Main menu

Background

Monday, 5 Dec 2011

                ယာဉ်အိုယာဉ်ဟောင်း အပ်နှံထားသူများအနေနဲ့ ကားဝယ်ယူခွင့်ပါမစ်ဖြင့် ကားဝယ်ယူရာမှာ အဆင်ပြေစေရန်အတွက် မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ ကြီးကြပ်စစ်ဆေးရေးကော်မတီမှ ကြီးကြပ်စစ်ဆေးပြီး မော်တော်ယာဉ်အရောင်း စင်တာ ဖွင့်ခွင့်ပြုမှာဖြစ်ကြောင်း စစ်ဆေးရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။                  မော်တော်ယာဉ်အရောင်းစင်တာများကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ဖွင့်ခွင့်ပြုမှာဖြစ်ကြောင်း၊ မန္တလေးမြို့မှာ Sandrar Services Co.,Ltd မှ မင်းသားကြီးဟိုတယ်ဝင်းအတွင်း ဖွင့်လှစ်မှာဖြစ်လို့ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ မန္တလေးတိုင်းဒေသကြီး မန်နေဂျာဦးဆောင်၍ အဖွဲ့ဝင် ခုနစ်ဦးဖြင့် ကြီးကြပ်စစ်ဆေးမှာဖြစ်ကြောင်း သိရပါတယ်။         " မန္တလေးမှာ မော်တော်ယာဉ်အရောင်းစင်တာအနေနဲ့ Sandrar Services Co.,Ltd တစ်ခုပဲရှိသေးတယ်။ ကားတွေမရောက်ရှိသေးဘူး။ မော်တော်ယာဉ် ကားအရောင်းစင်တာရဲ့ အင်္ဂါရပ်နဲ့ညီညွတ်မှုရှိလား၊ စင်တာနေရာက ကားအစီးရေ ၅၀ အနည်းဆုံးထားရှိနိုင်တဲ့ နေရာအကျယ်အဝန်းရှိရဲ့လား၊ ခင်းကျင်းပြသထား နိုင်တဲ့ အခြေအနေရှိလား။ ဝယ်ယူသူတွေအတွက် အဆင်ပြေစေဖို့ရောင်းချမယ့် ကားနဲ့ပတ်သက်ပြီး စည်းကမ်းချက်များနဲ့ ညီရဲ့လားဆိုတာ စိစစ်ပြီးဆောင်ရွက် သွားမယ်"ဟု လယ်ယာထွက်ကုန်တိုင်းမန်နေဂျာက ပြောပါတယ်။ ဇူးဇူး

