Main menu

Background

Monday, 6 Jun 2011

ပြည်ပဲပုပ် ဈေးငြိမ်လျက်ရှိ              ပြည်ပဲပုပ်ဈေးမှာ ယခင်တစ်ပတ်ဈေးနှုန်းအတိုင်း အပြောင်းအလဲမရှိဈေးငြိမ်နေပါတယ်။ ပိဿာ ၂ဝ တစ်တင်းကို လက်လီဈေး ၁၇ဝဝဝ ကျပ်၊ လက်ကားဈေး ၁၆ဝဝဝ ကျပ်ဖြင့် အဝယ်ရှိရင် ရှိသလို အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ တိုင်းအတွင်းရှိ မြို့နယ်များမှ နေ့စဉ်အဝင်မရှိဘဲ တစ်ရက်ခြား၊ နှစ်ရက်ခြားသာ ဝင်ရောက်ပြီး ယခုတစ်ပတ်မှာတော့ အဝင် လုံးဝမရှိဘူးလို့ သိရပါတယ်။ ဆုမွန်ဆွေ

Monday, 6 Jun 2011

ဆီစက်သမားအဝယ်လိုက်လို့ ကျောက်ပန်းတောင်းမြေပဲအစိုက်တိုး              ကျောက်ပန်းတောင်းမြို့နယ်မှာ ဧပြီလအတွင်း ရွာသွန်းတဲ့ မိုးနဲ့ မိုးမြေပဲများ ဧက ၅၆ဝဝ ကျော် စိုက်ပျိုးပြီးခဲ့ပါတယ်။ ယခုနှစ် ရာသီဥတုကောင်းမွန်တာကြောင့် မိုးမြေပဲ ၆ လပဲ များဖြစ်ထွန်းအောင်မြင်နေပြီး မြေပဲဈေးကွက်မှာလည်း မြေပဲ တစ်တင်းကို ၃ဝဝဝဝ ကျပ်ဈေးရှိကြောင်း သိရပါတယ်။ မြေပဲကို သီးသန့်စိုက်ပျိုးကြသလို၊ ပဲစင်းငုံနဲ့လည်း သီးညှပ်စိုက်ပျိုး ကြတာကြောင့် မြေပဲအထွက်များနိုင်ကြောင်း သိရပါတယ်။ ဆီဈေးနှုန်းကောင်းမွန်မှု ၊ ဆီစက်သမားများအဝယ်လိုက်မှုကြောင့် မြေပဲစိုက်ပျိုးမှု ကောင်းတယ်လို့ သိရပါတယ်။                              ထားအိဝင်း

