Main menu

Background

Tuesday, 20 Jun 2023

မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း  ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ  အမေရိကန်ဒေါ်လာ၂ ဒသမ ၅၅၇ သန်းတန်ဖိုးရှိ နို့ဆီ တန်ချိန် ၁၈၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် စင်ကာပူနိုင်ငံမှ တန်ချိန် ၁၁၀ဝ ကျော်၊ မလေးရှားနိုင်ငံမှ တန်ချိန် ၈၀ဝ ကျော်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၂၀ ကျော်  တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ နို့ဆီတန်ချိန် ၅၀ဝ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။

Monday, 19 Jun 2023

မေ ၁ ရက်မှ ၃၁ ရက်ထိကာလအတွင်း ပဲတီစိမ်း မတ်ပဲ နှင့် ပဲစင်းငုံတန်ချိန် စုစုပေါင်း ၁၄၈၂၂၀ ကျော် တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ကျော် ရရှိခဲ့ကြောင်း သိရှိရသည်။
ပဲတီစိမ်း

Wednesday, 10 May 2023

တရုတ်နိုင်ငံ၏ အကြီးဆုံး China Petrochemical Corporation (Sinopec) က အာရှတွင် အနက်ရှိုင်းဆုံး ရေနံနှင့်ဓာတ်ငွေ့တွင်း တူးဖော်ခြင်းကို တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌  စတင်တူးဖော်နေပြီ ဖြစ်ကြောင်း သိရသည်။
China Petrochemical Corporation(Sinopec) အနေဖြင့် ရေနံ နှင့်  ဓာတ်ငွေ့တွင်းတူးဖော်ခြင်းကို မေ ၁ ရက်က  စတင်ခဲ့ကြောင်း ဆင်ဟွာသတင်းတစ်ရပ်၏ ဖော်ပြချက်အရ သိရသည်။

Monday, 24 Apr 2023

ဗီယက်နမ်နိုင်ငံ အခြေစိုက် VinFast ကုမ္ပဏီသည် ၎င်းတို့ထုတ်လုပ်သည့် လျှပ်စစ်မော်တော်ကားများကို အမေ ရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံ ဈေးကွက်တို့သို့ ဒုတိယ အသုတ်အဖြစ် VF8 မော်ဒယ် အစီးရေ ၁၈၀ဝ ကို ထပ်မံတင်ပို့ လိုက်ကြောင်း vietnamplus.vn သတင်းဌာနက ဧပြီ ၁၉ ရက်တွင် ရေးသားဖော်ပြထားသည်။
ဗီယက်နမ်နိုင်ငံ ပုဂ္ဂလိကလုပ်ငန်းစု Vingroup ၏အဖွဲ့ဝင်ဖြစ်သော VinFast သည် ၎င်း၏ VF8 မော်ဒယ် လျှပ်စစ်ကားအစီးရေ ၁၈၀ဝ ကို ဗီယက်နမ်နိုင်ငံ မြောက်ဘက်ပိုင်းရှိ Hai Phong မြို့ MPC ဆိပ်ကမ်းမှတစ်ဆင့်  အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါနိုင်ငံတို့သို့ တင်ပို့ရန် ကြေညာခဲ့ခြင်းဖြစ်သည်။

Thursday, 16 Mar 2023

ထိုင်းနိုင်ငံသို့ ယခုနှစ်တွင် နိုင်ငံတကာ ခရီး သွားဧည့်သည် ၂၅ သန်းအထိ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း thailand-business-news  သတင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ ထိုင်းနိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက်များကို ရုပ်သိမ်းလိုက်သလို အာရှနိုင်ငံအများသည်လည်း ကိုဗစ်(၁၉) ကန့်သတ်ချက်များကို ဖြေလျှော့ရုပ်သိမ်းမှုများ ရှိလာပြီဖြစ်သည်။ သို့အတွက်ကြောင့် ယခု ပွင့်လင်းရာသီတွင် ထိုင်းနိုင်ငံသို့ တရုတ်၊ မလေးရှားနှင့် လာအို စသည့်နိုင်ငံများမှ ခရီးသွားဧည့်သည် အများအပြား ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။

Tuesday, 28 Feb 2023

၂၀၂၂ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ကွန်ဒို တိုက်ခန်းများ  ဝယ်ယူသည့်  ထိပ်တန်းငါးနိုင်ငံ စာရင်းကို  ထုတ်ပြန်လိုက်ရာ တရုတ်နိုင်ငံသား များက ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး မြန်မာနိုင်ငံက အဆင့်(၅)နေရာတွင်  ရှိနေကြောင်း ထိုင်းနိုင်ငံ၏ အိမ်ခြံမြေ သတင်းအချက်အလက်စင်တာ Real Estate Information Centre - REIC) ၏ ထုတ်ပြန် ချက်အရ သိရသည်။
တရုတ်နိုင်ငံတွင်   ကိုဗစ်စည်းကမ်းများ တင်းကျပ်ချိန်မှစတင်ကာ တရုတ်နိုင်ငံသားများ အနေဖြင့် ထိုင်းနိုင်ငံတွင် အိမ်ခြံမြေများ ဝယ်ယူရန်  ကြိုးပမ်းခဲ့ကြပြီး အများစုမှာ ကွန်ဒိုတိုက်ခန်းများကို ဝယ်ယူခဲ့ကြသည်ဟု စစ်တမ်းက ဖော်ပြထားသည်။

Monday, 13 Feb 2023

နွားနို့ပမာဏအမြောက်အမြား ထုတ်လုပ်ပေးနိုင်မည့်  စူပါနွားဟု အမည်ပေးထားသည့် ပုံတူပွားဖန်တီးထားသော နွားသုံးကောင်ကို တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ပုံတူပွားနိုင်ခဲ့ပြီဖြစ်ကြောင်း စီအင်န်အင်န်သတင်းဌာနက ရေးသားဖော်ပြထားသည်။ တရုတ်နိုင်ငံ သိပ္ပံပညာရှင်များက ဖန်တီးလိုက်သည့် အဆိုပါ စူပါနွားများသည်  ၎င်းတို့၏ သက်တမ်းတစ်လျှောက်တွင်  နို့ပမာဏအမြောက်အမြားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

Wednesday, 1 Feb 2023

နို့မှုန့်
ဇန်နဝါရီ ၁၄  ရက် မှ ၂၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၉၈ သန်းတန်ဖိုးရှိ နို့မှုန့် တန်ချိန် ၂၀ဝခန့် တင် သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် နယူးဇီလန်နိုင်ငံမှ တန်ချိန် ၁၄၀ ကျော်နှင့် မလေးရှားနိုင်ငံမှ တန်ချိန် ၆၀ ခန့် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံးကာလနှင့် နှိုင်းယှဉ်ပါက နို့မှုန့် တန်ချိန် ၁၀ဝ  ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။   
ဆေးဝါးပစ္စည်း

Pages