Monday, 5 Dec 2011

                 ယခုလ နောက်ဆုံးပတ်အတွင်း ရန်ကုန်မြို့တွင် ကားရောင်းဝယ်ရေး စခန်း (ပွဲစားတန်း) များအတွင်း ကား သစ်၊ ကားသန့်များ ဝင်ရောက်မှုများ လာကြောင်းသိရသည်။ ယာဉ်အို ယာဉ်ဟောင်းနှင့် အသစ်လဲလှယ်ရေး အစီအစဉ်အရ ပြည်ပမှ ကားသစ်များ တ ဖြည်းဖြည်း ရောက်ရှိမှုများလာသဖြင့် အပေါ်ဝိုင်းတွင် အက္ခရာ (၆ဂ) ထွက် ကားသန့်များ အရောင်းအဝယ်ရှိလာပြီး မျက်မြင်ရောင်းချမှုများလာကြောင်း သိရသည်။                မျက်မြင်အရောင်းမှာ ကြိုပွိုင့် ထက် ဈေးပိုသော်လည်း ကားအဆင့် အတန်းလက်တွေ့ သိရှိရသဖြင့် လူအများ ပိုလက်ခံသော်လည်း ဝယ်သူအများစုမှာ ပြည်ပတင်သွင်းဈေး ခန့် မှန်းကုန်ကျစရိတ်များ သိရှိထားသဖြင့် ခေါ်သလောက်မပေးလိုကြဘဲ ဈေးရင်းထက် ၃၀ သိန်း ၄၀ သိန်းသာ ပေး နိုင်ကြသဖြင့်ထင်သလောက်အရောင်း အဝယ်မကောင်းလှကြောင်း၊ သို့သော် တင်သွင်းလာသောကားသစ်များထံမှ မတ်(ခ်)တူးရွှေငါး၊ ပါဂျဲရိုး (ဖားပြုပ်) ဟာရီယာကားများသာ လူကြိုက်များကြပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။                  ကားသစ်တင်သွင်းရန် ခွင့်ပြုမှု အစီအစဉ်များမှလည်း ပိုများလာပြီး သက်ဆိုင်ရာဌာနများမှလည်း နိုင်ငံခြား ဝင်ငွေရပြည်ပရောက်အလုပ်သမားများအား ရရှိဝင်ငွေ အဆင့်ခွဲကာ ကားတင်သွင်းခွင့်ပြုခြင်း၊ ပြည်ပပို့ကုန် ဝင်ငွေ ရရှိကုမ္ပဏီများသာမက ပြည်ပမှသွင်းကုန်တင်သွင်းသည့် ကုမ္ပဏီများအား တင်သွင်းမှုတန်ဖိုးနည်း/များ သတ်မှတ် ကာ ယာဉ်တင်သွင်းခွင့်ပြုမှုများရှိလာ ကြောင်းသိရသဖြင့် လက်ရှိကားဈေး ကွက်မှာ ယခင်ကကဲ့သို့ ရောင်းချသူ ဈေးကွက်မဖြစ်တော့ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ သုံးသပ်ပြော ဆိုသည်။                       ဒီဇင်ဘာ ၄ ရက်မှ ၁၀ ရက် အတွင်း ဂျပန်၊ တရုတ်၊ စင်ကာပူ၊ ထိုင်း နိုင်ငံဆိပ်ကမ်းအသီးသီးမှ လူစီးယာဉ် ငယ်နှင့် ဘတ်(စ်)ကားများ တင်သွင်းလာသော ကားတင်သင်္ဘော တစ်စင်း အပါအဝင် သင်္ဘောသုံးစင်းခန့်ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဖြစ်ပြီး စီး ရေ ၂၆၀၀ ခန့်ပါဝင်မည်ဟု သတင်း ထုတ်ပြန်ချက်အရ သိရှိရသဖြင့် ကားသစ်များ အရောင်းအဝယ်ရှိနေသော် လည်း ဈေးကွက် ဒီထက်ပိုအေးနိုင် ကြောင်း အပေါ်ဝိုင်းအကျိုးဆောင် ကိုမြင့်ကျော်မှ ပြောသည်။                 နိုဝင်ဘာ ၂၉ ရက်ထုတ် သတင်း စာပါ ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး အစီအစဉ်အရ (ည) အက္ခရာယာဉ်များ အား နိုဝင်ဘာ ၃၀ရက်မှစ၍ သတ်မှတ် နေရာများတွင် အပ်နှံခွင့်ပြုမည်သိရသဖြင့် အိုဟောင်းဈေးကွက်များမှာ ပထမ အဆင့်အပ်နှံစဉ်ပါရှိ စ၊ဆ၊ဇ အသုတ် များကဲ့သို့ အရောင်းအဝယ်မကောင်း လှဘဲ အဝယ်ကျဲသွားကြောင်း သိရ သည်။ SN