Monday, 6 Jun 2011

ဧပြီလမိုးကြောင့် အညာနှမ်းများ အောင်မြင်                တောင်သာမြို့နယ် တွင်နှမ်းဧက ၃ဝဝဝဝ ကျော်စိုက်ပျိုးခဲ့ရာဧပြီလမိုးကြောင့် ရာသီဥတုကောင်းမွန်ပြီး နှမ်းများ အောင်မြင်ဖြစ်ထွန်းတယ်လို့သိရပါတယ်။ တရုတ်ဈေးကွက်မှန်မှန်ဝယ်ခြင်း၊ ဆီစက်များဆီကြိတ်ခွဲနေခြင်း၊ နှမ်းအကြိုက်မိုးရ နေခြင်း တို့ကြောင့်စိုက်ပိုျးမှုအားကောင်းခဲ့ပါတယ်။ ယခုနှစ်မိုးနှမ်းအစိုက်စောလို့ နှမ်းထွက်လည်း တစ်လခန့်စောနိုင်တယ်လို့ နှမ်းစိုက်တောင်သူတို့ကဆိုပါတယ်။ ကျောက်ဆည်မြို့နယ် မှာလည်းမိုးရွာသွန်းမှုအခြေ အနေကနှမ်းစိုက်ပျိုးမှုအထွက် ကောင်းတာကြောင့်နှမ်းစိုက်တောင်သူများ အထွက်နှုန်း ၁ဝ တင်းအထက်ရှိမယ်လို့ မှန်းကြပါတယ်။ ယခင်နှစ်ကအထွက်နှုန်း ၇ တင်း၊ ၈ တင်းခန့်သာရှိခဲ့ပေမယ့် ယခုနှစ်ရာသီဥတုကောင်းလို့ အောင်မြင် နေတဲ့နှမ်းခင်းတွေက တင်း ၂ဝ ခန့်ထွက်မယ် လို့လည်း ခန့်မှန်းကြပါတယ်။ ယနေ့တစ်တင်းပေါက်ဈေး ၂၄ဝဝဝ ကျပ်ရှိတာကြောင့်တစ်ဧကကုန်ကျစရိတ် ၁၂ဝဝဝဝ ကျပ်ကို နုတ်ရင် အသားတင်အမြတ်ဝင်ငွေတိုးမှာဖြစ်လို့ မိုးစပါး မစိုက်မီစိုက်ပျိုးသင့်တဲ့ သီးနံှတစ်မျိုးလို့ဆိုပါတယ်။တံတားဦးမြို့နယ်မှာ လည်း ဆည်ရေရရှိမှု၊ မိုးရေရရှိမှုတို့ကြောင့် စိုက်ဧကပြည့်မီကျော်လွန်အောင်စိုက်နိုင်တယ်လို့သိရပါတယ်။ ယခင်နှစ်က မိုးလေဝသမကောင်းလို့ အထွက်နှုန်း ၃ တင်းသာရှိခဲ့ပြီး ယခုနှစ်မှာတော့ရာသီဥတုကောင်းတာကြောင့် အထွက်နှုန်း ၉ တင်းက ၁၃ တင်းကျော်အထိ ရှိနိုင်မယ်လို့ နွေနှမ်းစိုက်တောင်သူတို့ကဆိုပါတယ်။                                မိုးထူူးသက်

Monday, 6 Jun 2011

နွေနှမ်းအသစ်များ မန်းဈေးကွက်သို့ ဝင်ပြီ                  မန်းဈေးကွက်အတွင်းသို့ ကျောက်ဆည်မြို့နယ်များမှ ထွက်ရှိတဲ့ နွေနှမ်းဖြူအသစ်များ ဈေးကွက်အတွင်းသို့ စတင်ဝင် ရောက်လာပါပြီ။ မန္တလေးတိုင်းဒေသကြီးအတွင်းမှာတော့ ကျောက်ဆည်နယ်များမှ ထွက်ရှိတဲ့ ဂျပန်နှမ်းဖြူ တွေက ဈေးကွက် အတွင်းမှာ ရောင်းဝယ်အားအကောင်းဆုံး သီးနံှဖြစ်သလို တရုတ်အကြိုက်ဆုံးနှမ်းလည်း ဖြစ်ပါ တယ်။ ယခုဈေးကွက်အတွင်းသို့ ဝင်ရောက်မှုနည်းသေးပေမဲ့ ဇွန်လနောက်ဆုံးပတ်လောက်ဆိုရင် လှိုင်လှိုင်ဝင်လာတော့မှာဖြစ်တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ယခုနှမ်းအသစ်တွေက ၃ တင်းတစ်အိတ်ကို ၇ဝဝဝဝ ကျပ်ဈေးဖြင့် စတင်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။                                                ကျော်ကျော်မိုး

Monday, 6 Jun 2011

ဈေးငြိမ်အရောင်းအဝယ်ဖြစ်နေတဲ့ ပြည်နှမ်း              ပြည်ဈေးကွက်တွင် နှမ်းဈေးငြိမ်ပြီး အရောင်းအဝယ်အေးတာတွေ့ရပါတယ်။ မိုးနှမ်းများစိုက်ချိန်ဖြစ်လို့ အဝင်မရှိဘဲ ပွဲရုံများမှ ဆီကြိတ်ဖို့ လှောင်နှမ်းများ ထုတ်ရောင်းပေမဲ့ အရောင်းအဝယ်သိပ်မဖြစ်တာတွေ့ရပါတယ်။ ယခင်အပတ် ဈေးအတိုင်း နှမ်းနီ ၄၅ ပိဿာတစ်အိတ်ကို ၄၈ဝဝဝ ကျပ်နဲ့ နှမ်းနက် ၄၅ ပိဿာ တစ်အိတ်ကို ၈ဝဝဝဝ ကျပ်ဈေးဖြင့် ဈေးငြိမ်နေပြီး နှမ်းဆီ တစ်ပိဿာကို ၃၆ဝဝ ကျပ်ဖြင့် ယခင်အပတ်အတိုင်း အရောင်းအဝယ်ဖြစ်တာတွေ့ရပါတယ်။             ဝေဝေမင်း

