Background
နှစ်ဆန်းပိုင်းကာလ ရန်ကုန်မြို့ ကားဈေးကွက်အခြေအနေမှာ အသစ် တင်သွင်းလာသော ကားများ ရောင်း အားရှိနေပြီးအခြားကားများပါ အနည်း ငယ်ဈေးမာလာကြောင်းသိရသည်။နယ် ဝယ်လက်များဆင်းသဖြင့် အသစ်သွင်း ကားများ အရောင်းအဝယ်ဖြစ်နေကာ အများကြိုက်ကားများဖြစ်သော တိုယို တာမတ်(ခ်)တူး၊ တိုယိုတာကရောင်း၊ ပါဂျဲရိုး၊ အခြားဝက်ဂွန်များ ရောင်းအား ကောင်းသဖြင့် ကြိုတင်စရန် သတ်ဝယ် ယူမှုများရှိနေကြောင်း သိရသည်။ဌာနဆိုင်ရာ သတင်းများအရ ယာဉ် အို/ဟောင်းများ အပ်နှံမှုစီးရေ နှစ် သောင်းကျော်ရှိနေပြီး ကားတင်သွင်းခွင့် ပါမစ်ထုတ်ပေးမှုမှာ စီးရေတစ်သောင်း ခုနစ်ထောင်ကျော်ရှိကြောင်း၊ ဆိပ်ကမ်း မှထုတ်ယူပြီးကားစီးရေမှာ တစ်သောင်း ကျော်နေပြီဖြစ်ကြောင်း သိရှိရသည်။
နိုင်ငံခြားမှ ကားတိုက်ရိုက်ဝယ်ယူရန် အခက်အခဲရှိနေသော ကားပိုင် ရှင်များအတွက် လွယ်လင့်တကူဝယ်ယူနိုင်ရန် မော်တော်ကား အရောင်း စင်တာများကို ဖွင့်လှစ်ခွင့်ပြုလိုက်ပြီဖြစ်ရာ အောက်ပါလိပ်စာများတွင် မျက်မြင် စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ (က) Sandrar Services Co., Ltd. (၁) အမှတ် (၇၉)၊ အုတ်ပုံဆိပ်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး။ (၂) အမှတ် (၃၆)၊ ရန်ကုန်-မန္တလေး လမ်းမကြီး၊ မင်းသားကြီး ဟိုတယ်ဝင်း၊ မန္တလေးတိုင်းဒေသကြီး။ ဖုန်းနံပါတ်-၀၁-၆၅၆၂၉၇
မန္တလေးတိုင်းဒေသကြီးအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများ တွင်တွင် ကျယ်ကျယ်လုပ်ကိုင်နေတာကြောင့် အိမ် ဆောက်ပစ္စည်း၊ သံလုံးသံပြားဈေးကွက်မှာ ယခင် ၂၀၁၁ နှစ်ကုန်ပိုင်းမှာ သံလုံးတစ်တန်ကို ၃ မူးလုံး ၅၄၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်၊ ၃ မတ်လုံး ၅၆၀၀၀၀ ကျပ်မှ ၅၇၀၀၀၀ ကျပ်ထိ ၁၀၀၀၀ ကျပ် ဈေးမြင့်တက်ခဲ့ကြောင်း သိရပါတယ်။
ကားဟောင်းအပ်သည့် စလစ်ရှိရုံ ဖြင့်ကျပ် သိန်း ၁၂၀ ဝန်းကျင်ရှိ ကား ကောင်းတစ်စီးကို ဝယ်ယူနိုင်သည့် ှေုကမေ Sakura Technical Services Co., Ltd. ၏ ကားအရောင်းစင်တာကို တောင်ဥက္ကလာပမြို့နယ် ချယ်ရီဥယျာဉ် အိမ်ရာဝင်းအတွင်းရှိ ဆာကူရာမော် တော်ယာဉ်အရောင်းပြခန်းတွင် ဒီဇင် ဘာ ၂၅ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ ကားဈေးကွက်အတွင်း ကားသစ်များပိုမိုဝင်ရောက်လာပြီးနောက်ပိုင်း ဈေးတန်းများ သိသာစွာ မကျဆင်း သော်လည်း ကြိုက်ရောင်း၊ ကြိုက်ဝယ်ဖြင့် အဝယ်ရှိနေကြောင်း၊ အထူးသဖြင့် ရောင်းတန်းဝင် လူကြိုက်များကားများဖြစ်သော တိုယိုတာ၊ မတ်(ခ်)တူး၊ ပါဂျဲရိုး၊ ဟာရီယာ၊ တိုယိုတာကရောင်း စသည်တို့မှာ ရောင်းအားရှိနေပြီး ရန်ကုန်ဝယ်လက်ထက် နယ်ဝယ်လက်ပိုများကြောင်း သိရ သည်။
