Main menu

Background

Monday, 20 Feb 2012

ဧရာဝတီတိုင်းဒေသကြီး၊စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးလှခိုင်၊ ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးဟန်၊ Winner  Economics  Enterprise  Services  Co.,Ltd အုပ်ချုပ်မှု ဒါရိုက် တာ ဦးမျိုးညွန့်အောင်တို့က ပုသိမ်မြို့၊ ကမ်းနားလမ်း၊  မြို့တော်ခန်းမမှာ ဖေ ဖော်ဝါရီ ၁၁ ရက်က  ပြုလုပ်တဲ့ ကုန် ပစ္စည်းအသစ်များ မိတ်ဆက်ပွဲနဲ့ အထူး ဈေးရောင်းပွဲတော်ကို   ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။

Monday, 13 Feb 2012

         ယာဉ်တင်သွင်းမှုဆိုင်ရာ မော်ဒယ် သတ်မှတ်ချက်များ   တိုးမြှင့်ပေးပြီး နောက်ပိုင်းတွင် မော်ဒယ်အမြင့် ကား များ ပိုမိုဝင်ရောက်လာနိုင်ပြီး  ကား ဈေးကွက်   ပိုကျယ်ပြန့်လာနိုင်သော် လည်းလတ်တလောတွင်အရောင်းအဝယ် အနည်းငယ်အေးနေကြောင်းသိရသည်။

Monday, 6 Feb 2012

    မန္တလေးစက်မှုဇုန်မှာ    စက်မှု လုပ်ငန်းများလုပ်ကိုင်လျက်ရှိတဲ့ အသေး စား စက်မှုလုပ်ငန်းရှင်များနဲ့ ကော်မတီ ဖွဲ့စည်းမယ်လို့ သိရပါတယ်။

Monday, 6 Feb 2012

             ဂျပန်နိုင်ငံအစိုးရက သက်ရှိပတ်ဝန်းကျင်ဂေဟစနစ်ကို အထောက် အကူပြုတဲ့ မော်တော်ယာဉ်တွေအတွက် အထောက်အပံ့များပေးခြင်းကို ပြန်လည်ဆောင်ရွက်ပြီးနောက်ပိုင်း  ကားရောင်းနှုန်းက ၂၀၁၂ ဇန်န ဝါရီလအတွင်း ၄၀ ရာခိုင်နှုန်းကျော် ထိုးတက်သွားခဲ့တယ်လို့ သိရတယ်။

Monday, 6 Feb 2012

         ပြည်ပနိုင်ငံများဖြစ်တဲ့  အိန္ဒိယ၊ ထိုင်းနဲ့  တရုတ်နိုင်ငံများမှ စက်မှုကုန် ကြမ်းများဝယ်ယူပြီး  ထုတ်လုပ်ရခြင်း ကြောင့် ပြည်တွင်းစက်မှုထုတ်ကုန်ဈေး မြင့်ကာ တရုတ်အစားထိုး ဝင်လာတဲ့ ကုန်များအား မယှဉ်ပြိုင်နိုင်သဖြင့်  လုပ် ငန်းအချို့ ရပ်ဆိုင်းမှုရှိကြောင်း မန္တလေး စက်မှုဇုန်ရှိ လုပ်ငန်းရှင်များမှ ပြောပါ တယ်။