Monday, 6 Jun 2011

ယခုအပတ်နှမ်းနက်သာ အပို့ရှိ               မေလ ၂၅ ရက်မှ ၃၁ ရက်ထိ ကာလအတွင်း မူဆယ် (၁ဝ၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ဝ ဒသမ ၁၃၆ သန်း တန်ဖိုးရှိ နှမ်းနက် ၉ဝ တန် တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်အပတ်က နှမ်းရောင်စုံ ၁၈၃ တန် တင်ပို့နိုင်ပြီး ယခုအပတ်မှာတော့ နှမ်းနက် တစ်မျိုးသာ တင်ပို့နိုင်ခဲ့တာမို့ ယခုအပတ်နယ်စပ်မှ နှမ်းတင်ပို့မှု ထက်ဝက်ကျော် လျော့ကျခဲ့ပါတယ်။ အိန္ဒိယနဲ့ အာဖရိက နှမ်းများဈေးသက်သာစွာနဲ့တရုတ်ကို ဝင်နေခြင်းဟာ မြန်မာနှမ်းအပို့လျော့ကျစေတဲ့အချက်တစ်ချက်လို့ သိရပါ တယ်။ မိမိဘက်နဲ့ တစ်ဘက်နိုင်ငံ နှမ်းမြေပြင်ပေါက်ဈေးများကို နှိုင်းယှဉ် ဖော်ပြပေးလိုက်ရပါတယ်                                               မိမိဘက်(ကျပ်/တန်)                        တစ်ဘက်နိုင်ငံ(ဒေါ်လာ/တန်)                      ယခု               ယခင်         ပြောင်းလဲမှု       %         ယခု            ယခင်   ပြောင်းလဲမှု      % နှမ်းနက်      ၁ဝ၄၇၈၇၆      ၁ဝ၅၄၂၅ဝ       ၆၃၇၄         ဝ .၆       ၁၆၂ဝ         ၁၆၁၆        ၄               ဝ .၃MIRT (DOBT)