Wednesday, 30 Nov 2011

                   ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ စင်ကာပူ၊ ဥရောပနဲ့ ထိုင်းစီးပွားရေး ပညာရှင်များအပါအဝင် ကမ္ဘာအနှံ့အပြားက စီးပွားရေးလုပ်ငန်းရှင်တွေ လေ့လာစောင့်ကြည့်နေကြပြီး ယခုကာလအတွင်းမှာ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များဟာ ရင်းနှီးမြှုပ်နှံမှုအသစ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ထားဝယ်မြို့ကို လာရောက်လေ့လာလည်ပတ်တဲ့ ခရီးသွားဧည့်သည်ဟာ တစ်လကို ၂၀၀၀ ဦးခန့်ရှိပြီး အများစုက ထားဝယ်စီမံ ကိန်းရဲ့တိုးတက်မှုကို လာရောက်လေ့လာတာဖြစ်လို့ ဒီစီမံကိန်းကို မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ နိုင်ငံခြားသားစီးပွားရေး လုပ်ငန်းရှင်များက စိတ်ဝင်စားနေကြတယ်လို့ ထားဝယ်မြို့က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ ၎င်းကိုယ်တိုင်လည်း အခန်း ၉၆ ခန်းပါတဲ့ ဟိုတယ် အသစ်တစ်လုံးကို ဘတ်ငွေ ၁၀ သန်းခန့်နဲ့ ရင်းနှီးမြှုပ်နှံမှုပြုမယ်လို့သိရပါတယ်။ လွန်ခဲ့တဲ့ လေးလကာလ အတွင်းမှာ အုပ်ချုပ်ရေးအဖွဲ့များ မြိတ်မြို့မှ ထားဝယ်မြို့ကို ပြောင်းရွှေ့လာတဲ့အတွက် ထားဝယ်မြို့ရဲ့ စီးပွားရေး အခြေအနေတိုးတက်ကောင်းမွန်လာတယ်လို့ ထားဝယ်မြို့မှာရှိတဲ့ Super Market  ပိုင်ရှင်တစ်ဦးမှ ပြောပါတယ်။ ၎င်းပိုင်ရှင်မှ ကုန်တိုက်အကြီးစားတစ်ခုကို ဘတ်ငွေ သန်း ၃၀ ခန့်ရင်းနှီးပြီး ဖွင့်လှစ်မယ်လို့ဆိုပါတယ်။ အဲဒီကုန်တိုက်မှာ ထည့်သွင်းရောင်းချဖို့ Ready Made Chicken ထုတ်လုပ်တဲ့ ထိုင်းနိုင်ငံ ကန်ကျနပူရီခရိုင်က Thai Food Co;  နဲ့ ဆက်သွယ်ထားပြီးဖြစ်တယ်လို့လဲ သိရပါတယ်။ ထားဝယ်မြို့မှာ ကုန်ပစ္စည်းများဖြန့်ဖြူးရောင်းချနေတဲ့ " မနော်ရာစားသောက်ကုန်လုပ်ငန်းကုမ္ပဏီ"ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ နိုင်အဖီးဝပ်ဝဝီးဝမ်က စက်ရုံအတွက် ကုန်ကြမ်းပစ္စည်းအများ အပြားရရှိပြီး လုပ်အားခချိုသာတဲ့အတွက် ဆန်နဲ့ဂျုံကို အခြေခံ ထုတ်လုပ်တဲ့ မုန့်လုပ်စက်ရုံများတည်ထောင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောပါတယ်။              အလယ်အလတ်စက်မှုလုပ်ငန်းရှင်များအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသီဟတန်တရင်ချိုင်းချနကလည်း ရော်ဘာနှင့် စားအုန်း ဆီများ Value Added လုပ်ဖို့ ၎င်းတို့ကိုယ်တိုင် စီးပွားရေးလုပ်ငန်းများတိုးချဲ့ချင်တဲ့ ဆန္ဒရှိတဲ့အပြင် မြန်မာ့စီးပွားရေးပညာရှင်များကလည်း ထားဝယ်စီမံကိန်းကို လက်ခံတိုးချဲ့ဖို့အဆင်သင့်ဖြစ်နေကြပြီး ထိုင်းနိုင်ငံအလယ်ပိုင်းဒေသရှိ စက်မှုလုပ်ငန်းရှင်များ အဖွဲ့မှ ကြီးကြပ်ရေးအဖွဲ့များဖွဲ့စည်းပြီး ထားဝယ်မြို့မှာ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်းဆောင်ရွက်ကြမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဆောင်ရွက်မယ့် စီးပွားရေးလုပ်ငန်းတွေကတော့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံစည်သွပ်ဘူး ထုတ်လုပ် တဲ့စက်ရုံ၊ လှေ၊ သင်္ဘောတည်ဆောက်မယ့် ဆောက်လုပ်ရေးပစ္စည်း၊ စက်ကိရိယာများ ထုတ်လုပ်တဲ့စက်ရုံတွေ တည်ဆောက်မှာ ဖြစ်ပါတယ်။ ထိုင်းစီးပွားရေးလုပ်ငန်းရှင်တွေက ဘတ်ငွေ သန်း ၁၀၀၀ကျော်ခန့် ရင်းနှီးမြှုပ်နှံမှုပြုမယ်လို့ ခန့်မှန်းရပြီး ကုန်ကြမ်းပစ္စည်းများ လျင်မြန်စွာသယ်ယူနိုင်ဖို့ ရေပူစမ်းဂိတ်ဖွင့်လှစ်ပေးရေး ညှိနှိုင်းသွားမှာဖြစ်ပါတယ်။ ပွင့်လင်းရာသီမှာတော့ ထားဝယ် ကန်ကျနပူရီလမ်းမကြီးကို အသုံးပြုနိုင်မှာဖြစ်ပြီး ၂၀၁၂ ခုနှစ် နှစ်ဦးပိုင်းမှာ နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း လုပ်ကိုင်မယ့် စာချုပ်ချုပ်ဆိုတဲ့ အခမ်းအနားကျင်းပဖို့ရှိတယ်လို့ သတင်းရရှိပါတယ်။ Source: ပလယ်ချာချပ်သတင်းစာနကသ(မြဝတီ)