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးရာဝန်ကြီး ဦးအောင်ဇံသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး၊ တိုင်းဒေသကြီး အင်ဂျင်နီယာ၊ ခရိုင်တာဝန်ခံနဲ့ ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ သာစည်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ လိုက်ပါလျက် ကျေးလက်ဒေသ အသေးစားကုန်ထုတ်လုပ်ငန်းများအား ဒီဇင်ဘာ ၂၉ ရက်က ကွင်းဆင်းကြည့်ရှု အားပေးခဲ့ပါတယ်။
ကျောက်တန်းမြို့ မှော်ဝန်းချောင်းအနီးတစ်ဝိုက်ရှိ ကျေးရွာများမှ မြေ ကွက်များမှာ အဝယ်လိုက်လာမှုများကြောင့် ဈေးများ အဆမတန်ခုန်တက် သွားကြောင်း သိရသည်။ ယခင်က မြေကွက်တစ်ကွက်လျှင် ကျပ်သုံးသိန်း သာရှိရာမှ ယခုအခါ မြေတစ်ကွက်လျှင် ကျပ်သိန်း ၁၀၀ ကျော်အထိ မြင့် တက်လာကြောင်း ကျောက်တန်းမြို့မှ အိမ်ခြံမြေရောင်းဝယ်ရေးသမား တစ်ဦး၏ ပြောပြချက်အရသိရသည်။
Sandrar ကားအရောင်းပြခန်းကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ အုပ်ပုံ ဆိပ်လမ်းတွင် ဒီဇင်ဘာ ၂၁ ရက်က စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။အဆိုပါ Sandrar ကားအရောင်း ပြခန်းတွင် ဂျပန်နိုင်ငံမှ တင်သွင်းလာ သည့်ကားများကိုသာ ရောင်းချခြင်းဖြစ် ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင် မြို့နယ်တွင် စိုက်ပျိုးနိုင်သောလယ်ယာ မြေများအား စိုက်ပျိုးရေးလုပ်ငန်း မပြု လုပ်ဘဲ ခြံကွက်ရိုက်ရောင်းချခြင်း၊ အခြားနည်းများအသုံးပြုပါက မြေယာ ဥပဒေအရ တရားစွဲဆို အရေးယူမည် ဖြစ်ကြောင်း ပြင်ဦးလွင်မြို့နယ် စိုက်ပျိုး ရေးကြီးကြပ်မှုကော်မတီက ကြေညာ ချက် ထုတ်ပြန်ထားကြောင်း သိရပါ တယ်။
မန္တလေးမြို့အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်မြေကွက်များမှာ အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။ မြေအကျိုးဆောင် ကိုလင်းက "ပုသိမ်ကြီးဘက်ကမြေကွက်တွေရော၊ ရန်ကင်းတောင်ဘက်က မြေကွက် တွေရော ဈေးတက်တယ်။ ကျပ်သိန်း ၁၀၀ အောက်ရှိတဲ့မြေကွက်တွေက ခုကျပ်သိန်း ၁၀၀ နဲ့ဝယ်လို့ မရတော့ဘူး။