Monday, 6 Jun 2011

ဆီထွက်သီးနံှရောင်းချမှု မြင့်တက်မယ့် အလားအလာရှိခြင်းကြောင့် စားအုန်းဆီဈေးကျဆင်း                ကမ္ဘာ့စားဆီ အထွက်မြင့်တက်မယ့် အလားအလာရှိခြင်း၊ စားအုန်းဆီ ဒုတိယ အများဆုံး ထုတ်လုပ်တဲ့ မလေးရှားနိုင်ငံရဲ့ စားအုန်းဆီထုတ်လုပ်မှုက မေလအတွင်း ၂ဝ ရာခိုင်နှုန်းအထိ တိုးတက်ခြင်းတွေကြောင့် ယခုတစ်ပတ်အတွင်း စားအုန်းဆီဈေး အနိမ့်ဆုံးကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ မလေးရှားကုန်စည်ဒိုင်မှာ သြဂုတ်လ ပို့ရမယ့် စားအုန်းဆီဈေးဟာ ၁ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၁၁၇ ဖြစ်ခဲ့လို့ မေလ ၂၃ ရက်နောက်ပိုင်း အနိမ့်ဆုံးကို ကျဆင်းခဲ့ပါတယ်။ ဘရာဇီးနိုင်ငံက သီးနံှအထွက်မြင့်တက်ခြင်းက ကမ္ဘာ့ထုတ်လုပ်မှုကို တိုးတက် စေတာကြောင့် စက်တင်ဘာလအထိ ယခုနှစ်အတွင်း ကမ္ဘာ့ဆီထွက်သီးနံှ ထုတ်လုပ်မှုဟာ ၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်မယ်လို့ ဇွန်လ ၁ ရက်နေ့ Oil World အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဧပြီလအတွင်း မလေးရှားစားအုန်းဆီ ထုတ်လုပ်မှု ဟာ မတ်လထက် ၈ ရာခိုင်နှုန်းမြင့်တက်ပြီး တန်ချိန် ၁ ဒသမ ၅၃ သန်း ရှိမယ်လို့ မေလ ၁ဝ ရက်နေ့က နိုင်ငံရဲ့ စားအုန်းဆီအဖွဲ့က ဆိုပါတယ်။ မေလစာရင်းကိုတော့ ဇွန်လ ၁ဝ ရက်နေ့မှာ ထုတ်ပြန်မယ်လို့ သိရပါတယ်။ ဆီထွက်သီးနံှ ၇ မျိုးရဲ့ စုစုပေါင်း ထုတ်လုပ်မှုဟာ ယခင်နှစ်ထက် တန်ချိန် ၇ ဒသမ ၇ သန်းပိုမိုပြီး စုစုပေါင်းတန်ချိန် ၄၄၁ ဒသမ ၂ သန်းထွက်မယ်လို့ Oil World က ဆိုပါတယ်။ ဘရာဇီးရဲ့ ပဲပုပ်ထွက်ရှိမှုဟာ ယခုနှစ် အစောပိုင်း ခန့်မှန်းတာထက် ၆ ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး စုစုပေါင်း တန်ချိန် ၇၃ သန်းရှိမယ်လို့ လည်း ဆိုပါတယ်။                 ဝယ်လိုအားမြင့်တက်ခြင်းနဲ့ ပဲပုပ်ဈေးနှုန်းမြင့်နေခြင်းတို့ကြောင့် စားအုန်းဆီ ကြိုပွိုင့် ဈေးကျဆင်းမှု ကန့်သတ်နိုင်တယ်လို့ Commodity Links Pte  မှ ဒါရိုက် တာVijay Mehta က ဆိုပါတယ်။ ဈေးနှုန်း ၂ ခုကွာခြားမှု မြင့်မားနေတာကြောင့် စားသုံးသူများဟာ ပဲပုပ်ဆီထက် စားအုန်းဆီကို ပိုဝယ်ယူကြမယ်လို့လည်း ဆိုပါတယ်။ဇူလိုင်လပို့ရမယ့် ပဲပုပ်ဆီဈေးဟာ ဝ ဒသမ ၆ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ပေါင်ကို ကန်ဒေါ်လာ၅၈ ဒသမ ၈၄ ဆင့် (တစ်တန်ကို ကန်ဒေါ်လာ ၁၂၉၇) ရှိပါတယ်။ ဒေလီယံကုန်စည်ဒိုင်မှာ ဇန်နဝါရီလပို့ရမယ့် စားအုန်းဆီဈေးဟာ ဝ ဒသမ ၃ ရာခိုင်နှုန်းကျဆင်းပြီး တစ်တန်ကို ကန်ဒေါ်လာ ၁၄၃ဝ ရှိချိန်မှာ ကာလ တူပို့ရမယ့် ပဲပုပ်ဆီဈေးက ဝ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းပြီး တစ်တန်ကို ကန် ဒေါ်လာ ၁၅၉၁ နဲ့ ပိတ်ခဲ့တယ်လို့ သိရပါတယ်။ ယုဇန Source: bloomberg .net

