Main menu

Background

Sunday, 12 Feb 2012

    ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးဈေးကွက်မှာ မြေပဲဈေးများ တက်လာ ပါတယ်။မြေပဲမှာ အဝင်နည်းလာပြီး၊ လက်ကျန်လည်းနည်းလာတဲ့အတွက် ဈေး တက်လာတယ်လို့ သိရပါတယ်။ စက်တင်ဘာလမှာ စတင်ထွက်ရှိလာပြီး၊ အောက် တို ဘာ၊ နိုဝင်ဘာမှာတော့ လှိုင်လှိုင်ဝင်လာပါတယ်။ ယခုဇန်နဝါရီ၊ ဖေဖော်ဝါရီမှာ တော့ မြေပဲအဝင်လည်း နည်းလာပြီး၊ ယခုအချိန်မှာ မိုင်းရှူး၊ ကျေးသီးစတဲ့ မြို့နယ် များဘက်မှ ရှမ်းပဲများသာ အဝင်ရှိတော့တယ်လို့ သိရှိရပါတယ်။ မြေပဲအဝင်လည်း အနည်းငယ်နည်းလာတဲ့အတွက် ဈေးတက်လာပြီး၊ တစ်ပိဿာ ၁၃၇၀ ကျပ် ၁၄၀၀ ကျပ် ဝန်းကျင်နဲ့ ဆီစက်များကလည်း အဝယ်လိုက်နေတယ်လို့ သိရှိရပါတယ်။ တစ်ပတ်ကို ပိဿာချိန် တစ်သောင်းခွဲ နှစ်သောင်းခန့် အရောင်းအဝယ်ဖြစ်နေ တယ်လို့ သိရှိရပါတယ်။                                                        SYH

Sunday, 12 Feb 2012

    ဟင်္သာတဈေးကွက်ရှိ ပဲပုပ်ဈေးမှာ တစ်တင်း ၁၄၃၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့တာကြောင့် ယခင် တစ် ပတ်ထက် တစ်တင်း ၅၀၀ ကျပ်ပိုများ လာ ခဲ့ ပါတယ်။ ပဲဝင်ရောက်မှုကလည်း ယခင် တစ်ပတ်ထက် ပိုများလာပြီး ဒေသတွင်း လှောင်လက်ကုန်သည်ကြီး များလည်း ဝယ်ယူနေကြောင်း သိရပါ တယ်။ စီးထွက်မှုမှာ ရန်ကုန် ဘုရင့် နောင် ဈေးကွက်သို့ နေ့စဉ်ပျမ်းမျှ အိတ် ၅၀၀ ခန့် တင်ပို့နိုင်တယ်လို့သိရပါ တယ်။    အေးအေးခိုင်

Sunday, 12 Feb 2012

    ပဲခူးတိုင်း ဒေသကြီး အနောက် အတွင်း ပဲပုပ်သစ်များ ဇန်နဝါရီလမှ စပြီး၊ ဈေးကွက်ကို ဝင်ရောက်လာခဲ့ ပါ တယ်။ ပြည်ဈေးကွက်ကို ပြည်မြို့နယ် အတွင်းရှိ ကျေးရွာများမှ ဝင်ရောက် ခဲ့ပြီး၊ လက်ပံတန်း၊ မင်းလှ၊ မိုးညိုဘက်မှ ပဲပုပ်များကတော့ ရန်ကုန်ဈေးကွက်ကို တိုက်ရိုက်ရောင်းချခဲ့ကြကြောင်း သိရပါ တယ်။

Sunday, 12 Feb 2012

    ယခုတစ်ပတ် ပင်လယ်ရေကြောင်းက နှမ်းတင်ပို့မှုမှာ ဂျပန်နဲ့ ကိုရီး ယားအပြင် အခြားနိုင်ငံတွေကိုလည်း ပမာဏပိုလာတာတွေ့ရပါ တယ်။ ဇန်နဝါရီလ ၃၀ ရက်မှ ဖေဖော်ဝါရီလ ၃ ရက်အတွင်း တရုတ်၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူနဲ့ ဗီယက်နမ်တို့ကို စုစုပေါင်း နှမ်းတန်ချိန် ၁၁၀၀ ခန့် တင်ပို့ခဲ့တာ တွေ့ရပါတယ်။

Sunday, 12 Feb 2012

    မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ၇ ရက်ထိကာလအတွင်း ကန်ဒေါ်လာ ၂ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ နှမ်းနက် ၈၇၂ တန်ကျော်နဲ့ နှမ်းဖြူ တန် ၉၆၀၊ နှမ်းဖြူ (အခွံချွတ်) ၂၂ တန်ခန့် အပို့ရှိခဲ့ပါတယ်။ ယခင်အပတ်က နှမ်းနက်နဲ့ နှမ်းဖြူ ၁၅၉၃ တန်ကျော် အပို့ရှိခဲ့တဲ့အတွက် ယခုအပတ် မှာ တန် ၂၆၀ ကျော် ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။

