Background
မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ သစ်သီးဝလံများ တင်ပို့လျက်ရှိရာ အောက်တိုဘာ ၁ ရက်မှ၆ ရက်အထိ ဖရဲ ၁၂၃၆ တန်နှင့် သခွားမွေး ၃၀ ဒသမ ၅ တန်တင်ပို့နိုင်ခဲ့သည်။
စက်တင်ဘာလအတွင်း အရာင်းအဝယ်ဖြစ်ခဲ့သော ဖရဲဈေးမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် ဖရဲသီးတစ်တန် ယွမ် ၁၂၀ဝ မှ ၂၅၀ဝ၊ မြန်မာငွေ ကျပ် ၄၈၅၀ဝ၀ ခန့်ရှိရာမှ အောက်တိုဘာ ၂ ရက်မှစ၍ ဖရဲသီးတစ်တန် ယွမ် ၁၂၀ဝ မှ ၂၆၀ဝ၊ မြန်မာငွေ ကျပ် ၄၉၄၀ဝ၀ သို့ အနည်းငယ်တက်လာပါသည်။ သခွားမွေးဈေးနှုန်းမှာ တစ်တန် ၁၅၀ဝ မှ ၃၀ဝ၀၊ မြန်မာငွေ ကျပ် ၅၈၂၀ဝ၀ ခန့်ဖြစ်ပါသည်။
နိုဝင်ဘာလ ပထမပတ်တွင် မန္တလေးကုန်စည်ဒိုင်၌ ကုလားပဲဈေးနှုန်းအခြေအနေမှာ အိန္ဒိယသို့တင်ပို့ရန်ကိုတာများအတွက် နောက်ဆုံးတင်ပို့ရန်ကာလအချိန်နီးကပ်နေ၌ Exporter ဝယ်လက်များ အဝယ်သွက်လာ၍လည်းကောင်း၊ ပြည်တွင်းစားသုံးမှုမှာလည်း ပုံမှန်အဝယ်ရှိနေခြင်းကြောင့်လည်းကောင်း ဈေးမြင့်တက်လာခဲ့သည်။
ကုလားပဲဖြူ ၅၇ ဒသမ ၂၅ပိဿာဝင် သုံးတင်းတစ်အိတ် ဈေးနှုန်းမှာ ယခုတစ်ပတ် ကုလားပဲဖြူလုံး ကြီး (V2)ကျပ် ၉၄၀၀၀မှ ၉၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၈၉၀၀၀မှ ၉၀၀၀၀၊ ယခင်လကျပ် ၇၆၅၀၀မှ ၇၇၀၀၀၊ ယခင်နှစ်ကျပ် ၇၉၀၀၀ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၅၀၀၀၊ ယခင်လထက် ကျပ် ၁၇၅၀၀ မှ ၁၈၀၀၀၊ ယခင်နှစ်ထက်ကျပ် ၁၅၅၀၀ မြင့်တက်လာသည်။
ကချင်ပြည်နယ်တွင် ကန်ပိုက်တီနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများပြုလုပ်လျက်ရှိခဲ့သော်လည်း ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း မြေပြိုမှုဖြစ်၍ လမ်းပြုပြင်မှုရှိခြင်း ကြောင့် ကုန်သွယ်မှုများကို လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး လမ်း ကြောင်းဖက်သို့ ပြောင်းရွှေ့၍ ကုန်သွယ်မှုများပြုလုပ်လျှက်ရှိခဲ့ပါသည်။
ပြည်နယ်အတွင်း မိတ္ထီလာမြို့နယ်ဘက်မှ အများဆုံးအဝင်ရှိသောကြက်သွန်(နီ) ဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးပတ်တွင် ကြက်သွန်( နီ )တစ်ပိဿာလျှင် ကျပ် ၁၀၀၀ ဖြစ်ပြီး အောက်တိုဘာလ ပထမပတ်တွင်ကြက်သွန်(နီ) တစ်ပိဿာလျှင် ကျပ် ၁၄၀၀ ၊ ကျပ် ၄၀၀ လောက်အနည်းငယ် မြင့်တက်လာကြောင်း၊ ကလော ၊ အောင်ပန်းဒေသတို့ဘက်မှဝင်သော ကြက်သွန်(ဖြူ) ရှမ်းစဈေးနှုန်းများမှာ စက်တင်ဘာလနောက်ဆုံးပတ်မှ အောက်တိုဘာလပထမ ပတ်ထိ ကြက်သွန် ( ဖြူ ) ရှမ်းစ တစ်ပိဿာလျှင် ကျပ် ၃၂၀၀၊ ပြည်နယ်အတွင်းမှာလည်း ဒေသထွက် ရှမ်းစတစ်ပိဿာလျှင် ကျပ် ၂၅၀၀ မှကျပ် ၃၀၀၀ ဖြင့်အသီးသီး အလုံးအရွယ်အစားအလိုက်ရောင်းချလျက်ရှိကြောင်း၊ မန္တလေး မြို့နယ်ဘက်မှအဝင်ရှိသော( ဖြူ ) ကြူက