Wednesday, 30 Nov 2011

                  မန္တလေးမြေဈေးကွက်မှာ ဈေးမြင့်ပြီး အရောင်းသွက်လျက်ရှိတာကြောင့် မြေကွက်တွင် ရင်းနှီးမြှုပ်နှံမှုမှာ ကြာမြင့်ဦးမှာဖြစ်ကြောင်း မြေအကျိုးဆောင်များက ဆိုပါတယ်။                 " မြေကွက်တွေကို ဒီကနေဝယ်ပြီး နောက်ရက်ပြန်ရောင်းရင်အမြတ်ရနေတော့ ရင်းနှီးမြှုပ်နှံတဲ့သူများလာတယ်။ မြေဈေးကလည်း အချိန်ပိုင်းအတွင်း အပြောင်း အလဲရှိသလို ဝယ်တဲ့သူလည်း များနေတော့ မြေထဲမှာပဲ ရင်းနှီးမြှုပ်နှံလိုသူများလာတဲ့ သဘောပဲ။ ခုချိန်မှာ ရွှေဈေးကလည်း ကျနေတယ်။ ကားဈေးကွက်ကလည်း ပျောက်နေတော့ အဲဒီဘက်ကလူတွေပါ မြေဘက်လှည့်လာ ကြတယ်။ အရင်လို ခဏတာ လာရောက်ရင်းနှီးမြှုပ်နှံပြီး၊ ပြန်သွားမယ့်ကုန်သည်တွေ မပါဘူး။ ဒါကြောင့် မြေကွက်ဈေးက မကျဆင်းနိုင်သလို ရင်းနှီးမြှုပ်နှံမှုလည်း ကြာနိုင်တယ်။ မြေအရောင်း အဝယ် ဘယ်လောက်ကောင်းသလဲဆိုရင် လုပ်နေကျ မြေအကျိုးဆောင်တွေသာမက တခြားအလုပ်လုပ်နေတဲ့သူတွေပါ အကျိုးဆောင်တွေဖြစ်လာကြတယ်" လို့ ဝါရင့်မြေ အကျိုးဆောင်တစ်ဦးက ပြောပါတယ်။                    မြေကွက်များအရောင်းအဝယ် ကောင်းနေတာကြောင့် ခဏတာ မြေအကျိုး ဆောင် ဝင်ရောက်လုပ်ကိုင်သူ ဝန်ထမ်းတစ်ဦးကလည်း " ကျွန်တော်လည်း မြို့သစ်ဘက်မှာ အိမ်သွားရှာရင်းက မိတ်ဆွေတွေအတွက် မြေအကျိုးဆောင် လုပ်ပေးဖြစ်သွားတယ်။ တစ်ဦးအပ် တစ်ဦးအပ်နဲ့ မြေအကျိုးဆောင်ဖြစ်လာခဲ့တာ။ ဒီတစ်ပတ် ထဲမှာ မိတ်ဆွေတစ်ဦးက သိန်း ၇၀၀ လာအပ်ပြီး၊ မြတ်ရင်ပြီးရောဝယ်ပေးပါဆိုလို့ မြို့သစ်ထဲမှာ ကျပ်သိန်း ၂၀၀ ဝန်းကျင်တန်တွေ လိုက်ဝယ်တာရက်ပိုင်းအတွင်းမှာ ပြန်ရောင်းလို့လည်းလွယ်တယ်။ အမြတ်လည်း ကျန်တယ်။ ဈေးကွက်ကသွက်နေ တော့ မြေအကျိုးဆောင်မဟုတ်ပေမယ့်လည်း ဝင်ရောက်လုပ်ကိုင်လို့ ကောင်းတဲ့ အခြေအနေပဲ။ ကိုယ်ကသာ မှန်မှန်ကန်ကန်လုပ်ရင် အလုပ်ဖြစ်ပါတယ်"လို့ ပြောပါတယ်။                    မန္တလေးမြေဈေးကွက်အတွင်းမှာ မြို့သစ်မြေကွက်များ အရောင်းသွက်လျက် ရှိပါတယ်။ မြို့သစ်ပိုင်းမှာလည်း မြို့တွင်းနဲ့နီးတဲ့အပိုင်းမှာ ဈေးမြောက်နေပြီး၊ နောက် ချပေးတဲ့မြို့စွန်ရှိ ကွက်သစ်များမှာ ပိုပြီးအရောင်းအဝယ် သွက်လျက်ရှိပါတယ်။ "ညည" ''ဒဒ" "နန" ''ဓဓ" ''လလ" (အရှေ့ခြမ်း)အကွက်များက သိန်း ၂၀၀ ဝန်းကျင်တန်အကွက်များ လိုက်လံရှာဖွေဝယ်ယူနေခြင်းကြောင့် အဆိုပါရပ်ကွက် များမှာ ငွေထုပ်ကိုင်ပြီး မြေကွက်လိုက်လံ ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိနေတယ်လို့ သိရပါတယ်။ ဇူးဇူး