Saturday, 4 Feb 2012

              ရန်ကုန်မြို့ ကားဈေးကွက်အတွင်းသို့ ဆိပ်ကမ်းရောက် ကိုယ်တိုင်သွင်းကားများသာမက အရောင်းပြခန်းမှ ဝယ်ယူပြီး ရောက်ရှိလာသော ကားများပါရောက်ရှိလာပြီး အထူးသဖြင့် အပေါ် ဝိုင်း(ဟံသာဝတီကားပွဲစားတန်း)တွင် ကားသစ်များ အမျိုးအစားစုံဖြင့် စည်ကားနေကြောင်းသိရသည်။ ဈေးတန်းအနေဖြင့် အမာကြီး မဟုတ်သော် လည်း သိသာစွာမကျဆင်းဘဲ သူ့ဈေးနဲ့သူဖြစ် ကြောင်း၊ ကားသစ်များ၏ မိုဒယ်အလိုက်ဈေးကွာ သလို အမျိုးအစားအလိုက်လည်း ရွေးကြကြောင်း၊ လူကြိုက်များ ကားများနှင့် ခေါင်ကားများမှာ အရောင်းရ အသွက်ဆုံးဖြစ်ပြီး အခြားရှိုးခန်းကား (အရောင်းပြခန်းတင်ကား)များလည်း ဝယ်ယူပြီး တစ်ဆင့်ပြန်လည်ရောင်းချမှုများရှိကြောင်း သိရသည်။                   ယာဉ်အို/ဟောင်းဈေးကွက်မှာ နောင်လာ မည့် အက္ခရာ(ဒ)နှင့် (ဓ)မှာ ၁၂၀ သိန်း ၁၂၅ သိန်းခန့် ရောင်းချကြပြီး ယခုအပ်နှံနေသည့် (ထ) အက္ခရာနှင့် အပ်ပြီး (ဏ)အက္ခရာ စလစ်များမှာ ၁၃၅ သိန်းနှင့် ၁၄၀ သိန်းခန့်ရှိကြောင်း၊ ယခု တစ်လော ဈေးပြန်လျော့သွားခြင်းဖြစ်ပြီး ပြီးခဲ့ သည့်လလယ်ခန့်က ၁၅၀ သိန်းအထိပင် ရောက် ရှိခဲ့ကြောင်း သိရသည်။                    ယာဉ်အရောင်းပြခန်းများ ဖွင့်လှစ်လာပြီး နောက် ကားအပ်နှံစလစ်များ ရောင်းအားတက် လာကာ ကိုယ်တိုင်ရွေးချယ်ဝယ်ယူခွင့်အား လူအများနှစ်သက်ကြကြောင်း သိရပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာလထဲနှင့် ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ဖွင့်လှစ်ခဲ့သည့် ကားအရောင်းပြခန်းများမှ ကား များ ရောင်းအားကောင်းခဲ့ပြီးနောက် ထပ်မံဖွင့် လှစ်မည့် အရောင်းပြခန်းများတွင် ကားဝယ်မည့်သူ များကလည်း စလစ်ကိုင်ထားပြီး စောင့်ဆိုင်းကြသ ဖြင့် စလစ်ဈေး ချက်ချင်းကျမသွားနိုင်ကြောင်း အပေါ်ဝိုင်း ယာဉ်အကျိုးဆောင် ကိုမြင့်ကျော်မှ သုံးသပ်ပြသည်။                          စလစ်ဈေးမာနေမှုနှင့်အတူ ယခင် ကျပ် သိန်း ၂၅၀ ဝန်းကျင်ကားများ (ယခုသိန်းတစ်ရာ ကျော်ကားများ) ဈေးပြန်မာလာပြီး ကိုရိုလာဗင် ဓာတ်ဆီ ၁.၅ မှာ ကျပ်သိန်း ၁၅၀၊ ၁၆၀ ခန့်၊ ဒီဇယ်ဗင် မိုဒယ် ၉၀ မှာ ကျပ်သိန်း ၁၈၀၊ ၁၉၀ ခန့်၊ ဆူဇူကီး (R+)များမှာ ၂ဂ/၃ဂ ဆိုလျင် ကျပ် သိန်း ၁၅၀ ခန့်၊ ၅ဂ/၆ဂ ဆိုလျှင် ကျပ်သိန်း ၁၇၀၊ ၁၈၈ ခန့် ပြန်လည်မြှင့်တင် ဈေးခေါ်ရောင်းချလာ ကြောင်း သိရသည်။ SN