Monday, 6 Feb 2012

            ပြည်ဈေးကွက်မှာယခင်အပတ်ထက်စာရင် ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်း ငယ်မြင့်လာတာ တွေ့ရပါတယ်။ ကံမနဲ့ အောင်လံဘက်မှ မြေပဲဆန်များတစ်နေ့ကို အိတ် ၁၅၀၀ ခန့်ဝင်ရောက်လာတာတွေ့ရပါတယ်။ မြို့တွင်းဆီစက်များနဲ့ ရန်ကုန် ဆီစက်များအဝယ်ရှိလို့ ဆီကြိတ်မြေပဲဆန်ဈေးမှာ အနည်းငယ်တက်လာပြီး၊ လုံးဆန် ဈေးမှာ ယခင်အပတ်အတိုင်းဈေးငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆန်တစ် ပိဿာကို ၁၅၀၀ ကျပ်၊ လုံးဆန်တစ်ပိဿာ ကို ၁၆၂၅ ကျပ်ဈေးနဲ့ တစ်နေ့ကိုအိတ် ၁၂၀၀ ခန့်အရောင်းအဝယ်ဖြစ်တာ တွေ့ရပါတယ်။အိဆွေဇင်

Monday, 6 Feb 2012

    ပြည်ဈေးကွက်ကို ပဲပုပ်အသစ် များ ဇန်နဝါရီလအတွင်း ဝင်ရောက်ခဲ့ သော်လည်း ယခုဖေဖော်ဝါရီ လဆန်း ရက်မှာ အဝင်ပါးသွားခဲ့ပြန်ပါတယ်။ ဒါ ကြောင့် ဝင်ရောက်မှုရှိခဲ့တဲ့ ပဲလက် ကျန်များ၊ ထုတ်ရောင်းချနေရတာကို တွေ့ရပါတယ်။ ဒေသတွင်း လက်လီ သမားများနဲ့သာ အရောင်းအဝယ်ဖြစ် လျက်ရှိခဲ့ပြီး၊ ရန်ကုန်ဝယ်လက် အဝယ် ရှိပေမယ့် ပဲဝင်ရောက်မှု နည်းနေတာ ကြောင့် အရောင်းအဝယ်ဖြစ်မှု အခြေ အနေမှာ အေးနေခဲ့တာကို တွေ့ရပါ တယ်။ ပဲပုပ် သစ်ဈေးနှုန်းမှာ တစ်တင်း ၁၄၅၀၀ ကျပ်နဲ့ ဈေးမြင့်လာခဲ့ကြောင်း သိရပါတယ်။ဆုမွန်ဆွေ

Monday, 6 Feb 2012

    ဟင်္သာတဈေးကွက်ရှိ ပဲပုပ်ဈေးမှာ ယခု တစ်ပတ်အတွင်း တစ်တင်း ၁၃၈၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ ပြီး၊ ယခင်တစ်ပတ်ထက် တစ်တင်း ၄၀၀ ကျပ်ပိုများလာပါတယ်။ ပဲပုပ် သစ်များကို ရန်ကုန်ဝယ်လက်များ အဝယ်ရှိသလို ဒေသတွင်းလှောင်လက် သမားများမှလည်း ဝယ်ယူသိုလှောင် ခဲ့ကြတယ်လို့သိရပါတယ်။ စီးထွက်မှု အနေနဲ့ ရန်ကုန်ဈေးကွက်သို့ နေ့စဉ် ပျမ်းမျှ အိတ် ၄၀၀ ခန့် တင်ပို့နိုင်တယ် လို့ သိရပါတယ်။ အေးအေးခိုင်

Monday, 6 Feb 2012

    ဇန်နဝါရီလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကနေ နှမ်းမျိုးစုံ တန်ချိန် ၁၅၉၃ ကျော်၊ တန်ဖိုးကန်ဒေါ်လာ ၂ ဒသမ ၁၈၅ သန်းဖိုး တင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်အပတ်ကထက် တန်ချိန် ၄၀၀ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မိမိဖက်မြေပြင်ပေါက်ဈေးမှာ နှမ်းဖြူရော၊ နှမ်းနက်ပါ ဈေးမြင့်လာတာတွေ့ရပါတယ်။

Friday, 3 Feb 2012

            ပြည်ဈေးကွက်သို့ ဆောင်းမြေပဲအသစ်များကို မင်းတုံး၊ အောင်လံနဲ့ ရွှေတောင် ဘက်မှတစ်နေ့အိတ် ၉၀၀ ခန့် ဝင်ရောက်လာတာတွေ့ရပါတယ်။ မိုးမြေပဲ လက်ကျန် များ နည်းသွားပြီး ဆောင်းမြေပဲအသစ်များ ဈေးကွက်ဝင်ရောက်လာတာ ကြောင့် ဆီစက်သမားများမှ မြေပဲဆံအသစ်များကို ဆီကြိတ်ရန် အဝယ်လိုက် နေပေမဲ့ ဈေးမှာယခင်အပတ်အတိုင်း ငြိမ်နေတာတွေ့ရပါတယ်။ ဆီကြိတ်မြေပဲဆံ တစ်ပိဿာ ၁၄၂၅ ကျပ်၊လုံးဆံတစ်ပိဿာ ၁၆၅၀ ကျပ်ဈေးနဲ့ တစ်နေ့အိတ် ၉၀၀ ခန့် အရောင်း အဝယ်ဖြစ်တာ တွေ့ရပါတယ်။ ဝေေ၀မင်း

Pages