Background
လက်ကျန်နည်းသလို ဈေးအေးတဲ့ ရှမ်းနနွင်း ဟိုပုံးနနွင်းတွေကလည်း ချင်းနဲ့သိပ်မကွာလှပဲ၊ ၂ဝ၁၁ ခုနှစ်ဆန်းပိုင်း လောက်မှ သာစပြီးဖော်မှာဖြစ်ပါတယ်။ ဒါပေမဲ့ နနွင်းကချင်းလို ချက်ချင်းရောင်းလို့ မရတာကြောင့် အစိုကိုအခြောက်ခံ၊ ပြန်ပြုတ်ပြီးမှသာ ဈေးကွက်ကို ဝင်မှာဖြစ်ပါ တယ်။ နနွင်းအစိုကို ဝယ်သမားနည်းပါတယ်။ ပေါ်ကာစမှာ နနွင်းအစိုက တစ် ပိဿာ ၃၅ဝ ကျပ်ဈေးရှိပါတယ်။ ဖေဖော် ဝါရီလမှာ နနွင်းအစို ၇ ပိဿာပြုတ်ရင် အခြောက်တစ်ပိဿာရပါတယ်။ စပေါ်ကာစ နနွင်းမှာ အစိုဓါတ်တွေများနေတာ ကြောင့် ၇ အချိုး ၁ သာ ထွက်တယ်လို့ သိရပါတယ်။ မတ်လဆိုရင် နနွင်းကလည်း နည်းနည်းခြောက်လာပြီး အစိုဓါတ်လည်း နည်းလာတာကြောင့် ၅ ပိဿာ ပြုတ်ရင် ၁ ပိဿာ၊ ဒီထက်ခြောက်သွေ့တဲ့ ဧပြီလမှာဆိုရင်တော့ ၄ ပိဿာပြုတ်ရင် ၁ ပိဿာရပါတယ်။ ဒီနှစ် နနွင်းအဖွင့်ဈေးကလည်း မနှစ်ကလိုပဲ တစ်ပိဿာ ၂၄ဝဝ ကျပ်- ၂၅ဝဝ ကျပ်ဈေးနဲ့ စဖွင့်နိုင်တယ်လို့ ဒေသခံကုန်သည်တွေထံက သိရပါတယ်။ လက်ကျန်နနွင်းကလည်း နည်းနေပြီ ဖြစ်တာကြောင့် နနွင်းဈေးကလည်း အနည်းငယ် အေးနေပါတယ်။ ယခုလတ်တလော နနွင်းဈေးကွက်ကတော့ နနွင်းသန့်တစ်ပိဿာ ၃၅ဝဝ ကျပ်၊ နနွင်းညံ့က တစ်ပိဿာ ၃၂ဝဝ ကျပ်ဈေး ရှိပါတယ်။ ဧဧခိုင်
အဝင်အေးသော်လည်း ပုံမှန်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်ကြက်သွန်နီ ယခုအချိန်သည် ကြက်သွန်နီများ အစို့ပေါက်တဲ့ကာလဖြစ်လို့ မကွေး တိုင်းဒေသကြီးမှ ပြည်ဈေးကွက်သို့ ယခုတစ်ပတ်မှာ အဝင်နည်းလာပါတယ်။ ယခင်တစ်ပတ်ကို ၃၅ ပိဿာဝင်အိတ် ၃ဝဝဝ ခန့် ပုံမှန်အဝင်ရှိရာမှ ယခုအိတ် ၁၆ဝဝ ခန့်သာ အဝင်ရှိပြီး အရောင်းအဝယ်မှာလည်း တစ်နေ့ကို အိတ် ၁ဝဝ- ၁၂ဝ ခန့်နဲ့ ပုံမှန်ရောင်းဝယ် နေပါတယ်။ ဈေးနှုန်းအနေနဲ့လည်း ပွဲရုံများမှာ ကြက်သွန်နီ တစ်ပိဿာ အနိမ့်ဆုံး ၄ဝဝ ကျပ်မှ အမြင့်ဆုံး ၅၅ဝ ကျပ်ထိ ပုံမှန်ဈေးရှိပြီး လက်လီဈေးကလေးများမှာတော့ အကြီး တစ်ပိဿာ ၇ဝဝ ကျပ်၊ အလတ် ၆ဝဝ ကျပ်၊ အသေး ၅ဝဝ ကျပ်တို့နဲ့ ရောင်းဝယ်လျက်ရှိကြောင်း သိရပါတယ်။ ဝင်းလဲ့ဝါ