Wednesday, 30 Nov 2011

                  ဒဂုံမြို့သစ်ရှိ မြို့နယ်များဖြစ်သည့် မြောက်ပိုင်း၊ အရှေ့ပိုင်း၊ တောင်ပိုင်းမြို့ နယ်များတွင် အိမ်ရာဆောက်လုပ်ခြင်း မပြုရသေးသောမြေကွက်များ အဝယ် လိုက်နေကြောင်း သိရသည်။ အဆိုပါ မြေကွက်များမှာ မြေချပါမစ်ဖြင့် ချထားပေးသည့် မြေကွက်များ ဖြစ်ပြီး ပိုင်ရှင်ဖြစ်သူမှာ နေရာအတိ အကျပင်မသိရှိသေး သည့်မြေကွက်များ ဖြစ်ကြောင်း သိရသည်။                     " ကျွန်မတို့ မြေကွက်ကို ၁၀သိန်း ပေးမယ်လို့ ပွဲစားကလာပြောတယ်။ ဒါ နဲ့ကျွန်မလည်း နည်းနည်းစုံစမ်းလိုက် တော့ အဲဒီနေရာက မြေကွက်တွေကို ဈေးကောင်းတွေ ပေးဝယ်နေတယ်လို့ သိရတာ။ အဲဒီနေရာကို ကျွန်မတို့ ဝယ်ထားတုန်းကလည်း နေရာတောင်မသိ ဘူး။ မဓရွာလို့ပြောတာပဲ။ တက္ကသိုလ် နဲ့နီးတယ်ဆိုပေမယ့်လည်း လှမ်းတော့ တော်တော်လေးလှမ်းတယ်။ ကားလမ်း မပေါက်သေးတာတောင်၁၀သိန်းလောက် ပေါက်နေပြီ။ တချို့တွေကတော့ ရောင်းနေကြတာပဲ" ဟု အဆိုပါဒေသ မြေကွက်ပိုင်ရှင်တစ်ဦးက ပြောသည်။ ထို့ပြင် ဒဂုံမြို့သစ်အရှေ့ပိုင်းစက် မှုဇုန်အနီးရှိ မြေကွက်များမှာလည်း အဆမတန် ဈေးများ ခုန်တက်သွား ကြောင်း သိရသည်။ " အရှေ့ပိုင်း စက်မှုဇုန်နားက မြေကွက်တွေက ဈေးပိုရတယ်။ အရင်က ပေ ၂၀ပေ၊ ၄၀အကွက်တွေကို ငါးသိန်း လောက်ပဲပေါက်တာ။ အဲဒါ လွန်ခဲ့တဲ့ တစ်နှစ်လောက်ကဈေး။ အခုလာဝယ် နေတာက သိန်း ၂၀၊ ၃၀လောက်ရှိ တယ်။ ပေ ၄၀_၆၀ နှစ်ကွက်တွဲဆိုရင် ပိုပြီးဈေးရတယ်"ဟု အဆိုပါဒေသမှ ပွဲ စားတစ်ဦးက ဆိုသည်။                         ထိုကဲ့သို့ စက်မှုဇုန်အနီးမှမြေကွက် ဈေးများ အဆမတန်မြင့်တက်ရခြင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ မကြာခင် လာရောက်တော့မည်ဟူသည့် သတင်း နှင့် ကားဝယ်ရောင်းများနှင့် ဒေါ်လာ ဝယ်ရောင်းသမားများ အိမ်ခြံမြေရင်းနှီး မြှုပ်နှံမှုဘက်သို့ ဦးလှည့်လာသော ကြောင့်ဖြစ်ရကြောင်း အိမ်ခြံမြေရောင်း ဝယ်ရေးလောကမှ သိရသည်။ မယ်သီတာ

Monday, 21 Nov 2011

                    စက်သုံးဆီဈေးကွက်ကို လျှော့ချနိုင်ပြီး၊ ပတ်ဝန်းကျင် လေထုညစ်ညမ်း မှုကိုလည်း ထိန်းသိမ်းနိုင်တဲ့ နှစ် ယောက်စီး ဘက်ထရီအားသွင်း စနစ်သုံး လျှပ်စစ်မော်တော်ဆိုင်ကယ်များ ကို ယခင်တစ်လခန့်ကစပြီး ပုသိမ်ဈေး ကွက်မှာ ရောင်းချလျက်ရှိကြောင်း သိရပါတယ်။                   ၁၂ ဗို့ ဘက်ထရီခြောက်လုံးကို အသုံးပြုပြီး တရုတ်နိုင်ငံက ထုတ် လုပ်တဲ့ OPAI ELECTRIC လျှပ်စစ် မော်တော်ဆိုင်ကယ် ဈေးနှုန်းမှာ တစ်စီး ကို ကျပ် ခြောက်သိန်းလေးသောင်း၊ ၁၂ ဗို့ ဘက်ထရီ လေးလုံးသုံး OPAI ELECTRIC ဆိုင်ကယ်မှာ ကျပ်ငါး သိန်းလေးသောင်းကျပ်ဈေးနဲ့ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရပါ တယ်။                   ၁၂ ဗို့ ဘက်ထရီ ေ လးလုံးသုံး KALG LING  လျှပ်စစ်မော်တော် ဆိုင်ကယ်ဈေးနှုန်းမှာ တစ်စီးကို ကျပ် ငါးသိန်းလေးသောင်းဈေးနဲ့ ၁၂ ဗို့ ဘက်ထရီ သုံးလုံးအသုံးပြုပြီး၊ မော်တော်ဆိုင်ကယ်နဲ့ စက်ဘီးနှစ်မျိုးစလုံး အသုံးပြုနိုင်တဲ့ LVJIA  လျှပ်စစ်မော် တော်ဆိုင်ကယ်မှာ တစ်စီးကို ကျပ်လေး သိန်းလေးသောင်းဈေးနဲ့ ဈေးကွက်မှာ လူကြိုက်များလျက်ရှိကြောင်း သိရပါတယ်။                 လျှပ်စစ် မော်တော်ဆိုင်ကယ်များ မှာ တစ်နေ့ကို အားသွင်းချိန် ၄/၅ နာရီကြာမြင့်ပြီး တစ်နာရီခွဲ၊ နှစ်နာရီ ခရီးအကွာအဝေး ၆၀ ကီလိုမီတာခန့်ကို မောင်းနှင်အသုံးပြုနိုင်ကြောင်း၊ ပုသိမ် မြို့အတွင်းရှိ ရိုးမရာဇာ၊ ဆူဇူကီး အရောင်းဆိုင်နဲ့ အခြားဆိုင်ကယ် အရောင်းဆိုင်များမှာလည်း ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ မင်းမင်းဦး

