Background
မကွေးတိုင်းဒေသကြီးအတွင်း အောင်လံကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ပဲမျိုးစုံတို့ဝင်ရောက်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပဲစဉ်းငုံများဝင်ရောက်လာပြီး အရည်အသွေးနှင့်ဝယ်လိုအားကြောင့် စျေးများကျဆင်းလျှက်ရှိပါသည်။ အောင်လံကုန်စည်ဒိုင်တွင် ယခုအပတ် ၄.၁၁.၂၀၂၀ ရက်တွင် ပဲစင်းငုံထိပ်စ ၂၀ပိဿာတစ်တင်းလျှင် ကျပ် ၂၉၅ဝဝ ပဲစင်းငုံအောက်စ ၂၀ပိဿာတစ် တင်းလျှင် ကျပ် ၂၈၅ဝဝ ဈေးဖြင့်အရောင်းအဝယ် ဖြစ်လျှက်ရှိပါသည်။
အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၄၅၆၆၃၆ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၇၁၄၃ ဒသမ ၉၃ တန်နှင့် အမေရိကန်ဒေါ်လာ ၆၈၉၆၄၂၁ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၂၉၄၄ ဒသမ ၄၇ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၂၀၀၈၈ ဒသမ၄၀ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၁၄၅၀၅ ဒသမ ၀၄၈ တန်တင်သွင်းခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ဓာတ်ဆီ ၁၅၆၀ ဒသမ ၅၇၈ တန်၊ ယခင်သီတင်းပတ်က ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် တန်ချိန် ၇၉၅၀၀ ကျော်တင်သွင်းမှုလျော့နည်းခဲ့ကြောင်း သိရသည်။ ထို့ကြောင့်ယခုတစ်ပတ် ဒီဇယ်နှင့်ဓာတ်ဆီ တင်သွင်းမှုလျ
အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက် သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၅၄၈၉၇ ဒေါ်လာတန်ဖိုးရှိ နို့ဆီ ၄၀၂ ဒသမ ၇၇၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် မလေးရှားနိုင်ငံမှ ၁၄၀ ဒသမ ၁၁၉ တန်နှင့် စင်ကာပူနိုင်ငံမှ ၂၆၂ ဒသမ ၆၅၆ တန် တင်သွင်းခဲ့သည်။ ယခုတစ်ပတ် စင်ကာပူနိုင်ငံမှ အများဆုံးတင်သွင်းခဲ့သည်။
တင်သွင်းခဲ့သည့် တံဆိပ်များမှာ တီးပေါ့(ပ်)၊ အယ်လ်ပိုင်း၊ ကောင်းဘဲလ်နှင့် အိုကေ တို့ဖြစ်သည်။ ယခင်သီတင်းပတ်က နို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၁၈၃ ဒသမ ၈၉၅ တန်ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၄၁၃၂၁၈၀ တန်ဖိုးရှိ မြေသြဇာ ၁၉၂၂၈ ဒသမ ၀၇ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ ၁၄၅၆၉ ဒသမ ၈၀ တန် ၊ အီဂျစ်နိုင်ငံမှ တန်ချိန် ၄၂၀၊ ဂျာမနီနိုင်ငံမှ ၃၉၂ တန်၊ ကိုရီးယားနိုင်ငံမှ ၂၅၉၅ ဒသမ ၀၅ တန်၊ လာအိုနိုင်ငံမှ တန်ချိန် ၅၀၀၊ မလေးရှားနိုင်ငံမှ ၁၀ တန်၊ နော်ဝေနိုင်ငံမှ ၆၉၃ ဒသမ ၂၂ တန်နှင့် ထိုင်းနိုင်ငံမှ ၄၈ တန်တင်သွင်းခဲ့ကြောင်း သိရသည်။ ယခုတစ်ပတ်တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းခဲ့ကြောင်းသိရသည်။
အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၇၀၀ ဒေါ်လာတန်ဖိုးရှိ ဘိလပ်မြေ ၉ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် တရုတ်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း သိရသည်။ ယခင်သီတင်းပတ်က တင်သွင်းမှု ပျောက်ခဲ့သည့် ဘိလပ်မြေမှာ ယခုတစ်ပတ်မှ ပြန်လည်တင်သွင်းလာခြင်းဖြစ်ကြောင်း သိရသည်။
သီတာဝင်း(DOT)
အောက်တိုဘာ ၂၅ ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်းချင်း ၁၇ ဒသမ ၅ တန်ကို ပင်လယ် ရေကြောင်းလမ်းမှ ယီမင်နိုင်ငံသို့တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က ချင်း ၂၂ တန် တင်ပို့နိုင် ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ၄ဒသမ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ကြောင်း သိရသည်။ ချင်းတစ်တန် အမေရိကန်ဒေါ်လာ ၅၀၀ ရရှိခဲ့သည်။ ယခုတစ်ပတ်ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၈၇၅၀ ဒေါ်လာ ၀င်ငွေရရှိခဲ့သည်။