ဟိုပုံး ချင်းစိုဈေးကွက်ဝင် ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ဒုတိယချင်းအများဆုံးစိုက်တဲ့ ဟိုပုံးမြို့နယ်က ချင်းစိုတွေလည်း ဒီတစ်ပတ်မှာ ဈေးကွက်ထဲကို အနည်းငယ်ဝင်ရောက်စပြုနေပါပြီ။ အပင်သေးတဲ့ချင်းတွေကိုသာ စပြီးဖော်တာကြောင့် ချင်းက အဝင်နည်းနေပါ သေးတယ်။ နောက်နှစ်ဆန်းပိုင်းမှာတော့ ချင်းအဝင် လှိုင်လာတော့မှာဖြစ်ပါတယ်။ ဟိုပုံးချင်းစိုတွေကို တစ်ပိဿာ ၅ဝဝ ကျပ်ဈေးနဲ့ ဈေးစဖွင့်ပါတယ်။ အဝင်နည်းနေ သေးတာကြောင့် လက်လီဈေးအဖြစ်နဲ့သာ ဝယ်ရောင်းနေကြပြီး လက်လီဈေး ကတော့ တစ်ပိဿာ ၇ဝဝ ကျပ်၊ ၈ဝဝ ကျပ်ဈေးရှိပါတယ်။ ဟိုပုံးချင်းက ဒီနှစ် အထွက်နှုန်းလည်း နည်းနိုင်ပါတယ်။ စစိုက်ခါစမှာ နေအပူချိန်ပြင်းတာကြောင့် ချင်းအတော်များများက မြေကြီးထဲမှာသာ ပုပ်သွားတယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာတော့ ချင်းကအဝင်လှိုင်နေပြီး တစ်ပိဿာ ၆ဝဝ ကျပ်၊ ၇ဝဝ ကျပ်ဈေးရှိပါတယ်။ ချင်းခြောက်ကတော့ တောင်ကြီး၊ အောင်ပန်းဈေး အတူတူဖြစ်ပြီး တစ်ပိဿာ ၂၆ဝဝ ကျပ်၊ ၂၇ဝဝ ကျပ်ဈေးရှိပါတယ်။ ပြည်တွင်းသုံး အတွက်သာ အဓိကဝယ်ယူနေကြပြီး တစ်ပတ်အတွင်း ချင်းပိဿာချိန်ပေါင်း ၁ ဒသမ ၉ သိန်း စီးဆင်းသွားတယ်လို့ ချင်းပွဲရုံတွေက သိရှိရပါတယ်။ ဧဧခိုင်
ပုံမှန်အဝင်ရှိလို့ ဈေးကျသွားတဲ့ ပြည်ချင်းဈေးကွက် ယခုတစ်ပတ်ပြည်ချင်းဈေးကွက်ကို အောင်ပန်းချင်းများ အဝင်ပုံမှန်ရှိ နေပြီး ယခင်တစ်ပတ်က တစ်နေ့ကို ပိဿာ ၃ဝ ဝင် ၁၅ အိတ်ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ယခုတစ်ပတ် ရခိုင်ဝယ်လက်မှ အဝယ်ရှိနေ တာကြောင့် တစ်နေ့ကို အိတ် ၃ဝ ခန့်နဲ့ ရောင်းဝယ်မှုသွက်လာတယ်လို့ သိရပါတယ်။ ဈေးနှုန်း မှာလည်း ချင်းတစ်ပိဿာကို အကြီး ၁၁ဝဝ ကျပ်၊အသေး ၁ဝဝဝ ကျပ်တို့နဲ့ ယခင် အပတ်ထက် ဈေးအေးပြီး ရောင်းဝယ်နေကြပါတယ်။ ဝင်းလဲ့ဝါ
ချင်းခြောက်အပို့ သာလွန် ချင်းအသစ်တွေ စတင်ဝင်လာပြီဖြစ်တဲ့အပြင် ချင်းခြောက်အပို့ကလည်း ၂ဝ၁ဝ နိုဝင်ဘာလအတွင်းမှာ တန်ချိန် ၂ဝ၄ တန် တန်ဖိုး ကန်ဒေါ်လာ ၂၉၁၈၅ဝ ဖိုးတင်ပို့နိုင်ခဲ့ပါတယ်။ အဝယ်ဘက်နိုင်ငံတွေကတော့ စင်ကာပူဘက်က ၁ဝ၄ တန် နဲ့ အဝယ်အများဆုံးဖြစ်ပြီး အာရပ်နိုင်ငံကို ၁ဝ တန်၊ အင်ဒိုနီးရှားနိုင်ငံကို ၂ဝ တန်၊ ပါကစ္စတန်နိုင်ငံကို ၂ဝ တန်၊ မလေးရှားကို ၅၉ တန်၊ စုဆောင်းတင်ပို့နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီနိုဝင်ဘာလ ချင်းပို့မှုက အောက်တိုဘာလထက် ၁ဝ ဆခန့် သာခဲ့သလို ယခင်နှစ်တင်ပို့မှုနဲ့ယှဉ်ရင်လည်း ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။