Monday, 21 Nov 2011

                   စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မှတ်ပုံတင်သက်တမ်း ကြာမြင့်ယာဉ်များ ဖျက်သိမ်းရေးနဲ့ အစားထိုးယာဉ်တင်သွင်းရေး (မကဖတ) လုပ်ငန်းများ သွက်လက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဦးတင်ငွေ ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ဆက်စပ်ဌာနဆိုင်ရာတွေက အရာရှိတွေအဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ငါးဦး အဖွဲ့ဖြင့်ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။ အဖွဲ့အနေနဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာ ၂၂ ရက်မှ စတင်ဆောင် ရွက်ခဲ့ရာ ပထမအဆင့် (စ၊ ဆ၊ ဇ) အက္ခရာယာဉ်များကို လက်ခံဆောင်ရွက်ပေးခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ်အိုယာဉ် ဟောင်း ၆၄၄ စီး၊ ဒုတိယအဆင့်အနေနဲ့ (ဈ) အက္ခရာတိုးမြှင့်ကာ နိုဝင်ဘာ ၈ ရက်မှ စတင်လက်ခံဆောင်ရွက်ပေးခဲ့ရာ နိုဝင်ဘာ ၁၄ ရက်ထိ ၄၄ စီးဆောင်ရွက်ပေးနိုင်ခဲ့ကာ စီမံချက်စတင်တဲ့ ၂၀၁၁ စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၁၄ ရက်အထိ ယာဉ်အိုယာဉ်ဟောင်း စုစုပေါင်း ၆၈၈ စီး လက်ခံပေးခဲ့ကြောင်း သိရပါတယ်။ တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၁ စက်တင်ဘာ ၂၂ ရက်မှ နိုဝင်ဘာ ၄ ရက်အထိ အပ်နှံခဲ့တဲ့ ယာဉ်အိုယာဉ်ဟောင်းများကို အမှတ် ၇၄ စစ်လက်နက်ပစ္စည်းတပ်သို့ ပို့ဆောင်အပ်နှံနိုင်ခဲ့ပြီး နိုဝင်ဘာ ၈ ရက်မှစတင်ကာ လာရောက်ဆောင်ရွက်တဲ့ ယာဉ်အိုယာဉ်ဟောင်းများအား သံမဏိစက်ရုံ (မြင်းခြံ) သို့ သွားရောက်အပ်နှံ ရမှာဖြစ်ကြောင်းနဲ့ အဆိုပါယာဉ်များလက်ခံဆောင်ရွက်ရန် ရုံးချုပ်(ကညန)မှ လက်ထောက်အင်ဂျင်နီယာဦးဆောင်တဲ့ လက်ခံ စိစစ်ရေးအဖွဲ့မှ စနစ်တကျ လက်ခံဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။ ထွန်းလှိုင်