Tuesday, 31 May 2011

ကလေး ပဲနီလုံးရိုး မန္တလေးတိုက်ရိုက်သွား                မုံရွာကုန်စည်ဒိုင်မှာ ၂ဝ၁၁ ခု မေလအတွင်း စွန်တာနီခေါ် ပဲနီလုံးရိုး တစ်ပိဿာအနိမ့်အ မြင့်ဈေးမှာ ၆ဝဝ ကျပ်-၇ဝဝ ကျပ် ဈေးပေါက်ပြီး ကလေးမြို့မှာ ၅၅ဝ ကျပ်-၆၅ဝ ကျပ် ဈေးပေါက် ကြောင်း သိရပါတယ်။ ဒေသတွင်း စားသုံးမှုနဲ့ လက်လီသမားများ ဝယ်ယူမှုရှိလို့ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ပျမ်းမျှ စွန်တာနီခေါ် ပဲနီလုံးရိုး တင်း ၄ဝဝ ခန့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စည်ဒိုင် သတင်းရပ်ကွက်က သိရပါတယ်။             ကလေးမြို့မှ စွန်တာနီခေါ် ပဲနီလုံးရိုးများ မုံရွာမြို့သို့ ဝင်ရောက်မှုရှိသလို မန္တလေးသို့ တိုက်ရိုက်တင်ပို့မှုရှိကြောင်း သိရပါတယ်။ ယခုလအတွင်း ကလေးမြို့မှ မန္တလေးသို့ ပဲနီလုံးရိုး တင်း ၈ဝဝ ကျော် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Tuesday, 31 May 2011

လက်လီသမားများသာ အရောင်းအဝယ်ဖြစ်တဲ့ စစ်ကိုင်းက ထောပတ်ပဲ                မုံရွာကုန်စည်ဒိုင်မှာ မေလအတွင်း ထောပတ်ပဲ တစ်ပိဿာ ၆၅၈ ကျပ်နဲ့ ဈေးငြိမ်နေပြီး ယခင်နှစ် ကာလတူဈေးမှာ ၁ဝဝဝ ကျပ်ဖြစ်ကြောင်း သိရပါတယ်။ စစ်ကိုင်း၊ မြင်းမူ၊ မြောင်၊ ကနီမြို့နယ် များမှ ထောပတ်ပဲ တစ်ရက်ကို တင်း ၄ဝ-၅ဝ ခန့်သာ မုံရွာကုန်စည်ဒိုင်သို့ဝင်ရောက်ကြောင်း ကုန်သည်တစ်ဦးမှပြောပြလို့ သိရပါတယ်။ မန္တလေးမြို့မှ လက်လီသမားရဲ့ ဝယ်ယူမှုရှိလို့ ယခုလအတွင်း မုံရွာမှ မန္တလေးသို့ ထောပတ်ပဲတင်း ၁ဝဝဝ ကျော်၊ ကလေးမြို့မှ မန္တလေးသို့ ထောပတ်ပဲ တင်း ၄၅ဝ ခန့် စီးထွက်ခဲ့ကြောင်း သိရပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်ရက်ကို ထောပတ်ပဲ တင်း ၅ဝ နဲ့ ၁ဝဝ ကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါတယ်။ သန်းးသန်းးတင်

Tuesday, 31 May 2011

ရန်ကုန်ဝယ်လက် အဝယ်ရှိလာတဲ့ ပြည်ထောပတ်ပဲ            ပြည်ပဲဈေးကွက်မှာ ထောပတ်ပဲဝင်ရောက်မှုမရှိသလောက်ဖြစ်ခဲ့ပြီး လက်ကျန်ပဲများဖြင့် အရောင်း အဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဒေသတွင်းလက်လီသမားများ အဝယ်ရှိသလို ရန်ကုန်ဝယ်လက် များလည်း ဝယ်လိုအားရှိနေပြီး တချို့ရက်တွေမှာ အိတ် ၁ဝဝ ခန့်ထိ အရောင်းအဝယ် ဖြစ်ခဲ့ကြပါတယ်။ ထောပတ်ပဲဈေးနှုန်းမှာ ယခင်နှစ် မေလအတွင်း တစ်တင်း ၂၂ဝဝဝ ကျပ်ထိ ဈေးရခဲ့ပြီး ယခုနှစ်မေလ ပထမပတ်မှ တတိယပတ်အထိ တစ်တင်း ၁၃ဝဝဝ ကျပ်ဖြင့် ဈေးငြိမ်လျက်ရှိကာ ယခုမေလ စတုတ္ထပတ် တွင် ရန်ကုန်ဝယ်လက်အဝယ်ရှိလာသည့်အတွက် တစ်တင်း ၁၅ဝဝဝ ကျပ်ခန့် ဈေးမြင့်လာခဲ့ကြောင်း  သိရပါတယ။် ခင်ဆွေဝင်း 

Pages