ပြောင်းဝယ်လိုအားကျဆင်းနေ အမေရိကန်ရဲ့ပြောင်းဈေးနှုန်းတွေကျပြီးပို့ကုန်တွေလည်းတင်ပို့မှု လျော့နည်းနေကြောင်း သိရပါတယ်။ ဒီဇင်ဘာလရဲ့ စာခုျပ်ဈေးက နှစ်ရာခိုင်နှုန်း လျော့နည်းပြီး တစ်ဘူရှယ်ကို ၅ ဒသမ ၄ ဒေါ်လာရှိပြီး မတ်လအတွက် စာချုပ်ဈေး ကတော့ မဆိုးလှကြောင်းနဲ့ ပို့ကုန်ကျဆင်းခြင်းကြောင့် စိတ်ပျက်ဖွယ်ဖြစ်ကြောင်း ကသုတေသီများက ပြောကြားပါတယ်။ အမေရိကန်စိုက်ပျိုးရေးဌာနUSDA ရဲ့ အစီရင်ခံစာအရ အသားတင်ရောင်းချရမှုမှာ ယခုအပတ်မှာ ၈ ရာခိုင်နှုန်းကျဆင်းပြီး ( ၇၅၈၁ဝဝ) မက်ထရစ်တန်ရှိကြောင်းနှင့် လွန်ခဲ့တဲ့လေးပတ်က ၂၇ ရာခိုင်နှုန်း တိုးတက်မှု ရှိခဲ့ကြောင်းသိရပါတယ်။ ဂျပန်နဲ့ အမည်မသိ အခြားတစ်နိုင်ငံကို တင်ပို့ ခဲ့ပေမဲ့ ဝယ်လိုအား များကပုံမှန်မဟုတ်ကြောင်းUSDA ကပြောကြားခဲ့ပါတယ်။ ဝယ်လိုအားပြတ်လပ်နေပေမဲ့လည်း အမြတ်အစွန်းကတော့ ၃ ရာခိုင်နှုန်း ခန့် ပိုမိုရရှိကြောင်း သုတေသီများကပြောကြားပါတယ်။ ပြောင်းဈေးနှုန်းတွေဟာUS ရဲ့ မရေရာတဲ့ အီသနော ပေါ်လစီကြောင့်ဖိအားပေး ခံနေရခြင်းဖြစ်ကြောင်း သိရပါတယ်။ ကုန်သည်နဲ့သုတေသီများကယခုနှစ်ကုန်မှာ သက်တမ်းကုန်မဲ့ အီသနောရငွေ ပိုင်းဆိုင်ရာကို ကွန်ဂရက်က အသစ်ပြုပြင်နိုင် ဖို့မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့ အများဆုံးမျှော်လင့်မှုကတော့ ရငွေပိုင်းကို လျှော့ချရေးဘဲဖြစ်ကာ အချို့ကတော့ လုံးဝ သက်တမ်းကုန်သွားလိမ့်မယ်လို့ ယူဆနေကြောင်းသိရပါတယ်။ အာဂျင် တီးနား ပြောင်းအုပ်စုကလည်း ပြောင်းဈေးနှုန်းကျဆင်းခြင်းကြောင့် သောကရောက် နေကြောင်း သိရပါတယ်။ ကမ္ဘာ့ဒုတိယ ပြောင်းထုတ်လုပ်တဲ့ အာဂျင်တီးနားဟာ စိုက်ပျိုးတဲ့ရာသီမှာ ခြောက်သွေ့မှုတွေဖြစ်နေတာကို ဖြတ်ကျော် ရမှာဖြစ်ပါတယ်။ အာဂျင်တီးနားရဲ့ ရာသီဥတုကဈေးကွက်ကို မြင့်တက်အောင်လုပ်နိုင်မယ်ဆိုရင် ပြောင်းအတွက်လည်းအကျိုးရှိမှာဖြစ်ကြောင်းသိရပါတယ်။ ပြောင်းဟာ မကြာခင် သူ့ရဲ့ ဝတ်မှုန်ကူးတဲ့ရာသီကိုရောက်တော့ မှာဖြစ်ပါတယ်။ အဲဒီအချိန်မှာ ခြောက်သွေ့ခြင်းဟာ သီးနံှရိတ်သိမ်းမှုကို ထိခိုက်စေကြောင်းသိရပါတယ်။ ရေရှည်မှာ ဈေးကွက်ဟာ ကမ္ဘာ့သီးနံှအကျပ်အတည်းနဲ့ သိုလှောင်မှု ၁၅ နှစ်အတွင်းUS ပြောင်းအကျပ်အတည်း တွေကြောင့်ကောင်းမွန်တဲ့အလားအလာရှိနေတယ်လို့ အချို့ကုန်သည်များနဲ့ သုတေသီများကပြောကြားပါတယ်။အီသနောရဲ့ အလား အလာလည်း ကျဆင်းနေပြီးဇန်နဝါရီလအတွက် ရောင်းဈေးက ၁ ရာခိုင်နှုန်း ကျဆင်းကာ တစ်ဂါလံကို ၂ ဒသမ ဝ၆၉ ဒေါ်လာရှိကြောင်းသတင်း ရရှိပါတယ်။ ှSource: Internet, KZW
ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသထွက် ပြောင်းဝင်ရောက်မှုများ၊ ပြောင်းတင်ပို့မူပို တစ်ဘက်နိုင်ငံ ဝယ်လိုအားရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်း ဒေသထွက် ပြောင်းများ ဝင်ရောက်မှုများပြားလာခြင်း၊ ယခင်အပတ်ကထက် မူဆယ်-ရွှေလီ ဘက်မှာ ပြောင်းတစ်တန်လျှင် ယွမ် ၁၈ဝဝ ရှိရာမှ ယခုအပတ်မှာ ၁၈၉ဝ ယွမ် ဈေးရရှိခြင်းတို့ကြောင့် ယခင်အပတ်ကထက် ပြောင်းတင်ပို့မှု ပိုမိုခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်မှ ၇ရက်ထိကာလအတွင်း မူဆယ် ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဆင့် တစ်ဘက်နိုင်ငံသို့ ပြောင်းတန်ချိန် ၁၉၆၂ဝ ကျော်၊ ကန်ဒေါ်လာ ၅ ဒသမ ဝ၈ သန်းဖိုးနဲ့ နံှစားပြောင်း ၆၁၂ ဒသမ ၅ တန် ၊ ကန်ဒေါ်လာ ဝ ဒသမ ၁၅ သန်းဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ မကွေး၊ တနင်္သာရီနဲ့မန္တလေးတိုင်း ဒေသကြီးများ က ထွက်ရှိတဲ့ ပြောင်းဖူးစေ့နဲ့ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးများကထွက်ရှိတဲ့ နံှစားပြောင်း များကို မူဆယ် ၁ဝ၅ မိုင်မှ တင်ပို့နေခြင်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကထက် ပြောင်းဖူးစေ့ ၄၂၄ တန် ပိုမို တင်ပို့နိုင်ခဲ့သော်လည်း နံှစားပြောင်း ၁၃၅ တန် တင်ပို့မှု လျော့နည်းခဲ့ပါတယ်။ လွယ်ဂျယ်နယ်စပ်မှ ဒေသထွက်ပြောင်းများ တင်ပို့ လျက်ရှိရာ ယခုအပတ်မှာ ပြောင်းဖူးစေ့ ၉၁ တန်ကန်ဒေါ်လာ ၂၂၇၅ဝ ဖိုး တင်ပို့ နိုင်ခဲ့ပြီး လွယ်ဂျယ်မှ ပြောင်းတင်ပို့မှုမှာယခင်အပတ်ကထက် တန်ချိန် ၆ဝဝ ကျော် လျော့နည်းခဲ့ပါတယ်။ မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %ပြောင်းဖူးစေ့ ၂၅ဝ၅၄၄ ၂၄၈၇ဝ၁ ၁၈၄၃ ဝ .၇ ၂၈၄ ၂၈၂ ၂ ဝ .၇MIRT (DOBT)
ပြောင်း တန်ချိန် ၁ဝဝ ကျော်သာပို့ နိုဝင်ဘာလ ၂၉ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိကာလအတွင်း ပင်လယ် ရေကြောင်းမှ ပြောင်း တန်ချိန် ၁၄၄ တန် တန်ဖိုးကန်ဒေါ်လာ ဝ ဒသမ ဝ၃၆ သန်းဖိုးတင်ပို့ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်က ၂၅၉ တန်တင်ပို့ခဲ့ တာကြောင့် ယခုရက်သတ္တပတ်မှာ တန်ချိန် ၁၅၅ တန် လျော့နည်းတင်ပို့ခဲ့ပါတယ်။ ယခုအပတ် မှာတော့ စင်္ကာပူ တစ်နိုင်ငံတည်းကိုသာ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။KZW