Monday, 21 Nov 2011

                     မန္တလေးမြေကွက်များကို နယ်စုံမှ အဝယ်လိုက်ခြင်းကြောင့် ရက်ပိုင်း အတွင်း ဈေးကွက်အမျိုးမျိုးပြောင်း၍ အရောင်းအဝယ်ဖြစ်ကြောင်းသိရပါတယ်။ မြို့တွင်းထက် မြို့သစ်မြေများကို ဝယ်ယူမှုများရာ မြို့သစ်မြေကွက်များ နေရာတိုင်းဝယ်ယူမှုရှိကြောင်း၊ ယခုနှစ် စနှင့်ယှဉ်ပါက ဈေးနှုန်း ၂ ဆ၊ ၃ ဆ တက်လာကြောင်း သိရပါတယ်။ အိမ်ခြံမြေအကျိုးဆောင် ဦးမြတ်ကျော်က " မြေဈေးကအတက်မှာပဲ ရှိ နေတာ၊ ၁၉၉၇ ခုနှစ်နောက်ပိုင်းကစပြီး အခုဖြစ်နေတဲ့ဈေးကွက်ကို ဘယ်နှစ်က မှ လိုက်မမီဘူး။ လုပ်ငန်းရှင်ပေါင်းစုံက မြေထဲမှာ ရင်းနှီးမြှုပ်နှံမှုများလာတယ်။ ကျောက်သမားရော၊ မြေသမားရော၊ သီးနှံပွဲရုံသမားရော အကုန်လုံးက ရင်းနှီးမြှုပ်နှံလာကြတာ။ မြို့သစ်ဆို အကုန် ကြိုက်တယ်။သီတင်းမကျွတ်ခင်က ဈေးကွက်အေးတယ်။ သီတင်းကျွတ်နောက် ပိုင်းမှာ တစ်ရိပ်ရိပ်နဲ့ တက်လာတာ။ သီတင်းမကျွတ်ခင် သိန်း ၂၀၀ ကျော်ရတဲ့အကွက်က အခုသိန်း ၄၀၀ ကျော် ဖြစ်နေတယ်"ဟု ပြောပါတယ်။ မြေဈေးကွက်တွင် မြို့ထဲမြေဈေး မှာ ယခင်ဈေးမီပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသော်လည်း မြို့သစ်မြေများ မှာ လူကြိုက်များ၍ ဈေးအမျိုးမျိုး ပြောင်းလဲလျက်ရှိရာ 'ဇဇ' လမ်းတင် ပေ ၄၀ _ ၆၀ တစ်ကွက် ကျပ်သိန်း ၈၀၀ နဲ့ ၂၀၀၀ ကြား၊ ကြားကွက် ကျပ် သိန်း ၄၅၀ နဲ့ ၅၀၀ ကြား၊ 'ဗဗ' ၊ 'ဘဘ'၊ 'မမ' အကွက်များမှာ လမ်းတင် ပေ ၄၀ _ ၆၀ တစ်ကွက် ကျပ်သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြား၊ ကြားကွက်ကျပ်သိန်း ၄၀၀ နဲ့ ၄၅၀ ကြား၊ ရဲမွန်တောင် လမ်းတင် ပေ ၄၀ _ ၆၀ တစ်ကွက် ကျပ်သိန်း ၁၀၀၀ နဲ့ ၃၀၀၀ ကြား၊ ကြား ကွက် ကျပ်သိန်း ၇၀၀ နဲ့ ၇၅၀ ကြား၊ 'ညည' လမ်းတင်ပေ ၄၀ _ ၆၀ တစ် ကွက် ကျပ်သိန်း ၅၀၀ နဲ့ ၁၀၀၀ ကြား၊ ကြားကွက် ကျပ်သိန်း ၂၀၀ ကျော်၊ ထန်းကိုးပင် ၅၈ လမ်းတင် သိန်း ၂၀၀၀ ကျော်၊ ၅၉ လမ်းတင် ကျပ်သိန်း ၁၀၀၀ ကျော်၊ ကြားကွက်ကျပ်သိန်း ၇၀၀ နဲ့ ၇၅၀ ကြားဖြင့် အရောင်းအဝယ်ရှိ ကြောင်း သိရပါတယ်။ ဇူးဇူး

Monday, 21 Nov 2011

                        ဂျပန်နိုင်ငံရဲ့ မော်တော်ကားနဲ့ မော်တော်ဆိုင်ကယ် ဦးဆောင်ထုတ် လုပ်သူများထဲမှတစ်ခုဖြစ်တဲ့ ဆူဇူကီးကုမ္ပဏီဟာ ဗီယက်နမ်နိုင်ငံမှာ မော်တော်ကားစက်ရုံသစ်တစ်ခုတည်ထောင်ဖို့ သဘောတူညီထားပါတယ်။ အဲဒီ စက်ရုံသစ်ကို ဒေါင်နန်ပြည်နယ်တောင်ပိုင်းမှာ တည်ဆောက်မှာဖြစ်ပြီး ကန်ဒေါ်လာ ၁၃ သန်းခန့် ရင်းနှီးမြုပ်နှံမှုနဲ့အတူ ဗီယက်နမ်ဈေးကွက် အတွင်း ကြီးမားနေတဲ့ ကားဈေးကွက် ဖြည့်ဆည်းနိုင်မယ်လို့ မျှော်လင့် ကြောင်း သိရပါတယ်။                             ယင်းစက်ရုံကို ၂၀၁၃ ခုနှစ်မှာ လည်ပတ်နိုင်ဖို့စီစဉ်ထားပြီး ကနဦး ထုတ်လုပ်နိုင်မှုအနေနဲ့ တစ်နှစ်ကို အစီးပေါင်း ၅၀၀၀ ခန့်ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး နောက်နှစ်များမှာ တဖြည်းဖြည်း တိုးမြှင့်ထုတ်လုပ်ဖို့ ရည်မှန်း ထားကြောင်း သိရပါတယ်။ ဆူဇူကီးကုမ္ပဏီဟာ ၁၉၉၃ ခုနှစ်ကတည်းက ဗီယက်နမ်နိုင်ငံမှာ မော်တော်ဆိုင်ကယ်နဲ့ မော်တော်ကားများ ထုတ်လုပ်ခဲ့ရာ လတ်တလော တစ်နှစ်ကို ကားစီးရေ ၃၀၀၀ ခန့်ထုတ်လုပ်တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source:VOU