Saturday, 4 Feb 2012

                 မန္တလေးမြို့ ၆၃ လမ်းနဲ့ ၆၆ လမ်းကြား၊ ထုံးဘိုဖြတ်လမ်းနဲ့ ကနောင်မင်း သားကြီးလမ်းကြား စွယ်တော်မြတ်စေတီအနီးတွင်ဆောက်လုပ်လျက်ရှိသော အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များတည်ဆောက်ရေး စီမံကိန်းမှာ ၉၀ ရာခိုင်နှုန်းကျော်ဆောက်လုပ်ပြီးစီး၍ ယခုနှစ် မတ်လကုန်ပိုင်းတွင်ဖွင့်လှစ်ရန် လျာထား ကြောင်း သိရပါတယ်။                   အဝေးပြေးယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များ တည်ဆောက်ခြင်းကို ၂၀၁၀ ခုနှစ် နှစ်လယ်မှစ၍ စတင်အကောင်အထည်ဖော်ခဲ့ရာ ယခုအခါ စက်ပစ္စည်း အရောင်းဆိုင်များ၊ ကားဂိတ်များနဲ့ ပွဲရုံတန်းများ ဆောက်လုပ်ပြီးစီးလုနီးပါးရှိပြီး ရေပေးဝေခြင်း၊ ဂိုဒေါင်များနဲ့ ဟိုတယ်များပြီးစီးရန် ကျန်ရှိနေသေးကြောင်း သိရပါတယ်။                    ကျော်သာဆောက်လုပ်ရေးမှ တာဝန်ခံအင်ဂျင်နီယာ ဦးမင်းအောင်က "မတ် လကုန်ပိုင်းမှာ ဖွင့်နိုင်မယ်လို့တော့ လျာထားတယ်။ အရင်ဆုံး ကားဂိတ်တွေ ရွှေ့လို့တော့ရမယ်။ ရေစင်မပြီးသေးဘူး။ ပိုက်သွယ်တာတွေလုပ်ရဦးမယ်။ ဆိုင်ခန်း ရောင်းချမှုကတော့ စည်ပင်သာယာကဆောင်ရွက်တာ။ ဆောက်လုပ်မှုပိုင်းက ကုမ္ပဏီ ၁၀ ခုက အပိုင်းလိုက်တာဝန်ယူဆောင်ရွက်တာ။ ကျော်သာဆောက်လုပ် ရေး၊Superland Construction ၊ မင်းကျော်ဘုန်းပိုင်၊Wind Oversea၊ သာလွန်၊ ငွေကံဆင့်၊Dynamic ၊ AIB ၊သန်ခွန်ဆောက်လုပ်ရေးတို့က ဆောက်လုပ်နေပါ တယ်"လို့ ပြောပါတယ်။                       စီမံကိန်းအကောင်အထည်ဖော်ရာမှာ မြို့အင်္ဂါရပ်နဲ့အညီ ကုန်သွယ်မှုပြုတဲ့ နေရာမှာ အဆင်ပြေချောမွေ့စေရေးအတွက် မြေဧက ၆၂ ဒသမ ၀၈ ဧက အကျယ် အဝန်းတွင် တည်ဆောက်လျက်ရှိပြီး၊ မြေသားလမ်းနဲ့ ကွန်ကရစ် လမ်းခင်းခြင်းများ ပြီးစီးပြီဖြစ်ကြောင်း၊ စီမံကိန်းဧရိယာအတွင်းတွင် ကားရပ်နားရန်ဧရိယာ ၂ ဒသမ ၂၉ ဧက၊ ကွန်တိန်နာကွင်း ဧရိယာ ၄ ဒသမ ၆၃၃ ဧက၊ ကွပ်ကဲရေးဇုန်ဧရိယာ ၄ ဒသမ ၇၂ ဧက၊ ပွဲရုံနဲ့ ကုန်စည်ဒိုင်များဇုန် ဧရိယာ ၁၃ ဒသမ ၁၁ ဧက၊ သိုလှောင်ရုံများဇုန် ဧရိယာ ၃ဒသမ ၅၉ ဧက၊ အထောက်အကူပြုလုပ်ငန်းများဇုန် ဧရိယာ ၇ ဒသမ ၄၁ ဧက၊ ဝန်ဆောင်မှုလုပ်ငန်းများဇုန် ဧရိယာ ၃ ဒသမ ၅၆ ဧက၊ အကောက်ခွန်နဲ့ စစ်ဆေးရေးဇုန်ဧရိယာ ၃ ဒသမ ၂၁ ဧကနဲ့ တည်ဆောက် ရေးလုပ်ငန်းများဇုန် ကိုးခုပါရှိကြောင်း သိရပါတယ်။ စီမံကိန်းဧရိယာအတွင်း ပေ ၁၀၀ နဲ့ ပေ ၈၀ အကျယ်ရှိလမ်းများအပါအဝင် ဂိတ်ကြီး ခြောက်ခု၊ ဂိတ်ငယ် တစ် ခ၊ု ယာဉ်စစ်ဆေးရုံနှစ်ခု၊ X-Ray တစ်ခ၊ု ပေ ၈၀ _ ပေ ၂၀၀ အကျယ်ရှိ ဂိုဒေါင် ငါးလုံးနဲ့ အကောက်ခွန်လုပ်ငန်းဆိုင်ရာရုံးများ၊ ဟိုတယ်၊ မိုတယ်နဲ့ မီးသတ်စခန်း များပါဝင်ပြီး၊ ယာဉ်ရပ်နားရန်နေရာမှာ ကုန်တင်ယာဉ် ၁၁၉ စီး တစ်ပြိုင်တည်းရပ် နားရန်နဲ့ ကုန်တင်ကုန်ချလုပ်ငန်းများဆောင်ရွက်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။ မန္တလေးမြို့တွင် ကုန်တင်ယာဉ်ရပ်နားကွင်းနဲ့ ခရီးသည်များရပ်နားတဲ့ ကား ကြီးကွင်း လေးခုရှိရာ ကျွဲဆည်ကန်ကားကြီးကွင်း၊ သီရိမန္တလာကားကြီးကွင်း၊ ပြည်ကြီးမျက်ရှင် ကားကြီးကွင်းနဲ့ ဒေါနဘွားကားကြီးကွင်းတို့မှာ ကုန်တင်ကုန်ချနဲ့ ခရီးသည်များ စီးနင်းလိုက်ပါလျက်ရှိပါတယ်။ ယခုဆောက်လုပ်လျက်ရှိတဲ့ အဝေး ပြေး ကုန်တင်ယာဉ်ရပ်နားစခန်းနဲ့ ကုန်စည်ဒိုင်များစီမံကိန်းမှာ မန္တလေးမြို့မှာ အကြီး ဆုံးစီမံကိန်းဖြစ်ပြီး၊ မြို့ပြအင်္ဂါရပ်များနဲ့အညီ ဆောက်လုပ်ထားကာ ကုန်သွယ်မှုပြု ရာမှာ အဆင်ပြေမှာဖြစ်ကြောင်း မန္တလေးမြို့တောင်ဘက် မြို့စွန်တွင်ရှိခြင်းကြောင့် ကားသွားလာမှုအတွက် အဆင်ပြေချောမွေ့နိုင်ကြောင်း သိရပါတယ်။ ဇူးဇူး