သီတာဝင်း(DOT)
အောက်တိုဘာ ၂၅ရက်မှ ၃၁ ရက်သီတင်းပတ်အတွင်းနနွင်း ၇၅ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်ပို့ခဲ့သည်။ တင်ပို့ခဲ့သည့်နိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်သည်။ ယခင်သီတင်းပတ်က နနွင်း၁၁၈ ဒသမ ၅တန်တင်ပို့ခဲ့ခြင်း ကြောင့် ယခုတစ်ပတ် တင်ပို့မှု နှင့်နှိုင်းယှဉ်လျှင် ၄၃ ဒသမ ၅ တန်တင်ပို့မှုလျော့နည်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် နနွင်း တစ်တန်အမေရိကန်ဒေါ်လာ၁၁၈၅ ဒေါ်လာရရှိခဲ့ကြောင်းသိရသည်။ ယခင်သီတင်းပတ် နနွင်း တစ်တန် အမေရိကန်ဒေါ်လာ ၁၁၇၀ ဒေါ်လာရရှိခဲ့သောကြောင့် ယခုတစ်ပတ် နနွင်းစျေး အနည်းငယ်မြင့်တက်ခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန် ဒေါ်လာ ၈၈၈၇၅ ဒေါ်လာ၀င်ငွေရရှိခဲ့သည်။
ပဲခူးတိုင်းဒေသကြီးပြည်ပဲစျေးကွက်အတွင်း ပဲမျိုးစုံစျေးနှုန်းများဖြင့် တက်လျက်ရှိနေခဲ့ပါတယ်။ ပဲတီစိမ်း နှင့်ပဲလွမ်းဖြူသီးနှံများစျေးအမြင့်ဖြင့် ပစ္စည်းပြတ်သွားခဲ့ပြီး ကျန်ပဲများက ရက်ခြားရောင်း၀ယ်နေသော ပဲများရှိသလို နေ့စဉ် အရောင်းအ၀ယ်ဖြစ်နေတဲ့ ပဲများလည်းရှိခဲ့ကြပါတယ်။ လက်လီ/ လက်ကားရောင်း၀ယ်နေခဲ့ကြကာ မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးသီးနှံများ လက်ကားရောင်း၀ယ်မှုဖြစ်ပြီး လက်ကျန်ပဲများကတော့ လက်လီသာရောင်း၀ယ်နေခဲ့ ကြောင်းသိရပါတယ်။
မတ်ပဲ
ပြည်ကြက်သွန်နီစျေးကွက်အတွင်း ယခုအောက်တိုဘာ ဒုတိယပတ်၌ ဆိပ်ဖြူ၊ ပခုက္ကူဘက်မှ ကြက်သွန်နီများ ပိဿာ ၃၀ ၀င်အိတ် ၃၀၀-၃၅၀ ခန့်ကို တစ်ရက်ခြား၀င်ရောက်မှုရှိနေပေမယ့် အရောင်း အ၀ယ်မှာ COVID – 19 ကူးစက် ရောဂါကြောင့် ၀င်ရောက်မှုရဲ့ ငါးပုံလျှင် တစ်ပုံခွဲခန့်သာ ရောင်း၀ယ်မှုရှိ နေသည့်အတွက် ပွဲရုံများတွင် ကြက်သွန်နီလက်ကျန်များပြားလျက်ရှိနေကြောင်းသိရပါသည်။ စျေးနှုန်းများအနေ နဲ့ပွဲရုံလက်ကားစျေးတစ်ပိဿာကို (ကြီး/လတ်/ သေး)ကျပ် ၁၁၀၀/ ၁၀၅၀-၁၀၀၀/၉၅၀-၈၅၀ နှုန်းတို့ရှိပြီး လက်လီ စျေးအသေးများတွင် (ကြီး/လတ်/သေး) ကျပ် ၁၄၀၀-၁၃၅၀/၁၃၀၀-၁၂၅၀/၁၂၀၀ စတဲ့နှုန်းများဖြင့် အသီးသီးရောင်း၀ယ်မှုရှိနေသည့်မှုရှိနေကြောင်း သိရပါသည်။
မော်လမြိုင်မြို့၏ အောက်တိုဘာလ တတိယပတ်တွင်ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်း (စပါး) တင်း ၁၀၀ လျှင် ၉၀၀၀၀၀ ကျပ်၊ ပေါ်ဆန်း (ဆန်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ၃၆၅၀၀ ကျပ်၊ ဧည့်မထ (စပါး) တင်း ၁၀၀ လျှင် ၆၈၀၀၀၀ ကျပ်၊ ဧည့်မထ (ဆန်) ၂၄ ပြည်ပါ တစ်အိတ် ၂၈၀၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၂၂၀၀ ကျပ်၊ မြေပဲဆီ တစ်ပိဿာ ၉၀၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ ၁၃၀၀ ကျပ်၊ ကြက်သွန်ဖြူ (ရှမ်း) တစ်ပိဿာ ၃၀၀၀ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာ ၂၅၀၀ ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ ၅၀၀၀ ကျပ်၊ ငရုတ်ခြောက် တစ်ပိဿာ ၅၀၀၀ ကျပ် ၊ ပဲနီလေး (မြန်မာ) တစ်ပိဿာ ၅၀၀၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာ ၂၂၀၀ ကျပ်၊ မြေပဲဆန် တစ်ပိဿာ ၃၁၅၀ ကျပ်၊ ခရမ်