Background
ပွင့်လင်းရာသီချိန်ဖြစ်လို့ ဆောက် လုပ်ရေးသုံးပစ္စည်းများ အဝယ်လှိုင်ပြီး၊ ဈေးနှုန်းတက်ရိပ်ပြလာကြောင်းမန္တလေး ဆောက်လုပ်ရေးသုံးပစ္စည်းဈေးကွက်မှ သိရပါတယ်။
စစ်ကိုင်းမြို့မှာ ကျောက်မျက် ရတနာရောင်းဝယ်နိုင်တဲ့ဈေးကို ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖွင့်လှစ်ရန် စစ်ကိုင်း-မုံရွာကားလမ်းဘေး ဆင်များ ရှင်ဘုရားအနီး တည်ဆောက်လျက်ရှိပါ တယ်။ကျောက်မျက်ရတနာဈေးမှာ ဈေး ဆိုင်ခန်းပေါင်း ၁၃၀ခန်း တည်ဆောက် ပြီး တစ်ခန်းကို ကျပ် ၁၃ ဒသမ ၁ သိန်း နဲ့ ရောင်းချပေးကြောင်း သိရပါတယ်။
ရန်ကုန်ကားဈေးကွက်၏ ဒီဇင်ဘာ တတိယပတ်အတွင်း အခြေအနေမှာ ကားသစ်များ ရာနှင့်ချီ၍ ဝင်ရောက် လာပြီဖြစ်သဖြင့် အရောင်းအေးမည်ဟု ထင်ထားသော်လည်း ရောင်းအားရှိနေ ဆဲဖြစ်ကြောင်း၊ ရောင်းအားနှင့်နွယ်၍ ကားစလစ် (ကားအပ်နှံအထောက် အထားပြပြေစာ)များလည်း ဈေးလိုက် တက်လာကာ အဝယ်လည်းရှိကြောင်း သိရသည်။
မန္တလေးမြို့တွင်း ခရီးသွားရာ၌ ဆိုင်ကယ် Taxi စီးသူများခြင်းကြောင့် ဆိုင်ကယ်ငှားရမ်းမှု ဈေးကွက်ဖြစ်ပေါ် လာကြောင်း သိရပါတယ်။ဆိုင်ကယ်ငှားရမ်းခမှာ ဆိုင်ကယ် တစ်စီး တစ်ရက်ငှားရမ်းခ ကျပ် ၂၀၀၀ နှုန်းဖြင့်ငှားရမ်းပြီး ပြေးဆွဲနေကြောင်း သိရပါတယ်။
မူဆယ်မြို့တွင်း နှစ်ဘီးဆိုင်ကယ် ကယ်ရီပိုများလာခြင်းကြောင့် သုံးဘီးဆိုင်ကယ် ကယ်ရီများ အလုပ်ပါး လာကြောင်း သိရပါတယ်။ ရွှေရာဇာသုံးဘီးယာဉ်အသင်းဝင်တစ်ဦးက "ကျွန်တော်တို့အသင်းမှာ အသင်းဝင် ၂၀၀ ကျော်ရှိတယ်။
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ညောင်ပင်ကြီးရှေ့တန်းစခန်းတွင် ပါကင်ထုပ်ပိုးမှု အသေးစားစက်ရုံ တည်ဆောက်မှာဖြစ်ကြောင်း သတင်းရရှိပါတယ်။ စက်ရုံတည်ဆောက်မယ့် မြေအကျယ်အဝန်း နှစ်ဧကကို မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ ထောက်ပံ့ကူညီပေးမှာဖြစ်ပြီး၊ စက်ရုံအတွက် လိုအပ်တဲ့စက်ပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ FAO မှ ထောက်ပံ့ကူညီပေးမှာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးတွင် အောက်ပါကုမ္ပဏီ ၆ ခုသည် မော်တော်ကား အရောင်းစင်တာ ထပ်မံ ဖွင့်လှစ်ခွင့် ရရှိကြောင်း သက်ဆိုင်ရာဌာနမှ သတင်းရရှိသည် - (၁) Shwe Yamone Services Co.,Ltd. (၂) Hightech Princess Services Co.,Ltd. (၃) Ram Speed Services Co.,Ltd. (၄) Billion Power Services Co.,Ltd. (၅) Best Auto Services Co.,Ltd. (၆) Aye's Family Services Co.,Ltd.
အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုမရှိ သည့် ဝယ်ရောင်းသမားများ၏ ဈေးက စားမှုကြောင့် စက်မှုဇုန်မြေကွက်များ ဈေးနှုန်း အဆမတန် မြင့်တက်လျက်ရှိ ကြောင်း အိမ်ခြံမြေ ရောင်းဝယ်ရေးဈေး ကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
မည်သူမဆို လွတ်လပ်စွာ ဝယ်ယူ နိုင်သည့် ကားအရောင်းစင်တာတစ်ခု ကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ်၊ အမှတ်(၄၇) ကမ္ဘာအေးဘုရား လမ်းပေါ်ရှိ စက်မှုဝန်ကြီးဌာနတွင် ဒီ ဇင်ဘာလ ၈ ရက်မှ စတင်ဖွင့်လှစ် ရောင်းချလျက်ရှိကြောင်း သိရသည်။
မန္တလေးမြို့၊ မင်းသားကြီး ဟိုတယ်ဝင်းအတွင်း၌ Sandrar Service Co.Ltd မှ မော်တော်ကားအရောင်း စင်တာဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်းသိရပါတယ်။ မော်တော်ကားအရောင်းစင်တာကို ဒီဇင်ဘာလအတွင်း ဖွင့်လှစ်နိုင်ရန် ပြင်ဆင်လျက်ရှိပြီး ဖွင့်လှစ်ခွင့်ရပါက အမြန်ဆုံး ဖွင့်လှစ်သွားရန်စီစဉ်နေကြောင်းသိရပါတယ်။ Sandrar Service Co.Ltd မှ မန်နေဂျာ ဦးစိုးသိန်းက"ကုမ္ပဏီက ကား ၁၃၇ စီးသွင်းလာတယ်။ စင်တာဖွင့်လှစ်ခွင့်ရတာနဲ့ ရန်ကုန်နဲ့ မန္တလေးမြို့များမှာ ဖွင့် လှစ်သွားမယ်။ လောလောဆယ် အိမ်စီးကားတွေပဲသွင်း လာတယ်။ ဂျပန်နိုင်ငံ၊ ယိုကိုဟားမားက တိုက်ရိုက်သွင်း လာတာ။ မော်ဒယ်က ၁၉၉၆-၂၀၀၂ ခုနှစ်ထုတ် တိုယို တာ၊ နစ်ဆန်း၊ ဟွန်ဒါအမျိုးအစားတွေပါမယ်။ ခုဈေး ကွက်အနေအထားကို စောင့်ကြည့်ပြီးမှ နောက်ပိုင်းကား အစုံတင်မယ်။ ဂျပန်ကားကို ပြည်တွင်းကကြိုက်ပြီးသားဖြစ်တဲ့အတွက် ဂျပန်ကားသွင်းတာ။ ဂျပန်ကားရဲ့ ဖွဲ့စည်းတည်ဆောက်ပုံရော စက်အစိတ်အပိုင်းရောက ပြည်တွင်းကကြိုက်ပြီးသားဖြစ်တဲ့အတွက် ဂျပန်ထုတ်ကားပဲ သွင်းမယ်" လို့ ပြောပါတယ်။ လတ်တလောတွင် Sandrar Service Co.Ltd မှ အိမ်စီးကားများ တင်သွင်းရောင်းချရန် စီစဉ်လျက်ရှိပြီး Truck ကားများလည်း တင်သွင်းရောင်းချရန် အစီအစဉ်ရှိကြောင်း၊ ရောင်းချတဲ့ပုံစံက ကားဝယ်ခွင့်ပါမစ် ရပါက ဘဏ်တွင် အမေရိကန်ဒေါ်လာ ၅၀၀၀ သွင်း၍ ဝယ်ယူနိုင်မှာဖြစ်ကြောင်း၊ နောက်ပိုင်းတွင် မြန်မာငွေနဲ့ ညီမျှတဲ့ ကျပ်ငွေဖြင့်သာ ပေးသွင်းလို့ရအောင် စီစဉ်သွား မှာဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောပါတယ်။ Sandrar Service Co.Ltd မှ မော်တော်ယာဉ် အရောင်းစင်တာဖွင့်လှစ်ခွင့်ရရှိပါက ရန်ကုန်မြို့တွင် အမှတ် ၇၉၊ ရပ်ကွက် ၈၊ အုတ်ပုံဆိပ်လမ်း၊ မရမ်းကုန်း မြို့နယ်၊ ဖုန်း/ဖက်စ် ၀၁-၆၅၆၂၉၇၊ e.mail- sandrar 999.co@ gmail.com နဲ့ မန္တလေးမြို့တွင် ရန်ကုန်မန္တလေး လမ်းမကြီးအရှေ့ဘက်ရှိ မင်းသားကြီးဟိုတယ် ဝင်းအတွင်းဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်းသိရပါတယ်။ ဇူးဇူး