာကြောင့် တစ်ကြောင်း၊ ဝယ်ယူတဲ့ဂါလန်ကို အပြည့်အဝ ရရှိလို့ကြောင့်တစ်ကြောင်း ဖြစ်တယ်လို့ ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ဆိုင်မှာ ဓာတ်ဆီလာထုတ်တဲ့ကား ၅၈ဝ စီးရှိခဲ့တာမှာ ဂါလန် ၂၂ဝ၈ ရောင်းချခဲ့ရ တယ်လို့ ဦးမြင့်ဆွေက ပြောသွားခဲ့ပါတယ်။                                                 ဝင်းဦး 

Pages