Monday, 21 Nov 2011

                      ရန်ကုန်မြို့ ကားပွဲစားတန်းများ အတွင်းသို့ ပြည်ပမှ တင်သွင်းရောက်ရှိ လာသော ကားသန့်များ နိုဝင်ဘာ ဒုတိယပတ်နှင့် တတိယပတ်အတွင်း တဖြည်းဖြည်း ဝင်ရောက်ရောင်းချဈေးခေါ်ခြင်းများ ရှိလာပြီဖြစ်ကြောင်း အပေါ်ဝိုင်း ယာဉ်ဝယ်ရောင်းများထံမှ သိရသည်။                       အသစ်သွင်း ကားသန့်များအား စိတ်ဝင်စားပြီး အမေးများသော်လည်း ထင်သလောက် အရောင်းအဝယ်မဖြစ်ကြပဲရောင်းသူမှ တင်သွင်းကုန်ကျစရိတ် နှင့် ကာမိရန် ကျပ်သိန်း ၈၀ ၊ ၁၀၀ခန့် အမြတ်ခေါ်ထားကြပြီး ဝယ်ယူဈေးမေး သူများဘက်မှလည်း ကုန်ကျစရိတ် အထွေထွေနှင့် ကားသွင်းစရိတ်အား တွက်ချက်ကာ အရင်းများထက်ဆယ် ဂဏန်းတပ်ဆောင်းကာ ဈေးဖြတ်ဈေး ဆစ်ကြသဖြင့် အပေါ်ကား အရောင်း အဝယ်မှာယင်းကဲ့သို့ အေးနေရခြင်း ဖြစ်ကြောင်းဝါရင့် ယာဉ်အကျိုးဆောင် မှရှင်းပြသည်။                        ယခုကဲ့သို့ ပြည်ပသွင်းကားများ တဖြည်းဖြည်း ရောက်ရှိလာပြီး ဈေး ကွက်တွင်း ဝင်ရောက်လာသဖြင့်ရှိရင်း အပေါ်ကားများနှင့် ယခင်ဈေး ၁၅၀ သိန်းနှင့် ၂၀၀ သိန်းကြားကားများမှာ ပိုမိုဈေးလျော့ကျလာပြီးအရောင်းအဝယ် မရှိသလောက်ပါးနေသည်ဟုသိရသည်။ ယာဉ်အိုယာဉ်ဟောင်းလဲလှယ်ရေး အစီအစဉ် ဒုတိယအဆင့်ပါ ကားများ မှာ ဝိုင်းတိုင်းတွင် အရောင်းအဝယ်ရှိ နေပြီး ပထမအဆင့်မှ ယာဉ်အပ်နှံပြေ စာဈေးနှုန်းမှာ ယခင်အတိုင်းအပြောင်း အလဲအတက်အကျသိပ်မရှိဘဲအရောင်း အဝယ်ရှိနေကြာင်း သိရသည်။                         သက်ဆိုင်ရာ ဝန်ကြီးဌာနမှ မကြာမီကာလများအတွင်း ယာဉ်အရောင်းစင်တာများ မြို့တော်ကြီးသုံးခု တွင် ဖွင့်လှစ်ခွင့်ပေးမည့်နည်းတူ တရား ဝင်ပို့ကုန်သွင်းကုန်လုပ်ငန်း ဆောင်ရွက် နေသော ကုမ္ပဏီများနှင့် ပြည်ပသို့ သွားရောက်သောအလုပ်သမားများအား ကားတင်သွင်းခွင့် ခွင့်ပြုလိုက်ပြီဖြစ်ရာ လတ်တလော စိစစ်ပြီးကုမ္ပဏီခန့်မှန်း ၉၀၀ ခန့်ရှိပြီး ပင်လယ်ကူးသင်္ဘောသား များ အပါအဝင် ပြည်ပရောက် အလုပ် သမားများအား သက်ဆိုင်ရာဌာနများ မှ ယာဉ်တင်သွင်းခွင့် ချထားပေးရန် စိစစ်နေကြောင်း သိရသည်။                     မကြာမီကာလများအတွင်း ပြည်ပ နိုင်ငံများမှ ကားအရောင်းပြခန်းများ လာရောက်ဖွင့်လှစ်ကြမည့် သတင်းအရ လည်းကောင်း၊ ဈေးကွက်ထဲသို့ မျက်မြင်ပင်ကားသန့်များ တဖွဲဖွဲဝင်ရောက် နေခြင်းကြောင့်လည်းကောင်း၊ တရားဝင် သတင်းထုတ်ပြန်မှုများအရ လည်းကောင်း အပေါ်ကားဈေးကွက် ယခု ထက်ပိုမို၍ဈေးလျော့ကျလာနိုင်ကြောင်း ဝါရင့်ယာဉ်ဝယ်ရောင်းများမှ သုံးသပ်ကြသည်။SN

Pages