ယခင်နှစ်များထက် ပိုမိုတင်ပို့လျက်ရှိသည့် ရော်ဘာ ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်းအနေဖြင့် တစ်ဖက်နိုင်ငံ မိန်းတိန်မြို့သို့ ၂ဝ၁ဝ-၂ဝ၁၁ ဘဏ္ဍာနှစ် (ဧပြီလမှ နိုဝင်ဘာလအထိ) ရော်ဘာတန်ချိန် ၄၅၆၂ ဒသမ ၆၁ ၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၆၅၄ ဒေါ်လာသန်းဖိုး တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်၊ ယခင်ဘဏ္ဍာနှစ်အလားတူကာလထက် ပိုမိုတင်ပို့နိုင်ခဲ့ ကြောင်းနှင့် တစ်ဖက်နိုင်ငံမှ ဝယ်လိုအား ရှိနေ၍ ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း၊ ကုမ္ပဏီလုပ်ငန်းရှင် များမှ တစ်ဆင့်သိရှိရပါသည်။ Source:နကသ (ခရဟ)၊မျိုးသန့်
မူဆယ်နဲ့ချင်းရွှေဟော်မှ ရော်ဘာတင်ပို့မှုမြင့် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးစခန်း များမှ ဒီဇင်ဘာလ ၁ ရက်မှ ၇ ရက်ထိ ကာလအတွင်း ရော်ဘာ ၁၈၄၈ တန်၊ ကန်ဒေါ်လာ ၆ သန်းကျော် ဖိုး တင်ပို့နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ ၂၄ မှ ၃ဝ ရက်ထိ ကာလအတွင်းမှာ မူဆယ်၊ ချင်းရွှေဟော်နဲ့ မြိတ်နယ်စပ်စခန်းများ မှ ရော်ဘာ ၁၃၆၁ တန်၊ ကန်ဒေါ်လာ ၄ ဒသမ ၄ သန်းကျော်ဖိုးတင်ပို့ခဲ့တဲ့အတွက် ယခုအပတ်မှာ ရော်ဘာ တန် ၄၈ဝ ကျော်ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ ရော်ဘာဈေးသိသိသာသာ ပြောင်းလဲမှုမရှိသော်လည်း တရုတ်ဝယ်လိုအားကောင်းလျက်ရှိတဲ့အတွက် ယခင် အပတ်ကထက် တင်ပို့မှု ပိုမိုခဲ့ရတယ်လို့ ရော်ဘာ Exporter တစ်ဦးက ပြောပါတယ်။ ဧပြီလမှ နိုဝင်ဘာလကုန်အထိ နယ်စပ် စခန်းများမှ ရော်ဘာတန် ၂၃၇၂ဝ ခန့် တင်ပို့ ထားနိုင်ပြီးဖြစ်ပါတယ်။ မေလတစ်လသာ ရော်ဘာတင်ပို့နိုင်ခြင်းမရှိဘဲ ဧပြီလမှာ တန် ၂၆ဝဝ ကျော်၊ ဇွန်လမှာ တန် ၂၉ဝဝ ခန့်၊ ဇူလိုင်လမှာ ၃၆၂၅ တန်၊ စက်တင်ဘာလမှာ ၃၈၇၃ တန်နဲ့ အောက်တိုဘာမှာ တန် ၂၉၃ဝနဲ့ နိုဝင်ဘာလမှာ ၄၉၄ဝ တန်ကျော် အသီးသီးတင်ပို့ထားပြီးဖြစ်ပါတယ်။ မိမိဘက်နဲ့ တစ်ဘက် နိုင်ငံ မြေပြင်ပေါက်ဈေးများကို ဖော်ပြ ပေးလိုက်ရပါတယ် - မိမိဘက်(ကျပ်/တန်) တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်) ယခု ယခင် ပြောင်းလဲမှု % ယခု ယခင် ပြောင်းလဲမှု %RSS(3) ၃၂၉၂၂၁၃ ၃၂၉၁၆ဝဝ ၆၁၃ ဝ .ဝ၂ ၃၆၁ဝ ၃၆ဝ၄ ၆ ဝ .ဝ၂RSS(5) ၃၁၃၅၄၁၃ ၃၁၃၄၈ဝဝ ၆၁၃ ဝ .ဝ၂ ၃၄၆ဝ ၃၄၈၄ ၂၄ ဝ .၇MIRT (DOBT)