Tuesday, 24 Jan 2012

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလအတွက် ထိုင်းစက်မှုလုပ်ငန်းဆောင်ရွက်နိုင်မှု ညွှန်ကိန်း (TISI)ဟာ နိုဝင်ဘာလမှာ ၈၇ ဒသမ ၅ ရှိခဲ့ရာမှ ၉၃ ဒသမ ၇ ကို တိုးတက်လာခဲ့တယ်လို့ ထိုင်းစက်မှုလုပ်ငန်းများ အသင်း (FTI) ဥက္ကဋ္ဌ Payungsak  Chartsuthipol  က ဇန်နဝါရီ ၁၈ ရက်မှာ ပြောကြားပါတယ်။ ရေနစ်မြုပ်မှုကျဆင်းပြီးတဲ့နောက် ထုတ်လုပ်မှုလုပ်ငန်းများ ကောင်းမွန်လာပြီး၊ အမှာအော်ဒါများ၊ စုစုပေါင်းရောင်းချမှုနဲ့ ထုတ်လုပ်မှုတွေလည်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

Tuesday, 24 Jan 2012

                မန္တလေးမြို့၊ ပွဲစားကုန်သည်စက်ပိုင်များအသင်း၊ မန်းကုန်စည်ဒိုင် အသင်းကြီးတွင် ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်ကစပြီး  APIS စနစ်ဖြင့် ဈေးနှုန်း အလိုလျောက်ဖြေကြားစက် တပ်ဆင်အသုံးပြုနေပြီဖြစ်ကြောင်း သိရပါတယ်။ အသင်းကြီးရဲ့ ကြော်ငြာဘုတ်နဲ့ လူမြင်သာတဲ့နေရာမှာ ရန်ကုန်၊ မူဆယ်၊ မန်းကုန်စည်ဒိုင်များသို့  ဆက်သွယ်မေးမြန်းနိုင်တဲ့ ဖုန်း နံပါတ်ပါ ပိုစတာများလည်း ချိတ်ဆွဲထားကြောင်း သိရပါတယ်။

Tuesday, 24 Jan 2012

             တိုင်းလုံးကျော်ယာဉ်လိုင်းဟာ ပြည်မှ မန္တလေးမြို့သို့ ပြေးဆွဲလျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်မှစ၍ ပြင်ဦးလွင်မြို့သို့ တိုးချဲ့ပြေးဆွဲမှာဖြစ်ကြောင်း သိရပါတယ်။ ပြည်မြို့မှ ပြင်ဦးလွင်မြို့သို့ ဧရာဝတီမြစ်အနောက်ဘက်ရှိ မြို့ရွာများအား ဖြတ်၍ ပုသိမ်မုံရွာလမ်းအတိုင်း  ပြေးဆွဲမည်ဖြစ်ရာ ဧရာဝတီအနောက်ဘက်ရှိ ဥသျှစ်ပင်၊ ကြိုးပင်ရွာ၊ မဲဇလီရွာ၊ မင်းတုံးမြို့ ရှမ်းတန့်ရွာ၊ ရွှေချောင်းရွာ၊ မဒါန်းရွာ၊ မင်းဘူးမြို့များမှ ခရီးသည်များ တိုက်ရိုက်သွားလာနိုင်မှာဖြစ်ပါတယ်။ လမ်းဟောင်း ဖြစ်တဲ့ အောင်လံ၊ မကွေးလမ်းပိုင်းမှလည်း လေအိတ်ကားများဖြင့် ဆက်လက်ပြေး ဆွဲပေးမှာဖြစ်ကြောင်း သိရပါတယ်။

Pages