ပြည်တွင်းရွှေဈေးနှုန်းသည် နှစ်ဆန်းပိုင်းအတွင်း ဈေးအတက်အကျဖြစ် ပေါ်ခဲ့ပြီး ဈေးအနည်းငယ်ပြန်ကျလာကြောင်း သတင်းရရှိသည်။၂၀၁၉ခုနှစ် နှစ်သစ်ကူးကာလအတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၀၄၈၀ဝဝရှိခဲ့ရာ မှ ဇန်နဝါရီလပထမပတ်တွင်တော့ ကျပ် ၁၀၄၅၀ဝဝသို့ ပြန်လည်ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်းတော်မြို့နယ်မှာ ဆောင်းသီးနှံ မုန်ညင်းကြီးကို ဧကကျယ်ကြီးများနဲ့ စိုက်ပျိုးလာတာ တွေ့ရ ပါတယ်။ မြန်မာလူမျိုးတို့ရဲ့ ထမင်းဝိုင်းမှာ မုန်ညင်းကို အမျိုးမျိုး စီမံစားသောက်ကြပါတယ်။ သည်ဘက်ဒေသမှာ မုန်ညင်းကို အချဉ်တည် စဉ့်အိုး များနဲ့လှောင်ပြီး နှစ်ပေါက်ရောင်းချတဲ့သူများ ရှိနေပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ရက်ခြောက်ဆယ်ခူးဆွတ်ရောင်းချရတဲ့အတွက် လျင်မြန်စွာ ငွေဝင်တဲ့ သီးနှံဖြစ် ကြောင်းသိ ရပါတယ်။
မြန်မာထောပတ်သီးများ တရုတ် နိုင်ငံကို တရားဝင်တင်ပို့ခွင့်ရတော့မယ် လို့ မူဆယ် ၁၀၅ မိုင်ရှိ သစ်သီးကုန်သည် အချို့ဆီက သိရပါတယ်။ မကြာသေးခင် က မူဆယ်မြို့မှာ ပြုလုပ်တဲ့ ၁၇ ကြိမ် မြောက် မြန်မာ-တရုတ် နယ်စပ် ကုန်စည် ပြပွဲမှာ သစ်သီးကုန်သည် အစုအဖွဲ့တွေ အနေနဲ့ တရုတ်ဘက်ကို ထောပတ်သီး တွေ တရားဝင်တင်ပို့နိုင်ရေး တရုတ် ဘက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ထွက်ရှိတဲ့ ထောပတ်သီးကို တရုတ်နိုင်ငံ ကုန်ပစ္စည်း အရည်အသွေးစစ်ဆေးရေးနှင့် ကွပ်ကဲ ရေးဝန်ကြီးဌာန (AQSIQ) မှာ စာရင်းမဝင် တဲ့အတွက် တရားမဝင်ဘဲဖြစ်နေပြီး တရားဝင်တင်ပို့နိုင်ခြင်း မရှိသေးပါ။ ဒါ့ကြောင့် လက်ရှိအချိန်အထိ တရုတ် ဘက်ကို ထော
ကျပ်တစ်ထောင်တန် ထီလက်မှတ်များကို လာမည့်နှစ် ဖေဖော်ဝါရီ လတွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ယခုတစ်ပတ် ရန်ကုန်ဆန်ဈေးကွက်မှာ ဆန်အဝင် ပုံမှန်ရှိသော်လည်း အရောင်းအဝယ်အေးတဲ့အတွက် အနည်း ငယ်ဈေးကျတယ်လို့ ဝါးတန်းကုန်စည်ဒိုင်မှ သိရပါတယ်။ ကုန်စည်ဒိုင်ရဲ့ လက်ကားဈေးနှုန်းများအရ ဖျာပုံပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်ကျပ် ၃၈၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၅၅၀၀၊ ပုသိမ်^မြောင်းမြ ပေါ်ဆန်းဆန် ထိပ်စတစ်အိတ် ကျပ် ၄၆၀၀၀ ၊ လတ်စတစ်အိတ်ကျပ် ၄၄၀၀၀၊ ကျိုက်လတ် ထိပ်စ တစ်အိတ်ကျပ် ၃၆၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၃၄၀၀၀၊ ရွှေဘိုပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကျပ် ၅၃၀၀၀ နဲ့ လတ်စတစ်အိတ်ကျပ် ၅၅၀၀၀ ရှိပါတယ်။ နယ်စုံပေါ်ဆန်း ဆန်တစ်အိတ်ကျပ် ၃၆၅၀၀ မှ ကျပ်၃၇၅၀၀ ရှိပြီး တစ်အိတ် ကို ကျပ် ၁၀၀၀ ခန့် ဈေးကျကြောင်း သိရပါတယ်။